Channel Myanmar

Ethan Hawke

Leave the World Behind (2023) 6.7
Leave the World Behind (2023) Leave the World Behind (2023)~ IMDb - 6.7/10, RT - 74%, Meta - 68% ~ကမ္ဘာပျက်နေချိန်မှာ အသက်ရှင်ဖို့ကြိုးစားရတဲ့ ရုပ်ရှင်အမျိုးအစား နောက်တစ်ကားပါပဲ။ ဒီကားကတော့ အက်ရှင်မဟုတ်ဘဲ ဆိုက်ကို သည်းထိပ်ရင်ဖိုအမျိုးအစားဖြစ်ပြီး ဇာတ်လမ်းအဆုံးမှာတောင် အဖြေကို ရှာတွေ့သလို မတွေ့သလိုနဲ့ ပဟေဠိဆန်ဆန်ရိုက်ထားတဲ့ကားမျိုးပါ။ Mr. Robot စီးရီးရဲ့ ဖန်တီးရှင် Sam Esmail က ရိုက်ကူးထားပြီး နာမည်ကြီး မင်းသားမင်းသမီးတွေဖြစ်တဲ့ Julia Roberts, Mahershala Ali, Ethan Hawke တို့လို ဆရာကြီးတွေ ပါဝင်ထားပါတယ်။ Kevin Bacon ကတောင် ဝင်ပြီးအားဖြည့်ပေးထားပါသေးတယ်။~ ဇာတ်လမ်းအကျဉ်း ~လင်မယားနှစ်ယောက် သားတစ်ယောက်နဲ့ သမီးတစ်ယောက်ဟာ ကျေးလက်အိမ်တစ်လုံးငှားပြီး အပန်းဖြေဖို့ထွက်လာကြပါတယ်။ အငယ်ဆုံးသမီးလေးက FRIENDS တီဗီစီးရီးကို အသည်းအသန်စွဲလမ်းနေတဲ့သူဖြစ်ပြီး ...
movie

Leave the World Behind (2023)

2023
Brooklyn’s Finest(2009) 6.7
Brooklyn’s Finest(2009) IMDb - 6.7/10 ရဲလုပ်သက်လည်းရင့်ပြီး လူဂွစာကြီးလည်းဖြစ်တဲ့ အက်ဒီ ဒူဂန် (Richard Gere) ဟာ အငြိမ်းစားယူဖို့အတွက် ကြိုးစားနေတဲ့သူပါ။ ဒီလိုနဲ့ အငြိမ်းစားယူဖို့တစ်ပတ်အလိုမှာ ဌာနကလုပ်တဲ့ ပရိုဂရမ်အသစ်မှာပါဝင်ဖို့ ဝာာဝန်ပေးခံလိုက်ရပြီး ရဲတပ်သားအသစ်လေးကို လေ့ကျင့်ပေးတဲ့အနေနဲ့ သူနဲ့အတူခေါ်ပြီး လှည့်ကင်းထွက်ရပါတော့တယ်။ကလဲရန့်စ် (Don Cheadle)ကတော့ စားပွဲခုံမှာအလုပ်လုပ်ရတဲ့ရာထူးအဆင့်အထိတိုးရဖို့ ရည်ရွယ်ချက်နဲ့ တန်ဂို ဆိုတဲ့ နာမည်ဝှက်ကိုသုံးပြီး မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုမှာ အသွင်ယူနေတဲ့ ရဲတစ်ယောက်ပါ။ ဒီလိုအသွင်ယူမှုကြောင့် သူ့ရဲ့ အိမ်ထောင်ရေးကလည်း ပျက်ပြားသွားခဲ့ပြီး သူကိုယ်တိုင်ကလည်း ထောင်ထဲမှာ အသွင်ယူနေတုန်းက သူ့ရဲ့အသက်ကို ကယ်တင်ပေးခဲ့ဖူးတဲ့ မူးယစ်ရာဇာ ဂိုဏ်းခေါင်းဆောင် ကတ်ဇ် ကို မိတ်ဆွေရင်းချာတစ်ယောက်အဖြစ်မှတ်ယူထားသူပါ။ တစ်နေ့မှာတော့ သူ့ရဲ့ မိတ်ဆွေကြီး ကတ်ဇ်ကို ‌ထောင်ထဲပြန်ထည့်ဖို့အတွက် အထက်လူကြီးတွေက တာဝန်ပေးလာခဲ့ပါတော့တယ်။ဆဲလ် (Ethan Hawke) ကတော့ မူးယစ်ရဲတပ်ဖွဲ့က တစ်ယောက်ဖြစ်ပြီး သူလက်ရှိ‌ နေထိုင်နေတဲ့အိမ်က မှိုပြဿနာတက်နေတာကြောင့် သူ့မိန်းမရဲ့ကိုယ်ဝန်ကိုထိခိုက်လာတဲ့အတွက်‌ကြောင့် ...
movie

Brooklyn’s Finest(2009)

