Channel Myanmar

Hana Mae Lee

The Babysitter: Killer Queen (2020) 7.8
The Babysitter: Killer Queen (2020) Babysitter : Killer Queen ကတော့ 2017 ကထွက်ရှိခဲ့တဲ့ Babysitter ရဲ့အဆက် ဖြစ်ပါတယ် ဒီဇာတ်ကားလေးမှာဆိုရင်တော့ အဓိကဇာတ်ကောင် ကိုးလ် ဟာ အထက်တန်းကျောင်းသား ဖြစ်နေပါပြီ  ဒါပေမဲ့ လွန်ခဲ့တဲ့ ၂နှစ်က အဖြစ်ဆိုးကြီးကို လူတိုင်းကို ပြောပြလိုက်မိတာကြောင့် ကျောင်းမှာရော အိမ်မှာရော  စိတ်ရောဂါရှိတဲ့ငကြောင်တစ်ကောင်လို သတ်မှတ်ခံနေရပြီး  စိတ်ငြိမ်ဆေးတွေသောက်နေရပါတယ် ဒီလိုနဲ့ တစ်နေ့ ကိုးလ်တစ်ယောက် သူ့ရဲ့ ခရက်ရှ်လေး  မယ်လန်နီနဲ့အတူ ကန်ပါတီကိုသွားဖို့အကြောင်းဖန်လာခဲ့ချိန်မှာတော့ ယခင် ၂ နှစ်က သူ့ရဲ့ အိပ်မက်ဆိုးကြီးကို ပြန်လည်ရင်ဆိုင်ရပါတော့တယ်File Size -  1.1 gb Quality - Web-dl 1080p Subtitle -  burmese Translator - Chuck Chuck Encoder - Thit San Khant
movie

The Babysitter: Killer Queen (2020)

2020
Pitch Perfect 3 (2017) 6.2
Pitch Perfect 3 (2017) Pitch Perfect ဆိုတဲ့နာမည်ကြားလိုက်တာနဲ့ အလန်းစားမြူးဇစ်တွေနဲ့ ဇာတ်ကားကောင်းလေးတစ်ကားဆိုတာ ပြောစရာမလိုအောင် သိပြီးသားဖြစ်မှာပါ။ဒီတစ်ခါကားလေးမှာတော့ ဘယ်လာအဖွဲ့ဝင်တွေ အကုန်လုံးကကျောင်းတွေပြီးလို့ ဘွဲ့ရသွားကြပေမဲ့လဲ သီချင်းအတူဆိုရဖို့ကို အမြဲလိုချင်နေခဲ့ကြတာပါ။ဒီလိုနဲ့ ပြန်ဆုံတဲ့ပွဲမှာ သီချင်းဆိုရမယ်အထင်နဲ့ သွားခဲ့ကြပေမဲ့ မဆိုရလို့ ကြိမ်မနိုင်ခဲမရဝမ်းနည်းခဲ့ရပြီး မရရတဲ့နည်းနဲ့ သီချင်းအတူဆိုကြဖို့ကြိုးစားခဲ့ကြပါတယ်။ဒီတစ်ခေါက်သူတို့အဖွဲ့ သီချင်းဆိုရတဲ့ နေရာကတော့ ခါတိုင်းနဲ့မတူဘဲ စစ်တပ်ထဲက စစ်သားတွေကို ဖျော်ဖြေရတဲ့ပွဲမှာပါ။ဒီပွဲမှာ ဆိုခွင့်ရခဲ့ပေမဲ့လဲ ထုံးစံအတိုင်း အပြိုင်အဆိုင် အခက်အခဲတွေနဲ့ ကြုံခဲ့ရပုံတွေကို ပေါ့ပေါ့ပါးပါးလေး ရိုက်ကူထားတာဖြစ်ပါတယ်။I am the one သီချင်းကို ဂျက်စတင်ဘီဘာနဲ့တွဲဆိုခဲ့ပြီး billboard မှာနာမည်အရမ်းကြီးခဲ့တဲ့ ဒီဂျေကားလက်လဲ ဒီကားလေးထဲမှာ ပါဝင်ထားပါသေးတယ်။နောက်ထပ် ထူးခြားတာတစ်ခုက အဖွဲ့ဝင်တွေရဲ့ မိသားစုbackground အကြောင်းလေးတွေပါ စိတ်ဝင်စားဖွယ် ထည့်သွင်းရိုက်ကူးထားလို့ အရင်ကားတွေလိုပဲ ပရိသတ်တွေကို သေချာပေါက် ဆွဲဆောင်နိုင်မယ့် ကားကောင်းလေးတစ်ကားပါပဲ။ File Size : (800 MB)  Quality : Blu-Ray 720p Running ...
movie

Pitch Perfect 3 (2017)

