Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jeffrey Tambor
7
Pollock (2000)
Pollock (2000)~ IMDb - 7/10, RT - 80%, Meta - 77% ~ဂျက်ဆင်ပိုးလော့ဆိုတဲ့နာမည်ကို ပန်းချီပညာကို စိတ်ဝင်စားတဲ့သူ တော်တော်များများရင်းနှီးကြမှာပါပဲ။ ပိုးလော့ဟာ အမေရိကန်ပန်းချီရဲ့ ဟန်စစ်စစ်ပေါ်လာအောင် အစပြုခဲ့တဲ့လူ အမေရိကရဲ့ အကောင်းဆုံးပန်းချီဆရာလို့ သမုတ်ခံရတဲ့ ပန်းချီဆရာမျိုးပါ။ Pollock (2000) ကို Ed Harris ကိုယ်တိုင် ပိုးလော့နေရာက သရုပ်ဆောင် ရိုက်ကူးထားတယ်။ ဒီရုပ်ရှင်အစပြုတာကတော့ ဟားရစ်အဖေက ဟားရစ်ကို ပိုးလော့ဘိုင်အိုဂရပ်ဖီစာအုပ်တစ်အုပ်ပေးရာက စတယ်။ ရုပ်ရှင်အဆုံးမှာလည်း ဒီရုပ်ရှင်ဟာ သူ့အဖေနဲ့အမေကို ရည်ညွှန်းတယ်လို့ ဆိုထားတယ်။ ဒီရုပ်ရှင်ကို ဟားရစ်ဟာ စိတ်ရောကိုယ်ပါ အားထည့်ရိုက်ကူးခဲ့ပြီး ဒီထဲက ပန်းချီဆွဲခန်းတွေ ပန်းချီတွေကိုလည်း ဟားရစ်ကိုယ်တိုင်ပဲ ဆွဲခဲ့တယ်။ ဟားရစ်ဟာ ပိုးလော့ရုပ်ရှင်နဲ့ အော်စကာမှာ အကောင်းဆုံးသရုပ်ဆောင်ဆု ဆန်ခါတင်ဝင်ခဲ့ပြီး သူ့မိန်းမနေရာက သရုပ်ဆောင်ခဲ့တဲ့ Marcia Gay ...
movie
Pollock (2000)
2000
6.4
Flypaper (2011)
လူတစ်ယောက် အကြွေလိုချင်လို့ ဘဏ်ထဲဝင်လဲတယ် ဘဏ်စာရေးမလေး က မင်္ဂလာဆောင်ပြီးကာစ အဲ့အချိန်မှာ ဘဏ်ကဓါးပြအတိုက်ခံရတယ် ထူးဆန်းတာက တိုက်တာက အဖွဲ့၂ ဖွဲ့ FBI ကနေ ဓါးပြတွေကို အဆင့်တွေခွဲထားတဲ့ခေတ် လာတိုက်တဲ့ ၂ဖွဲ့မှာ သုံးကောင်အဖွဲ့က ဆရာတွေ rank အမြင့် ၂ကောင်အဖွဲ့က ငစနူ အောက်တန်းစားဓါးပြတွေ အကြွေလာလဲတဲ့ သူက OCD ဝေဒနာသည် အတွေးအခေါ်က ရှယ်ဂျွတ် ဂဏန်းသချာၤ က အသေတော် ဘဏ်စာရေးမလေးကို ကာကွယ်ပေးချင်တဲ့သူ ဖြစ်ချင်တော့ ဓါးပြ ၂ ဖွဲ့အချင်းများနေတုန်း ဘေးကရပ်ကြည့်နေတဲ့ တယောက်ကို ကျည်ဆန်ထွက်ပြီး မှန်ပြီးသေ သေသွားတာက အရပ်ဝတ်နဲ့ရဲဖြစ်နေတယ် ဘယ်သူပစ်လိုက်မှန်းလဲ မသိဉာဏ်ပြေးတဲ့ မင်းသားအပါအဝင် ဓါးစာခံ ရှစ်ယောက်ရယ် smart ဖြစ်တဲ့ ဓါးပြအဖွဲ့ရယ် ငပေါ ဓါးပြ ၂ကောင်ရယ် plot မိုက်မိုက်လေးနဲ့ twist လန်းလန်းလေးနဲ့ ဘဏ်ဓါးပြကားမျိုး ကြည့်ချင်သူများ အကြိုက်တွေ့မှာပါ အစက ဘာသာပြန်ရေးမလို့စဉ်းစားထားပေမဲ့ ပျင်းတာ မအားတာနဲ့တိုင်ပတ်နေလို့ လိုချင်ရင် tag ထားတဲ့ CM admin တွေ ဆီက တောင်းယူကြပါကုန် ပက်ထရစ် ဒမ့်ပ်ဆေး နဲ့ အက်ရှ်လေ ဂျုဒ် သရုပ်ဆောင်ထားပါတယ်။(ရုပ်ရှင်အညွှန်းကို YeWai ...