The Purge (2013) 5.7
The Purge (2013) The Purge (2013)ထွက်ပြီးခဲ့တာ ဆယ်နှစ်တောင်ကြာပြီဖြစ်သလို ဒီကားနောက်ပိုင်း ဖြစ်လာခဲ့တဲ့ The Purge Franchise ကြီးရဲ့ အစဆိုတဲ့အတိုင်း အကောင်းဆုံးဖြစ်သလို ကြည့်ပြီးလည်း​ နောက်တစ်​ခေါက်ပြန်ပြန်ကြည့်ချင်​နေတဲ့ ဇာတ်ကား​တွေထဲကတစ်ကားဖြစ်တဲ့ ပထမဆုံး The Purge ကားအကြောင်းကို ထွေထွေထူးထူး ပြောစရာလိုမယ်မထင်ပါဘူး။~ ဇာတ်လမ်းအညွှန်း ~အ​မေရိကန်နိုင်ငံ စီးပွား​ရေးကျဆင်းလာတာ​နဲ့အမျှ ဒုစရိုက်မှု​တွေ ဆင်းရဲမွဲ​တေမှု​တွေ မှိုလို​ပေါက်လာတာကို ဘယ်လို​ဖြေရှင်းရမလဲ ​ခေါင်းခဲ​နေကြတုန်း အဲဒီခေတ် အမေရိကန်ရဲ့ အာဏာပိုင်အစိုးရဖြစ်တဲ့ သူတို့ကိုယ်သူတို့ မျိုးဆက်သစ်တည်ထောင်သူဖခင်ကြီးများ လို့ခေါ်တဲ့ NFFA ပါတီက The Purge ဆိုတဲ့ သန့်စင်ပွဲနေ့လုပ်ဖို့ကိုစဥ်းစားမိသွားကြတယ်။ အဲဒီ​နေ့မှာ ဘယ်ဒုစရိုက်မှုလုပ်လုပ် ရဲအဖမ်းမခံရတဲ့​နေ့မျိုး​ပေါ့။ လူချမ်းသာ​တွေက​တော့ ​ငွေနဲ့အကာအကွယ်ယူလို့ရ​​ပေမယ့် ဆင်းရဲတဲ့သူ‌တွေ၊ အသက်ကြီးတဲ့သူ​တွေ၊ ပစ်ပယ်ထားခံရတဲ့သူ​တွေက​တော့ အဲဒီ​နေ့ရဲ့ ပစ်မှတ်​တွေ​ပေါ့။ အဲဒီလို နိုင်ငံနဲ့တဝန်း အကန့်အသတ်မရှိ လူသတ်နိုင်တဲ့ လူမဆန်တဲ့နေ့ကြီးကို လုပ်လိုက်​ပေမယ့် မထင်ထားရ​လောက်​အောင် ဆင်းရဲမှု​တွေ ဒုစရိုက်မှု​တွေနည်းသွားပြီး ...
movie

The Purge (2013)

2013
Assault on Precinct 13(2005) 6.3
Assault on Precinct 13(2005) Assault on Precinct 13(2005)=======================ဒီဇာတ်ကားလေးကတော့ အက်ရှင်နဲ့ သည်းထိတ်ရင်ဖို ကြိုက်နှစ်သက်သူတွေအတွက်ဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ ရာဇဝတ်သားတွေကို ထောင်ပြောင်းဖို့သယ်ဆောင်လာတဲ့ကားက လမ်းခရီးလမ်းကြမ်းတာကြောင့်မကြာခင် ပိတ်တော့မယ် စခန်း အမှတ် ၁၃ မှာ ခရီးတစ်ထောက်နားဖို့ဖြစ်လာခဲ့ပါတယ်မင်းသားကတော့ အတိတ်က ဒဏ်ရာတွေကြောင့် အနာမကျက်သေးပဲဒီရာဇဝတ်သားတွေနဲ့ အတူပူးပေါင်းဖို့အကြောင်းပေါ်လာခဲ့ပါတယ်လူဆိုးတွေနဲ့ လူကောင်းတွေကြား မျဉ်းလေးနည်းနည်းပဲ ခြားတာကိုသေချာသရုပ်ဖော်ထားတာကြောင့် လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် File size…1.23GB / 507MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 41m Genre ..... Crime , Drama , Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phone Myint Maw
movie

Assault on Precinct 13(2005)

Raymond & Ray (2022) 6.2
Raymond & Ray (2022) Raymond & Ray (2022)ဒီရုပ်ရှင်ကိုတော့ The Sopranos လို မာစတာပိစ်စီးရီးကြီးမှာ ဝင်ရိုက်ဖူးပြီး ဆုရဇာတ်လမ်းတွဲတွေကိုလည်း ရိုက်ကူးရေးသားဖူးတဲ့ Rodrigo Garcia လို့ခေါ်တဲ့ ဒါရိုက်တာက ရိုက်ကူးထားပြီး Legend actor ဆရာကြီးနှစ်ပါးဖြစ်တဲ့ Ethan Hawke နဲ့ Ewan McGregor တို့က Main character နှစ်ယောက် ရေမွန်နဲ့ရေး အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်ကတော့ Comedy, Drama ပေမဲ့ Black Comedy လို့ပြောရင် ပိုတိကျပါမယ်။ အီသန်နဲ့ အီဝန်ဟာ ရေးနဲ့ ရေမွန်ဆိုတဲ့ အဖေတူ မအေကွဲ ညီအစ်ကိုတွေပါ။ သူတို့၂ယောက်စလုံးရဲ့ အမေတွေကလည်း သူငယ်ချင်းတွေပါ၊ သူတို့အခေါ်အရတော့ ဖွတ်ဖွတ်ကြေဇနီးများကလပ်ဝင်တွေလို ဖြစ်နေကြသပေါ့။ သူတို့အဖေက သူတို့၂ကောင်ကို ငယ်ငယ်ကတည်း အသေအနိုင်ကျင့် နှိပ်စက်ပါတယ်။ သူတို့၂ယောက်စလုံးက သူတို့အဖေကို မုန်းကြပါတယ်။ နှစ်အတော်ကြာပြီး ...
movie

Raymond & Ray (2022)

