Channel Myanmar

Callan McAuliffe

Flipped(2010) 7.7
Flipped(2010) Flipped(2010)IMDb....7.7လူ့တို့ရဲ့ သဘောဟာ ဆန်းကျယ်တယ်ထင်ပါရဲ့..ချိုဆိမ့်တဲ့အရသာကို ကြိုက်ကြသလို ဖန်ငန်စပ်အရာသာကိုလည်းကြိုက်ကြတာပဲ.. ဒီလိုပဲ အချစ်၊အလှ ၊အလွမ်းဆိုတဲ့ သိမ်မွေ့နူးညံတဲ့ ခံစားမှုစည်းစိမ်ကိုနှစ်သက်ကြသလို ကြမ်းတမ်းထိတ်လန့်စရာ စည်းစိမ်ကိုလည်း နှစ်သက်ကြတာပါပဲ...မည်သို့ပင်ဆိုစေအချစ်၊အလှ ၊အလွမ်းဖွဲ့ဇာတ်ကားလေးတွေခံစားချင်တဲ့သူတွေအတွက် ဒီကားလေးတင်ပေးလိုက်ပါတယ်...၂တန်းကလေးအရွယ် ဘရိုက်စ်ဆိုတဲ့ကောင်လေးတို့မိသားစုက ဂျူလီဆိုတဲ့ကောင်မလေးရှိတဲ့ အိမ်နားကိုပြောင်းလာတယ်... ကောင်မလေးကတော့ပထမဆုံးတွေ့တွေ့ချင်းကောင်လေးရဲ့ တောက်ပတဲ့မျက်လုံးတွေနဲ့အကြည့်ချင်းဆုံမိပြီး သဘောကျသွားတယ်.. ဖြစ်ချင်တော့ကောင်လေးက သူ့ကိုတစ်စက်ကလေးမှသဘောမကျ စိတ်ပျက်စရာကောင်မလေးအမြင်ကပ်စရာလေးလို့ပဲမြင်နေတာပါပဲ...ဒီကားက ကောင်မလေးရဲ့ အမြင်ရယ် ကောင်လေးရဲ့အမြင်ရယ်ကို အချိုးကျပြသသွားတယ်...ဆယ်ကျော်သက်ရွယ် ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ရဲ့အချစ်နဲ့ပတ်သက်ပြီးတွေ့ကြုံခံစားသိမြင်ပုံလေးတွေကို လှလှပပလေးရိုက်ပြသွားတာပါ ...တစ်ချို့သောသူတွေအတွက် ပျော်ရွှင်ဖွယ်ရာ စိတ်ကူးယဉ်ကမ္ဘာထဲကိုရောက်နေသလိုတောင်ခံစားရနိုင်တယ်...အယ် တစ်ချို့သောသူတွေအတွက် ငယ်ဘဝ ငယ်ချစ်ဦးကို ပြန်လွမ်းဆွတ်တမ်းတပြီးအလွမ်းပြေစရာတစ်ခုခုဖန်တီးသွားလောက်တယ်...ဥပမာ ငယ်ငယ်ကချစ်ဖူးခဲ့တဲ့သူအတွက်ရည်စူးရေးစပ်ထားဖူးတဲ့ကဗျာစာအုပ်အဟောင်းလေးတွေကိုတောင်ပြန်ဖတ်သွားတာမျိုးပေါ့...အယ် ဆယ်ကျော်သက်လူငယ်တွေအတွက်တော့ ဆင်ခြင်စရာလေးတွေအတုယူစရာလေးတွေရသွားမှာပေါ့ဗျာ....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  JtheKoalaဖြစ်ပါတယ်...File Size : (2.1GB) and (730MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:30:00 Genre :  Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by JtheKoala Encoded by Phyo Pyae
movie

Flipped(2010)

