Channel Myanmar

Hwang Seung-Eon

Past Lives (2023) 8.4
Past Lives (2023) Past Lives (2023)~ IMDb - 8.4/10, Rotten Tomatoes - 97% ~သူ့အကြောင်းနဲ့သူ ကိုယ့်အကြောင်းနဲ့ကိုယ် လမ်းတစ်လမ်းမှာ လျှောက်ရင်းလှမ်းရင်း သူစိမ်းနှစ်ယောက် မတော်တဆ အင်္ကျီလက်ဖျားချင်း အဖျားချင်းခတ်မိရင်တောင် ဘဝအဆက်ဆက်က ရှေးရေစက်ရှိခဲ့လို့ပဲတဲ့။ ဒီလိုခတ်မိတာကိုက ဒီမမြင်ဖူးမကြုံဖူးခဲ့တဲ့ သူစိမ်းနှစ်ယောက်ကြား အတိတ်ဘဝတွေတုန်းက အကြောင်းကံပါစရာ တစ်စုံတရာရှိခဲ့ဖူးတာကြောင့်မို့ပဲတဲ့။ရထားတစ်စင်းပေါ် ဘေးချင်းကပ် ထိုင်ခဲ့ဖူးရုံ ရေစက်မျိုးပဲဖြစ်ဖြစ်...ငှက်ကလေးတစ်ကောင်နဲ့ အဲဒီငှက်ကလေး တစ်မနက်လောက် ဝင်နားဖူးခဲ့တဲ့ သစ်ကိုင်းကလေးရဲ့ ရေစက်မျိုးပဲဖြစ်ဖြစ်...တစ်ခုသောညမှာ အတူတူကြွေကျခဲ့ဖူးတဲ့ ကြယ်လေးနှစ်စင်း သစ်ရွက်ကလေးနှစ်ရွက်ပဲဖြစ်ဖြစ်...ဘယ်လိုရေစက်မျိုးပဲရှိခဲ့ရှိခဲ့ တစ်ခုသောဘဝမှာ ၂ဦးသောသူတို့ ၂သက်၂ချစ်၂ယောက်ကမ္ဘာတည်နိုင်ဖို့ သူတို့၂ဦးကြား ဘဝပေါင်း၈ထောင်စာ ရှေးရေစက်ပေါင်း၈ထောင်ရှိဖို့လိုတယ်တဲ့။သူလိုကိုယ်လိုဘဝပါပဲ။ တစ်စုံတရာကိုလည်း ရရှိဖူးလိမ့်မယ်။ တစ်စုံတရာကိုလည်း ဆုံးရှုံးဖူးလိမ့်မယ်။ တစ်နေရာရာမှာလည်း ဆုံဖူးခဲ့လိမ့်မယ်။ တစ်နေရာရာမှာလည်း ဝေးဖူးခဲ့လိမ့်မယ်။ ထူးထူးဆန်းဆန်းပဲ လွမ်းဖူးလိမ့်မယ်။ ထူးထူးဆန်းဆန်းပဲ နေသားကျသွားလိမ့်မယ်။ မေ့လောက်ပျောက်လောက်ရှိတဲ့အခါလည်း ဆန်းဆန်းပြားပြားပဲ လွမ်းဖူးလိမ့်မယ်။ အံ့ဩဖို့ကောင်းအောင် မေ့မရတဲ့နေ့ရက်တို့တွေ ...
movie

Past Lives (2023)

2023
4K HEVC
The King(2017) 7.0
The King(2017) The King(2017) IMDb ...7 ,,,,,Rotten 83 ကမ္ဘာကျော်ကချေသည်တစ်ယောက်ကို ဂျာနယ်လစ်တစ်ယောက်က " ဒီကကွက်ရဲ့သဘောနဲ့ဆိုလိုရင်းကဘာလဲ'' မေးခဲ့တာကိုကချေသည်ကပြန်ဖြေပါတယ်" အဲဒီလိုသာအလွယ်တစ်ကူပြောလို့ရနေရင် ကျွန်မတို့အပင်ပန်းခံပြီး ဘယ်ကပြနေမလဲတဲ့" The King ကားရဲ့ဆိုလိုရင်းနဲ့သဘောကိုလည်းကျွန်တော်ပြောမပြတတ်ဘူး ဘာလို့ဆို မျက်မှောက်ခေတ်ရဲ့သဘောကိုမီးမောင်းထိုးပြတာလား အတိတ်ခေတ်ရဲ့ဆိုးယုတ်မှုကိုပြတာလည်း ကျွန်တော် ကိုယ်တိုင်လည်းမသိဘူး.....ဒါပေမယ့် ဒီကားကိုကြည့်ပြီးရင် ခင်ဗျားတို့ ရဲ့နှုတ်ခမ်းတွေ မထေ့မဲ့မြင် ပြုံးမိလိမ့်မယ် သြော် ဒီလိုတွေလုပ်လို့ တစ်ချို့ကိစ္စတွေမယ် တို့တွေဒီလိုရင်ဆိုင်ခဲ့ရတာပါလား..ဒါမျိုးတွေလည်း ရှိသေးသကိုးဆိုပြီးတော့ပေါ့....ပြီးတော့ခင်ဗျားတို့အသိတစ်ချို့ကိုထပ်လောင်းအားဖြည့်သွားနိုင်စွမ်းရှိသလို ဗလာနယ်မှာ ခဏခိုနားနေတဲ့ အသိဉာဏ် တစ်ချို့ကိုလည်း တန်ဘိုးရှိနေတာလည်းဖြည့်ပေးသွားမယ်ဆိုတာ ကျွန်တော်ရဲရဲကြီးအာမခံပါတယ်...တစ်ခုတော့ ပြောလို့ရတယ် ဒီဇာတ်ကားက Action,Crime,Dramaအမျိုးအစားပါ..... ဒီဇာတ်ကားရဲ့သရုပ်ဆောင်တွေက ကိုရီးရဲ့နာမည်ကြီး In-sung Jo နဲ့Woo-sung Jung တို့ကိုတော့ အတော်များများ သိကြမှာပါ..... File Size…(900MB) Quality…WEBDL 720p Format…mp4 Duration…02:14:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Honest Abe vs Phyo Pyae
movie

The King(2017)

2017