2022
The Black Phone (2021) 7.3
The Black Phone (2021) (imdb 7.3 / 26k) ဟော်ရာကားကောင်းကောင်းတွေ ရှားနေတုန်းမှာ ကောင်းတာလေး ထွက်လာပါပြီ။ စိတ္တဇလူသတ်သမားဇာတ်လမ်းကို ပရလောကနဲ့ ရောမွှေထားတဲ့ ဇာတ်လမ်းပါပဲ။ မူရင်းရုပ်ရှင်ဇာတ်လမ်းတိုလေးကို ပြန်ရိုက်ကူးထားတာပါ။ ဇတ်လမ်းအကျဉ်းကတော့ ဂရက်ဘာ (ဖမ်းဆီးသူ)လို့ လူတွေသိကြတဲ့ စိတ္တဇလူသတ်သမားတစ်ယောက်ဟာ ကလေး ၅ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ပြီးခဲ့ပေမဲ့ ဘယ်သူမှ တရားခံကိုရော အလောင်းတွေကိုရော ရှာမတွေ့ခဲ့ပါဘူး။ ဒါပေမဲ့ ၆ ယောက်မြောက်ကလေးကို ဖမ်းမိချိန်မှာတော့ ထူးခြားမှုတွေဖြစ်လာပါတော့တယ်။ ဖမ်းခံရတဲ့ ကလေး ဖင်း ရဲ့ ညီမဟာ လူသတ်ကောင်အကြောင်းအိပ်မက်တွေမက်နေပြီး အဲဒီကနေသဲလွန်စတွေနဲ့ လိုက်ရှာဖို့ ကြိုးစားလာပါတယ်။ ဖင်းကလည်း အဖမ်းခံထားရတဲ့ အခန်းထဲက ဖုန်းအပျက်ကနေ အရင်အဖမ်းခံရပြီး အသတ်ခံခဲ့ရတဲ့ ကလေးငါးယောက်က တလှည့်စီဖုန်းဆက်လာတာကိုကြုံလာရပြီး သူတို့လွတ်မြောက်အောင် ကြိုးစားခဲ့တဲ့နည်းတွေ အသတ်ခံရပုံအမှားတွေကို တစ်ခုပြီးတစ်ခု ပြောပြလာပါတော့တယ်... ဒီဝိညာဉ်တွေရဲ့အကူအညီနဲ့ ဖင်းတစ်ယောက် စိတ္တဇလူသတ်သမားလက်ကနေ ဘယ်လိုအလွတ်ရုန်းမလဲဆိုတာ   File size…2.4GB / 1.33GB / 546MB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….1h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant  Translated by Mr Anderson
movie

The Black Phone (2021)

2021
4K HEVC Web-DL
Alive (1993) 7.1
Alive (1993) Alive (1993)~ IMDb - 7.1/10, Rotten Tomatoes - 59% ~ဟင်္သာကိုးသောင်းပျက်စီးရခြင်းက ဇာတ်တူသားစားလို့ဟုဆိုပါလျှင် သူတို့က တိရစ္ဆာန်သာဖြစ်လို့ပါဟု ပြောရမည်လား မသိနိုင်ပါ။ ပေါရိသ နန်းကျမင်းရဲ့ လူသားအပေါ်တပ်မက်မှုက လျှာဖျားတထောက် အရသာအပေါ် အခြေခံတယ်လို့ မှတ်သားဖူးတာပါပဲ။ လူသားဆိုတာ စားကောင်းတဲ့အသားလား၊ မစားကောင်းတဲ့အသားလား ဆိုတာကတော့ လူ့ယဉ်ကျေးမှုအဖွဲ့အစည်းမှာ ဖြေစရာမလိုတဲ့ မေးခွန်းတစ်ခုပါ။ဒါပေမဲ့ အဲဒီမေးခွန်းကိုပဲ ငတ်မွတ်ဆာလောင်ပြီး စားစရာမရှိတဲ့သူတွေကို မေးကြည့်ရင်ဖြင့် တမျိုးတဖုံ ပြောင်းသွားနိုင်စရာအကြောင်းရှိတာပေါ့။ လူ့အသိုင်းအဝိုင်းအတွင်းမှာတော့ ငတ်မွတ်ခေါင်းပါးရုံနဲ့ လူသားကို စားစရာအဖြစ် မရွေးချယ်စကောင်းပေမဲ့ မိုင် (၁၀၀) ဝန်းကျင်ကျယ်ပြန့်တဲ့ ရေခဲတောင်တန်းပေါ်မှာတော့ လူသေအလောင်းဟာ ရွေးချယ်စရာတစ်ခု ဖြစ်လာတော့တာပါပဲ။ဒီအဖြစ်ဟာ 1972 ခုနှစ်မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တာပါ။ တောင်အမေရိက ရက်ဘီဘောလုံးအသင်းဟာ အိမ်နီးချင်းနိုင်ငံ ချီလီမှာ ကစားပွဲတစ်ခု သွားရောက်ကစားဖို့အတွက် ဆွေမျိုး မိတ်ဆွေတွေ တင်ဆောင်လို့ အန်ဒီ‌စ်ရေခဲတောင်တန်းတွေပေါ်ကို ...
movie

Alive (1993)

1993
Predestination (2014) 7.5
Predestination (2014) Predestination (2014) IMDb - 7.5/10_____Rotten - 83% ## Bluray 1080p & 720p updated ##    ရုပ်ရှင်သမိုင်းတွင် အထူးခြားဆုံး ဇာတ်ကားတစ်ကားပါ။ ဘာကြောင့်ထူးခြားတယ်ဆိုတာ ကြည့်ဖူးသူတိုင်းသိကြပါလိမ့်မယ်။ ကျွန်တော်ဘာကြောင့်ဆိုတာ မပြောလိုပါ။ ဒီဇာတ်ကားအကြောင်း မသိလေ ပိုကောင်းလေပါပဲ။ ထိုမှသာ ဒီကားဘာကြောင့် ဘယ်လို ကောင်းတယ်ဆိုတာကို မျက်မြင်ကိုယ်တွေ့သက်သေထူနိုင်မှာ ဖြစ်သောကြောင့်ပင်ဖြစ်ပါတယ်။ ကျွန်တော် ဦးနှောက်ကို စဉ်းစားစရာ အတွေးတွေနဲ့ အလုပ်လုပ်စေခဲ့ပြီး တစ်ချိန်တည်းမှာပဲ ကျွန်တော်ရဲ့နှလုံးသားကို အရည်ပျော်သွား စေခဲ့တဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းကို အတိုချုံးပီး ပြောရမယ်ဆိုရင်တော့ Fizzle Bomber ဆိုတဲ့ အကြမ်းဖက် Bomber တစ်ယောက်ကို Time Travelling လုပ်ပြီး လိုက်ဖမ်းဆီးဖို့ကြိုးစားတဲ့ စုံထောက်တစ်ယောက်အကြောင်းပါပဲ။ ဒီလောက်သိရင် လုံလောက်ပါပြီ။ကျွန်တော်ကြည့်ဖူးသမျှ ရုပ်ရှင်ဇာတ်ကောင်တွေထဲမှာ ဒီ Predestination ရုပ်ရှင်ရဲ့ဇာတ်ကောင်ဟာ သနားဖို့အကောင်းဆုံးဇာတ်ကောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူ့ဘဝရဲ့အဖြစ်မှန်ဟာ ...
movie

