Channel Myanmar

Igor Khripunov

Baba Yaga: Terror of the Dark Forest (2020) 6.2
Baba Yaga: Terror of the Dark Forest (2020) 2020ထွက် Horror/Supernatural ဇာတ်ကားကောင်းလေးပါ. ဇာတ်လမ်းလေးက ရှရှားရိုးရားပုံပြင်တပုဒ်ကို အခြေခံထားတာပါ။ လူ့လောကရဲ့ နယ်စပ်ဖြစ်တဲ့ သေခြင်းနဲ့ရှင်ခြင်းနယ်မြေကြားမှာ ကလေးတွေရဲ့ ဝိညာဉ်ကို စားသုံးတဲ့ စုန်းမတစ်ကောင် ရှိပါတယ်. အဲ့ဒီစုန်းမဟာ ကလေးတွေကို Navsလို့ ငှက်တပိုင်းလူတပိုင်း သတ္တဝါကို စေလွှတ်ပြီး ကလေးတွေကို ဖမ်းခိုင်းခဲ့ပါတယ်. တနေ့မှာတော့ သူဖမ်းတဲ့ကလေးထဲမှာ တောက်ပတဲ့ဝိညာဉ်ကလေး တစ်ယောက်ပါလာပြီး အဲ့ဒီကလေးကပဲ သူ့ကို သေခြင်းနယ်မြေမှာ အကျဉ်းချထားခဲ့ပါတယ်. အချိန်တွေကြာလာတာနဲ့ အမျှ လူတွေဟာ ပုံပြင်ကို မေ့လာခဲ့ကြပေမယ့် တနေ့မှာတော့ အီဂေါဆိုတဲ့ ကောင်လေးဟာ သူ့ညီမပျောက်သွားတာကို သတိထားမိပေမယ့် မိဘတွေရော တခြားလူတွေကပါ သူ့ညီမရှိတာကို မေ့ကုန်ကြတာပေ့ါ ရှာဖွေဖော်ထုတ်ရင်း ဒဏ္ဋာရီထဲက အရာတွေ အမှန်ရှိပြီး ဘယ်လို လှည့်ကွက်တွေ ဘယ်လို ဒုက္ခပေါင်းစုံကို ရိုက်ပြထားပြီး background soundတွေကလဲ တကယ့်ကိုထိတ်လန့်စိတ်၀င်စားဖွယ်အသံတွေကို ထည့်ထားတာကြောင့် horrorချစ်သူတို့ကြည့်ဖြစ်အောင်ကြည့်ဖို့ ညွှန်းပါ‌ရစေ   File Size - 1 gb Quality - web-dl 1080p Subtitle -  burmese Translator - YK Encoder - Thit San Khant
movie

Baba Yaga: Terror of the Dark Forest (2020)

2020
The Mermaid: Lake of the Dead (2018) 4.0
The Mermaid: Lake of the Dead (2018) ဒီဇတ်ကားလေးက Queen of the spades နဲ့ Bride တို့ရဲ့ ဒါရိုက်တာ(ကြောက်လန့်စရာဇတ်ကားတွေဘဲရိုက်တဲ့ ရုရှားဒါရိုက်တာ) ရိုက်ကူးထားတဲ့တတိယံမိ ဇတ်ကားကောင်းတစ်ကားလေးဘဲဖြစ်ပါတယ်။ ရှေ့ကထွက်ထားတဲ့ဇတ်ကားတွေနည်းတူ ခြောက်လန့်မှုတွေ ပဟေဋ္ဌိတွေနဲ့တည်ဆောက်ထားပုံကလည်း ဇတ်ကားရဲ့ ဆွဲဆောင်မှုတစ်ခုဘဲဖြစ်ပါတယ်။ ဒီဇတ်ကားလေးကတော့ ရေကန်ထဲက မိန်းမတစ်ယောက်ဇတ်ကွက်နဲ့အစပျိုးထားပါတယ်။ လူသူမနေတဲ့အိမ်နားကရေကန်ထဲမှာ ရိုးမားတစ်ယောက်ရေသွားကူးရင်းနဲ့ ရေသူမတစ်ယောက်နဲ့ဆုံခဲ့လေတယ်။ အဲ့ချိန်ကစပြီးတော့ရိုးမားတစ်ယောက် ပုံမှန်မဟုတ်တာတွေဖြစ်လာတော့တယ်။ ဒါကိုရိပ်မိတဲ့သတို့သမီးလောင်းက အခြေအနေကိုရိပ်စားမိကာ အဲ့အိမ်အိုနဲ့ ရေကန်ဆီကိုသွားခဲ့တယ်။ ကျိန်စာသင့်နေတဲ့ သတို့သား အတွက် သတို့သမီးက ရေသူမ နဲ့ ဘာတွေ အပေးအယူလုပ်ရမလဲ ဆက်ပြောနေရင်ဇတ်လမ်း ပေါ့သွားမှာစိုးလို့ ကိုယ်တိုင်ဘဲကြည့်ရှု့ခံစားလိုက်ပါနော်.. သရဲကားကြိုက်တတ်တဲ့ Hardcore ဖန်တွေအတွက်ကတော့ ဒါက ဇတ်လမ်းကောင်း တစ်ခုဖြစ်နေတယ်ဆိုတာကြိုတင်သတင်းကောင်းပါးလိုက်ပါရစေ... ဒီရုပ်ရှင်ကားကို Anny Sharr က ဘာသာပြန်ပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်
movie


