Channel Myanmar

Doh Kyung-soo

Swing Kids (2018) 7.5
Swing Kids (2018) Swing Kids (2018) IMDb - 7.5/10_____Rotten - 63%  အကဝါသနာအိုများနဲ့ ကိုရီးယားဒရာမာ ဇာတ်လမ်းကောင်းတွေကိုမှ ကြိုက်နှစ်သက်ကြတဲ့သူတွေအတွက် ၂၀၁၈ထွက် Swing Kids ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်… IMDb – 7.5/10 တောင်ရရှိထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်  Tap dance ဆိုတာ အမေရိကန်တွေကကြတဲ့ ဖိနပ်နဲ့ကြမ်းပြင်ကိုထိခတ်ဆော့ကစားပြီး စည်းချက်လိုက်ကရတဲ့ အကတစ်မျိုးပဲဖြစ်ပါတယ်..၊၁၉၅၀ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားစစ်ပွဲကြောင့် အမေရိကန်နဲ့ တရုတ်တို့ပါစစ်ပွဲထဲ ပါဝင်လာခဲ့ပြီးစစ်ပွဲကြောင့်ဖြစ်လာတဲ့ POW လို့ခေါ်ကြတဲ့ စစ်သုံ့ပန်း အကျဉ်းသားတွေကို ကိုဂျေကျွန်းပေါ်မှာ စခန်းတွေဆောက်ပြီး ထိန်းသိမ်းထားရှိခဲ့ကြပါတယ်…အဲ့ဒီအကျဉ်းသားတွေနဲအတူ အမေရိကန်စစ်သားတွေလည်း ကျွန်းပေါ်အတူရှိနေခဲ့ပြီး အထက်မှာပြောပြခဲ့တဲ့ဖိနပ်စည်းချက်လိုက်အကကို ရူးသွပ်တဲ့ လူမည်းအမေရိကန်စစ်သားတစ်ဦးပါ စစ်တပ်နဲ့အတူပါလာခဲ့ပါတယ်…တစ်နေ့ ကိုရီးယားကွန်မြူနစ်လူငယ်လေးတစ်ဦးဟာ လူမည်းစစ်သား အဲ့ဒီအကကနေတာကိုမြင်ပြီး စိတ်ဝင်စားသွားရာကနေအမေရိကန်နဲ့ပတ်သက်သမျှ တင်းကျပ်ထားတဲ့ ကွန်မြူနစ်လူ့အဖွဲ့အစည်းထဲမှာဒီအကကို လူငယ်လေးဘယ်လိုတတ်မြောက်ဖို့ကြိုးစားခဲ့သလဲ မြင်တွေ့ရမှာပါ….ဇာတ်ကားထဲမှာ အကတွေသီချင်းတွေကို မြိုင်မြိုင်ဆိုင်ဆိုင်မြင်တွေ့ရမှာဖြစ်ပြီးဂီတဆိုတာ အယူဝါဒစည်းဘောင်တွေကိုကျော်လွန်ပြီး စီးဆင်းတယ်ဆိုတဲ့အချက်လေးကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်…ကြည့်ရှုခံစားတော်မူကြပါ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဇွဲခန့်သွင်ပါ)  File Size : (981 MB) Quality ...
movie

Swing Kids (2018)

2018
Along with the Gods: The Two Worlds (2017) 7.5
Along with the Gods: The Two Worlds (2017) ဒါရိုက်တာ ကင်ယုံဟွာက ကာတွန်းဆရာ ဂျိုဟိုမင်ရဲ့ဝက်ဘ်ကာတွန်းစီးရီးကို အသက်သွင်းရိုက်ကူးပြီး ရုပ်ရှင်ကိုနှစ်ပိုင်းခွဲဖြန့်ချိမှာဖြစ်ကာ ဒုတိယပိုင်းကို ၂၀၁၈ မှာ ထုတ်လုပ်မယ်လို့ ဆို ပါတယ်။အဓိကသရုပ်ဆောင်တွေက Ha Jung-woo၊ Cha Tae-hyun၊ Ju Ji-hoon၊ Lee Jung-jae၊ Do Kyung-soo၊ Kim Hyang-gi တို့ဖြစ်ပြီး Lotte Entertainment က ဖြန့်ချိထား တာပါ။ မီးသတ်သမား ကင်ဂျာဟုန် ဟာ တာဝန်ထမ်းဆောင်ရင်း မမျှော်လင့်ဘဲ သေဆုံးခဲ့ပြီး ဘ၀ ကူးပြောင်းသွားတဲ့ ဂျာဟုန်ဟာ မရဏတိုင်းပြည်က အစောင့်အ ရှောက်သုံးယောက်နဲ့ ဆုံပါတယ်။ အဲဒီသုံးယောက်ထဲမှာ ဂန်ရင်းက ခေါင်းဆောင်ဖြစ်ပြီး လူသားတွေ ပေါ် ခင်မင်ကြင်နာစိတ်ရှိပါတယ်။လူတစ်ယောက်ယောက် သေဆုံးပြီဆိုရင် မရဏနိုင်ငံကို သွားဖို့ အစောင့်အရှောက်တွေ အတူလိုက်ပါလေ့ရှိပြီး သေဆုံးသူ ဟာ လူ့ပြည်လား၊ ငရဲလား၊ ကောင်းကင်ဘုံလား ဆက်သွားရ ...
movie


2017