Predestination (2014)

2014
Zeros and Ones (2021) 5.0
Zeros and Ones (2021)  ဒီရုပ်ရှင်ဟာ အီတလီနိုင်ငံ ရောမမြို့မှာ ကိုဗစ်lockdown အတွင်းသွားရောက်ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ် Main leadကတော့ အတော်များများသိကြတဲ့မင်းသား Ethan Hawkeပါသေချာပေါက်ပြောနိုင်တာက ဒီရုပ်ရှင်ဟာ ကြည့်ရှုသူတွေရဲ့အမြင်ပေါ်လိုက်ပြီး ဝိဝါဒကွဲပြားစရာတွေ များနိုင်ပါတယ်၊ မေးခွန်းထုတ်စရာတွေ ရှိနိုင်ပါတယ် ဘာကြောင့်လဲဆိုတော့ ဖြစ်ရပ်တစ်ခုထဲအပေါ်မှာပဲ လူ၂ဦးရဲ့ ရှုထောင့်၂မျိုးကို ရောစပ်ရိုက်ကူးထားလို့ပါဗာတီကန်မြို့တော်ကို ဗုံးခွဲတိုက်ခိုက်နိုင်တဲ့ ခြိမ်းခြောက်မှုကြောင့် ရောက်လာတဲ့ အမေရိကန်စစ်သားဟာ အကျဉ်းကျခံနေရတဲ့၊ ဖောက်ခွဲမှုအကြောင်း သိထားနိုင်တဲ့ ညီဖြစ်သူ တော်လှန်ရေးသမားကို သဲကြီးမဲကြီးလိုက်ရှာနေခဲ့ပါတယ်ဒါ့အပြင် ရောမမြို့ရဲ့လမ်းမထက်က လျှို့ဝှက်အဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းပြီး ဖောက်ခွဲမှုကို တားဆီးဖို့ကြံတဲ့အခါ.... ထိုစစ်သားအနေနဲ့ အဖျက်လုပ်ငန်းတွေကို တားဆီးနိုင်မှာလား၊ ဖောက်ခွဲသူတွေရဲ့ သဘောထားကရော ဘယ်လိုဖြစ်နေမလဲ စသဖြင့်ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ )File Size__1.5 GB , 800 MB Quality__1080p, 720p IMDb Rating__5.0/10 Format__mp4 Duration__01:25:00 Type__Action , Adventure , Drama Subtitle__Myanmar Subtitle ...
movie

Zeros and Ones (2021)

Regression (2015) 5.7
Regression (2015)  လျို့ဝှက်သည်းဖို ဇာတ်လမ်းတွေမှ နှစ်ခြိုက်သူတို့ မဖြစ်မနေကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ ဇာတ်ကားကြည့်နေတဲ့တောက်လျှောက် ကိုယ်တိုင်ဝင်ပါပြီး စုံစမ်းချင်စိတ်ပေါက်သွားမယ့်ကားမျိုး...ဇာတ်လမ်းအစမှာ အိန်ဂျလာက သူ့အဖေကို အဓမ္မပြုကျင့်ပါတယ်ဆိုပြီး ရဲတိုင်ထားပါတယ် သူ့အဖေက ဝန်ခံပေမယ့် ဘာမှမမှတ်မိဘူးတဲ့ အဲ့ဒီလိုနဲ့ ဇာတ်လမ်းကို စိတ်ဝင်စားစရာကောင်းအောင် အစပျိုးလိုက်ပါတယ်"လူ့စိတ်ဆိုတာ စကြာဝဠာကြီးတစ်ခုလုံးပဲ " မလိုချင်တဲ့ မှတ်ဉာဏ်တွေက အလိုလို တံခါးပိတ်သွားတက်တယ် ဖွင့်ပေးရမယ့် သော့က Regression လို့ခေါ်တဲ့ စိတ်နောက်ပြန်ဆွဲတဲ့ အိပ်မွေ့ချ ကုထုံးပဲ ဘယ်ညာယိမ်းနေတဲ့ ချိန်သီးရဲ့ နောက်မှာ ဘာရှိနေလဲ မကောင်းဆိုးဝါးတွေလား? စေတန်ခေါ် နတ်ဆိုးလား? နတ်ဆိုးဝါဒီတွေလား? တစ်စုံတစ်ဦးကတော့ သူ့ချိန်သီးရဲ့နောက်မှာ မကောင်းဆိုးဝါးတွေရှိနေခဲ့တယ် တစ်စုံတစ်ဦးရဲ့ ချိန်သီးရှေ့ကို စေတန်ဝါဒီတွေရောက်လာတယ်စိတ်ဆိုတဲ့ကျယ်ပြောတဲ့ စကြာဝဠာကြီးထဲမှာ အတွေးကွင်းဆက်တွေနဲ့ စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် ။( အညွှန်းရေးသားထားသူကတော့ Oleander ပါ )File Size__1.8 GB, 1 GB Quality__1080p, 720p IMDb Rating__5.7/10 Format__mp4 Duration__01:45:00 Type__Crime, Drama, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Oleander Encoded by ...
movie

Regression (2015)

