Channel Myanmar

Corey Feldman

Friday the 13th: The New Blood (1988) 5.2
Friday the 13th: The New Blood (1988) Friday the 13th: The New Blood (1988)ရေအောက်မှာ နစ်မြုပ်ပြီး ငြိမ်သက်သွားတဲ့ ဂျေဆင်ကို စိတ်စွမ်းအားရှင် ကောင်မလေးတစ်ယောက်က ပြန်နိုးထစေပြန်ပါတယ်။ ဒီလိုနဲ့ပဲ ၇ ကားမြောက်ဇာတ်လမ်း ဖြစ်လာခဲ့တာပေါ့။အရက်သမားအဖေကြီးက မိခင်ကို နှိပ်စက်နေလို့ အဖေကိုမုန်းနေတဲ့ စိတ်စွမ်းအားရှင် ကလေးမလေးက သူ့ရဲ့စိတ်တန်ခိုးနဲ့ အဖေကို မတော်တဆ သတ်မိခဲ့ပါတယ်။ အဲဒီမှာတင် ယူကြုံးမရစိတ် နောင်တတွေနဲ့ စိတ်ကျန်းမာရေးထိခိုက်လာတဲ့ ကလေးမလေးကို စိတ်ရောဂါဆေးရုံပို့ထားရတာပေါ့။နှစ်တွေကြာပြီးချိန်မှာ သူ့ရဲ့ဆရာဝန်က သူပြန်မလာချင်ဆုံးဖြစ်တဲ့ ခရစ်စတယ်ရေကန်ကိုခေါ်လာပြီး စိတ်ဒဏ်ရာနဲ့ ထိပ်တိုက်ရင်ဆိုင်ခိုင်းခဲ့ပါတယ်။ အဲဒီမှာတင် အဖေကို ပြန်ရှင်လာဖို့ ဆုတောင်းမိတဲ့ စိတ်စွမ်းအင်နဲ့ ဂျေဆင်နိုးထလာပြီး ရေကန်စခန်းကို ပြန်ရောက်လာပြန်ပါတယ်။ဒီလိုနဲ့ စခန်းမှာရှိသမျှလူတွေကို လိုက်သတ်နေတဲ့ဂျေဆင်ကို စိတ်စွမ်းအင်ကောင်မလေး ဘယ်လိုနှိမ်နင်းသွားမယ်ဆိုတာ ကြည့်လိုက်ကြရအောင်လား။(ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.5GB, 865MB Quality - ...
movie

Friday the 13th: The New Blood (1988)

1988
Friday the 13th Part VI: Jason Lives (1986) 6
Friday the 13th Part VI: Jason Lives (1986) Friday the 13th Part VI: Jason Lives (1986)~ IMDb - 6/10, Rotten Tomatoes - 50% ~၁၃ ရက် သောကြာနေ့ လူသတ်သမားကြီး ဂျေဆင်ဗော်ဟီးရဲ့ ခြောက်ကားမြောက်ဖြစ်ပါတယ်။ ဘယ်လိုပဲသေသေ အမြဲပြန်လာနေကျ ဂျေဆင်တစ်ယောက် အခုလည်း သေရွာကနေ ပြန်နိုးထလာခဲ့ပြန်ပါပြီ။ဂျေဆင်ကို အသွေးထဲအသားထဲ အသည်းထဲက မုန်းတဲ့သူ တွန်မီက ညတိုင်း အိပ်မက်ထဲမှာ ဂျေဆင် သူ့ကို လာခြောက်လှန့်နေတာကို သည်းမခံနိုင်တော့ပါဘူး။တွန်မီတစ်ယောက် ဂျေဆင်ကိုမြှုပ်ထားတဲ့ သင်္ချိုင်းကို သူငယ်ချင်းတစ်ယောက်နဲ့ မိုးသည်းညတစ်ညမှာ ပြန်လာခဲ့တယ်။ မြေပုံကိုတူးပြီး အလောင်းကိုပြန်ဖော်တယ်။ သံတူရွင်းနဲ့ အငြိုးတကြီး ထိုးတယ်။ အဲဒီမှာတင် ရင်ဝကိုစိုက်နေတဲ့ သံတူရွင်းကို မိုးကြိုးပစ်လိုက်ပြီး ဂျေဆင် ပြန်နိုးထလာပါတော့တယ်။နဂိုကထက် ပိုအင်အားကြီးပြီး ပိုသတ်ရခက်တဲ့ သဘာဝလွန်သတ္တဝါကြီး ဂျေဆင် ပြန်လာပြီဆိုတာကို ရဲစခန်းကို အပြေးအလွှားသွားပြောခဲ့ပေမဲ့ ...
movie

Friday the 13th Part VI: Jason Lives (1986)

1986
Friday the 13th: A New Beginning (1985) 4.7
Friday the 13th: A New Beginning (1985) Friday the 13th: A New Beginning (1985)ငါးကားမြောက် ဇာတ်လမ်း။ ဂျေဆင်အတွက်တော့ မျက်နှာပျက်စရာပဲဗျာ။ တကယ်။ကလေးတန်မဲ့နဲ့ ဂျေဆင်ကို အချက်ပေါင်းများစွာ ခုတ်သတ်ခဲ့တဲ့ တွန်မီဟာ စိတ္တဇညတွေကျော်ဖြတ်ရင်း အရွယ်ရောက်လာခဲ့တယ်။ ဒါပေမဲ့ စိတ်ရောဂါကုဆေးရုံမှာပဲ အရွယ်ရောက်ခဲ့ရတာမျိုးပါ။ဒီတော့ အရူးဆေးရုံတွေ ပြောင်းရင်းနဲ့ ဂျေဆင် နေတဲ့နေရာနားကိုပဲ ပြန်ရောက်လာပြန်တာပေါ့။ ဒီလိုနဲ့ အရူးတွေကြားထဲမှာ ဖြတ်သန်းရင်း အရူးတစ်ယောက်က အရူးတစ်ယောက်ကို ပုဆိန်နဲ့ ရက်ရက်စက်စက် ခုတ်သတ်ခံရတဲ့မြင်ကွင်းက အားလုံးကို ခြောက်ခြားသွားစေတယ်။ဒီလိုနဲ့ သူတို့အဖွဲ့ရယ်၊ ခပ်ကဲကဲ လိင်မှုကိစ္စ အရူးအမူးလုပ်ကြတဲ့ စုံတွဲတွေရယ်တို့ဟာ တစ်ယောက်ပြီးတစ်ယောက် သေချင်းဆိုးနဲ့ သေကုန်ကြပြန်ပါပြီ။တွန်မီက သူသတ်ခဲ့တဲ့ ဂျေဆင်ကို နောက်တစ်ခါ ပြန်ရင်ဆိုင်ရတဲ့အခါမှာ စိတ်ဒဏ်ရာတွေ အဆုံးစွန် ပြန်ခံစားရပြီး အဆိပ်ကိုအဆိပ်နဲ့ကုလိုက်သလိုပဲ သူ့စိတ်ဝေဒနာတွေ သက်သာသွားတယ်ပေါ့။ ဒီလိုနဲ့ လူသတ်သမားကြီးကို ဝိုင်းဝန်းရင်ဆိုင်ကြရင်းနဲ့ ဂျေဆင်ကြီး မျက်နှာဖုံးကျွတ်သွားတဲ့အခါမှာ မထင်တာတွေ ဖြစ်လာပါလေရော။(ဒီဇာတ်ကားနဲ့အညွှန်းကို ...
movie

Friday the 13th: A New Beginning (1985)

1985
Friday the 13th: The Final Chapter (1984) 6
Friday the 13th: The Final Chapter (1984) Friday the 13th: The Final Chapter (1984)အပွဲပွဲနွှဲခဲ့တဲ့ ဂျေဆင်ဟာ ခု လေးကားမြောက်မှာတော့ ထင်မထားတဲ့သူလက်ချက်နဲ့ မရှုမလှ အသက်ထွက်ခဲ့ရပါတယ်။တတိယကားမှာ ခရစ် လက်ချက်နဲ့ သေခဲ့ရသူ ဂျေဆင်ကို ရဲတွေက အခင်းဖြစ်ရာမှာ သေဆုံးခဲ့သူအဖြစ် ရင်ခွဲရုံကို ပို့လိုက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့ ပြန်လာနေလေ့ရှိတဲ့ ဂျေဆင်က အအေးခန်းသေတ္တာထဲကနေ နိုးထလာပြီး ဝန်ထမ်းကိုသတ်ဖြတ်လို့ သူ့ရဲ့ ဘူမိဇာတိ ခရစ်စတယ်ရေကန်စခန်းကိုပဲ ပြန်သွားပါတယ်။ဒီတော့ မောင်နှ‌မလေး နှစ်ယောက်ရယ် အမေရယ်၊ စခန်းလာချတဲ့လူငယ်တစ်အုပ်ရယ်နဲ့ ရေကန်တဝိုက်က စည်ကားလာပြန်တော့ ဂျေဆင်တစ်ယောက် အလုပ်ရှုပ်ရပြန်တာပေါ့။တစ်ယောက်ပြီးတစ်ယောက် လှလှပပနဲ့ စနစ်တကျ သတ်ဖြတ်တတ်တဲ့ ဂျေဆင်ကို ကလေးအရွယ် တွန်မီရယ်၊ သူ့အစ်မရယ်၊ အခြားလူငယ်လေးတွေက ဘယ်လိုရင်ဆိုင်သွားတယ်ဆိုတာ ဂျေဆင် ဇာတ်ကားတွေရဲ့ အရသာအတိုင်း ကြည့်ရပါဦးမယ်နော်။(ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