movie
Flypaper (2011)
2011
7.3
Girl, Interrupted (1999)
Girl, Interrupted (1999)~ IMDb - 7.3/10, Rotten Tomatoes - 53% ~Angelina Jolie နဲ့ Winona Ryder တို့ရဲ့ ငယ်ရုပ်တွေကိုပြန်မြင်ရမယ့်ရုပ်ရှင်လေးဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ တကယ့်လက်တွေ့ဘဝမှာ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက် ကြုံခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာအခက်အခဲအတွေ့အကြုံတွေကို ဇာတ်လမ်းလေးအတိုင်း အဖိအဖော့မှန်မှန်ရိုက်ပြသွားနိုင်တဲ့ ကားကောင်းလေးတစ်ကားပါပဲ။ဒီရုပ်ရှင်ကို နာမည်တူ Girl, Interrupted ဆိုတဲ့ 1993 ခုနှစ်က အရောင်းရဆုံး ကိုယ်တွေ့မှတ်တမ်းစာအုပ်အပေါ် အခြေခံရိုက်ကူးထားတာပါ။ စာရေးသူက ဆူဇန်နာကေဆန် ဖြစ်ပြီး ရုပ်ရှင်ထဲမှာလည်း နာမည်အရင်းတွေပဲသုံးသွားပါတယ်။စာအုပ်ပေါ်အခြေခံရိုက်တဲ့ရုပ်ရှင်တွေဆိုရင် စာအုပ်ကပိုကောင်းနေတတ်တာတွေ ခပ်များများဗျ။ ဒါကျမတူဘူး။ စာအုပ်ကော ရုပ်ရှင်ပါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကောင်းနေတာမျိုး။ ကျွန်တော့်အမြင်အရဆိုရင်တော့ စာအုပ်ထက် ရုပ်ရှင်က ပိုကောင်းတယ်လို့ခံစားရတယ်။ စာအုပ်ထဲမှာက ကိုယ်တွေ့မှတ်တမ်းဆိုတဲ့အတိုင်း အခန်းတွေကပြန့်ကျဲနေတာ... ဘာဇာတ်ကွက် လှည့်ကွက် ဘာမှကိုမပါနေဘူး။ ဇာတ်ရှိန်တက်မယ့်နေရာတွေဆို ဝေလာဝေး။ ဒီနေရာမှာ သူက ...
movie
Girl, Interrupted (1999)
1999
7.3
The Accountant (2016)
Batman မင်းသား Ben Affleck ရဲ့ Action, Crime အမျိုးအစားရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ ကလေးဘဝမှာ High Functioning Autism(ဉာဏ်ရည်မနိမ့်ကျသော အထီးကျန်စိတ်ဝေဒနာတစ်မျိုး) ခံစားနေရပြီး အထူးကျွမ်းကျင်သူ တစ်ဦးဆီမှာ ကုသရင်း နေထိုင်ခဲ့ရပါတယ်။ဒါပေမယ့် သူအရွယ်ရောက်လာချိန်မှာတော့ စာရင်းကိုင်တစ်ယောက်ဖြစ်လာခဲ့ပါပြီ။ သာမာန်စာရင်းကိုင်တွေ ၁နှစ်လောက်လုပ်ရမယ့် စာရင်းကို တစ်ညတည်းလုပ်နိုင်တဲ့သင်္ချာဉာဏ်ကြီးရှင်မျိုးဖြစ်လာပြီး လူဆိုးဂိုဏ်းတွေကြားထဲက အရှုပ်အရှင်းတွေ ငွေတွေကို စစ်ဆေးပေး၊ခဝါချပေးတဲ့အလုပ်ကို လုပ်ကိုင်လာပါတယ်။ သူ့ကိုကူညီနေတဲ့ ဖုန်းထဲက အသံပဲကြားရတဲ့ လျို့ဝှက်မိန်းကလေးတစ်ယောက်ရဲ့ အကူအညီနဲ့ပေါ့။လူဆိုးဂိုဏ်းတွေကြားမှာ အသက်ရှင်ရက်နေနိုင်ပြီး သူ့ကိုဘယ်သူဘယ်ဝါမှန်းပါ မသိအောင် နေနိုင်ခဲ့တဲ့အပြင် တိုက်ခိုက်ရေးပညာ နဲ့ လက်နက်မျိုးစုံလည်း ကျွမ်းကျင်ပါတယ် (ခြုံပြောရရင် Batman စီးပွားပျက်ပြီး စာရင်းကိုင်လုပ်စားသလိုပါပဲ :3 )။ ဒီဇာတ်လမ်းမှာတော့ သူဖော်ချလိုက်မိတဲ့ ငွေမသမာမှုတစ်ခုမှာ ပါနေတဲ့ အပြစ်မဲ့ မိန်းကလေးတစ်ယောက်ကို ကြေးစားတွေလိုက်နှုတ်ပိတ်တာကို ကယ်တင်ရင်း သူစခဲ့တဲ့ ဇာတ်လမ်းကို အဆုံးထိပြန်လိုက်ရှင်းဖို့ကြိုးစားရတဲ့အခါမှာ....... File size…7.86GB / 1.7GB / 720MB Quality…4k HEVC AAC5.1CH / 1080p / ...
movie
The Accountant (2016)
2016
4K HEVC
5.1
The D Train (2015)
The D-Train (2015) ===================ဒန်နီရယ်ဟာ အထက်တန်းကျောင်းအောင်ပြီးကတည်းက ဘဝကိုရိုးရိုးရှင်းရှင်းပဲဖြတ်သန်းလာတဲ့ ကလေးတစ်ယောက်အဖေပါ။ အကြံပေးအေဂျင်စီတစ်ခုမှာ အလုပ်လုပ်နေပြီးတော့ ဘာမှအပူအပင်လည်းမရှိပါဘူး။ကျောင်းသားဟောင်းကော်မတီရဲ့ဥက္ကဌတစ်ယောက်အနေနဲ့ သူအောင်ခဲ့တဲ့ ဂရန့်ဘာကလော့ချ်အထက်တန်းကျောင်းရဲ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲကို ကျင်းပဖို့ ကြိုးစားနေပေမယ့် ကျောင်းသားဟောင်းတွေက ပွဲတက်ဖို့ကို စိတ်မဝင်စားကြပါဘူး။ အဲဒီအချိန်မှာ မျှော်လင့်ချက်ရောင်ခြည်တစ်ခုပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ အထက်တန်းကျောင်းတုန်းက နာမည်ကြီးခဲ့တဲ့ အိုလီဗာလောလက်စ်ဆိုတဲ့သူကို ပွဲတက်ဖို့ဖိတ်ကြားမယ့်အကြံပါပဲ။ ဒန်နီရယ်တစ်ယာက်မသိခဲ့တာကတော့ အဲဒီကိစ္စကနေစပြီး သူ့ဘဝရဲ့အချိုးအကွေ့ကို ကြုံရတော့မယ်ဆိုတာပါပဲ။ အဲဒီအချိုးအကွေ့ကတော့..... School of Rock နဲ့နာမည်ကြီးလာခဲ့တဲ့ မင်းသား Jack Black ရဲ့ ၂၀၁၅ခုနှစ်ထွက် ဒရမ်မာကားကောင်းလေးဖြစ်ပြီးတော့ မင်းသား James Marsdenကလည်း ပါဝင်အားဖြည့်ပေးထားပါသေးတယ်။ အားလုံးပဲ ကြည့်ရှုလိုက်ကြပါဦးနော် File size….....1.06GB / 407MB Quality…......1080p BluRay AAC5.1CH / 720p Format…......mp4 Duration......1h 41m Subtitle….....Myanmar Subtitle (Hard Sub) Encoder…....YK Translated...Myo Myo Htet
movie
The D Train (2015)
2015
6.4
The Invention of Lying (2009)