Tesla (2020) 5.2
Tesla (2020) ဒီရုပ်ရှင်အကြောင်းကိုမပြောခင်မှာ Teslaဆိုတာဘယ်သူလဲဆိုတာကိုပြောချင်ပါတယ်။တောမတ်စ်အယ်ဗာအယ်ဒီဆင်လို့ပြောလိုက်ရင် ကမ္ဘာအနှံ့ကလူတိုင်းကလေးကအစခွေးအဆုံးသိပြီး သမိုင်းမှာရော ကျောင်းသင်ခန်းစာတွေမှာပါတခမ်းတနားနဲ့အလေးပေးဖော်ပြခံရတဲ့ ၁၉ရာစုရဲ့တီထွင်သူကြီးပေါ့။နီကိုလာတက်စ်လာကတော့ အယ်ဒီဆင်နဲ့ခေတ်ပြိုင်ပြောင်မြောက်လှတဲ့လျှပ်စစ်ဆိုင်ရာတီထွင်မှုတွေလုပ်ခဲ့ပြီး အိုင်းစတိုင်းကတောင်သူ့ထက်တော်တယ်လို အသိမှတ်ပြုပြီးလေးစားရတဲ့ ဉာဏ်ကြီးရှင်တီထွင်သူတစ်ယောက်ပါ။ဒါပေမယ့် ဒီနေ့ခေတ်မှာ သူ့ကိုမသိတဲ့သူအများအပြားပါပဲ။AC Vs DCဆိုတာ Tesla Vs Edisonပါပဲ။ကနဦးမှာ တက်စ်လာဟာ အယ်ဒီဆင်ရဲ့အလုပ်မှာ လုပ်ခလေးနည်းနည်းနဲ့အလုပ်လုပ်ခဲ့တယ်။သူကြံဆတဲ့ Alternating currentကို အယ်ဒီဆင်က စိတ်မဝင်စားတဲ့အပြင်ACဟာလက်တွေ့မကျဘူး အန္တရာယ်များတယ်လို့ပြောခဲ့တယ်။DC generation plantsတွေကိုတိုးတက်အောင်လုပ်ပေးနိုင်ရင်ဒေါ်လာငါးသောင်းပေးမယ်ဆိုပြီး လောင်းကြေးထပ်ခဲ့ပေမယ့်တကယ်ဖြစ်လာတဲ့အခါ အယ်ဒီဆင်က'မင်းက ငါတို့အမေရိကန်တွေနောက်ပြောင်တာကိုနားမလည်ဘူးပဲ'ဆိုပြီးလျှော်သွားတဲ့အတွက် တက်စ်လာဟာ အလုပ်ထွက်ပြီး ကိုယ်ပိုင်ACကုမ္ပဏီထောင်ခဲ့ပါတယ်။နောက်ပိုင်းလျှပ်စစ်ဖြန့်ဖြူးရာမှာ ACက DC (Direct Current)ထက်အကျိုးများလာတဲ့အခါအယ်ဒီဆင်ဘက်က AC currentကြိုးကိုဆင်မှာပတ်ပြီးသေစေတဲ့အကွက်‌တွေထိပါသုံးပြီး ACကိုတိုက်ခိုက်ခဲ့တယ်။ဒါပေမယ့် နိုင်ရာဂါရာရေတံခွန်ကိုအခြေခံပြီး ACရေအားလျှပ်စစ်သုံးစက်ရုံကိုတည်ဆောက်နိုင်ပြီး‌ အောင်မြင်တဲ့အတွက် ကမ္ဘာတစ်ဝှမ်းက ...
movie

Tesla (2020)

Training Day(2001) 7.7
Training Day(2001) Training Day(2001) IMDb....7.7,,,,Rotten....77% ကျွန်တော်တို့ရုပ်ရှင်ကားတော်တော်များများကြည့်ကြတယ်..တစ်ချို့ကားတွေကြတော့ သရုပ်ဆောင်ကြောင့်ကို တမင်ကြည့်ကြတာ... သူတို့ပါရင် အဲ့ဒီကားက တနည်းမဟုတ်တစ်နည်းကောင်းကိုကောင်းနေတတ်တာ....ဇာတ်လမ်းညံနေရင်တောင် သူတို့အရှိန်အဝါကြောင့် ကြည့်ကောင်းနေတတ်တာမျိုး....ဇာတ်လမ်းကောင်းနေရင်တော့ ပြောဖွယ်ရာမလိုတော့ပေ...ဒီလို သရုပ်ဆောင်ကြီးတွေထဲမှာ ဒန်ဇယ်ဝါရှင်တန်ဟာ ထိပ်ဆုံးစာရင်းထဲမှာရှိနေမယ်ထင်ပါတယ်....သူပါဝင်သရုပ်ဆောင်ထားတဲ့The Equalizer ,Philadelphia ,Courage Under Fire ,Man on Fire  စသည်ဖြင့် နာမည်ကြီးကားများစွာကို သိရှိကြမယ်ထင်ပါတယ်....ဒီ Training Day(2001) ဇာတ်ကားထဲမှာတော့ ဒန်ဇယ်ကြီးက မြင်တွေ့နေကျပုံမျိုးမဟုတ်တဲ့ စရိုက်နဲ့ သရုပ်ဆောင်ထားတယ်...ဒီဇာတ်ရုပ်က ပီပြင်လွန်းလို့ အော်စကာဆုတောင်ရရှိသွားပါတယ်....ဒီဇာတ်ကားဟာ ဆုပေါင်း (၁၆)ဆုရရှိခဲ့သလို အခြားဆုပေါင်း(၂၃)ဆုအတွက်လည်း ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်...ဒန်ဇယ်ကားဆိုတာနဲ့ ဇာတ်ညွှန်းတွေထွေထွေထူးထူးမပြောတော့ဘူး......သူက အကျင့်ပျက်ရဲတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားတယ်...တစ်ခုတော့ သတိပေးပါရစေ...ခင်ဗျားတို့ဇာတ်ကားကြည့်နေတုန်း အနားမှာ  ကောက်ပေါက်လို့ရမယ့် ဟာမျိုးတွေ တုတ်တွေမထားပါနဲ့ ..ဘာလို့ဆိုဇာတ်ကားကြည့်နေရင် သူသရုပ်ဆောင်တာပီပြင်လွန်းတော့ နင်းကန်စိတ်တွေတိုပြီး TV ကြီးကို ပစ်ပေါက်မိမယ်စိုးလို့ပါ.... File Size : (950 MB) and (358 MB) Quality : Blu-Ray 720p Format…mp4 Duration…02:02:00 Genre :  Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard ...
movie

Training Day(2001)

