Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
David Thewlis
6.6
Enola Holmes 2(2022)
နက်ဖလစ်ရဲ့ နာမည်ကြီး စုံထောက်ကားဖြစ်တဲ့ အနိုလာဟုမ်းစ် ရုပ်ရှင်ရဲ့ ဒုတိယမြောက်ကားထွက်လာပါပြီ။ မူရင်းသရုပ်ဆောင်တွေပဲ ပြန်လည်ပါဝင်ထားပါတယ်။ ဟင်နရီ ကာဗယ်က ရှားလော့ခ်ဟုမ်းစ်အဖြစ် ပါဝင်ထားပြီး Stranger Things ထဲက အချစ်တော်လေး မီလီ ဘော်ဘီ ဘရောင်းကတော့ ရှားလော့ခ်ဟုမ်းစ်ရဲ့ ညီမ အနိုလာဟုမ်းအဖြစ် ပါဝင်ထားပါတယ်။ သူတို့ရဲ့ အစ်ကိုကြီး မိုက်ခရော့ဖ်တော့ ပြန်မပါတော့ပေမဲ့ လော့ဒ် တုစ်ဘူရီနဲ့ အနိုလာတို့ရဲ့အချစ်ဇာတ်လမ်းကိုတော့ ဆက်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်း ================အနိုလာဟုမ်းစ်ရာ မိခင်ပျောက်ရှာပုံတော်အမှုကိုဖြေရှင်းအပြီးမှာ တုစ်ဘူရီအမှုကိုပါ ဖြေရှင်းနိုင်ခဲ့ပြီး ကွန်ဖီးဒန့်လယ်ဗယ်ဆိုးဟိုက်သွားတာမို့ ကိုယ်ပိုင်စုံထောက်လုပ်ငန်းတစ်ခု တည်ထောင်လိုက်ပါတော့တယ်။ ဒါပေမဲ့ မိန်းမငယ်လေးတစ်ယောက်ကို ဘယ်သူမှ ယုံကြည်ပြီး အလုပ်မအပ်တော့တာကြောင့် ခွက်ခွက်လန်အောင်ရှုံးပြီး ရုံးခန်းကိုပိတ်ဖို့စီစဉ်လိုက်ရပါတော့တယ်။အဲဒီအချိန်မှာပဲ မီးခြစ်ဆံစက်ရုံအလုပ်သမ ကောင်မလေးတစ်ယောက်က ပျောက်ဆုံးနေတဲ့ သူ့အစ်မကို ရှာပေးဖို့ အမှုလာအပ်ပါတော့တယ်။ ဒါပေမဲ့ အနိုလာဟုမ်းစ်တစ်ယောက် လူပျောက်ရှာရင်းနဲ့ ဒါဟာ သာမန်အမှုမဟုတ်ဘဲ ကြီးမားတဲ့ မသမာမှုကြီးတွေ၊ လာဘ်စားမှုတွေ၊လူသတ်မှုတွေပါ ရောယှက်နေတာကိုတွေ့သွားပြီး အန္တရာယ်တွေနဲ့ ရင်ဆိုင်လာရတဲ့အခါ.... File size…1.9GB / 800MB Quality…1080p NF WEB DL / 720p Format…mp4 Duration….2h 9m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr.Anderson
movie
Enola Holmes 2(2022)
2022
7.8
Harry Potter and The Prisoner of Azkaban (2004)
Harry Potter (2001-2011)Platform 9¾ ကနေ ပြန်လည် ကြိုဆိုပါတယ်။ Hogwarts ရထားကြီးနဲ့ wizarding world ကို အလည်တစ်ခေါက် ထပ်သွားပြီး Chapter တစ်ခုချင်းစီကို အစဉ်လိုက် ပြန်အလွမ်းသည်ကြမယ်ဗျာ ...ခင်ဗျားက muggle မဟုတ်ရင်တော့ အသက်ရှင်ကျန်ခဲ့သူ ကောင်လေးအကြောင်း ကြားဖူးပြီးသားဖြစ်မှာပါ ... သူ့နာမည်က Harry Potter တဲ့ .. ထင်ရှားတဲ့အမှတ်အသားဆို နဖူးမှာ အမာရွတ်လေးနဲ့ မှန်ကြောင်ကောင်လေးတစ်ယောက်ပါပေါ့ ။ဒီ အမာရွတ်လေး ရခဲ့တဲ့ ညကနေ စလို့ သူဟာ သူကိုယ်တိုင် မသိပါဘဲ မှော်လောကမှာ ကျော်ကြားလာခဲ့တယ်... မနာခံသူ မှန်သမျှ အရှင်မထားတတ်တဲ့ မှော်ဆရာကြီး တစ်ယောက်ရဲ့ လက်က လွတ်မြောက်ခဲ့သူအဖြစ်ပေါ့... မှော်ဆရာကြီးက ဘယ်သူလဲတော့ လာမမေးပါနဲ့ ... ကျွန်တော်တို့ သူ့နာမည်ကို ထုတ်မပြောကြဘူး ...သိုပေမဲ့ Harry Potter ဆိုတဲ့ မှော်ဆရာလေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရဲစွမ်းသတ္တိအပြည့်မွေးပြီး ရွန်၊ ဟာမွိုင်နီဆိုတဲ့ သူငယ်ချင်း ၂ ...
