Channel Myanmar

Deneen Tyler

Big George Foreman (2023) 6.5
Big George Foreman (2023) Big George Foreman (2023)~ IMDb rating - 6.5/10 ~Muhammad Ali တို့ Joe Frazier တို့နဲ့ ခေတ်ပြိုင် ဂန္ထဝင်မြောက် GOAT ကြီးဖြစ်တဲ့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ George Foreman ရဲ့ ဘဝတစ်လျှောက်ဖြစ်သမျှဇာတ်လမ်းအဖုံဖုံကိုတော့ Biography အဖြစ်နဲ့ရိုက်ကူးထားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဆင်းရဲလွန်းလို့မုန့်တစ်ခုတောင် မောင်နှမတွေခွဲဝေစားခဲ့ရတဲ့ဘဝတွေ၊ ဒုစရိုက်တောကြီးထဲကနေမှ လက်ဝှေ့ကြောင့် လမ်းမှားမရောက်ခဲ့တာတွေ၊ ဘာသာရေးနဲ့ George ကြားမှာဖြစ်ခဲ့တဲ့ Inner Conflict တွေစသည်ဖြင့် အတက်အကျတော်တော်မြန်မြန်နဲ့ ရှုထောင့်ရော ရသရောကို တော်တော်စုံတယ်လို့ပဲပြောရမှာဗျ။လက်ဝှေ့သမားဘဝကနား၊ သင်းအုပ်ဆရာသွားလုပ်၊ ဆယ်နှစ်လောက်နားပြီးမှ အသက်အကြီးဆုံး ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်လာတယ်ဆိုတော့လည်း သူ့ဘဝက ရုပ်ရှင်ပိတ်ကားပေါ်ရောက်လာတော့ တော်တော်တော့ကြည့်ကောင်းသားဗျ။ အသက် ၄၅ နှစ်ဆိုတဲ့အရွယ်မှာ လက်ဝှေ့ထိုးနိုင်သေးတယ်ဆိုတာ သာမန်လူတွေအဖို့ မဖြစ်နိုင်တော့တဲ့အရာပါပဲ။ ဒါကို Foreman ဟာ ကမ္ဘာကြီးကို ၁၉ နှစ်သားမှာတစ်ခါ၊ ...
movie

Big George Foreman (2023)

2023
Texas Killing Fields(2011) 5.7
Texas Killing Fields(2011) ၁၉၈၀ နှင့် ၁၉၉၀ ခုနှစ်အစောပိုင်းကာလတွေမှာအမျိုးသမီးငယ် ၄ ယောက်ရဲ့ အလောင်းကို ရှာဖွေ တွေ့ရှိပြီးတဲ့နောက်တက္ကဆက်ပြည်နယ်က ရွံမြေတွေနဲ့ ရေနံချက်စက်ရုံတွေကြားက ဟူစတန်နဲ့ ဂဲဗတ်စတန်ကမ်းခြေမြို့ကို ဆက်သွယ်ထားတဲ့ပြည်နယ်တွင်းလမ်းကြောတစ်လျှောက်မှာ ရှိတဲ့ မြေကွက်ကျယ်တစ်ခုကိုလူသတ်ကွင်းတွေ လို့ အမည်ကင်ပွန်းတပ်ခဲ့ကြပါတယ်.နှစ်တွေကွာခြားပေမယ့် ဒီအမျိုးသမီး ၄ ဦးစလုံးကိုတစ်နေရာတည်းမှာပဲ ရှာတွေ့ခဲ့ကြပါတယ်.သူတို့ရဲ့သေဆုံးမှုတွေက ဆက်စပ်မှုရှိသလား.တိုက်ဆိုင်မှုလားဆိုတာတော့ အဖြေမရှာနိုင်ခဲ့ပါဘူး.ဒီဇာတ်လမ်းကိုတော့ “The Killing Fields” လို့အမည်ရပြီးကာလမှာ အခြေတည်ထားပါတယ်.တက္ကဆက်မြို့ငယ်လေးက စုံထောက်တစ်ဦးဖြစ်တဲ့မိုက်ခ်ဆောက်ဒါ ဟာ နယူးယောက်မြို့က ပြောင်းလာတဲ့ပါတနာ စုံထောက်ဘရိုင်ယန်ဟေ့ဂျ်နဲ့အတူ.လူသတ်မှုတွေကို ဖော်ထုတ်နေသူ ဖြစ်ပါတယ်.အမျိုးသမီးငယ်တွေ ဆက်တိုက်ပျောက်ဆုံး၊ သေဆုံးမှုတွေကြားကနေအမည်ဆိုးနဲ့ကျော်ကြားတဲ့ ”The Killing Fields” နဲ့ ရင်ဆိုင်ကြုံတွေ့ရချိန်မှာတော့.တစ်ကြော့ပြန်လာတဲ့ အတိတ်ကို သူတို့လက်ထက်မှာ ရပ်တန့်နိုင်မလား. ဉာဏ်များပြီးကောက်ကျစ်တဲ့ ကွင်းဆက်လူသတ်သမားကို ဖမ်းဆီးနိုင်မလားဆိုတာကို ဥပဒေဘက်တော်သားနဲ့ ရာဇဝတ်သား အားပြိုင်မှု၊ ဉာဏ်ကစားပုံများ၊ ဇာတ်ကွက်အလှည့်အပြောင်းများကို စိတ်ဝင်စားဖွယ် တင်ဆက်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…  1.69GB / 771MB Quality… Blu-Ray 1080p ...
movie