2001
Adopt a Highway (2019) 5.6
Adopt a Highway (2019) အားလုံးနဲ့ရင်းနှီးနေလောက်မယ့် မင်းသားကြီး Ethan Hawkeရဲ့Dramaကားသစ်တစ်ကားပါ။အမေရိကားမှာ 1994ကပြဌာန်းလိုက်ပြီးအဲ့အချိန်ကပြည်နယ်တစ်ချို့မှာလက်ခံကျင့်သုံးခဲ့တဲ့ ဥပဒေတစ်ခုရှိတယ်ပေါ့။အဲ့တာကတော့ Three Strike Lawလို့ခေါ်ပါတယ်။လူတစ်ယောက်က အဲ့ဥပဒေကိုကျင့်သုံးတဲ့ပြည်နယ်တစ်ခုမှာပြစ်မှုနှစ်ကြိမ်ကျူးလွန်ပြီးတတိယမြောက်ပြစ်မှုကိုကျူးလွန်လိုက်မယ်ဆိုရင်အဲ့အမှုကဘယ်လောက်ပဲသေးငယ်ပါစေနှစ်ရှည်ထောင်ဒဏ်ကျခံရမှာပါ။ဒီလိုနဲ့ဇာတ်ကားထဲကဇာတ်ကောင်ကမူးယစ်ဆေးလေးတစ်အောင်စ လက်ဝယ်တွေ့ရှိပြီးထောင်အနှစ်နှစ်ဆယ်ကျသွားပါတယ်။ထောင်ထဲဝင်သွားတုန်းက လူငယ်တစ်ယောက်ပေါ့ပြန်ထွက်လာတဲ့အချိန်မှာ သူသိပ်လိုက်မမှီနိုင်တော့ဘူး။သူ့ကိုဖေးမပြီးတွယ်တာမယ့်သူလည်း တစ်ယောက်မှမရှိတော့ဘူး။ဘဝမှာဘာလုပ်လို့လုပ်ရမှန်းမသိ၊ဘာအတွက်ရှင်သန်နေမှန်းမသိတာကမှတကယ်လမ်းပျောက်တာဆိုတာကို ခံစားမိစေတယ်။The Shawshank Redemptionထဲက"Brooks was here"ဆိုတာလေးကိုတောင်သတိရသွားမိတယ်။ဒီလိုနဲ့ တစ်ညမှာ သူအလုပ်လုပ်တဲ့ဆိုင်ရဲ့နောက်ဖက် အမှိုက်ပုံးထဲမှာ စွန့်ပစ်ခံထားရတဲ့ကလေးလေးတစ်ယောက်ကိုတွေ့လိုက်ရတယ်။တွယ်တာစရာမရှိတဲ့လူတစ်ယောက်စွန့်ပစ်ခံကလေးတစ်ယောက်ကိုတွေ့လိုက်တဲ့အချိန်မှာတော့......ဇာတ်လမ်းကအရှိန်တက်နေရင်းနဲ့ ကြည့်ရှုသူတွေအတွက်မျှော်လင့်ထားသလိုထိချက်ပြင်းပြင်းနဲ့ဇာတ်သိမ်းတစ်ခုမဟုတ်ခဲ့လို့လားတော့မသိratingတွေ အရမ်းကြီးမကောင်းခဲ့ပေမယ့်တကယ်မြောပြီးခံစားနိုင်မယ့် ဒရမ်မာကားတစ်ကားပါ။ File Size : ( 762 MB ...
movie

Adopt a Highway (2019)

2019
Stockholm (2018) 6.3
Stockholm (2018) Stockholm Syndrom ဆိုတာဟာ ကိုယ့်ကိုဖမ်းချုပ်ထားတဲ့သူကို ခင်မင်ယုံကြည်လာပြီးသဘောကျလာမိတာမျိုးကိုခေါ်ပါတယ်များသောအားဖြင့်သော ပြန်ပေးဆွဲခံရသူများနဲ့ ပြန်ပေးဆွဲသူတို့အကြားမှာ ဖြစ်တတ်ပါတယ်ပြန်ပေးဆွဲခံရတဲ့သူတွေက ပြန်ပေးဆွဲတဲ့သူက သူတို့အပေါ်ကိုနည်းနည်းလေးကောင်းတာလေးလုပ်ပေးလိုက်ရင်သူတို့ရဲ့ကျေးဇူးရှင်ကြီးအလားသတ်မှတ်မိပြီး အကောင်းမြင်လာကြပါတော့တယ်ဒီ "Stockholm" ဆိုတဲ့ဇာတ်ကားကို Stockholm Syndrom အစပျိုးစေခဲ့တဲ့၁၉၇၃ခုနှစ်က Stockholm မြို့မှာဖြစ်ပွားခဲ့တဲ့ဘဏ်ဓားပြတိုက်သည့်ဖြစ်ရပ်ကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်ဇာတ်လမ်းထဲမှာ လားစ်ဟာ ဘဏ်ကိုဓားပြ၀င်တိုက်လိုက်ပြီးလူအချို့ကိုရဲတွေနဲ့ညှိနှိုင်းရာမှာအသုံးချဖို့အတွက် ဓားစာခံတွေအဖြစ်ဖမ်းထားခဲ့ပါတယ်အဲ့လိုနဲ့ပဲ Stockholm Syndrom ဘယ်လိုဖြစ်ပေါ်လာမယ်ဆိုတာနဲ့အဲ့ Syndrom ကဘယ်လိုဘယ်ပုံဆိုတာကို ဒီဇာတ်ကားလေးကြည့်ရှုရင်းနဲ့ပဲ... File Size : (859 MB) and (314 MB) Quality : WebDL 720p , 480p Running Time : 1hr 32min Format : Mp4 Genre : Comedy , Crime ...
movie

Stockholm (2018)