movie
Harry Potter and The Prisoner of Azkaban (2004)
2004
4K HEVC
5.7
Regression (2015)
လျို့ဝှက်သည်းဖို ဇာတ်လမ်းတွေမှ နှစ်ခြိုက်သူတို့ မဖြစ်မနေကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ ဇာတ်ကားကြည့်နေတဲ့တောက်လျှောက် ကိုယ်တိုင်ဝင်ပါပြီး စုံစမ်းချင်စိတ်ပေါက်သွားမယ့်ကားမျိုး...ဇာတ်လမ်းအစမှာ အိန်ဂျလာက သူ့အဖေကို အဓမ္မပြုကျင့်ပါတယ်ဆိုပြီး ရဲတိုင်ထားပါတယ် သူ့အဖေက ဝန်ခံပေမယ့် ဘာမှမမှတ်မိဘူးတဲ့ အဲ့ဒီလိုနဲ့ ဇာတ်လမ်းကို စိတ်ဝင်စားစရာကောင်းအောင် အစပျိုးလိုက်ပါတယ်"လူ့စိတ်ဆိုတာ စကြာဝဠာကြီးတစ်ခုလုံးပဲ " မလိုချင်တဲ့ မှတ်ဉာဏ်တွေက အလိုလို တံခါးပိတ်သွားတက်တယ် ဖွင့်ပေးရမယ့် သော့က Regression လို့ခေါ်တဲ့ စိတ်နောက်ပြန်ဆွဲတဲ့ အိပ်မွေ့ချ ကုထုံးပဲ ဘယ်ညာယိမ်းနေတဲ့ ချိန်သီးရဲ့ နောက်မှာ ဘာရှိနေလဲ မကောင်းဆိုးဝါးတွေလား? စေတန်ခေါ် နတ်ဆိုးလား? နတ်ဆိုးဝါဒီတွေလား? တစ်စုံတစ်ဦးကတော့ သူ့ချိန်သီးရဲ့နောက်မှာ မကောင်းဆိုးဝါးတွေရှိနေခဲ့တယ် တစ်စုံတစ်ဦးရဲ့ ချိန်သီးရှေ့ကို စေတန်ဝါဒီတွေရောက်လာတယ်စိတ်ဆိုတဲ့ကျယ်ပြောတဲ့ စကြာဝဠာကြီးထဲမှာ အတွေးကွင်းဆက်တွေနဲ့ စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် ။( အညွှန်းရေးသားထားသူကတော့ Oleander ပါ )File Size__1.8 GB, 1 GB Quality__1080p, 720p IMDb Rating__5.7/10 Format__mp4 Duration__01:45:00 Type__Crime, Drama, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Oleander Encoded by ...
movie
Regression (2015)
6.2
Eternal Beauty (2019)
Eternal Beauty (2019)================IMDb Rating - 6.2/10#Unicodeဒါရိုက်တာ Craig Roberts ရဲ့ လက်စွမ်း ပြထားတဲ့ ရုပ်ရှင်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။စိတ်ဓာတ်ကျနေတဲ့ ကောင်မလေးတစ်ယောက်အကြောင်းကို အသားပေးရိုက်ကူးပုံဖော်ထားပြီးလူတစ်ယောက်မှာရှိတဲ့ သူ့ရဲ့ အမှောင်ဘက်ခြမ်း အားကြီးသွားတဲ့အခါ အဲ့လူဟာ ဘယ်လိုပုံစံဖြစ်လာပြီး ဘယ်အခြေအနေတွေနဲ့ ဖြတ်သန်းခဲ့ရတယ် ဆိုတာ သိချင်ရင်တော့ ဒီကားလေးကို ကြည့်ဖို့အကြံပေးပါရစေ...ဇာတ်ကား ကောင်းတစ်ကားကို မြုပ်ကွက်တွေဖေါ်ပြီး ပြောပြလိုက်ရင် ကြည့်ရတာ အရသာမရှိတော့မှာစိုးလို့ စိတ်ဓာတ်ကျနေတဲ့လူတွေ စိတ်ကျဝေဒနာ ခံစားနေရတဲ့ လူတွေနဲ့ Dark side အကြောင်းစိတ်ဝင်စားသူတွေအနေနဲ့ မလွတ်တမ်းကြည့်ရမဲ့ ကားတစ်ကားလို့ပဲ ညွှန်းဆိုချင်ပါတယ်။ ဒီကားလေးဟာComedy, Drama, Romance အမျိုးအစားဖြစ်ပြီး IMDb Rating - 6.2/10 ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Parris ပဲဖြစ်ပါတယ်။)#Zawgyiဒါရိုက်တာ Craig Roberts ရဲ့ လက်စွမ်း ပြထားတဲ့ ရုပ်ရှင်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။စိတ်ဓာတ်ကျနေတဲ့ ...
movie
Eternal Beauty (2019)
2019
7.0
I'm Thinking of Ending Things(2020)IMDb...7.0,,,,Rotten...84%မကြာခင်သေးခင်ကမှ Netflixမှာပြသသွားတဲ့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်တဲ့ I'm Thinking of Ending Things နဲ့ မိတ်ဆက်ပေးပါရစေ။ချစ်သူဖြစ်တဲ့ Jake နဲ့ပြတ်ဆဲဖို့ အကြောင်းတွေ ခေါင်းထဲမှာ တချိန်လုံးရှိနေတဲ့ မိန်းမငယ်လေး Lucy ၊ဘာလို့ ပြတ်ဆဲချင်တယ်ဆိုတာကိုလည်း သူမကိုယ်သူမ ရေရေရာရာ မသိပါဘူး။ဂျိတ်ရဲ့မိဘတွေနဲ့ ညစာအတူစားဖို့ သွားတဲ့လမ်းမှာ နှင်းမုန်တိုင်းတွေ တိုက်ခတ်နေသလိုသူမရဲ့ခေါင်းထဲမှာလည်း အတွေးမုန်တိုင်းတွေ တိုက်ခတ်နေပါတယ်။ညစာစားပြီးတဲ့နောက်မှာတော့ ဂျိတ်နဲ့ပတ်သတ်ပြီး သိချင်တာတွေ နားမလည်နိုင်တာတွေ ပိုတိုးလာပါတော့တယ်။Jake က ဘယ်လိုလူမျိုးလဲ Jake ရဲ့တည်ရှိမှုက Lucyအပေါ်ဘယ်လိုသက်ရောက်နေလဲဆိုတာ ဆက်လက်ကြည့်ရှုကြည့်လိုက်ကြပါဦး...ဒီကားကကြည့်ရင်းနဲ့တွေးစရာတွေများပြီး ပေးချင်တဲ့ message တွေလည်းကောင်းမွန်တာကြောင့် IMDb..ရော Rt ရော လတ်ဆတ်နေတာကြောင့်လက်မလွှတ်သင့်ပါကြောင်း...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thithtoo Zaw ပဲဖြစ်ပါတယ်....File Size :(1.04GB) and (388MB) Quality : WEB-DL 720p Format…mp4 Duration…01:48:00 Genre : ...