2017
Pitch Perfect (2012) 7.2
Pitch Perfect (2012) IMDb Rating 7.2/10Rotten Tomatoes 81%Pitch Perfect ကားဟာ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန် Mucical Comedy ဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Barden တက္ကသိုလ်မှ Cappella သီဆိုကြတဲ့ မိန်းကလေးများသာပါဝင်တဲ့ Bella အဖွဲ့ဟာ ၂၀၁၁ခုနှစ် နိုင်ငံအဆင့် Cappella ပြိုင်ပွဲမှာ ယှဉ်ပြိုင်နေစဉ် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Aubrey က စင်ပေါ်မှာ အန်ချမိခဲ့တဲ့အတွက် ပွဲပျက်ပြီး ရှုံးနိမ့်ခဲ့ရပါတယ်။ထို့နောက် အဖွဲ့တော်တော်များများက ကျောင်းပြီးသွား၍ အဖွဲ့မှာ မပါဝင်နိုင်တော့သဖြင့် အဖွဲ့ဝင်သစ်တွေကို ပြန်လည်ရွေးချယ်ရပါတော့တယ်။ရှေ့က Bella တွေရဲ့ပုံစံကတော့ သေးသေးသွယ်သွယ်၊ အရပ်မြင့်မြင့်နဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့ ပုံစံမျိုးတွေပဲဖြစ်ပါတယ်။သို့သော် မနှစ်က ဖြစ်ခဲ့တဲ့ အမှားကြောင့် Bella အဖွဲ့ နာမည်ကျဆင်းခဲ့ရသောကြောင့် လူအများက ဝင်ရောက်အရွေးချယ်ခံဖို့စိတ်ဝင်စားမှုနည်းပါးခဲ့ရသောကြောင့် ရှေးက ပုံစံအတိုင်းအဖွဲ့ဝင်တွေကို မရွေးချယ်နိုင်တော့သောကြောင့် အသံကောင်းပြီး သီချင်းဆိုတတ်တဲ့ မိန်းကလေးများကိုသာ ...
movie

Pitch Perfect (2012)

2012
The Babysitter (2017) 6.3
The Babysitter (2017) The Babysitter (2017) IMDb - 6.3/10_____Rotten - 72%    The Babysitter ဆိုတဲ့ကားလေးနဲ့မိတ်ဆက်ပေးပါမယ် ဒီကားလေးဟာ Netflix ကအသစ်လွှင့်တဲ့သည်းထိတ်ရင်ဖိုကားလေးတစ်ကားပါ အသက် ၁၂ နှစ်အရွယ်ရှိနေသော်လည်းအခုချိန်ထိကလေးထိန်းရှိနေသေးတဲ့ကိုးလ်ဟာသူ့ရဲ့ကလေးထိန်းဖြစ်သူ "ဘီး"ကိုတိတ်တခိုးသဘောကျနှစ်သက်နေပါတယ် တစ်နေ့မှာတော့ကိုးလ်ရဲ့မိဘတွေရုံးပိတ်ရက်မှာတခြားမြို့ကိုသွားရောက်နေပြီးကိုးလ်ကိုကလေးထိန်းနဲ့ထားခဲ့ပါတယ် ကိုးလ်ဟာသူအိပ်ပျော်နေတဲ့အချိန်သူချစ်ရတဲ့ဘီးဘာလုပ်လဲဆိုတာကိုသိချင်တဲ့အတွက်မအိပ်ပဲအခန်းထဲမှာအိပ်ချင်ယောင်ဆောင်နေခဲ့ပါတယ် ညသန်းခေါင်လောက်မှဘီးတို့သူငယ်ချင်းတွေဘာလုပ်နေကြလဲဆိုတာကိုစောင့်ကြည့်နေခဲ့ပါတယ် အဲဒီအချိန်နှာပဲထင်မှတ်မထားတဲ့သူချစ်ရတဲ့ဘီးဟာလူသတ်လိုက်တာကိုမျက်မြင်ကိုယ်တွေ့မြင်တွေ့လိုက်ရပါတယ် ဘီးဟာနတ်ဆိုးနဲ့ဆက်သွယ်ပြီးယစ်ကောင်ရဲ့သွေးနဲ့အပြစ်ကင်းတဲ့သူရဲ့သွေးနဲ့ကိုရောရမှာဖြစ်တဲ့အတွက်ကိုးလ်ရဲ့သွေးကိုလဲအရယူခဲ့ပါတယ် ဒါပေမယ့်ကိုးလ်အိပ်ပျော်မနေခဲ့တာကိုသိသွားတဲ့ဘီးနဲ့သူ့သူငယ်ချင်းတွေကကိုးလ်ကိုလိုက်ဖမ်းပြီးအမဲဖြတ်ပါတော့တယ် ကိုးလ်ကလဲအသက်သေမှာကြောက်လို့ကိုယ့်ကိုကိုယ်ပြန်ခုခံခဲ့ပြီးအလွန်ကြောက်မက်ဖွယ်ကောင်းတဲ့ညတစ်ညကိုဖြတ်သန်းခဲ့ရပါတယ် ဒါပေမယ့်အဆုံးမှာကိုးလ်တစ်ယောက်သူတို့လက်ထဲကလွတ်ပြီးအသက်ရှင်နိုင်ပါ့မလား?????(ဘာသာပြန်နဲ့အညွှန်းက Nicky ပါ)    File Size : (700 MB) Quality : WEB-DL 720p Running Time : 1hr 25min Format : Mp4 Genre :Comedy, Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Nicky Encode by Thanhtike Zaw
movie

The Babysitter (2017)

2017