2018
The Kid(2019) 6.2
The Kid(2019) The Kid(2019)IMDb....6.2မိဘဆိုတာ တုနှိုင်းမဲ့တဲ့မေတ္တာတရားရှိကြလို့ အနွေးထွေးဆုံးသောအရိပ်အဖြစ်တင်စားကြတယ်.... သို့ပေမယ့် နေရာတိုင်းမှာ ချွင်းချက်ဆိုတာရှိသလို အချို့သောမိဘတွေကြတော့လည်း အထူးသဖြင့် ဖခင်ဖြစ်သူဟာ မိန်းမကိုအားတိုင်းနှိပ်စက် သားသမားတွေကို ညှင်းပန်းတတ်ကြတဲ့ လူသားမဆန်လွန်းတဲ့သူမျိုးတွေရှိကြတယ်.... ဒီလိုဖခင်မျိုးရှိတဲ့မိသားစုအဖို့တော့ တကယ့်လောကငရဲပါပဲ..... ရီယိုတို့မောင်နှမ (၂)ယောက်လုံးအတွက်လည်း အထက်ကပြောသလို ဖခင်မျိုးပိုင်ဆိုင်ထားရလေတော့ နေ့စဉ်အမျှတကယ့်ငရဲခန်းပါပဲ.... တစ်နေ့တော့ မိခင်ကို နှိပ်စက်လွန်းတဲ့ဖခင်ကိုမမျှော်လင့်ဘဲ ရီယိုဟာ သတ်မိသွားတယ်..... ဒီလိုနဲ့ ဒီမောင်နှမ (၂)ယောက်ဟာ အိမ်ကနေထွက်ပြေးခဲ့တယ်.... ဖခင်ရဲ့ညီဖြစ်သူကလည်း အမဲလိုက်သလို သူတို့ မောင်နှမ(၂)ယောက်နောက်ကိုလိုက်ပါတော့တယ်.... ဒီမောင်နှမ (၂)ယောက် လွတ်မြောက်မလား ...ထွက်ပြေးစဉ်အတွင်း ဘယ်လိုအခက်အခဲတွေကြုံရမလဲ.... ရာဇ၀တ်သားတွေပေါ်လွန်းတဲ့ခေတ်ဖြစ်တဲ့အပြင် ပြသနာတစ်ခုကြုံတိုင်း သေနတ်ဖောက်ပြီးဖြေရှင်းတဲ့ခေတ်မို့ သူတို့ဘယ်လိုကြုံရမလဲ..... တခြားကောင်းဘွိုင် ဂိုဏ်းအဖွဲ့တွေနဲ့ရော ကြုံရမှာလား...ခံစားကြည့်လိုက်ပါဦး...File Size : (0.98GB) and (456MB) Quality : Blu-Ray 720p Format…mp4 Duration…01:40:00 Genre : Biography, Drama, Western Subtitle : Myanmar Subtitle (Hard Sub) Translated by Jthekoala Encoded by Phyo Pyae
movie

The Kid(2019)

2019
Juliet, Naked (2018) 6.6
Juliet, Naked (2018) အခု မိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ 2018 ခုနှစ်မှာ ထွက်လာတဲ့ Juliet, Naked ဆိုတဲ့ အင်္ဂလိပ်ဒရမ်မာကားလေးပါဒန်ကန်ဆိုတဲ့ လူဟာ တပ်ကာခရိုးဆိုတဲ့ ရော့ခ်အဆိုတော်ဟောင်းကို အရမ်းစွဲလမ်းပြီး ကြိုက်နှစ်သက်တဲ့ သူပါသူ့ရဲ့ စွဲလမ်းမှုတွေဟာ သူနဲ့အတူနေတဲ့ သူ့ရည်းစား အန်နီကို အရမ်းလွှမ်းမိုးခဲ့ပါတယ်အန်နီကတော့ သူ့အဖေပိုင်တဲ့ ပြတိုက်ကို ဦးစီးလုပ်ကိုင်ရင်းရော့စ်ဆိုတဲ့ မိန်းကလေးချင်းစိတ်ဝင်စားသူ ညီမဖြစ်သူကို အုပ်ထိန်းနေသူပါတစ်နေ့မှာတော့ Juliet, Naked ဆိုတဲ့ ခွေအကြမ်းသွင်းထားတဲ့ ခွေတစ်ခွေ ဒန်ကန်ဆီကို ရောက်လာရာကသူတို့နှစ်ေယာက်ရဲ့ အချစ်ရေးမှာ ဆူးညောင့်ခလုတ်တစ်ခု ဖြစ်လာပါတော့တယ်ဒီအခါ သူတို့ ဘယ်လိုဖြေရှင်းကြလဲဆိုတာနဲ့ မျှော်လင့်မထားတာတွေ ဖြစ်လာတဲ့အခါဇာတ်ကားက ပိုအသက်ဝင်လာပြီး စိတ်ဝင်စားဖို့ ကောင်းလာပါတော့တယ်IMDB 6.6 ထိရထားတဲ့ ဒရမ်မာကားကောင်းတစ်ကားဖြစ်လို့လက်မလွတ်တမ်း ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ ညွှန်းပေးပါရစေ (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်ပေးထားသူကတော့ မေသရဖီလွင်ပါ) File Size : (800 MB) and (380 MB) Quality ...
movie

Juliet, Naked (2018)