movie
I’m Thinking of Ending Things(2020)
6.4
Mr. Nice 2010
ဟောင်းဝဒ်မာ့ခ် ဆိုတဲ့ ကမ္ဘာကျော် ဗြိတိန် ဆေးခြောက်မှောင်ခိုသမားကြီးအကြောင်းကို ကြည့်ရအောင်။ ရယ်လည်းရယ်ရပါတယ်။ ဟောင်းဝဒ်ဟာ အတန်းထဲမှာ ဘာသာရပ်တိုင်း A ရတဲ့ လူတော်တစ်ယောက်။ ကျောင်းပြီးတော့လည်း အောက်စ်ဖို့မှာ ဆရာအလုပ်ရတယ်။ ဒါပေမယ့် ပီတီကိုစား အားရှိပြီး ပိုက်ဆံမလောက်တော့ ဆေးခြောက်မှောင်ခို လောကထဲ ဝင်မိရော။ လူက လူလည်ဆိုတော့ တဖြည်းဖြည်း အကောင်ကြီးလာပြီး မာဖီးယားလောကထဲရောက်၊ အက်ဖ်ဘီအိုင်တွေနဲ့ပါ ရှုပ်ကုန်တာပါပဲ။ အတော်ကြည့်လို့ကောင်းတဲ့ကားမို့ တင်ထားပေးလိုက်ပါတယ် File Size : 850Mb / 400 Mb Quality : Bluray 720p Format…mp4 Duration…01:24:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Elizabeth Encoded by Littleneo
movie
Mr. Nice 2010
7.2
War Horse(2011)
War Horse(2011) IMDb....7.2,,,Rotten...76% အခုတင်ပေးမှာကတော့ လူနဲ့တိရစ္ဆာန်အကြား ချစ်ခြင်းမေတ္တာ၊ မိသားစုချစ်ခြင်းမေတ္တာ၊ စစ်၏သဘောတရား စတဲ့ ခံစားမှုရသမျိုးစုံပါဝင်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ အပေါ်ကအတိုင်း War Horse ပါ.. .စစ်မြင်းတစ်ကောင်အကြောင်းပေါ့... Jurassic Park, Jaws စတဲ့ တိရစ္ဆာန်ဦးစားပေးဇာတ်ကားတွေ၊ Saving Private Ryan၊ Schindler’s List၊ စတဲ့ စစ်ပွဲဦးစားပေးဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာ Steven Spielberg က ရိုက်ကူးထားတာဖြစ်ပါတယ်... စာရေးဆရာကြီး Michael Morpurgo ရဲ့ နာမည်ကျော် War Horse စာအုပ်ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပြီး ပထမကမ္ဘာစစ်အတွင်း နိုင်ငံအသီးသီးက အသုံးပြုခဲ့တဲ့ မြင်းပေါင်း ရှစ်သန်းကျော်ရဲ့ သနားစရာဘဝကို တစ်ကောင်တည်းနဲ့ ကိုယ်စားပြု ရိုက်ကူးထားတာဖြစ်ပါတယ်...ပြီးတော့ Loki မင်းသား Tom Hiddleston နဲ့ Sherlock Holmes မင်းသား Benedict Cumberbatch တို့ကလည်း အားဖြည့်ကူညီထားပါတယ်.... ဇာတ်လမ်းအညွှန်း ပထမကမ္ဘာစစ်မစမီ ...
movie
War Horse(2011)
2011
7.4
Wonder Woman (2017)
DCEU ရဲ့ လေးကားမြောက် ရုပ်ရှင် ဖြစ်တဲ့ Wonder Woman ရုပ်ရှင်ပါ။ Box Office မှာ နံပါတ်တစ်ချိတ်ခဲ့ပြီး ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုတွေနဲ့ ပရိသတ်တွေ အားပေးမှုအပြည့်ရထားပါတယ်။ သူ့ကိုတော့ Batman vs Superman မှာ မြင်ဖူးခဲ့ပြီးသားဖြစ်မှာပါ။ ဒီရုပ်ရှင်ထဲမှာတော့ ဒိုင်ယာနာ ရဲ့ ငယ်ဘဝနဲ့ လူ့လောကထဲကို ပထမဆုံးခြေချချိန် စွန့်စားခန်းတွေကို တွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်းမှာတော့ ဒိုင်ယာနာဟာ လူတွေသာမာန်မျက်စိနဲ့ မမြင်နိုင်တဲ့ ကျွန်းတစ်ကျွန်းမှာ နတ်ဘုရားတွေဖန်ဆင်းထားတဲ့ အမေဇုံလို့ခေါ်တဲ့ စစ်သည်တော်တွေလက်ထဲမှာ မွေးဖွားကြီးပြင်းလာသူပါ။ ဒိုင်ယာနာဟာ ဘုရင်မ ဟစ်ပိုလီတာရဲ့ သမီးတော်လည်း ဖြစ်ပါတယ်။ အဲဒီကျွန်းမှာ ယောကျာ်းတစ်ယောက်မှ မရှိပါဘူး။ တစ်နေ့မှာတော့ပထမကမ္ဘာစစ်ထဲက လေယာဉ်မှုးတစ်ယောက် လေယာဉ်ပျက်ကျပြီး ပင်လယ်ထဲ ပြုတ်ကျလာတာကို ကယ်တင်မိပြီး ကမ္ဘာစစ်ကြီးအကြောင်းကို ပထမဆုံးကြားသိသွားပါတော့တယ်။ အမေဇုံတွေဟာ ကမ္ဘာကြီးကို စစ်နတ်ဘုရားလက်က ကယ်တင်ဖို့လို့ ယုံကြည်ထားတဲ့ ဒိုင်ယာနာဟာ လေယာဉ်မှုး ဗိုလ်ကြီး စတိ ထရီဗာနဲ့အတူ လူတွေရဲ့ လောကကြီးထဲကို ခြေချပြီး ...
