Channel Myanmar

Cherry Pie Picache

Can’t Help Falling in Love (2017) 6.9
Can’t Help Falling in Love (2017) KathNielလို့ ချစ်စနိုးခေါ်ကြတဲ့ Kathryn Bernardo နဲ့ Daniel Padilla တို့ရဲ့ နောက်ထပ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်...အေးအေးငြိမ့်ငြိမ့် romance တွေကို ကြည့်ရှုတာ သဘောကျနှစ်သက်တဲ့ ပရိသတ်တွေကို ဖိလစ်ပိုင်း romance ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒီဇာတ်ကားကတော့ Can't Help Falling in Love ဆိုတဲ့ ဇာတ်ကားလေးပါ။မချစ်မိဘဲမနေနိုင်ဘူးဆိုတဲ့ ဇာတ်ကားနာမည်လေးအတိုင်းပဲ ဒို့စ်ဆိုတဲ့ကောင်လေးက ဂက်ဘ်ဆိုတဲ့ ကောင်မလေးကို ချစ်မိသွားတဲ့ ဇာတ်လမ်းလေးကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောပြရမယ်ဆိုရင် ဂက်ဘ်ဟာ ၆ နှစ်ကျော်တွဲလာတဲ့ ရည်းစားဖြစ်သူနဲ့ မကြာခင်မှာ လက်ထပ်တော့မယ့် မိန်းကလေးပါ။ သူဟာ သူငယ်ချင်းဖြစ်သူရဲ့ မင်္ဂလာပွဲညမှာ အရက်မူးပြီးတော့ ဒို့စ်ဆိုတဲ့ တခြားကောင်လေးတစ်ယောက်နဲ့ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးမိသွားပါတယ်။ အဲဒီအဖြစ်အပျက်ကို မမှတ်မိကြသလို သူတို့မထင်ထားခဲ့တာက အဲဒီလက်ထပ်စာချုပ်က တရားဝင်ဖြစ်နေခဲ့မယ်ဆိုတာကိုပါပဲ။ရည်းစားဖြစ်သူနဲ့ မင်္ဂလာဆောင်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ လက်ထပ်စာချုပ်က ဂက်ဘ်ဆီကို ရောက်လာခဲ့ပါတယ်။ ...
movie

Can’t Help Falling in Love (2017)

2017
The Third Party (2016) 5.0
The Third Party (2016) ဒီဇာတ်ကားလေးကတော့ The Third Party လို့ခေါ်တဲ့ ဖိလစ်ပိုင် အချစ်ဇာတ်ကားလေးပါ.. သာမန်ဇာတ်ကားတွေနဲ့ မတူတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် ?.. အစပိုင်းမှာ အန်ဒီနဲ့ မက်စ်တို့က ချစ်သူတွေဖြစ်တယ် မက်စ်ကဆေးကျောင်းသွားတက်ပြီးပြန်လာတဲ့အချိန်မှာ ​ဖောက်​ပြန်​ပြီး ခရစ်ယာန်ဆိုတဲ့ကောင်နဲ့ ရည်းစားဖြစ်သွားကြတယ်.. သူတို့နှစ်ယောက်က ကလေးမွေးစားဖို့ဆုံးဖြတ်လိုက်တဲ့ အချိန်မှာ အန်ဒီ့မှာရှိတဲ့ကိုယ်ဝန်ကို သူတို့တာဝန်ယူဖို့ဆုံးဖြတ်ကြတာပေါ့.. သူတို့သုံးယောက် တစ်အိမ်တည်းနေကြပြီးတော့ ပြဿ နာတွေနဲ့ ဘယ်လိုရှေ့ဆက်သွားလဲဆိုတာ ဟာသလေးတွေနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်..  Qty - HDrip 720pGern - comedy/ RomanceSubtitle - MyanmarTranslator - AykayiEncoder - Kyaw Ye Aung
movie

The Third Party (2016)

2016
Love You to the Stars and Back (2017) 8.3
Love You to the Stars and Back (2017) ကဲ ဖိလစ်ပင်း ကားကောင်းကောင်းလေးတွေ ကြည့်ချင်တဲ့ ပရိတ်သတ်အတွက် Love you to the stars and back လာပါပြီ...ဂြိုလ်သား တကယ်ရှိပါသလား?ဂြိုလ်သား တကယ်မရှိဘူးလား?ဒီမေးခွန်းဟာ အခုထိ လူတွေကြားမှာ အငြင်းပွားဖွယ် ပြဿနာဖြစ်နေဆဲပါ...ဒုတိယကမ္ဘာစစ်အတွင်းမှာလည်း ဂြိုဟ်သားတွေနဲ့ အမေရိကန်ကမ်းခြေစောင့်တပ်တို့ တိုက်ပွဲငယ်တစ်ခုဖြစ်ပွားခဲ့ပြီး ခိုင်လုံတဲ့မှတ်တမ်းဓာတ်ပုံတွေ ရှိခဲ့ပေမယ့် အမေရိကန်အစိုးရက ဒီကိစ္စကို လုံးဝဖုံးကွယ်ထားတယ် လို့ အခုချိန်ထိ တပ်အပ်ယုံကြည်တဲ့ သူတွေလည်း ရှိနေဆဲပါ...ဒါကြောင့် ဂြိုဟ်သား ကိစ္စဟာ သို့လော သို့လော ပြဿနာ တွေထဲက တစ်ခုလို့ပြောလို့ရပါတယ်...ဒါပေမယ့် အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းထဲက မီကာဆိုတဲ့ မိန်းမပျိုလေးကတော့ ဂြိုဟ်သားတွေ တကယ်ရှိတယ်ဆိုတာ တထစ်ချယုံကြည်နေတဲ့သူပါ...မိခင်သေဆုံးပြီးတဲ့နောက် ဂြိုဟ်သားတွေနဲ့အတူနေထိုင်နေတယ်လို့ယုံကြည်ကာ...သူကိုယ်တိုင်လည်း မိခင်နောက် လိုက်ချင်နေခဲ့တာပေါ့...ဖခင်ကလည်း အိမ်ကို အမျိုးသမီးတစ်ယောက်ခေါ်လာပြီး ထို အမျိုးသမီးမှာ ကိုယ်ဝန်ရှိနေပြီ လို့ ကြေငြာလိုက်ပြီးတဲ့ အခါမှာတော့ မီကာ ဟာ သူဂြိုဟ်သားတွေနောက် ...
movie

Love You to the Stars and Back (2017)

2017