2018
The Bride
The Bride   CM Fan တွေ အတွက် ရုရှား သရဲကား တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ ဒီရုပ်ရှင်ကားဟာ ဖြစ်ရပ်မှန်အပေါ် ကျောရိုးယူ ရိုက်ကူးထားတယ်လို့ သိရပါတယ် Nastya ဆိုတဲ့ ကောင်မလေးဟာ ဓါတ်ပုံဆရာ တစ်ယောက်နဲ့ အိမ်ထောင်ကျပြီး ဆွေပြမျိုးပြ အဖြစ် သူမ ယောင်္ကျား ရဲ့ နေရပ်သို့ လိုက်လည်ခဲ့ပါတယ် ထိုမိသားစု အတွင်းရှိ အားလုံးနီးပါး ဓါတ်ပုံရိုက် ၀ါသနာရှင်များ နာမည်ကြီး ဓါတ်ပုံဆရာများဖြစ်ပြီး လောလောဆယ်တွင် Nastya ၏ ခင်ပွန်းဖြစ်သူသာ ကျန်ရှိပါသည် ထိုမိသားစု တွင် Nastya ခင်ပွန်း ၏ ညီမ နှင့် အဖေ တို့ အတူနေထိုင်ကြပြီး အိမ်ကြီးတစ်ခုလုံးဟာ ချောက်ချားဖွယ်အတိပါပဲ... တစ်ရက်မှာတော့ ထိုအိမ်ကြီး ရဲ့ လျို့ဝှတ်ချက် တစ်ချို့ကို Nastya ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိခဲ့သောအခါ.....   Thit San Khant   
movie

The Bride

Queen Of Spades (2016) 5.4
Queen Of Spades (2016) ရင်တမမနဲ့ကြည့်ရမဲ့ ကားလေးလာပါပြီဗျာအရင်ဦးစွာ အန်ရနဲ့အတူ သူ့သူငယ်ချင်းသုံးယောက်က Queen Of Spadesအကြောင်းကိုပြောနေကြပါတယ် သူက လူတွေကိဘယ်လိုခြောက်လှန့်ကြောင်း စသည်ဖြင့်....အဲဒီမှာဘာထဖြစ်လဲဆိုတော့ အန်ရရဲ့သူငယ်ချင်းတွေဟာသရဲ(Queen Of Spades)ကိုခေါ်ဖို့အန်ရကိုပြောလာပါတယ်...ဒီနေရာမှာ အန်ရတစ်ယောက်ဒုက္ခလှလှတွေ့ပါတော့မယ်ဘာလို့လဲ.... သူခေါ်လိုက်တဲ့ မကောင်းဆိုးဝါးကြီးဟာ.မှန်ထဲကနေထွက်လာပြီးနောက်မှာသူရှင်သန်ဖို့အတွက် ပူးကပ်ဖို့ အရာဝတ္ထု ဒါမှမဟုတ်သက်ရှိ လူခန္ဓာတစ်ခုလိုမှာပါ ဒါကတော့ ရှင်းနေပါပြီ သူ အန်ရခန္ဓာကိုယ်ကိုပဲ ဝင်ပူးကပ်တော့မှာပေါ့ခများတို့မသိသေးတာတစ်ခုက အန်ရဟာ သူ့ကိုယ်ထဲဝင်ပူးထားတဲ့ ဒီမကောင်းဆိုးဝါးကြီးကို.ဘယ်လိုပြန်ခုခံပြမလဲဆိုတာကိုပါပဲ သူတစ်ယောက်တည်းမနိုင်ပါဘူး အကူအညီတွေလိုပါလိမ့်မယ် ကိုင်း.....ဘယ်လိုတင်ဆက်ထားလဲဆိုတာ ခံစားလိုက်ကြပါဦးသြော်...ဒီကားကြည့်ပြီးရင် ခများတို့အိမ်ကမှန်မှာ ဇတ်ကားထဲကသရဲခေါ်နည်းအတိုင်း ခေါ်ကြည့်ပါ သရဲထွက်လာရင် ကျွန်တော်နဲ့မဆိုင်ဘူးနော် (ဘာသာပြန်နဲ့ အညွန်းရေးသူကတော့ ဂျွန်လယောင်ဖြစ်ပါတယ်)Download Large File From Pcloud  Download Small File From Pcloud
movie

Queen Of Spades (2016)

2015