Channel Myanmar

James Spader

The Homesman (2014) 6.6
The Homesman (2014) The Homesman (2014)~ IMDb - 6.6/10, RT - 81%, Meta - 68% ~ဒီရုပ်ရှင်ဟာ Western ဝတ္ထုတွေနဲ့ နာမည်ကြီးတဲ့ Glendon Swarthout ရဲ့ The Homesman ဝတ္ထုကိုမှီငြမ်းထားတယ်။ သူ့‌ဇာတ်ကောင်တွေရဲ့ ထူးခြားချက်က သန်မာသလောက် ရှုပ်ထွေးတဲ့ပုံစံမျိုးကိုဦးတည်တယ်။ ဇာတ်ကောင်တွေက သာမန်ဖြစ်ခြင်း၊ သာမန်သတ္တိ၊ သာမန်ရဲရင့်မှု၊ သာမန်ကိုယ့်ကျင့်တရားတွေမရှိနေဘူး။ စံသတ်မှတ်ချက်တွေကနေ ကျော်လွန်တဲ့ ဒါမှမဟုတ် ကွဲပြားတဲ့ သတ္တိနဲ့ဖြောင့်မတ်မှုမျိုးကို ပြတယ်။ အဲဒီလို ဇာတ်ကောင်တွေကိုလည်း သူ့ရဲ့ Bless the Beasts and the Children နဲ့ The Homesman ဝတ္ထုတွေမှာ သိသိသာသာတွေ့ရတယ်။ The Homesman က စံသတ်မှတ်ချက်တွေကိုမေးခွန်းထုတ်ပြီး တကယ့်သတ္တိက ဘာလဲဆိုတာကို သူ့ရှုထောင့်ကနေ ဖြေဖို့ ကြိုးပမ်းချက်တွေပဲ။ ...
movie

The Homesman (2014)

2014
Lincoln (2012) 7.3
Lincoln (2012) Lincoln (2012) ============ IMDb Rating = 7.3/10 Directed By Steven Spielbergအေဘရာဟမ်လင်ကွန်းဆိုတဲ့ နာမည်ကြားရင် ၁၆ဆက်မြောက် အမေရိကန်သမ္မတဆိုတဲ့ဂုဏ်ပုဒ်ထက် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်ခဲ့သူဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ပိုသိကြတယ်။ ဂျော့ဝါရှင်တန် သောမတ်ဂျက်ဖာဆန်၊ အေဘရာဟမ်လင်ကွန်း၊ သီအိုဒိုးရုစဘဲ့စတဲ့ Mount Rushmoreမှာ ထွင်းထုထားတဲ့ အကြီးကျယ်ဆုံးအမေရိကန်သမ္မတ လေးယောက်ထဲကတစ်ယောက်။ သူကသစ်လုံးအိမ်ကလေးကနေ သမ္မတဖြစ်လာသူ၊ အသွားအပြန်ရထားပေါ်စာဖတ်ရင်းလေ့လာခဲ့တဲ့သူ စသဖြင့် အချက်တွေနဲ့လည်း နာမည်ကျော်တယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်သမိုင်းရဲ့ လုပ်ကြံသတ်ဖြတ် ခံရတဲ့လေးဦးတည်းသော သမ္မတတွေထဲက တစ်ယောက်ဖြစ်တယ်။ ဒီရုပ်ရှင်ဟာ သူ့နာမည်ကြီးတပ်ထားပေမဲ့ သူ့အတ္ထုပ္ပတ္တိကို ရိုက်ပြထားတာတော့ မဟုတ်ဘူး။ ငွေဝယ်ကျွန်စနစ်ကို ဖျက်သိမ်းဖို့ ဘယ်လိုဘယ်ပုံ အားလုံးကြိုးပမ်းခဲ့ရလဲဆိုတဲ့ အကြောင်းအရာဘက် ပိုသွားတယ်။ အဲ့ဒီကာလအကြောင်းသိထားမှပဲ ဒီရုပ်ရှင်ကြည့်ရတာ ပိုအဆင်ပြေ‌လောက်မယ်။ လုပ်ကြံမခံရခင်အထိ ၁၈၆၁- ၁၈၆၅ လင်ကွန်းရဲ့ သမ္မသက်တမ်းတစ်လျှောက်ဟာ ပြည်တွင်းစစ် ဖြစ်ရာကာလနဲ့ အတူတူပဲ။ ပြည်တွင်းစစ်ဟာ တောင်ပိုင်းပြည်နယ် ၁၁ခုက ခွဲထွက်ဖို့ကြိုးစားရာက စခဲ့တယ်။ အဲ့ဒီတောင်ပိုင်းပြည်နယ်တွေကို ကွန်ဖက်ဒရိတ်စီလို့ ခေါ်ပြီး ...
movie

Lincoln (2012)

2012
Avengers: Age of Ultron (2015) MCU 7.4
Avengers: Age of Ultron (2015) MCU Marvel Cinematic Universe Intro=======================Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။ အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။ Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။ ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, ...
movie