2018
Dead Poets Society (1989) 8.1
Dead Poets Society (1989) Dead Poets Society (1989) IMDb - 8.0/10_____Rotten - 84% Won 1 Oscar. Another 19 wins & 18 nominations    အခု ပြောမှာက ဒီရုပ်ရှင်ကနေ ကျွန်တော် ဖမ်းဆုပ်လို့ရသလောက် အတွေးမျှင်တွေအကြောင်းပါ။ ဒီ ရုပ်ရှင်ထဲက Robin Willain ရဲ့ စကားကို မှီးပြောရရင် ပညာရေးဆိုတာ ကိုယ့်ဘာသာ တွေးခေါ်တတ်ဖို့ သင်ပေးရတာပါတဲ့။ကိုယ့်ဘာသာ တွေးခေါ်တတ်ဖို့ (ဝါ) ကိုယ့်ဆင်ခြင်တုံတရား ကိုယ့်အသိစိတ်နဲ့ ကိုယ် ရှင်သန်တတ်ဖို့ ကျွန်တော်တို့ လိုအပ်တဲ့အရာကရော ဘာများလဲ ကျွန်တော်ကတော့ အနုပညာလို့ပဲ ဆိုချင်တယ်။ ဂီတ စာပေ ကဗျာ ပန်းချီ ဘာမဆိုပါပဲ။ ဒီရုပ်ရှင်မှာတော့ ကဗျာတွေနဲ့ပဲ ဥမေယျပြုသွားပါတယ်။ အတွေးအခေါ်နဲ့ ခံစားချက်အပေါ်အခြေခံတဲ့ ကဗျာဆိုတာဟာ အပေါ်ယံကြည့်ရင် ဘာမှမဆိုင်သလိုနဲ့ တစ်သားတည်းပါပဲ။ အနုပညာကိုမုန်းပါတဲ့ ကျော်ကြားလှစွာသော ဒဿ နိကဆရာကြီး ပလေတိုတောင် သူ ဘယ်လိုပဲ အနုပညာကိုမုန်းမုန်း သူ့ကျမ်းတွေကတော့ အတော်ပြေပြစ်လှပတဲ့ အရေးအသား ဖြစ်နေခဲ့ပါတယ်။ အနုပညာနဲ့ ဒဿဘ နိကဟာ မဆိုင်သလိုနဲ့ဆိုင်နေတဲ့ ဒင်္ဂါးပြားရဲ့ ခေါင်းနဲ့ပန်းပါပဲ။ပြီးတော့ကာ တွေးခေါ်မှုဟာ ခံစားချက်မပါရင် အတော်အန္တရယ်ကြီးတဲ့အရာပါပဲ။ ဒီဇာတ်လမ်းမှာ ...
movie

Dead Poets Society (1989)

1989
Daybreakers (2009) 6.5
Daybreakers (2009)          မင်းသား Ethan Hwake,ဝါရင့်မင်းသားကြီးWillam defoe,မင်းသမီး Claudia Karvanတို့ ပါဝင်တဲ့ science fiction horrorဇတ်ကားတစ်ကားဖြစ်ပါသည် ကမ္ဘာပေါ်မှာရှိတဲ့လူတွေအကုန်နီးပါး vampireတွေဖြစ်သွားပြီး ဆယ်နှစ်အကြာကာလမှာဇတ်အိမ်တည်ထားပါတယ် Edward Daltonအဖြစ်သရုပ်ဆောင်ထားတဲ့Ethan Hawkeဟာ vampireတယောက်ဖြစ်သလို ဓာတုဗေဒဓာတ်ခွဲဆရာဝန်တယောက်လဲဖြစ်ပါသည် တနေ့မှာvampireတွေအတွက်အစာရေစာဖြစ်တဲ့လူ့  သွေးတွေကုန်သလောက်ဖြစ် သွားတဲ့အခါမှာEdwardကိုအဲဒီကိစ္စကိုဖြေရှင်းဖို့တာဝန်ပေးခြင်းခံရပါတယ် အဖြေရှာရင်းနဲ့ တရက်အိမ်အပြနိမှာAudreyဆိုတဲ့လူသားကောင်မလေးတို့ အဖွဲ့ ကိုကယ်တင်ရင်းAudreyကနေတဆင့် အရင်ကvampireတစ်ယောက်ဖြစ်ခဲ့ဖူးတဲ့Elvisအကြောငိးကိုသိလိုက်ရတဲ့အခါမှာ Edwardတစ်ယောက်ကမ္ဘာကြီးကိုပြန်လည်ပြောင်းလဲနိုင်မလားဆိုတာပရိတ်သတ်ကြီးရူစားရမှာဖြစ်ပါသည် ဒီဇတ်ကားကိုMicheal Spierigနဲ့Peter Spierigတို့မှရိုက်ကူးထားပြီး Budget $20millions မှာBox officeဝင်ငွေ $51.4millions ပြန်လည်ရရှိထားတဲ့ဇတ်ကားကောင်းတစ်ကောင်းဖြစ်ပါသည် ဒီဇတ်ကားကို Kaung Myat Thu မှ ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်...                                                                                                                 (Yrfatt)
movie

Daybreakers (2009)

2009
Before Midnight (2013) 7.9
Before Midnight (2013) B E F O R E ရဲ ့နိဒါန်း .Vienna ကို ခုတ်မောင်းနေတဲ့ ရထားတစ်စင်းပေါ်မှာ အသက်အရွယ်အနည်းငယ်ကြီးရင့်စပြုနေပြီဖြစ်တဲ့ German စုံတွဲတစ်တွဲ စကားများနေကြတယ်။ ဘယ်အကြောင်းအရာကို အခြေခံပြီး စကားများနေကြသလဲဆိုတာကိုတော့ ကျွန်တော်မသိ။ ဒါပေမဲ့ အိမ်တွင်းရေးကိစ္စတော့ ဖြစ်ဟန်တူတယ်။ သူတို ့နှစ်ဦးရဲ ့အငြင်းအခုန်ပွဲဟာ ရထားတွဲအတွင်းက တစ်ခြားခရီးသည်တွေကိုပါ စိတ်အနှောက်အယှက် ဖြစ်စေတယ်။ ဒါကြောင့်မို ့လည်း စာအုပ်တစ်အုပ်ကို ဖတ်နေတဲ့ ပြင်သစ်သူ Celine ဆိုတဲ့ မိန်းမငယ်လေးဟာ ရထားတွဲရဲ ့အနောက်နားက ဆိတ်ငြိမ်တဲ့ထိုင်ခုံတစ်နေရာကို ပြောင်းထိုင်လိုက်တယ်။ ဒီမှာတင် မလှမ်းမကမ်းနားမှာ သူမလိုပဲ စာအုပ်ထိုင်ဖတ်နေတဲ့ လူငယ်လေးတစ်ယောက်က သူမကို လှမ်းမေးလို်က်တယ်။ စောစောက လင်မယား ဘာကိစ္စနဲ ့ စကားတွေများနေကြတာလဲ ဆိုပြီး … .အချိန်ကာလအားဖြင့် 18 နှစ်ကျော်ကြာမြင့် သွားတဲ့အခါ Greece ရဲ ...
movie

Before Midnight (2013)

2013