Channel Myanmar

Dawn Olivieri

Traffik (2018) 7.6
Traffik (2018) IMDB Rating 7.1 ရရှိထားတဲ့ဇာတ်ကားလေးပါ။ Thriller ကားဆိုတဲ့အတိုင်းထိတ်လန့်တုန်လှုပ်စရာတွေပါပါတယ်။ Paula Patton နဲ့ Roselyn Sanchez လိုမင်းသမီးတွေသရုပ်ဆောင်ထားတယ်ဆိုတော့ ရင်တုန်တဲ့အခန်းတွေအများကြီးပါတာပေါ့နော်။ သတင်းထောက်တစ်ယောက်ဖြစ်တဲ့ Brea ဟာ သတင်းသမားကျင့်ဝတ်နဲ့ ညီအောင်အလုပ်လုပ်နေပေမယ့်လည်း စီးပွားရေးကိုဦးစားပေးနေတဲ့ အရှိန်အဟုန်တပြင်း စီးဆင်းနေတဲ့ခေတ်ကြီးမှာ အချိန်အများကြီးယူပြီး အသိပညာပေးချင်တာကိုဦးစားပေးနေတဲ့ Brea အတွက်နေရာမရှိခဲ့ပါဘူး။ အလုပ်ဖြုတ်ခံတော့မယ့်ဆဲဆဲမှာ သူရဲ့ချစ်သူဖြစ်တဲ့ John ကသူ့ကိုလက်ထပ်ခွင့်တောင်းဖို့ အပန်းဖြေခရီးတစ်ခုကိုခေါ်သွားခဲ့ပါတယ်။ မမျှော်လင့်တဲ့ဖြစ်ရပ်တွေကြောင့် သူတို့ရဲ့အပန်းဖြေခရီးလေးပျက်စီးသွားပြီး ဘယ်လိုပြဿနာတွေထဲရောက်သွားတယ် ဘယ်လိုကြိုးစားဖြေရှင်းကြတယ်ဆိုတဲ့အကြောင်းကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှု့ခံစားရမှာပါ။   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  d3mon ပါ)   File Size : (750 MB) and (350 MB) Quality : Blu-Ray 720p Running Time : 1hr 36min Format : Mp4 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-DRONES Translated by d3mon Encoded by Thanhtike Zaw
7.6
IMDB: 7.6/10 7,576 votes
movie

Traffik (2018)

2018
Darc (2018) 5.8
Darc (2018) အခုတစ်ခါတော့ အက်ရှင်ကားကောင်းကောင်းကြိုက်တဲ့သူတွေအတွက် Darc ဆိုတဲ့ ၂၀၁၈ ထွက်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးက ဒုစရိက်လောကရဲ့ မာယာများပုံတွေ တစ်ယောက်နဲ့တစ်ယောက်ကောက်ကျစ်ကြပုံတွေနဲ့ ကိုယ်ကောင်းစားဖို့ဆို သူများကိုထိုးကျွေးတာတွေကို ရိုက်ကူးပြထားတာပါ ဇာတ်လမ်းအကျဉ်းလေးကတော့ ခိုဂါခိုင်းဆိုတဲ့ ယာကူဇာဂိုဏ်းဟာ လူကုန်ကူး လူသတ် ပြည့်တန်ဆာလုပ်ငန်းစတဲ့ မကောင်းတာအကုန်လုပ်တဲ့ ဒုစရိုက်ဂိုဏ်းပါ တစ်ရက်မှာ ရဲတစ်ယောက်ရဲ့သမီးလေးကို အဲ့ဒီဂိုဏ်းက ပြန်ပေးဆွဲသွားတဲ့အခါ အဖေဖြစ်သူက ကြမ်းပေ့ရမ်းပေ့ ထောင်သား ဂျိတ်ကို စောလွှတ်ပေးပြီး ကယ်ပေးဖို့ အကူအညီတောင်းပါတော့တယ် ဂျိတ်မှာလည်း သူ့အမေနဲ့ပတ်သက်တဲ့ကလေးဘဝက အတိတ်ဆိုးကြီးရှိပြန်ပါတယ် အဲ့ဒီနောက် အခုပြန်ပေးဆွဲဂိုဏ်းဟာလည်း သူ့အမေကို သတ်ခဲ့တဲ့ ယာကူဇာဂိုဏ်းပဲဖြစ်နေပြန်တဲ့အခါ.. ဂိုဏ်းခေါင်းဆောင်ရဲ့သားကို ဝင်လုံးပြီး ကောင်မလေးကိုကယ်ဖို့ ကြိုးစားရပါတော့တယ် နောက်ဆုံးကယ်လိုက်နိုင်မှာလား သူ့အမေအတွက်ရောလက်စားချေနိုင်မှာလားကိုတော့ ဆက်လက်ကြည့်ရှုပေးပါဦး IMDB 5.6/10 တောင်ရရှိထားပြီး Julias N.Rasso ကရိုက်ကူးထားပါတယ် Jake အဖြစ် Tony Schinea ကပါဝင်ထားပါတယ် ဂိုဏ်းခေါင်းဆောင်ရဲ့သားအဖြစ် ပါဝင်ခဲ့တဲ့ ဂျပန်မင်းသားရဲ့ အိုဗာအိုက်တင်တွေကလွဲလို့ ကြည့်လို့ကောင်းမှာပါ ဒုစရိုက်လောက သဘောသဘာဝကို ကွက်ကွက်ကွင်းကွင်း ပြထားတာမို့ ၁၈+ အခန်းတွေတော့ နည်းနည်းပါပါတယ် ဆိုတာကြိုတင်သတိပေးလိုက်ပါတယ်   Qty - 720p Web DL Duration - 1hr ...
5.8
IMDB: 5.8/10 129 votes
movie