The Invention of Lying (2009) ~ IMDb - 6.4/10, Rotten Tomatoes - 55% ~မုသားမရှိတဲ့ကမ္ဘာမှာနေချင်တယ် ဘာညာ စာတိုလေးတွေ ရေးကြ ပြောကြတာတွေ တွေ့ဖူးမယ်ထင်ပါတယ်။ ကိုယ်တိုင်ရော ပြောမိကြဖူးပါသလား။ တကယ်ပဲ အဲဒီလိုကမ္ဘာထဲရောက်သွားရင်ကော ဘယ်လိုနေမယ်ထင်ပါသလဲ။ဒီဇာတ်ကားထဲမှာတော့ အဲလိုမျိုးကမ္ဘာတစ်ခုထဲက ဇာတ်လမ်းလေးတစ်ပုဒ်အကြောင်း ပြောပြထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းထဲကလူတွေဟာ ခင်ဗျားတို့ ကျွန်တော်တို့လို သာမန်လူတွေပါပဲ။ ကွာခြားမှုတစ်ခုတည်းရှိတာက သူတို့ဟာ မုသားဆိုတဲ့ သဘောတရားကို နားမလည်ကြဘူး၊ သိလည်းမသိ၊ ပြောလည်းမပြောတတ်ကြဘူး။ ဒီတော့ မြှောက်ပင့်ပြီးညာပြောတာမျိုး၊ အားနာလို့လိမ်ပြောတာမျိုး၊ လိုချင်တာရဖို့လိမ်ညာတာမျိုး လုံးဝမရှိပါဘူး။ သူတို့က သူတို့စိတ်ထဲရှိတာကိုပဲ အရှိအတိုင်းပြောတတ်ကြပါတယ်။ အဲလိုဆိုတော့ တစ်ခါတလေမှာ အပြောခံရသူမှာ စပ်ဖျင်းဖျင်းတော့ ဖြစ်တာပေါ့လေ။မာ့ခ် ဘယ်လီဆင်လို အသက်ကလေးဆယ်ကျော် ပိုက်ဆံကမရှိ လူက ဝပြဲပြဲ ရွက်ကြမ်းရေကျိုရုပ်နဲ့ လူ ဆိုရင် ပိုခံရခက်တာပေါ့။ ...
movie
The Invention of Lying (2009)
2009
6.3
Magic Camp 2020
Magic Camp ဆိုတဲ့ ဇာတ်လမ်းလေးကတော့ အံသြစရာ ရင်ခုန်စရာကောင်းလှတဲ့ မျက်လှည့်လေးတွေနဲ့ မျက်လှည့်ပညာရှင် လူငယ်တွေကြားက ဟာသအလွဲလေးတွေကို ကြည့်ရှုရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ မျက်လှည့်ပညာရှင်ဖြစ်ချင်ကြတဲ့ ကလေးတွေအတွက် ဖွင့်လှစ်ပေးထားတဲ့ နွေရာသီ စခန်းချသင်တန်းလေးတစ်ခု..... အဲ့ဒီ့ နွေရာသီမျက်လှည့်သင်တန်းကျောင်းကို ရာက်လာကြတဲ့ သင်တန်းသားလေးတွေကတော့.... ဖခင်ဖြစ်သူဆုံးပါးသွားပြီးနောက် ဖခင်သင်ပေးခဲ့တဲ့ မျက်လှည့်ပညာကိုလူမသိအောင်လေ့ကျင့်ရင်း ဖခင်ကိုတမ်းတနေတဲ့ သီအို မိဘတွေရဲ့ဂရုစိုက်မှုမခံရဘဲ အဝေးပို့ခံရတဲ့အတွက် စိတ်မပါဘဲစခန်းကိုရောက်လာတဲ့ ဂျနဲလ် ဓာတ်မတည့်တဲ့အရာတွေများစွာကြောင့် ကျန်းမာရေးမကောင်းပေမဲ့ သချင်္ာသိပ်တော်တဲ့ နေသန် နာမည်ကြီးမျက်လှည့်ပညာရှင်ဖြစ်တဲ့ဖခင်ရဲ့မျှော်လင့်ချက်ကို မလွန်ဆန်နိုင်တဲ့အတွက် ဝါသနာမပါတဲ့မျက်လှည့်သင်တန်းကိုရောက်လာရတဲ့ ဂျဒ် တို့ပဲဖြစ်ပါတယ်။ သူတို့လေးတွေကို သင်ကြားပေးဖို့ မျက်လှည့်ပညာမှာထူးချွန်ပေမယ့် စင်မြင့်ထက်ပြသဖို့စွန့်လွှတ်ခဲ့တဲ့ အန်ဒီနဲ့ အန်ဒီ့ကို သစ္စာဖောက်ခဲ့တဲ့ ထိ်ပ်တန်းမျက်လှည့်ပညာရှင့် ခရစ်တီးနားတို့ကို တာဝန်အပေးခံရတဲ့အခါမှာတော့ သူတို့ရဲ့ Magic camp လေး ဘယ်လို အသက်ဝင်လှုပ်ရှားသွားမလဲ ? ကလေးတွေရဲ့ ပေါက်ကရအပြုအမူတွေကို အန်ဒီနဲ့ ခရစ်တီးနားတို့ ...