movie
Wonder Woman (2017)
2017
7.3
Anomalisa(2015)
Anomalisa(2015) IMDb....7.3,,,,Rotten...93% "Anomalisa" ဆိုတဲ့ကားလေးကတော့ ၂၀၁၅ ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့ အမေရိကန် comedy-drama အမျိုးအစား ကာတွန်းကားဖြစ်ပါတယ်။ Michael Stone - သူသည် စီးပွားရေးလောကတွင် ဝန်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သလို ဝန်ဆောင်မှုများအကြောင်း စာအုပ်များရေးသားနေသူလည်း ဖြစ်သည်။ ဇာတ်လမ်းအစကတော့ Ohio မှာ ကျင်းပပြုလုပ်မယ့် သူ့စာအုပ်မိတ်ဆက်ပွဲအခမ်းအခန်းအတွက် Cincinnati မြို့လေးကို ခရီးထွက်လာတာပဲဖြစ်ပါတယ်။ သူ့မှာ မိန်းမနဲ့ သားတစ်ယောက်ရှိနေပေမယ့်လည်း သူ့ကိုယ်သူ လူအားလုံးနဲ့ကွဲပြားနေသူလို့ ယူဆထားသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့စာအုပ်မိတ်ဆက်ပွဲကို လာနားထောင်တဲ့ Lisa ဆိုတဲ့ အမျိုးသမီးတစ်ဦးနဲ့ တွေ့ပြီးချိန်မှာတော့ အရာရာက ပြောင်းလဲသွားခဲ့ပါတယ်။ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ကြပါကုန်... ဒီကားက Best Animated Feature Film of the Year မှာ အော်စကာဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆုပေါင်း ၂၅ဆုလည်းရရှိခဲ့ပါတယ်... မှတ်ချက်....ဒီကားက လူကြီးတွေပဲကြည့်သင့်တဲ့အပြင် မိသားစုနဲ့ အတူမကြည့်သင့်တဲ့အခန်းတစ်ချို့လည်းပါလေတော့ ဒေါင်းကြည့်တဲ့နေရာမှာ သတိချပ်စေလိုကြောင်းပြောကြားပါရစေ.... File Size : (850 MB) and (330 MB) Quality ...
movie
Anomalisa(2015)
2015
7.8
The Boy in the Striped Pyjamas(2008)(((ဒီကားကို ကျွန်တော်တို့ Channelmyanmar ကနေ ၂၀၁၅ ခုနှစ်လောက်က ဘာသာပြန်တင်ဆက်ပေးခဲ့ပြီးပါပြီ...သို့ပေမယ့်လည်း မူရင်းဇာတ်ကားအနှစ်သာရကိုထိခိုက်သွားစေမဲ့စာသားတွေပါသွားပါတယ်...ဒီအတွက် မဆီလျော်ကြောင်းလာရောက်အကြံပြုလာပါတယ်...ကားကောင်းလေးလည်းဖြစ်တော့ ဘာသာပြန် Sherlock ကိုပြန်လည်ပြင်ဆင်ခိုင်းပြီး တင်ဆက်ပေးထားပါတယ်..နောက်ပိုင်းမှာလည်း ကျွန်တော်တို့ဆီမှ မူရင်းဇာတ်ကားကို သွေဖီစေတဲ့စာသားတွေမပါအောင်အတတ်နိုင်ဆုံး ဂရုစိုက်နေပါတယ်..လာရောက်အကြံပြုပြောဆိုတဲ့သူတွေကိုရော အားပေးတဲ့သူတွေကိုရော ကျေးဇူးတင်ပါတယ်....))))ဒီဇာတ်ကားလေးက IMDb rating 7.8 အထိရရှိထားပြီးဒုတိယကမ္ဘာစစ်ကိုအခြေခံကာရိုက်ကူးထားတဲ့Drama ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။Action အားပေးနေကြ ပရိတ်သတ်တွေအတွက်လည်းအပြောင်းအလဲလေးဖြစ်အောင်ကြည့်သင့်ပါတယ်။ဒီဇာတ်ကားလေးကိုကြည့်ပြီးတဲ့အခါ message တစ်ခုခုချန်ထားပေးခဲ့မယ့်ဇာတ်ကားလေးဆိုတာကိုတော့ အာမခံပြောချင်ပါတယ်။လူသားချင်း ထောက်ထားညှာတာမှုတွေကိုတွေ့မြင်နိုင်မယ့်ဒီဇာတ်ကားလေးဟာဖြူစင်သန့်ရှင်းတဲ့ ကလေးငယ်တွေရဲ့စိတ်ကိုလည်းသိမြင်နိုင်မယ့် တကယ့်ဇာတ်ကားကောင်းလေးပါ။ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုးတွေထားတဲ့အကျဉ်းစခန်းကိုအုပ်ချုပ်ရတဲ့ဂျာမနီတပ်အရာရှိကြီးရဲ့ (၈)နှစ်အရွယ်သားလေးကိုဇာတ်အိမ်တည်ထားပြီးရိုက်ကူးထားပါတယ်။ ဂျူးအကျဉ်းသားတစ်ဦးရဲ့သားဖြစ်သူ ရွယ်တူကောင်လေးတစ်ယောက်နဲ့ အကျဉ်းစခန်းမှာမထင်မှတ်ပဲတွေ့ကြတဲ့နောက်မှာရန်ဘက်မျိုးနွယ်စုကြီး(၂)စုက အပြစ်မဲ့ကလေး(၂)ယောက်ရဲ့ သံယောဇဉ်ကို ပီပြင်အောင်ရိုက်ပြထားတာဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ ခိုးစားရတဲ့အသီးဟာ ချိုတယ်ဆိုတဲ့ စကားပုံလိုပဲသူငယ်ချင်းဖြစ်လို့မရတဲ့ရန်သူမျိုးနွယ်စု (၂)ဖက်ကကလေး(၂)ယောက်ကြားထဲက Forbidden Friendship ကိုကြည်နူးဖွယ်ရာနဲ့စတင်ထားပြီးတော့ကြေကွဲဖွယ်ရာဇာတ်လမ်းဆင်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။File Size : (879 MB) Quality : Blu-Ray 720p Format…mp4 Duration…01:34:00 Genre : ...