Texas Killing Fields(2011)

2011
Black and Blue (2019)
Black and Blue (2019) Black & Blue (2019) နယူးအော်လန်ရဲ့ ရဲတပ်ဖွဲ့မှ အမျိုးသမီးရဲမေလူသစ်လေး အလီရှာဟာ မူးယစ်တိုက်ဖျက်အဖွဲ့တစ်ဖွဲ့က မူးယစ်ဆေးရောင်းသူတွေကို အသေပစ်သတ်နေတဲ့ ဗီဒီယိုကို သူ့ကိုယ်ပေါ်မှာတပ်ဆင်ထားတဲ့ ကင်မရာမှတစ်ဆင့် ရိုက်ကူးထားမိတယ်... လူသတ်မှုကို ကျူးလွန်တဲ့ လူသတ်သမားဟာ လာဘ်စားမှုကို ကျူးလွန်နေတဲ့ မယ်လွန်းဟုခေါ်သောရဲနှင့် သူတို့အဖွဲ့ဖြစ်တာကိုသိလိုက်ရတော့ သူ့မအသက်ဘေးက လွတ်အောင် သူမကိုကူညီမယ့် သူ့ငယ်သူငယ်ချင်းရဲ့ အစ်ကိုဝမ်းကွဲရဲ့ အကူအညီကို ရခဲ့ပါတယ်... အသတ်ခံရတဲ့ဆေးရောင်းတဲ့ ဇီးရိုးဆိုသူမှာ ကင်းစတန်းအဖွဲ့ခေါင်းဆောင် ဒဲရီးယက်စ်ရဲ့ တူသားတော်သူဖြစ်နေလို့ မယ်လွန်းရဲ့စကားကို နားယောင်ကာ အလီရှာနောက်ကို ဒဲရီးယက်စ်က လိုက် မယ်လွန်းက လိုက်နှင့် အသက်ဘေးကလွတ်အောင် ဘယ်လိုတွေရှောင်တိမ်းကြမလဲ... သူ့ဆီမှာရှိတဲ့အမှန်တရားကိုရိုက်မိထားတဲ့ ကင်မရာကိုရော စခန်းရောက်အောင် ဘယ်လိုပို့ပေးမလဲဆိုတာကို ဇာတ်လမ်းလေးကြည့်ရင်း စီးမျောကြတာပေါ့နော်... လှုပ်လှုပ်ရှားရှား ကြိုက်နှစ်သက်သူတွေအတွက် လက်လွတ်မခံသင့်တဲ့ IMDb 5.9 ရှိတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်.... Black & Blue (2019) နယူးအောျလနျရဲ့ ရဲတပျဖှဲ့မှ အမြိုးသမီးရဲမလေူသဈလေး အလီရှာဟာ မူးယဈတိုကျဖကြျအဖှဲ့တဈဖှဲ့က မူးယဈဆေးရောငျးသူတှကေို အသပေဈသတျနတေဲ့ ဗီဒီယိုကို သူ့ကိုယျပေါျမှာတပျဆငျထားတဲ့ ကငျမရာမှတဈဆင့ျ ရိုကျကူးထားမိတယျ... လူသတျမှုကို ကြူးလှနျတဲ့ လူသတျသမားဟာ လာဘျစားမှုကို ကြူးလှနျနတေဲ့ မယျလှနျးဟုခေါျသောရဲနှင့ျ သူတို့အဖှဲ့ဖွဈတာကိုသိလိုကျရတော့ သူ့မအသကျဘေးက ...
movie

Black and Blue (2019)

13 Sins (2014) 6.3
13 Sins (2014) 13 Sins (2014) IMDb - 6.3/10_____Rotten - 65%  အဆင့် ၁၃ ခုပါတဲ့ ရက်ရက်စက်စက် ကစားပွဲတစ်ခု .. တစ်ဆင့်နိုင်တိုင်း ငွေတွေ အများကြီးပေးတယ် ။ ၁၃ ဆင့်လုံးနိုင်ရင်တော့ သန်းကြွယ်သူဌေး ဖြစ်ပြီပဲ ။ ခိုင်းသူက ဖုန်းနဲ့ ကြံကြံဖန်ဖန် ခိုင်းတယ် ၊ လုပ်ရသူက ခက်ခက်ခဲခဲ အရူးတစ်ယောက်လို လုပ်ရတယ် ။ အဲလစ် ဘရန်ဒယ် ... အလုပ်ကပြုတ် ၊ ညီဖြစ်သူက ဉာဏ်ရည်မမှီ ၊ မိန်းမက တစ်ဘက်နဲ့ ငွေကြေးမပြေလည်ဘူး ။ ဘရန်ဒယ်က ငွေလိုတော့ ကစားပွဲကို ဝင်ကစားမိတယ် ။ ကစားပွဲကြောင့် တစ်ဆင့်အောင်တိုင်း ပြစ်မှုအကြီးစား ကျုးလွန်မိတာအကြိမ်ကြိမ် ။ ဘရန်ဒယ် ၁၃ ဆင့်လုံး အောင်ပါ့မလား ။ သူနဲ့ အတူ ဘယ်သူတွေ ကစားနေမလဲ ။  (ဘာသာပြန်သူကတော့ ကိုဝေလင်းကျော်ပါ)   File Size : (700 MB)  Quality ...
movie

13 Sins (2014)

2014