Friday the 13th: The Final Chapter (1984)

1984
The Goonies (1985) 7.7
The Goonies (1985) The Goonies (1985)Rt - 76% , IMDb - 7.7Everything Everywhere All At Once မှာ အမျိုးသားဇာတ်ပို့ဆုအတွက်အော်စကာရသွားခဲ့တဲ့ မင်းသားကြီး Ke Huy Quan ငယ်စဉ်ကပါဝင်သရုပ်ဆောင်ထားခဲ့ပြီးဒါရိုက်တာကြီး Steven Spielberg ရေးခဲ့တဲ့ဇာတ်လမ်းကိုရိုက်ကူးထားတဲ့မိသားစု စွန့်စားခန်း ဟာသကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အပေါင်ငွေကိုဆက်ပြီးမသွင်းနိုင်တော့လို့အိမ်ကိုအသိမ်းခံရတော့မဲ့ Goon Docks မှာနေကြတဲ့"ဂူနီ" လို့ခေါ်တဲ့ မိုက်ကီ၊ ဘရန်း၊ မောက်ပ်၊ ချန့်ခ်၊ ဒေတာ တို့သူငယ်ချင်းတစ်သိုက်က သူတို့နောက်ဆုံးအတူရှိနေရမဲ့နေ့လေးကိုကျင်းပဖို့အတွက် မိုက်ကီနဲ့ ဘရန်း ညီအစ်ကိုတို့ရဲ့အိမ်မှာစုပြီးရောက်နေခဲ့ကြပါတယ်။ဒီလိုနဲ့ မိုက်ကီတို့အိမ်ထပ်ခိုးပေါ်က မိုက်ကီအဖေ့ရဲ့ ပစ္စည်းတွေကိုမွှေနှောက်ကြရင်း နာမည်ကြီးပင်လယ်ဓားပြကြီး မျက်လုံးတစ်လုံး ဝီလီရဲ့ရတနာမြေပုံကိုတွေ့ရှိသွားပါတယ်။ ဒီလိုနဲ့သူငယ်ချင်းတစ်သိုက် အကိုကြီး ဘရန်းကို တစ်ပတ်ရိုက်ကာ အိမ်မှာထားပစ်ခဲ့ကြပြီးရတနာမြေပုံထဲမှာပြောထားတဲ့နေရာကိုလိုက်ရှာပါတော့တယ်။ဖြစ်ချင်တော့ ရတနာသိုက်ကိုညွှန်ပြထားတဲ့နေရာကနာမည်ကြီးရာဇဝတ်မိသားစုဖြစ်တဲ့ဖရာတဲလိစ် မိသားစုပုန်းခိုရာနေရာဖြစ်နေပါတော့တယ်။ဒီလိုနဲ့ ဖရာတဲလိစ် မိသားစုကို‌ရော၊ မျက်လုံးတစ်လုံး ဝီလီ လုပ်ထားပစ်ခဲ့တဲ့ထောင်ခြောက်တွေကိုရော ရှောင်းတိမ်းရင်းနဲ့ဂူနီ တစ်သိုက် ရတနာသိုက် ရှာပုံတော်ဖွင့်ကြပါ‌တော့တယ်။ဂူနီ ...
movie

The Goonies (1985)