movie
The Boy in the Striped Pyjamas(2008)
2008
7.0
Seven Years in Tibet(1997)
Seven Years in Tibet (1997)PG-13 | 136 min | Adventure, Biography, DramaIMdb rating...... 7" တို့ တိဗက်မှာ စကားတစ်ခွန်းရှိတယ်... ဖြေရှင်းလို့ရနိုင်တဲ့ ပြဿ နာတစ်ခုဆိုရင် အဲ့ဒီအတွက် ပူပန်နေစရာ မလိုဘူး ဖြေရှင်းလို့မရနိုု်င်ဘူးဆိုရင်တော့.. ပူပန်ခြင်းနေတာက အလကားပဲ" ဒီစကားက ငြိမ်းချမ်းလွန်းတဲ့ တိဗက်ရဲ့ အတွေးအခေါ် ဝါဒကို ရှင်းရှင်းလင်းလင်း ပေါ်လွင်စေမှာပါ။ တိဗက်ဆိုတဲ့ နယ်မြေအကြောင်း ကို မြန်မာ စာရေးဆရာတွေလည်း ရေးခဲ့ကြပါတယ်။Seven year in Tibet ဆိုတဲ့ သြစတြီးယား တောင်တက်သမား Heinrich Harrer ရဲ့ ကိုယ့်တွေ့အဖြစ်အပျက်ခရီးသွားမှတ်တမ်းကို အခြေခံပြီးရိုက်ကူးထားတဲ့ ရုပ်ရှင်မှာ ကျွန်တော်တို့ တစ်ခါက စကားလုံးနဲ့ပဲ ခံစားဖူးခဲ့တဲ့ တိဗက်မြေကို ရုပ်သဏ္ဍာန်နဲ့ ခံစားတွေ့မြင်ရမှာပါ။ တိဗက်ရဲ့မိုးကောင်းကင်နဲ့ ထိလုနီးပါးဖြစ်နေတဲ့တောင်တန်းကြီးတွေ ကျယ်ပြန့်လှတဲ့လွင်ပြင်ကျယ်ကြီးတွေကို တွေ့မြင်ခံစားရမှာပါ။ တိဗက်လူမျိုးတွေရဲ့ ဘာသာတရားအပေါ် ထူးခြားတဲ့သက်ဝင်ယုံကြည်မှုတွေ အယူဝါဒတွေ ဓလေ့တွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ဒီ အဖြစ်အပျက်တွေဟာ... ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၄ခုနှစ်နဲ့၁၉၅၁ခုနှစ်ကြား တိဗက်ကို တရုတ်ပြည်သူ့လွတ်မြောက်ရေး ကွန်မြူ နစ်တပ်မတော် မကျူ းကျော်မီ ၁၉၅ဝဝန်းကျင်က အကြောင်းအရာတွေပါ။Heinrichဟာ အခြေအနေတစ်ခုကြောင့် တိဗက်ကို ဖြတ်လာရင်း တိဗက်မှာ ဒုတိယကမ္ဘာစစ်ကာလအတွင်း ...
movie
Seven Years in Tibet(1997)
1997
5.5
The Omen (2006)
The Omen (2006)_____IMDb - 5.5/10 ဒီကားလေး အကြောင်းကတော့ ညွှန်းစရာသိပ်မရှိသလိုပဲ။ကြည့်ကြည့်လိုက် ကောင်းမှန်းသိသွားလိမ့်မယ်လို့ပဲ ပြောလိုက်ချင်ပါတယ်။IMDB Rating ကတော့ 5.5 ပဲရရှိထားတယ်ဆိုပေမယ့် Horror ကားအေးအေး ကောင်းကောင်းလေးတွေ ကြိုက်သူတွေအတွက် နှစ်သက်စရာဖြစ်မှာပါ။ဇာတ်လမ်းအကျဉ်းကတော့ သံအမတ်တစ်ယောက်ဖြစ်တဲ့ Robert Thorn တစ်ယောက် သူ့မိန်းမကလေး ဆုံးသွားတာကို စိတ်ထိခိုက်မှာစိုးလို့ တခြားအချိန်တူတူမှာမွေးတဲ့ ကလေးတစ်ယောက်ကိုမွေးစားလိုက်ပါတယ်။အဲဒီကလေး ငါးနှစ်ပြည့်မွေးနေ့မှာ ကလေးထိန်း ကိုယ့်ကိုကိုယ်သတ်သေသွားရာကစပြီး ကလေးနဲ့ပတ်သက်လို့ ထူးခြားတာတွေတစ်ခုခြင်းကိုလိုက်စုံစမ်းရင်း ကလေးအကြောင်းကိုသိသွားတဲ့အခါမှာတော့.... (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ) File Size : (850 MB) Quality : Blu-Ray 720p Running Time : 1hr 50min Format : Mp4 Genre : Fantasy, Horror Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.5.1.x264 . NVEE Translated by d3mon Encoded by Thanhtike ...