movie
Magic Camp 2020
7.1
There’s Something About Mary (1998)
There's Something About Mary (1998)IMDb....7.1,,,,Rotten..83%အချစ်ဝတ္ထုစာအုပ်တွေ တော်တော်များများဖတ်ကြပေမယ့် လူငယ်တွေကြားမှာဆိုရင်စာရေးဆရာ နီကိုရဲတို့ ဆရာမင်းလူတို့ရေးတဲ့အချစ်ဝတ္ထုတွေကို ကျွန်တော်တို့ ပိုသဘောကျကြတယ်... သူတို့ရဲ့ဇာတ်ကောင်ဖြစ်တဲ့ ကောင်လေးတွေဟာ အများအားဖြင့် ဖြူစင်ရိုးသားကြပြီး လုပ်သမျှအလုပ်တိုင်းနီးပါး အလွဲတွေများနေသလိုကောင်မလေးတွေကျတော့လှပပြီး အနည်းနဲ့အများတော့ ထက်မြက်တဲ့အထဲပါကြတယ်....ကျွန်တော်တို့ဟာ ရိုးသားတာကိုပဲတန်းဘိုးထားကြလို့လား ထက်မြက်တဲ့မိန်းကလေးတွေကိုပဲသဘောကျလို့လားတော့မသိ...သူတို့ရေးတဲ့စာအုပ်တွေကိုတော့ တကယ့်ကိုစွဲလမ်းခဲ့ကြပါသည်...ဒီကားထဲမှလဲ တက်ဒ်ဆိုတဲ့ ရိုးသားပြီးအူကြောင်ကြောင်နိုင်တဲ့ကောင်လေးတစ်ယောက်ဟာကျောင်းရဲ့အထင်ကရ မေရီဆိုတဲ့ကောင်မလေးကို သဘောကျသွားမိတာပါပဲ....ကံကောင်းတာက အထက်တန်းကျောင်းကပွဲအတွက်မေရီနဲ့တွဲတက်ခွင့်ရပေမယ့် သွားမယ့်နေ့မှာတကယ့် မဟာအလွဲကြီးနဲ့ရင်ဆိုင်ခဲ့ရပါတယ်..အဲ့ဒီအဖြစ်အပျက်ပြီးတဲ့နောက်ပိုင်းတော့ တက်ဒ်နဲ့ မေရီတို့တို့ထပ်မတွေ့ဖြစ်ကြတော့ဘူး....သို့ပေမယ့် ရိုးသားပြီးအချစ်ကိုတန်ဘိုးထားတဲ့ တက်ဒ်အဖို့ မေရီကိုမေ့ဖျောက်လို့မရနိုင်ခဲ့ဘူး....နှစ်တွေကြာလာမှ သူဟာ မေရီရဲ့အချစ်ကို ပြန်ရယူဖို့ကြိုးစားတဲ့အခါမှာတော့....ဒီကားထဲက အဓိက မင်းသားကြီးဖြစ်တဲ့ Ben Stiller နဲ့ မင်းသမီးချောကြီး Cameron Diaz ကိုတော့ အားလုံးပဲသိကြပါလိမ့်မယ်..Rating လေးတွေကလည်းကောင်းသလို ရယ်မောပျော်ရွှင်စရာကောင်းတဲ့ကားလေးမို့ကြည့်သင့်ပါကြောင်း ပြောကြားပါရစေ....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်.... File Size : (1.1GB) Quality : Blu-Ray 720p Format…mp4 Duration…01:30:00 Genre : Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by May Tharaphi Lwin Encoded by ...