Darc (2018)

Den of Thieves (2018) 7.1
Den of Thieves (2018) အားလုံးစောင့်မျှော်နေကြတဲ့ Den of Thieves လာပါပြီ။ ဒုန်းဒုန်းဒက်ဒက် တုံးလုံးပတ်လက် အဆဲတစ်လိုင်း ခပ်ရိုင်းရိုင်းမှ ကြည့်ချင်သူတွေအတွက် ၂၀၁၈ ရုံတင်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ လက်ရဲဇက်ရဲနိုင်တဲ့ နယ်ထိန်းရဲတပ်ဖွဲ့နဲ့ ရေတပ်စစ်သားဟောင်းတစ်သိုက်တို့ ပညာပြိုင်ကြပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဓားပြလုံးဝအတိုက်မခံရသေးပါဘူးဆိုတဲ့ ဘဏ်ကို ဒုစရိုက်သမားတွေက ဘယ်လိုဝင်ခိုးကြမလဲ၊ နယ်ထိန်းရဲတွေက ဘယ်လိုတားဆီးမလဲ၊ မြုပ်ကွက်တွေက ဘာတွေလဲဆိုတာ ကြည့်ရှုခံစားရမှာပါ။ ဇာတ်လမ်းက အများကြီးချဲ့ပြောလေ၊ မြုပ်ကွက်တွေပေါ်လေ ဖြစ်မှာစိုးတဲ့အတွက် အနည်းငယ်ပဲ ညွန်းထားတာဖြစ်ပါတယ်။ မင်းသားကြီးတွေကလဲ အကြမ်းပတမ်းသမားတွေဖြစ်တာကြောင့် ကြည့်ရတာ တကယ်ကိုအားရတဲ့ ကားကောင်းတစ်ကားဖြစ်မှာပါ။ IMDb Rating 7.1 တောင်ရရှိထားတဲ့အတွက် အက်ရှင်ကားကောင်းတစ်ကားလို့ ပြောလို့ရပါတယ်။ ခေါင်းဆောင်မင်းသားဖြစ်သူ Gerard Butler ဟာဆိုရင် 300, Olympus has Fallen လို ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ထားတဲ့မင်းသားကောင်းတစ်ယောက်ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အဆဲအဆိုစကားတွေ အများကြီးပါတဲ့အတွက် ဘာသာပြန်တဲ့နေရာမှာ ဆဲဆိုတဲ့စကားတွေ ပါတဲ့အကြောင်း ကြိုတင်ပြီး မေတ္တာရပ်ခံလိုက်ပါတယ်။ အားလုံးပဲ သင်္ကြန်အကြိုရက်မှာ ၀ုန်းဒိုင်းကြဲ မိုက်ရိုင်းထွားကြိုင်းနိုင်ကြပါစေ ?   File Size ...
7.1
IMDB: 7.1/10 10,661 votes
movie

Den of Thieves (2018)

2018
Bright (2017) 6.6
Bright (2017) ကမ္ဘာကြီးရဲ့ Alternate Timeline တစ်ခုမှာ လူတွေဟာOrcs တွေ Elves တွေ အစရှိတဲ့ ဒဏ္ဏာရီထဲကသတ္တဝါတွေနဲ့အတူ ကမ္ဘာဦးအစကတည်းက နေထိုင်ပါတယ်။ ဒီဇာတ်ကားမှာတော့Ward (Will Smith) ဟာ လော့အိန်ဂျလိစ်က ဝါရင့်ရဲအရာရှိတစ်ယောက်ဖြစ်ပြီး လော့အိန်ဂျလိစ်ရဲဌာနရဲ့ ပထမဆုံး Orcs ရဲအရှာရှိဖြစ်တဲ့ Jakoby နဲ့အတူ တာဝန်ထမ်းဆောင်နေရတာဖြစ်ပါတယ်။ လူတွေနဲ့ Orc တွေကလဲ သိပ်မတည့်ကြသလို Jakoby နဲ့လဲ ဘယ်သူကမှ အလုပ်တွဲမလုပ်ချင်ကြပါဘူး။ တစ်ညမှာတော့Ward နဲ့ Jakoby တို့ Tikka လို့ခေါ်တဲ့ Elf တစ်ယောက်ကို တွေ့ရှိခဲ့ပြီး သူ့ဆီမှာ ကမ္ဘာကို အမှောင်ခေတ်ပြန်ရောက်သွားအောင်လုပ်နိုင်စွမ်းရှိနေတဲ့ မှော်တုတ်တံတစ်ချောင်းရှိနေတာကို သိလိုက်ရပါတယ်။     အဲ့ဒီ မှော်တုတ်တံကို လူမျိုးစုအားလုံး သတ္တဝါအားလုံးကအလိုရှိနေတာဖြစ်ပြီး မှော်တုတ်တံပိုင်ရှင်အစစ်ဖြစ်တဲ့ Leilah ကိုယ်တိုင်ကလဲ လိုက်ရှာဖွေနေတာဖြစ်ပါတယ်။ ကမ္ဘာကြီး မပျက်စီးအောင်Ward နဲ့ Jakoby တို့ ဘယ်လိုတားဆီးမလဲ ...
6.6
IMDB: 6.6/10 43,599 votes
movie

Bright (2017)

2017

Genres

Like Us!