movie
The Omen (2006)
2006
6.1
The Mercy (2018)
The Mercy ဟာ 1968 ခုနှစ်ဝန်းကျင်မှာ ကျုင်းပခဲ့တဲ့ Sunday Times Golden Globe Race လို့ခေါ်တဲ့ လှေမာရသွန်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အပျော်တမ်းရွက်လှေသမား Donald Crowhurst ရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ Biography, Drama ဇာတ်ကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားကိုရိုက်ကူးသူကတော့ ဒါရိုက်တာ James Marsh ဖြစ်ပြီး၊ ဇာတ်ဆောင်ဖြစ်သူ Donald Crowhurst နေရာမှာ The King's Speech ဇာတ်ကားနဲ့ အော်စကာဆုကိုရရှိခဲ့တဲ့သူဖြစ်ပြီး The Kingsman ဇာတ်ကားနှစ်ကားလုံးမှာ Harry Hart အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Colin Firth ပါ။ပြိုင်ပွဲဝင်ပြိုင်မယ့် ပြိုင်ပွဲဝင်တစ််ယောက်ရဲ့ ဘဝဇာတ်ကြောင်းရိုက်ကူးထားတာဖြစ်တဲ့အတွက်ကြောင့် စီကာပတ်ကုံးညွှန်းဆိုနေစရာမလိုတော့ဘူးလို့ထင်ပါတယ်။ဇာတ်ဆောင်ရဲ့ မဆုတ်မနစ်ကြိုးပမ်းမှုတွေကို အသားပေးရိုက်ကူးထားတာကြောင့် ဘဝကိုရုန်းကန်ဖို့အတွက် အားယုတ်လျော့နေတဲ့သူတွေ၊ ဘဝကိုလက်မြောက်အရှုံးပေးချင်တဲ့သူတွေအတွက်တော့ ဒီဇာတ်ကားမှပေးစွမ်းတဲ့ရသက ခွန်အားဖြစ်စေမှာ ဖြစ်တာကြောင့် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။(ဘာသာပြန်သူကတော့ Brilliant Star ပါ)File ...
movie
The Mercy (2018)
2018
6.9
Legend (2015)
2015 ထွက်ရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်.ဒီဇာတ်ကားဟာ IMDb Rate လည်း 7.0 ရရှိထားတာကိုတွေ့ရမှာဖြစ်ပါတယ်...Brian Helgeland ရိုက်ကူးတင်ဆက်ပြီး ရိုက်ကူးပြီးရုံတင်တဲ့အခါမှာလည်း USD 41.6 Million ပြန်လည်ရရှိခဲ့ပါတယ် ဇာတ်ကားအမျိုးအစားကတော့ Biography , Drama , Crime အမျိုးအစားဖြစ်ပါတယ်1960 ဝန်းကျင်ခေတ်ကိုအခြေခံထားပြီး ဒီဇာတ်ကားဟာ ဗြိတိသျှတို့ရဲ့ရာဇဝတ်မှုသမိုင်းက အဆိုးဝါးဆုံး ညီအကိုနှစ်ယောက်အကြောင်းကိုရိုက်ကူးတင်ဆက်ထားပါတယ်...သဘောကျမိတဲ့ ဇာတ်ကားလေးဖြစ်သလို CM ပရိတ်သတ်တွေလည်း သဘောကျနှစ်သက်လိမ့်မယ် လို့ထင်ပါတယ်..ဆက်လက်ကြည့်ရှုပါ ---------------------------------------------------------- 2015 ထွက်ရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်.ဒီဇာတ်ကားဟာ IMDb Rate လည်း 7.0 ရရှိထားတာကိုတွေ့ရမှာဖြစ်ပါတယ်...Brian Helgeland ရိုက်ကူးတင်ဆက်ပြီး ရိုက်ကူးပြီးရုံတင်တဲ့အခါမှာလည်း USD 41.6 Million ပြန်လည်ရရှိခဲ့ပါတယ် ဇာတ်ကားအမျိုးအစားကတော့ Biography , Drama , Crime အမျိုးအစားဖြစ်ပါတယ်1960 ၀န်းကျင်ခေတ်ကိုအခြေခံထားပြီး ဒီဇာတ်ကားဟာ ဗြိတိသျှတို့ရဲ့ရာဇ၀တ်မှုသမိုင်းက အဆိုးဝါးဆုံး ညီအကိုနှစ်ယောက်အကြောင်းကိုရိုက်ကူးတင်ဆက်ထားပါတယ်...သဘောကျမိတဲ့ ဇာတ်ကားလေးဖြစ်သလို CM ပရိတ်သတ်တွေလည်း သဘောကျနှစ်သက်လိမ့်မယ် လို့ထင်ပါတယ်..ဆက်လက်ကြည့်ရှုပါFilesize : 720 MB Quality : WEBRip720p Format : mp4 Run Time : ...
movie
Legend (2015)
6.6
RED 2 (2013)
RED 2 (2013) IMDb - 6.6/10_____Rotten - 44% ဒီတစ်ခါတော့ RED 1 ရဲ့အဆက် RED 2 ဆိုတဲ့အက်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ပထမဇာတ်ကားထဲမှာလိုပဲ အချစ်နဲ့ အက်ရှင်ကိုခပ်မြူးမြူးလေး ပေါင်းစပ်ရိုက်ကူးထားတာပါ ပထမကားကိုကြည့်ထားပြီးတဲ့ပရိသတ်တွေကိုအေးဂျင့်ဟောင်းကြီးဖရန့်ခ်နဲ့ ဆာရာတို့ရဲ့ အချစ်ဇာတ်လမ်းကိုတော့ အထူးအထွေ မိတ်ဆက်ပေးဖို့မလိုတော့ဘူးထင်ပါတယ် ဖရန့်ခ်ကသူ့ကောင်မလေးကို အရမ်းချစ်ပြီး ဘာမှမဖြစ်စေရအောင်သူပဲ ကာကွယ်ပေးချင်နေပါတယ် ဆာရာကလဲ အဲလိုကာကွယ်ခံရတဲ့ဘဝကိုငြီးငွေ့နေပြီး သူ့ချစ်သူအရိပ်အောက်ကလွတ်ဖိ မာဗင်ရဲ့အကူအညီယူပြီး ကြိုးစားပါတော့တယ် အေးဂျင့်တွေရဲ့ အလုပ်ကိုဘာမှသေချာနားမလည်တဲ့ ဆာရာတစ်ယောက် ဘယ်လိုအလွဲတွေလုပ်မလဲဆိုတာ ဟာသရှုထောင့်ကနေ ထင်သာမြင်သာရိုက်ပြထားပါတယ် ဒါ့အပြင် ဒီကားထဲမှာ ထပ်ထူးခြားတာကတော့နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ကိုရီးယားမင်းသား လီဗြောင်ဟွန်း ပါဝင်သရုပ်ဆောင်ထားပါတယ် ထုံးစံအတိုင်း သူ့ရဲ့ အလန်းစားတိုက်ကွက်တွေကိုဖရန့်ခ်တို့ RED အုပ်စုရဲ့ ပစ်ခန်းခတ်ခန်းအက်ရှင်ပြကွက်တွေနဲ့အတူပေါင်းစပ်လိုက်တဲ့အခါ တကယ့်ကိုစိတ်ဝင်စားဖွယ်ရာဇာတ်လမ်းတစ်ခုဖြစ်လာတာပါ ဖရန့်ခ်တို့ ဘာပြသနာတွေရင်ဆိုင်ရမလဲ ဘယ်လိုတွေဖြေရှင်းကြလဲ အောင်မြင်ပါ့မလား ဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာပဲ ဇိမ်ပြေနပြေနဲ့ ကြည့်ရှုခံစားကြပါဦးလို. ဇာတ်လမ်းဇာတ်အိမ်ရော ရိုက်ကွက်တွေရောရိုးမသွားစေရဘဲ ပထမဇာတ်ကားနဲ့ အပြတ်အသတ်ယှဉ်နိုင်တဲ့ဇာတ်ကားဆိုတာ ကြည့်လိုက်တာနဲ့ ပြောစရာမလိုအောင်သိနိုင်တယ်ဆိုတာ အာမခံပါတယ်ဗျာ အက်ရှင်ကြိုက်ပရိသတ်တွေ လက်မလွတ်သင့်တဲ့ တကယ့်ကို ပြောင်မြောက်တဲ့အက်ရှင်ကားတစ်ကားဆိုတာလဲ ညွှန်းပေးပါရစေနော် (ဘာသာပြန်သူ ကတော့ မေသရဖီလွင် ပါ ) File Size : (850 MB) Quality : ...
