Channel Myanmar

Corey Burton

Mickey’s Magical Christmas: Snowed in at the House of Mouse (2001) 6.6
Mickey’s Magical Christmas: Snowed in at the House of Mouse (2001) Mickey's Magical Christmas: Snowed in at the House of Mouse (2001)ခရစ္စမတ်နေ့မှာ ခရစ္စမတ်အရသာ အပြည့်အဝရမယ့် အန်နီမေးရှင်းလေးတစ်ပုဒ်ပေါ့။ ဒီဇာတ်လမ်းမှာ ၂၀၀၁မတိုင်ခင်ထွက်ခဲ့တဲ့ ဒစ္စနေးရဲ့ရှိသမျှ ဇာတ်ကောင်တွေ အကုန်နီးနီးပါတယ်။ ဘာလို့ပါသတုန်းဆို ဒီရုပ်ရှင်က House of Mouse လို့ခေါ်တဲ့ မစ်ကီမောက်စ်စီးရီးရဲ့ Spin-Off အဖြစ်ထုတ်ထားတာ။ House of Mouse က ပြောရရင် ဒစ္စနေးရဲ့ မှတ်တိုင်စိုက်ထူမှုတစ်ခုလို့ ပြောရမယ်။ ဘာလို့ဆို House of Mouse ဆိုတဲ့ နာမည်ကိုက ဒစ္စနေးရဲ့ နာမည်ပြောင်လည်းဟုတ်နေတယ်။ နောက် House of Mouse စီးရီးမှာ ၁၉၃၀ကနေ ၁၉၅၀ဝန်းကျင်က ဒစ္စနေးကာတွန်းအတိုလေးတွေကို မစ်ကီတို့က ပြန်ပြထားကြတာတွေတော်တော်ပါတယ်။ သူတို့ရဲ့ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ ကာတွန်းအတိုလေးတွေကို မစ်ကီတို့က ပြန်ပြကြတာပေါ့။ House of ...
movie

Mickey’s Magical Christmas: Snowed in at the House of Mouse (2001)

2001
Cinderella II: Dreams Come True (2001) 5.0
Cinderella II: Dreams Come True (2001)  Cinderella I ကို CM ပရိတ်သတ်တွေအတွက်တင်ဆက်ပေးခဲ့ပြီးတဲ့နောက်မှာ 2002ခုနှစ်မှာထွက်ခဲ့တဲ့ Cinderella II ကိုရောထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ Cinderella II က နံပါတ် Iလောက်တော့ Rating မကောင်းပေမဲ့ IMDbမှာ Rating 5/10 ရှိထားပြီးစင်ဒရဲလားအလွမ်းပြေ အပျင်းပြေ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုလို့အဆင်ပြေတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ​ကြွက်ကလေးတွေက ပုံပြင်လေး၃ပုဒ်ကိုပြောပြကြတာဖြစ်ပါတယ်။ ပထမပုံပြင်မှာ ရဲတိုက်ကြီးကို မင်းသမီးဖြစ်ပြီးတဲ့နောက်ပထမဆုံးအကြိမ်ရောက်လာရတဲ့ မင်းသမီးစင်ဒရဲလားရဲ့အခက်အခဲလေးတွေနဲ့ ရဲတိုက်ရဲ့အစဥ်အလာဓလေ့ထုံးတမ်းတွေကိုသူ့ရဲ့ကိုယ်ပိုင်ပုံစံနဲ့ဘယ်လိုတွေပြောင်းလဲလိုက်တယ်ဆိုတာမြင်ရမှာဖြစ်ပါတယ်။ဒုတိယပုံပြင်မှာတော့ ဂျက်ခ်ဂျက်ခ်လေးရဲ့လူသားဖြစ်ချင်တဲ့ဆန္ဒကိုဖြည့်ဆည်းပေးလိုက်ပြီးတဲ့နောက် ကြုံတွေ့ရမယ့် လူသားဘဝအလွဲတွေနဲ့ ဂျက်ခ်အတွက် ကြွက်တစ်ကောင်အဖြစ်နဲ့လူတစ်ယောက်အဖြစ်ဘယ်ဟာကပိုကောင်းတယ်ဆိုတာသိရအောင်သင်ခန်းစာတွေကြုံတွေ့ရတာကိုတွေ့မြင်ကြရမှာဖြစ်ပါတယ်။ နောက်ဆုံးပုံပြင်ကတော့ Title ဖြစ်တဲ့Dreams Come True ဆိုတဲ့အတိုင်း စင်ဒရဲလားရဲ့ အဖေတူအမေကွဲညီမအန်နာစတေးရှားရဲ့အချစ်စစ်ကိုရှာတွေ့ပြီးပျော်ရွှင်ရတဲ့အိပ်မက်အမှန်တစ်ကယ်ဖြစ်လာအောင် စင်ဒရဲလား နဲ့ ကြွက်ကလေးတွေဘယ်လိုကူညီကြမယ်ဆိုတာ တွေ့မြင်ကြရမှာဖြစ်ပါတယ်။ကဲ သီချင်းလေးတွေကအစ သေချာလေးဘာသာပြန်ပေးထားတာမို့ CM ရဲ့လက်ရာနဲ့ Quality ကောင်းကောင်းလေး ကြည့်ရှုခံစားချင်တဲ့ပရိတ်သတ်ကြီးတို့ငယ်ဘဝအလွမ်းပြေဖို့ Cinderella II လေးကို အခုပဲခံစားကြည့်ရှုလိုက်ကြဖို့တိုက်တွန်းလိုက်ပါတယ်။  File size…1.27GB / ...
movie