2010
The Great Gatsby (2013) 7.2
The Great Gatsby (2013) The Great Gatsby (2013)(၁)တစ်စထက်တစ်စ ဝင်းပလင်းဖြာလာတဲ့ လရိပ်အောက်က... လူသူကင်းမဲ့ရာ ကမ်းဆိပ်စွန်းတံတားပေါ် ကျွန်တော်ရပ်နေခဲ့တယ်။ ဟိုတစ်ဖက်ကမ်း တုရှုက အမှောင်ရိပ်ထဲမှာတော့... အလင်းပွင့်စိမ်းကလေးဟာ တောက်ပတစ်လှည့် မှိန်ဖျော့တစ်လှည့်နဲ့ နီးလာသလိုလို... ဝေးသွားသလိုလို...။(၂)ဒီအလင်းပွင့်စိမ်းကလေးဟာ ကျွန်တော့်အတွက်တော့ ကျွန်တော်ဉာဏ်မမီနိုင်ပါတဲ့ လောကကြီးရဲ့ အမှတ်သညာပါပဲ။ ဂတ်စ်ဘီအတွက်တာ့ မတူခဲ့ဘူးပေါ့။(၃)ကျွန်တော်လူရည်မလည်သေးခင် လူမမည်ဘဝမှာ အဖေက ကျွန်တော့်ကို ဆုံးမခဲ့ဖူးတယ်။ " သူများကို ဝေဖန်မယ်တွေးတိုင်း လူတိုင်းက မင်းလိုမျိုး လောကရဲ့မျက်နှာသာပေး မခံခဲ့ရဘူးဆိုတာကို သတိရ"တဲ့။ ဒီစကားကြောင့် ကျွန်တော် ဘယ်သူ့ကိုမှ ကိုယ့်ဘက်ကအမြင်နဲ့ အကဲဖြတ်ဝေဖန်လေ့မရှိပေမဲ့ ဂတ်စ်ဘီကိုတော့ ကျွန်တော်အကဲဖြတ်စောခဲ့မိတယ် ထင်ပါတယ်။ အဖေ့ဆုံးမစကားက သိပ်မှန်ခဲ့တယ်။(၄)မျှော်လင့်ခြင်းဆိုတာ ဘာများလဲ။ ဒါမျိုးအမေးက အဖြေတိတိပပရှိတဲ့ အမေးတော့ မဟုတ်ဘူးပေါ့။ သို့ပေမဲ့ ဂတ်စ်ဘီအတွက်တော့ မျှော်လင့်ခြင်းဆိုတာ ဒီအလင်းပွင့်စိမ်းကလေးပါပဲ။ လဲကျလိုက် တစ်စစီပြန်ကောက်လိုက် ဘဝမှာတောင် ဒီမျှော်လင့်ချက်ကလေးကို ဂတ်စ်ဘီ မစွန့်လွှတ်ခဲ့ပါဘူး။ ...
movie

The Great Gatsby (2013)

2013
Summer Night (2019) 5.0
Summer Night (2019) နွေရာသီနောက်ဆုံးရက်သတ္တပတ်တွေထဲက တစ်ရက်အကြောင်းပါအချစ်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့ Seth နှင့် Jamesonရယ်Taylorနှင့်တခြားသူငယ်ချင်းတွေရဲ့ music bandတွေဟာ သူတို့မြို့ထဲမှာရှိတဲ့The Alamoမှာဖျော်ဖြေရမှာပါ Sethမှာလဲ သူ့လူငယ်ဘဝကိုပြောင်းလဲသွားစေမယ့်သတင်းတစ်ခုနဲ့လဲ စိတ်ရှုပ်နေပါတယ်Jamesonကလဲ သူ့ရဲ့အဆက်ဟောင်းမိန်းကလေးနဲ့မကြာခင်ကဆုံခဲ့တဲ့အလန်းလေးတစ်ယောက်ကြား တွေဝေနေပါတယ်တစ်ခြားသူငယ်ချင်းတွေဆီမှာလည်း လူငယ်သဘာဝကိစ္စလေးတွေကိုယ်စီကိုယ်စီနဲ့ရှိနေပါတယ်ဒီဇာတ်ကားမှာ လူငယ်တို့သဘာဝ နွေရာသီညတစ်ညကိုကုန်ဆုံးတာနှင့်music bandရဲ့သီချင်းလေးတွေကို ခံစားရမှာဖြစ်ပါတယ် castတွေအနေနဲ့တော့မျက်နှာသိပ်မစိမ်းတဲ့ လူငယ်သရုပ်ဆောင်တွေကို တွေ့ရမှာဖြစ်ပါတယ်File Size : (870 MB) & (329 MB)Quality : Web-DL 720pRunning Time : 1 hr 38 minFormat : Mp4Genre : Comedy , DramaSubtitle : Myanmar Subtitle (Hard Sub)Translated by Moe LayEncoded by Moe Myint Lwin
movie

Summer Night (2019)