movie
There’s Something About Mary (1998)
1998
6.9
Hellboy (2004)
Hell Boy ဆိုရင် အားလုံး သိကြတဲ့အမှီးပါတဲ့ အနီရောင်လူသားကြီး ပေါ့သူ့ ဂျိုတွေကိုလဲ ဖြတ်ထားသေးတယ်...Hell Boy ဇတ်လမ်း အစကနာဇီ ခေတ်ကတည်းက လို့ ဆိုရမယ်ဟစ်တလာ က သူ့ တပ်တွေ အနိုင်ရဖို့ အတွက်မှော်ပညာရှင် အဖွဲ့အစည်းတစ်ခုကို စေခိုင်းပြီးငရဲတံခါး ကို ဖွင့်ခိုင်းခဲ့တယ်...အဲ့ဒီတံခါးကနေ အတော်ဆုံး မကောင်းဆိုးဝါးတွေကိုဆင့်ခေါ်ပြီး ဟစ်တလာ ကမ္ဘာကို သိမ်းပိုက်မယ့် အကြံဆိုးနဲ့ပေါ့ဒါပေမဲ့ အစိုးရ အဖွဲ့က အချိန်မှီ ရောက်လာပြီး တိုက်ပွဲတွေဖြစ်ပြီးနောက် ဟစ်တလာ ရဲ့ မကောင်းဆိုးဝါး အဖွဲ့လဲအစ ပျောက်သွားခဲ့ပါတယ်...ဒါပေမဲ့ စစ်တပ် နဲ့ အတူ ပါလာတဲ့ ဒေါက်တာ တစ်ဦးကတော့ငရဲတံခါးကနေ ကျွံဝင်လာတဲ့ လူနီကောင်လေး တစ်ကောင်ကိုရှာဖွေတွေ့ရှိခဲ့ပြီး မွေးစားခဲ့ပါတယ်အဲ့ဒီ လူနီကောင်လေးက Hell Boy ဖြစ်လာခဲ့ပြီးငရဲသား လို့ သတင်းစာတွေမှာ အရိပ်အမြွတ် ပါခဲ့ပါတယ်သူဘယ်သူလဲ ဘယ်သူမှ မသိပါဘူးညဘက်တွေမှာ ...
movie
Hellboy (2004)
2004
7.0
Hellboy II: The Golden Army (2008)
In this continuation to the adventure of the demon superhero, an evil elf breaks an ancient pact between humans and creatures, as he declares war against humanity. He is on a mission to release The Golden Army, a deadly group of fighting machines that can destroy the human race. As Hell on Earth is ready to erupt, Hellboy and his ...
movie
Hellboy II: The Golden Army (2008)
2008
5.8
The Hangover Part III (2013)
The Hangover Part III (2013)_______IMDb - 5.8/10 IMDb (5.8) ... Rotten Tomatoes (20%) အလွဲသုံးကောင်ရဲ့ တတိယမြောက်ဇာတ်ကားပါ။ လွဲကောင်းနေတုန်းပါပဲ။ The Hangover (2009) ကြည့်ရှုရန် နှိပ်ပါThe Hangover Part II (2011) ကြည့်ရှုရန် နှိပ်ပါ File size…(717 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie
The Hangover Part III (2013)
2013
6.4
The Hangover Part II (2011)
The Hangover Part II (2011)_______IMDb - 6.4/10 IMDb (6.4)..Rotten Tomatoes (33%) Hangover 2009 ဇာတ်ကားမှာ လွဲလှတဲ့ သူငယ်ချင်းသုံးကောင် အခုနံပါတ်(၂)ဇာတ်ကားမှာလဲ လွဲချက်ရယ်ကမ်းကုန်နေဆဲပါပဲ။ The Hangover (2009) ကြည့်ရှုရန် နှိပ်ပါThe Hangover Part III (2013) ကြည့်ရှုရန် နှိပ်ပါ File size…(656 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:42:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie
The Hangover Part II (2011)
7.7
The Hangover (2009)