Cinderella II: Dreams Come True (2001)

Treasure Planet (2002) 7.1
Treasure Planet (2002) ဒီဇာတ်လမ်းလေးဟာ 2002 ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး Disney ရဲ့ အသပ်ရပ်ဆုံးသော Animation တွေထဲက တစ်ကားလို့ တင်စားခံထားရပါတယ် မူရင်းဇာတ်လမ်းကတော့ "Treasure Island" တဲ့ခင်ဗျ... ဒီမှာ ထူးခြားသွားတာက ဇာတ်ကွက်တွေကို အာကာသထဲ ပြောင်းလိုက်ပြီး ဂြိုဟ်သားတွေ၊ နဂါးငွေ့တန်းတွေနဲ့ အသက်သွင်းထားတာပါ အဲ့လိုနဲ့ ဇာတ်လမ်းလေးက "Treasure Planet" ဆိုပြီး ဖြစ်သွားတယ်ပေါ့ဗျာ Rating တွေအနေနဲ့ကြည့်ရင်လည်း IMDb 7.1 Tomatoes 69% နဲ့ခင်ဗျ ဝေဖန်သူတော်တော်များများရဲ့ Positive Review တွေ ရထားတဲ့ ဇာတ်လမ်းလေး ဆိုပါတော့... ကလေးဘဝက အိပ်ရာဝင်ပုံပြင်တွေ၊ အာကာသ စွန့်စားခန်းတွေ၊ ဒရာမာကို ခုံမင်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ပါ အသက် ၁၅ နှစ်အရွယ် ချာတိတ်ကလေး ဂျင်မ်ဟော့ကင်းန်စ်ရဲ့ မဟာစွန့်စားခန်းကြီးတစ်ခု... ငယ်ငယ်ကတည်းက အာကာသ ခရီးသွားတစ်ယောက် အရမ်းဖြစ်ချင်ခဲ့သူ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြံဖန်ပြီး ကောင်းကင်ပျံဝဲလေ့ရှိတဲ့ ချာတိတ်ကလေး ယာဉ်စည်းကမ်းတွေကို (တမင်မဟုတ်တောင်) ...
movie

Treasure Planet (2002)