1985
Suicide for Beginners (2022) 5.6
Suicide for Beginners (2022)  Suicide for Beginners (2022)ကိုယ့်ကိုယ်ကို သေကြောင်းကြံရတော့မယ်ဆိုရင် ဘယ်လိုနည်းလမ်းက အကောင်းဆုံးဖြစ်မလဲ.. ဆေးတွေသောက်မလား.. ကြိုးဆွဲချမလား.. ဒါမှမဟုတ် ဘဝမှာမရှိမဖြစ်လိုအပ်တယ်ဆိုတဲ့အရာတစ်ခုခုကို သတ်ပစ်လိုက်ရင်း ကိုယ့်ဘဝပါ အတူလိုက်သေမလား..ဒီဇာတ်ကားမှာတော့ အပေါ်ကပြောထားတဲ့ သတ်သေဖို့နည်းလမ်းတွေကို အလွဲအမျိုးမျိုးနဲ့ ကြိုးစားခဲ့တဲ့ ဇာတ်ကောင် Garrettကို တွေ့ရမှာပါ။ တစ်ဖက်သတ်ချစ်ရတဲ့ မီယာရဲ့ လျစ်လျူရှုမှုတွေကို suicideနည်းလမ်းနဲ့ ဖြေရှင်းဖို့ကြိုးစားရင်း မထင်မှတ်ဘဲ ထွက်ပေါက်မရှိအောင် ရှုပ်ထွေးလာတဲ့ ဇာတ်ရဲ့ အရှိန်ကောင်းတဲ့ အနိမ့်အမြင့်တွေကို တွေ့ရမှာလည်း ဖြစ်ပါတယ်။ ဇာတ်ကောင်ဖောင်းပွခြင်းမရှိဘဲ ရှိပြီးသား ဇာတ်ကောင်အနည်းငယ်နဲ့ Garrettတို့ကြားက ပြဿနာတွေ၊ twists and turnsတွေကို ရင်တမမနဲ့ ကြည့်ရမှာပါ..Comedy, Horrorအမျိုးအစားဖြစ်တာကြောင့် စိတ်လှုပ်ရှားစရာ၊ ထိန်လန့်စရာ ဇာတ်ကြောင်းကို လေးပင်ဖျင်းတွဲမနေအောင် ဟာသမြောက်တဲ့ dialogueတွေ၊ ဇာတ်ကောင်တွေရဲ့ ဟန်ပန်တွေနဲ့ ထိန်းသွားတာဖြစ်ပါတယ်..။ ဒါကြောင့် pure horror မကြည့်ရဲသူတွေအတွက် အဆင်ပြေတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။Age ratingမပေးရသေးတာကြောင့် ကလေးငယ်များကို ပြသမယ်ဆိုရင်တော့ ...
movie

Suicide for Beginners (2022)

Corbin Nash (2018) 8.0
Corbin Nash (2018) Vampire အကြမ်းစားတွေ၊ Demon Hunter တွေတိုက်ခိုုက်တဲ့ Action ဇာတ်ကားသစ်လေးပဲဖြစ်ပါတယ်။တခြား Vampire တွေနဲ့မတူဘဲ တော်တော်ထူးခြားပြီး ရက်စက်တဲ့ Vampire တွေကိုတွေ့ရမှာပဲဖြစ်ပါတယ်။အက်ရှင်ကားကြည့်ချင်သူတွေအတွက် ၂၀၁၈ထွက်ဇာတ်ကားသစ်လေးပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ Cobin Nash ဆိုတဲ့သူဟာ ရဲဝန်ထမ်းအဖြစ် ခက်ခဲတဲ့အမှုတွေကိုလိုက်တဲ့သူပဲဖြစ်ပါတယ်။ပုံမှန်သူ့ဘဝလုပ်ဆောင်ချက်တွေနဲ့ လည်ပတ်နေစဉ်မှာပဲ တစ်နေ့မှာသူဟာ Demon Hunter တွေရဲ့မျိုးဆက်ဖြစ်တယ်ဆိုတာကို သိလိုက်ရပြီး သူတို့မိသားစုရဲ့ ဘဝအမှန်ကိုသိသွားရုံသာမက သူ့မိဘတွေဘယ်လိုသေရတယ်ဆိုတာကိုပါ သိခဲ့ရပါတယ်။ဒါပေမယ့် ယုတ္တိရှိတာကိုပဲ ယုံကြည်တတ်တဲ့ Cobin တစ်ယောက် ဒါတွေကိုလျစ်လျုရှုပြီး ထူးဆန်းတဲ့အမှုတစ်ခုကိုလိုက်နေခဲ့ပါတယ်။အဲဒီမှာပဲ သူ့ရဲ့ ကံကြမ္မာပြောင်းလဲလာတော့တာပါပဲ။သူမယုံကြည်ပါဘူးဆိုတဲ့ မကောင်းဆိုးဝါးတွေကို ထိပ်တိုက်တွေ့ခဲ့ရပြီး ပိတ်လှောင်ခံခဲ့ရပါတယ်။Demon Hunter မျိုးဆက်သစ်တစ်ယောက် ဒီလိုပဲအဆုံးသတ်သွားမှာလား။ဘယ်လိုလက်စားပြန်ချေမလဲ။Demon Hunter အနေနဲ့ပဲလား ဘယ်လိုပုံစံမျိုးနဲ့ ကံကြမ္မာတစ်ဆစ်ချိုးသွားမလဲဆိုတာကို အကြမ်းပတမ်း တိုက်ခိုက်ဟန်တွေ၊ သွေးထွက်သံယိုရိုက်ချက်တွေနဲ့တွေ့ရမှာပါ။Sexual နဲ့ပတ်သက်ပြီး အခန်းတွေ စကားပြောကြမ်းတာတွေ၊ သွေးထွက်သံယိုမြင်ကွင်းတွေများစွာပါဝင်တဲ့အတွက် မိသားစုနဲ့တော့ မကြည့်ရှုသင့်ပါဘူး။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ) File Size : (750 ...
movie

Corbin Nash (2018)

2014