The Hangover (2009) IMDb - 7.7/10_______Rotten - 78% IMDb (7.7)..Rotten Tomatoes (78%) Comedy ဇာတ်ကားတွေဟာ Rating မြင့်ဖို့ခက်ခဲပါတယ်.... ဒါပေမယ့် Hangover ဇာတ်ကားတွေကတော့ Comedy အမျိုးအစားဖြစ်ပေမယ့် Rating မြင့်တဲ့အထဲ ပါပါတယ်။ Rating မြင့်သလောက် တကယ်လဲခွီရတဲ့ဇာတ်ကားတွေပါ။ ဘရက်ဒလေကူးပါးခေါင်းဆောင်တဲ့ သူငယ်ချင်းသုံးကောင်ရဲ့ လွဲချက်ရယ်ကမ်းကုန်တွေကို ကြည့်ရင်း ခွီကြပါစို့။ The Hangover Part II (2011) ကြည့်ရှုရန် နှိပ်ပါThe Hangover Part III (2013) ကြည့်ရှုရန် နှိပ်ပါ File size…(995 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by မိုးစက်(ရမ်းသမ်းဘာသာပြန်သည်)
movie
The Hangover (2009)
2009
7.2
Meet Joe Black (1998)
Meet Joe Black (1998)______IMDb - 7.2/10ဒီကားလေးကတော့ ၁၉၉၈ခုနှစ်ထွက် Drama, Fantasy, Romance ကားလေးတစ်ကားဖြစ်ပါတယ်။ မင်းသားကြီး BradPitt ရဲ့ငယ်စဉ်တုန်းကကားကောင်းလေးပါ။ IMDb rating 7.1 ထိရထားတဲ့ကားလေးလဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာ BradPitt ဟာ သေမင်းတမန်တစ်ဦးဖြစ်ပြီး အသက်၇၀ပြည့်မွေးနေ့ပွဲကို သွားရောက်နေတဲ့စီးပွားရေးသမား တစ်ဦးကို သွားရောက်ခေါ်ဖို့ပါပဲ။ အဲဒီအဘိုးကြီးတစ်ယောက် မွေးနေ့နီးမှ နားထဲမှာ ထူးဆန်းတဲ့အသံတွေဆက်တိုက်ကြားနေပေမယ့် လျစ်လျူရှုပြီးလုပ်စရာတွေဆက်လုပ်နေခဲ့တာပါ။ ဒါပေမယ့် သေမင်းတမန်ကတော့ အိမ်ထိပေါက်ချလာတော့တာပဲ။ BradPitt တစ်ယောက်မကြာသေးခင်ကမှ ပူပူနွေးနွေးသေထားတဲ့ လူငယ်တစ်ယောက်ရဲ့ ကိုယ်ထဲကိုဝင်ပူးပြီးအိမ်ထိ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာတာပါ။ သို့သော် စူးစူးစမ်းစမ်းလုပ်ခဲ့တဲ့ သေမင်းတမန်ဖြစ်လေတာကြောင့် စီးပွားရေးသမား အဘိုးကြီးနဲ့ အပေးအယူလုပ်ကြတော့တာပါပဲ။ အဲဒါကတော့ BradPitt စိတ်ရှိသရွေ့ လူ့လောကကို သေချာလေ့လာကျင်လည်နေသမျှကာလပတ်လုံး အဲဒီအဘိုးကြီးက Guide အနေနဲ့လုပ်ပေးရမှာဖြစ်ပြီး သူပြန်မသွားသရွေ့ အဘိုးကြီးလည်းသေမှာမဟုတ်ပါဘူး။ ဒီတော့ ကိုယ့်ကိုကိုယ် Joe Black လို့နာမည်ပေးထားတဲ့ သေမင်းတမန်တစ်ယောက်နဲ့ စီးပွားရေးသမားအဘိုးကြီးတို့ ဘယ်လိုကမောက်ကတွေဖြစ်မလဲ။ လူ့လောကကိုထဲထဲဝင်ဝင် ကျင်လည်လိုက်ရတဲ့အခါ သေမင်းတမန်ကြီးဘယ်လို တွေခွကျကျလုပ်မလဲဆိုတာတွေကို ဟာသနှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။ အဲဒီနောက် သေမင်းတမန်ကြီးရော လူ့လောကကနေပြန်ထွက်သွားနိုင်ပါ့မလား။ ဘယ်လိုနောက်ဆံတင်းစရာတွေ ဘယ်လိုသံယောဇဉ်ကြိုးလေးတွေကျန်ခဲ့မှာလဲ။ အဘိုးကြီးလည်း ဘယ်လိုတွေ တိုင်ပတ်မလဲ…. မသေချင်လို့ခေါ်ထားကာမှ ဘယ်လိုသေချင်စိတ်ပေါက်အောင် ...
movie
Meet Joe Black (1998)
1998
6.6
Tangled: Before Ever After (2017)
movie