2018
I Am Number Four (2011) 6.1
I Am Number Four (2011) ဒီဇာတ်ကားက Pittacus Lore ရေးတဲ့ ဝတ္ထုအတွဲတွေထဲကပထမဆုံး စာအုပ်ကို ဇာတ်ညွှန်းပြုပြီး ရိုက်ထားတာပါ ။တခြားစာအုပ်တွေဖြစ်တဲ့ "The Power of Six," "The Rise of Nine," "The Fall of Five,""The Revenge of Seven" နဲ့ "The Fate of Ten." စာအုပ်တွေကျန်ပါသေးတယ် ။ရုပ်ရှင်ထပ်ရိုက်မရိုက်တော့ မပြောတက်ဘူး ။ဇာတ်လမ်းအကျဉ်းကတော့ကမ္ဘာမြေမှာ လာရောက်နေထိုင်နေတဲ့ ဂြိုလ်သား ၉ ယောက်နဲ့ သူတို့ရဲ့အုပ်ထိန်းသူတွေ ကိုလိုက်ရှင်းနေတဲ့ Mogadorian တွေကို ဇာတ်အိမ်ဖွဲ့ထားတာပါ ။ကလေးတွေဟာ သူတို့ကိုယ် သူတို့ ဂြိုလ်သားဖြစ်တယ် ၊စွမ်းအားရှိတယ်ဆိုတာ မသိရပါဘူး ။အရွယ်ရောက်လာရင် သူ့အလိုလို စွမ်းအားတွေ ထွက်ပေါ်လာတတ်တယ် ။အဲဒိလို ထွက်ပေါ်လာတဲ့ စွမ်းအားတွေကြောင့် Mogadorian တွေကိုသူတို့ဘယ်မှာရှိတယ်ဆိုတာ ပြသမိသလို ဖြစ်ဖြစ်သွားပါတယ် ။.Mogadorian ...
movie

I Am Number Four (2011)

2011
Hacker (2016) 6.3
Hacker (2016)   အဲလက်စ်ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ငယ်ငယ်ကတည်း ကွန်ပျူတာကို ဆော့ကစားရင်းကြီးပြင်းခဲ့ရသူမို့ အင်တာနက် ကွန်ပျူတာတွေနဲ့ပတ်သတ်ပြီး အကျွမ်းတ၀င်ရှိနေပါတယ်။ သူရဲ့စိတ်ကူးကလည်း ဒီပညာတွေကို ပိုပြီးသင်ယူဖို့ ကောလိပ်တက်ချင်တာပါ။ မိဘတွေက မပြေလည်သူမို့ ကောလိပ်တက်ဖို့  ၁၄ နှစ်အရွယ်လောက်ကတည်းက ခက်ခက်ခဲခဲ အင်တာနက်နေပြီးမှ ငွေရှာပြီး ကိုယ့်ကျောင်းစရိတ်ကိုယ်ရှာနေတဲ့ လူကောင်းလေးတစ်ယောက်ပါ။ ကောလိပ်တက်ခါနီးမှာပဲ သူ့အမေအလုပ်လုပ်နေတဲ့ဘဏ်က သူ့အမေကိုအလုပ်ထုတ်လိုက်ပါတယ်။ သူတို့အိမ်ဂရန်အပေါင်ကလည်း ဒီဘဏ်မှာဖြစ်တဲ့အတွက် အလုပ်မရှိတော့လို့ ချေးငွေလည်းမရနိုင်နဲ့ အိမ်ကိုပါ ဆုံးရှုံးရမယ့်အခြေအနေမို့  သူအနှစ်နှစ်အလလ စုထားတဲ့ငွေလေးတွေကို ထုတ်ပေးလိုက်ပါတယ်။ သူ့ရဲ့ရင်ထဲမှာလည်း ဘဏ်တွေကို စိတ်နာပြီး နာကျည်းချက်ဝင်နေပါတယ်။   အဲဒီအချိန်မှာ “ Dark Web” ဆိုတဲ့အဖွဲ့အစည်းက အင်တာနက်ကဟက်ကာအဖွဲ့အစည်းတွေဖြစ်ပြီး အင်တာနက်ကနေ ငွေကြေးတွေ လိမ်လည်ရယူနေတဲ့ နာမည်ကျော်ဟက်ကာကြီးအဖွဲ့ပါ။ ခေါင်းဆောင်ကတော့ Z  ဆိုပြီး မျက်နှာဖုံးနဲ့ လူတစ်ယောက်ပါ ။ ဒီတော့ သူစုထားတဲ့ပိုက်ဆံတွေ မရှိတော့တဲ့ အဲလက်စ်ဟာ ဒီအဖွဲ့ထဲကို ၀င်ဖို့အကြံရသွားပါတယ်။ ဒီအဖွဲ့ထဲ ၀င်ဖို့ကတော့ မလွယ်ကူပါဘူး။ Online ကနေ ငွေကြေးလိမ်လည်မှုတစ်ခုလုပ်ပြနိုင်မှ လက်ခံတာပါ။ ဒီတော့ အဲလက်စ်လည်း ကြိုးစားပြီး Online  ငွေကြေးလိမ်လည်မှုတစ်ခု လုပ်ပြနိုင်လို့ အောက်ဆုံးအဆင့်ကနေ ၀င်ခွင့်ရခဲ့တယ်။ ဒီအဖွဲ့ထဲ ၀င်ပြီး ...
movie

Hacker (2016)

2016