movie
RED 2 (2013)
2013
6.2
London Boulevard (2010)
London Boulevard (2010)_____IMDb - 6.2/10 IMDb (6.2/10) မင်းသား ကောလင်းဖာရဲလ်နဲ့ မင်းသမီး ကီရာနိုက်တလေ တို့အဓိကပါဝင်ထားတဲ့ Crime , Drama အမျိုးအစား ဇာတ်ကားဖြစ်ပါတယ်။ Mitch အဖြစ်သရုပ်ဆောင်ထားတဲ့ Colin Farrell ဟာ Pentonville အကျဉ်းထောင်ကနေ လောလောလတ်လတ် ထွက်လာသူပါ။ ရိုးရိုးသားသားပဲ ဘဝကို ဖြတ်သန်းတော့မယ်ဆိုတဲ့ စိတ်ကူးတွေ အပြည့်နဲ့ပေါ့။ ဒါပေမယ့် ရုတ်တရက်ဆိုသလိုပဲ ကျွန်တော်တို့ရဲ့ ပြစ်ချက်တွေနဲ့ သူရဲကောင်းကြီးဟာ ရွေးချယ်ရခက်တဲ့ အနေအထားတစ်ခုထဲကို အမှတ်မထင်ရောက်ရှိသွားပါတယ်။ Mitch တစ်ယောက် သူ့ရဲ့ရည်ရွယ်ရင်းကနေ သွေဖယ်ပြီး အကြမ်းဖက်မှုတွေ ပြည့်နှက်နေတဲ့ ဒုစရိုက်အမှောင်လောကထဲကို ပြန်ဆွဲသွင်းခံရသင့်သလား... ဒါမှမဟုတ် Keira Knightley သရုပ်ဆောင်ထားတဲ့ ခပ်ပျော့ပျော့ စူပါစတား ကောင်မလေး Charlotte ရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးပြီး ပါပါရာဇီတွေရန်ကနေ ကာကွယ်ပေးရမယ့် သတ္တိခဲကိုယ်ရံတော်ပဲ ဖြစ်သင့်သလား.. ကောင်မလေးအတွက် အသက်ကိုပေးဆပ်ပြီးကာကွယ်ရမယ့် သူရဲကောင်းကြီး ဖြစ်လာသင့်သလား...ဆိုတာကို ပရိသတ်ကြီးက ဆက်လက်ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ Ken Bruen ရဲ့ဝတ္ထု London ...
movie
London Boulevard (2010)
2010
6.2
The Fifth Estate (2013)
The Fifth Estate (2013)_____IMDb - 6.2/10 ၂၁ ရာစုမှာ ပြင်းပြင်းထန်ထန်ငြင်းခုံဆွေးနွေးမှုတွေ ဂယက်ထစေခဲ့တဲ့အဖွဲ့အစည်းတစ်ခုက WikiLeaks ပါ။ The Fifth Estate ဆိုတာ သတင်းတွေစီးမြောပေါက်ကြားမှုနဲ့အတူ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေကိုပါ တုန်လှုပ်ချောက်ချားစေခဲ့တဲ့ WikiLeaks ကို တည်ထောင်သူ သြစတြေးလျသား အယ်ဒီတာ/ တက်ကြွလှုပ်ရှားသူ/ စာနယ်ဇင်းသမား ဂျူလီယန်ပေါလ်အက်ဆန်းဂ် ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိပုံစံ ရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ။ WikiLeaks ရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်ခဲ့တဲ့ နည်းပညာဆိုင်ရာတက်ကြွလှုပ်ရှားသူ ဂျာမန်လူမျိုး Daniel Domscheit-Berg ရေးသားခဲ့တဲ့ Inside WikiLeaks: My Time with Julian Assange at the World's Most Dangerous Website ကို အခြေခံရိုက်ကူးခဲ့ပါတယ်။ The Fifth Estate ဇာတ်ကားဟာ WikiLeaks ရဲ့အတွင်းရေးကို ဖွင့်ချထားတာဖြစ်ပါတယ်။ Daniel Domscheit Berg ဟာ ...