Avengers: Age of Ultron (2015) MCU

2015
[18+] Secretary (2002) 7.0
[18+] Secretary (2002)  +++Dark Side production မှ တင်ဆက်သည်။+++ဒီဇာတ်ကားမှာ မစ္စတာ Grey အဖြစ် မင်းသားကြီး James Spader...Mr.Grey ရဲ့ အတွင်းရေးမှူး ဟော်လိုဝေး အဖြစ် မင်းသမီးကြီး Maggie Gyllenhaal...ဇာတ်လမ်းကတော့ မစ္စတာဂရေးနာမည်ကို ကြားလိုက်တာနဲ့ ဘယ်လိုဇာတ်ကားဆိုတာ မှန်းမိမယ်ထင်ပါတယ်..ငယ်ငယ်ကတည်းက မိဘတွေရဲ့ ဘဝအခြေအနေကြောင့် စိတ်ဒဏ်ရာအများအပြားနဲ့ ကြီးပြင်းလာရတဲ့ ဟော်လိုဝေး..ခက်ထန်တဲ့ အမူအရာတွေနဲ့ ကြမ်းတမ်းတတ်တဲ့ မစ္စတာဂရေး...သူတို့နှစ်ယောက်ရဲ့ တိတ်ဆိတ်တဲ့ အမှောင်ခြမ်းတွေကို ရုံးခန်းတစ်ခုထဲမှာ ဘယ်လိုတွေ ခင်းကျင်းကြမလဲဆိုတာ.....။18+ ဇာတ်ကားဆိုပေမယ့် Rating တွေလဲ မြင့်ပါတယ်။IMDb (7/10) နဲ့ Rotten Tomatoes 76% ထိ ရရှိထားတဲ့ လူကြီးဇာတ်ကားပါ။  File size…(1.1 GB) Quality…Blu-Ray 720p Format…mkv Duration….01:51:00 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB Translated by Dark Side TNL
movie

[18+] Secretary (2002)

2002
Stargate (1994) 7.1
Stargate (1994) ကျွန်တော်တို့တွေ အီဂျစ်မှာရှိတဲ့ ပိရမစ်ကြီးတွေ စဖင့်ရုပ်တုတွေအကြောင်းကို အကုန်လုံးကြားဖူးမြင်ဖူးကြမှာပါ။ထူးခြားဆန်းကျယ်တဲ့ တည်ဆောက်မှု့တွေ ဖြစ်သလို အရမ်းကို တိကျလွန်းတဲ့ တစ်လက်မတောင်မလွဲတဲ့ ဗိသုကာစကေးတွေနဲ့ တည်ဆောက်ထားတာတွေကိုတွေ့ရမှာပါ။ ဒီတော့ တစ်ချို့လူတွေ တွေးတာက ဒီလောက် တိကျလွန်းပြီး နက္ခတဗေဒ အရကော သင်္ချာနည်းအရပါ ထူးခြားတိကျလောက်အောင် တည်ဆောက်ထားတာ ရှေးခေတ် အီဂျစ်တွေမဟုတ်နိုင်ဘူး သူတို့ထက် ယဉ်ကျေးမှု့ ပိုမြင့်တဲ့ လူ့အဖွဲ့အစည်းတစ်ခုခု ဖြစ်မယ်ပေါ့ဗျာ။ ဒီဇာတ်ကားမှာလဲ အဲ့အမြင်ကို ချပြသွားပါတယ်။ ဇာတ်လမ်းကို အနည်းငယ်ပြောပြရရင် ၁၉၂၈ ခုနှစ် အီဂျစ်မှာ ရှေးဟောင်းပိရမစ်ကို တူးဖော်ရင်းနဲ့ ထူးဆန်းတဲ့ Device တစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ အဲ့ Device ပေါ်မှာ ထူးခြားတဲ့ အရုပ်စာတွေပါပါတယ်။ အဲ့ကတည်းက အဲ့အရုပ်စာကို အဓိပ္ပာယ်ဖော်ခဲ့ကြပါတယ်။ဒါပေမဲ့ မဖော်နိုင်ခဲ့ပါဘူး။ဒီလိုနဲ့ နှစ်တွေ များစွာကြာပြီးတဲ့နောက် အပေါ်က တင်ပြခဲ့တဲ့ အမြင်မျိုးရှိတဲ့ ဒေါက်တာ ဒန်နီရယ်လ်ဂျက်ဆန် ဆိုတဲ့ ပညာရှင်တစ်ဦးပေါ်ထွက်လာခဲ့ပါတယ်။တစ်ရက်မှာ သူ့အမြင်ကိုတင်ပြဟောပြောပွဲအပြီးမှာပဲ သူ့ကို ထူးဆန်းတဲ့ အမျိုးသမီးတစ်ဦးက ဖိတ်ခေါ်ခဲ့ပါတယ်။သူလည်းအဲ့အမျိုးသမီးဖိတ်ခေါ်တဲ့နေရာကို လိုက်သွားတာပေါ့ အဲ့လို လိုက်သွားမှပဲ သိရတာက အဲ့နေရာဟာ အထူးနိုင်ငံတော်လျှို့ဝှက်ချက်ဖြစ်ပြီး ၁၉၂၈ ကတွေ့ခဲ့တဲ့ စက်ပစ္စည်းကို ...
movie

Stargate (1994)

1994