2002
Return to Never Land (2002) 5.8
Return to Never Land (2002)  ဒီကားလေးကတော့ အားလုံးသိကြတဲ့အတိုင်းပဲ Disney ရဲ့အကောင်းဆုံး Animation ကားတွေထဲက တစ်ကားပဲဖြစ်ပါတယ်... ဖယ်ရီဆိုတဲ့ တင်ကာဘဲလ်နတ်သမီးလေးနဲ့အတူ ပီတာပန်ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းတင်ဆက်ထားတာပဲဖြစ်ပါတယ်... အပိုင်း ၂ ပိုင်းထွက်ရှိထားတာပဲဖြစ်ပါတယ်...ဒီကားလေးကတော့ ၂ ဖြစ်ပါတယ်... ဒီကားထဲမှာတော့ ၀န်ဒီဟာအသက်ကြီးသွားပြီးတော့ ကလေးလေးတွေတောင်ရနေပြီပဲဖြစ်ပါတယ်... ပျောက်ဆုံးနေပြီဖြစ်တဲ့ ပီတာပန်ဟာလည်း အိပ်ရာဝင်ပုံပြင်အနေနဲ့သာ ယုံတမ်းစကားဖွယ်ရှိပါတော့တယ်... ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင် ကာလအားဖြင့် စစ်ဖြစ်နေသောအချိန်ဖြစ်ပါတယ်... ယောကျာင်္းသားများဟာ တိုင်းပြည်ကာကွယ်ဖို့စစ်ထဲဝင်နေရတဲ့အချိန်ဖြစ်တဲ့အတွက် ၀င်ဒီရဲ့ခင်ပွန်းဖြစ်သူလည်း စစ်ထဲဝင်ရပါတယ်... ဒါကြောင့် အစိုးရကနေ ကလေးငယ်များဘေးကင်းဖို့အတွက် စစ်နဲ့လွတ်ကင်းရာနေရာတွေကို အလှည့်ကျရွေ့ပြောင်းပေးနေရပါတယ်...ဒီထဲတွင် ၀န်ဒီရဲ့သမီးလေး ဂျိမ်းနဲ့သားငယ်လေး ဒန်နီရယ်တို့လည်းပါနေပါတယ်.. ဂျိမ်းဟာ အမေဖြစ်သူဝန်ဒီပြောပြာနေကျ အိပ်ရာဝင်ပုံပြင်ဖြစ်တဲ့ ပီတာပန်အကြောင်းကိုမယုံပါဘူး.. ဒါကြောင့် အိပ်ရာဝင်ပုံပြင်တွေကိုသူမမုန်းခဲ့ပါတယ်.. တစ်ညမှာသူမအိပ်ပျော်သွားတော့ သူမတို့ရဲ့အိမ်ကို ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး ကပ္ပတိန်ဟွတ်တို့ ပင်လယ်ဓားပြအဖွဲ့ရောက်လာပြီးသူမကို NeverLand ကိုဖမ်းဆီးခေါ်သွားပါတော့တယ်... အဲ ကပ္ပတိန်ဟွတ်ဆိုရင် လူတိုင်းသိကြမှာပါ...ကလေးဘ၀ထဲက အကြိုက်ဆုံးနဲ့အရယ်ရဆုံး ဇာတ်ကောင်ကြီးလေ.. အဲတော့  ဂျိမ်းတစ်ယောက် NeverLand လို့ခေါ်တဲ့ နိုင်ငံလေးထဲကိုရောက်သွားတဲ့အခါ ဘာတွေဖြစ်လာမလဲ... သူမတကယ်မရှိဘူးလို့ထင်နေတဲ့ ပီတာပန့်ကကော တကယ်ပဲ အဲ့နိုင်ငံလေးထဲမှာရှိနေမလား... Disney ရဲ့ကောင်းမွန်လှတဲ့ ရှု့ခင်းလေးတွေနဲ့အတူ ကြည်နူးဖွယ်ခံစားရမှာပဲဖြစ်ပါတယ်... ဒီကားလေးဟာ ကလေးများအိပ်ရာဝင်တဲ့အချိန်အကောင်းဆုံး အိပ်ရာဝင်ပုံပြင်အဖြစ်သတ်မှတ်ခြင်းခံရတဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်....Quality…..BluRay 1080p Duration…..01:12:00 Format…Mp4 File Size…( 520 MB) Encoder…..Moe Myint Lwin Translator…..Moe Myint Lwin Download ...
movie

Return to Never Land (2002)

2002