movie
The Fifth Estate (2013)
2013
7.1
The Lady (2011)
The Lady (2011) ********************************(သံမဏိလိပ်ပြာ)IMDB (7.1)Google users 81% ဇာတ်လမ်းအကျဉ်း ——————– ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို ဂဠုန်ဦးစော ကလုပ်ကြံ သတ်ဖြတ်တဲ့ နေရာကနေစပြီးတော့ အခြေတည်ထားပါတယ်။ ထိုစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်မှာ ၂နှစ်အရွယ် သမီးလေးအဖြစ်သာရှိနေပါသေးတယ်။အသက်အရွယ်ရလာတော့ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် အင်္ဂလန်မှာပဲ အခြေကျပြီးတော့ Michael Aris (Oxford ကဆရာ) နဲ့ အိမ်ထောင်ကျပါတယ်။ သား၂ယောက်ထွန်းကားပါတယ်။ ၁၉၈၈ ခုနှစ်မှာ ဒေါ်စု အမေ ဒေါ်ခင်ကြည်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် မြန်မာပြည်ကို ပြန်လာခဲ့ပါတယ်။ဒေါ်စု ပြန်လာတဲ့အခိုက် မှာ ၁၉၈၈ အရေးအခင်းနဲ့ကြုံရပြီးတော့…..မြန်မာ့ဒီမိုကရေစီလမ်းကြောင်းအတွက် သူမရဲ့ဘဝတစ်ခုလုံးကိုရင်းနှီးမြှပ်နှံထားပုံတွေကို သမိုင်းပေါ်အခြေခံလို့ ကြည့်ရှုရမယ့် Biographical Film ဖြစ်ပါတယ်။Review CrdFile Size : (GB) and (1.3 GB) Quality : Blu-Ray 1080p Format…mp4 Duration… 2h 12min Genre : Biography, Drama, History Subtitle : Myanmar ...
movie
The Lady (2011)
2011
6.8
Stonehearst Asylum (2014)
Stone Hearst Asylum (2014) IMDb - 6.8/10_____Rotten - 54% ဒီဇာတ်ကားကတော့ IMDb rating 6.8/10 ရရှိထားပြီး ဇာတ်လမ်းဇာတ်ကွက် ဆင်ထားပုံကတော့ ဇာတ်လမ်းဇာတ်ကွက်ကောင်းပါတယ်ဆိုတဲ့ ကုလားကားတွေကို သနားတယ်လို့တောင်ပြောလို့ရတဲ့ဇာတ်ကားပါ။ ဇာတ်ကားတကားလုံး လျှိုကွက်တွေနဲ့ ပြည့်နှက်နေပြီး ဇာတ်လမ်းကို အစအဆုံး ကြည့်မှသာ ဇာတ်လမ်းသဘောတရားကို သိရှိနိုင်မှာပါ။ ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင် Eliza Graves နေရာမှာမင်းသမီး Kate Beckinsale ကသရုပ်ဆောင်ထားပြီးတော့ အဓိက မင်းသား ဒေါက်တာEdward Newgate နေရာမှာ မင်းသား Jim Sturgess ကပီပီပြင်ပြင်သရုပ်ဆောင်ထားတာပါ။ ဒီဇာတ်ကားကိုမှာ သဘောကျတာကတော့ တကားလုံးကို အရူးတွေနဲ့ဘဲဇာတ်လမ်းဆင်ရိုက်ကူးထားတာကိုပါ။ ဒီဇာတ်ကားဟာ Golden Reel Award မှာ Best Sound Editing Award ကိုရရှိထားလို့ အသံကျယ်ကျယ်လေးနဲ့ကြည့်ရှုကြည့်ကြပါလို့ အကြံပြုခြင်ပါတယ်။ Oxford တက္ကသိုလ်ရှိ ဆေးပညာဆွေးနွေးပွဲတခုမှာ စိတ်ရောဂါတမျိုးကို ဆွေးနွေးကြရာမှ စိတ်ဝေဒနာရှင် တွေကို လက်တွေ့စမ်းသပ်ပြသခဲ့ရာမှ စိတ်ဝေဒနာရှင် Eliza Graves ကို မင်းသား ...
movie
Stonehearst Asylum (2014)
2014
7.7
The Theory of Everything (2014)
The Theory of Everything (2014) IMDb - 7.7/10_____Rotten - 80% Won 1 Oscar, 25 wins & 124 nominations. ဇာတ်လမ်းကတော့ ကမ္ဘာကျော် အာကာသသိပ္ပံပညာရှင်ကြီး စတီဗင်ဟော့ကင်း ရဲ့ အတ္ထုပ္ပတ္တိလေးပါ... သိပ္ပံပညာရှင်လို့ပြောရင်တောင် လုံလောက်မယ်မထင်ပါဘူး..... စာရေးဆရာလည်း ဖြစ်နေပြန်တယ်လေ.... အခုဖက်ခေတ်မှာ ဒုတိယအိုင်းစတိုင်းလို့တောင် တင်စားထားပြီး Black Holes ကနေ ထုတ်လွှတ်နေတဲ့ Radiation တွေကိုလည်း Hawking Radiation လို့နာမည်ပေးထားပါသေးတယ်... သူရခဲ့တဲ့ ဆုတွေက ၂၁ ဆုတောင်ရှိပါတယ်... ဒီလိုဖြစ်ဖို့ သူဟာသာမန်လူကောင်း တစ်ယောက်အနေနဲ့ ကြိုးစားခဲ့ရတာမဟုတ်ပါဘူး... Amyotrophic Lateral Sclerosis (ALS) ဆိုတဲ့ ရောဂါဆိုးကြီး နဲ့ယှဉ်တွဲပြီးတော့ကိုရင်ဆိုင်ခဲ့ရတာပါ ရောင်းအားအကောင်းဆုံး စံချိန်ချိုးခဲ့တဲ့ A Brief History Of Time ဆိုတဲ့ စာအုပ်ကို သူဘယ်လိုရေးခဲ့ရလဲ ? သူ့ရဲ့ခန္ဓာကိုယ်ကြီးက ဝှီးလ်ချဲ ပေါ်မှာပဲ အမြဲတမ်း ကန့်သတ်ခံခဲ့ရပေမယ့် သူ့ရဲ့စိတ်ကူးတွေ အတွေးတွေကတော့ ...
movie
The Theory of Everything (2014)
2014