Channel Myanmar

Jeremy Irons

Batman v Superman: Dawn of Justice (2016) 6.4
Batman v Superman: Dawn of Justice (2016) DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie

Batman v Superman: Dawn of Justice (2016)

2016
4K HEVC
Die Hard: With a Vengeance (1995) Die Hard 3 7.6
Die Hard: With a Vengeance (1995) Die Hard 3 ခရစ်စမတ်နဲ့ နယူးရီးယားပိတ်ရက်တွေမှာ အက်ရှင်ပရိတ်သတ်တွေ ဘာရုပ်ရှင်ကြည့်ကြမလဲဆိုရင် မင်းသားကြီး Bruce Willis ရဲ့  John McClane ဇာတ်ကောင်ပါဝင်တဲ့ Die Hard ဇာတ်ကားတွေကိုပဲ အားလုံးကတော့ ညွှန်းကြမှာပါ။ Die Hard ရုပ်ရှင်က စုစုပေါင်း ၅ ကားထွက်ရှိခဲ့ပြီး ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=die+hard ကြည့်ပါ။Die Hard 1 နဲ့ 2 မှာတော့ John McClane တစ်ယောက် ခရစ်စမတ်ပိတ်ရက်လေးမှာ ဇနီးသည်လေး Holly Gennaro နဲ့ Chill ဖို့ တက်ကြွစွာ ဇနီးသည်ကိုလာတွေ့ပေမယ့် ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ကြုံရပြီး သူမပါလို့မရတော့တဲ့ပြသနာတွေမလို့ ကိုယ်တိုင်ပါဝင် ကယ်တင်ရပုံတွေကို ကြည့်ရှုရမှာပါ။ Die Hard 3,4,5 တွေကတော့ ခရစ်စမတ်ပိတ်ရက်နဲ့ သူ့ရဲ့ဇနီး Holly Gennaro တို့နဲ့ တိုက်ရိုက်မပတ်သက်တော့ပေမယ့် သူတို့ရဲ့ သားနဲ့သမီးနဲ့ဆက်စပ်တာတွေ ဗီလိန်တွေက ဆက်စပ်နေတာတွေနဲ့ ရှေ့ကရုပ်ရှင်ကားတွေနဲ့ဆက်စပ်မှုတော့ရှိနေပါတယ်။Die Hard နဲ့ပတ်သက်ရင်တော့ John ...
movie

Die Hard: With a Vengeance (1995) Die Hard 3

1995
4K HEVC
Kingdom of Heaven (2005) Director’s Cut Roadshow Version 7.2
Kingdom of Heaven (2005) Director’s Cut Roadshow Version Kingdom of Heaven (2005) Director's Cut Roadshow VersionIMDb Rating (7.2)နှစ်ပေါင်း ၂၀၀ ကျော် ကြာမြင့်ခဲ့တဲ့ ခရစ်ယာန်-မူဆလင် ခရူးဆိတ်စစ်ပွဲကြီးတွေအတွင်းက ကာလ တစ်ခုကို အခြေခံထားတဲ့ နာမည်ကျော်ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ သမိုင်းရုပ်ရှင်နဲ့သိပ္ပံစိတ်ကူးယဉ်လောကရဲ့ ဆရာကြီးတစ်ပါးဖြစ်တဲ့ Sir Ridley Scott ရိုက်ကူးထားတာဖြစ်ပါတယ်။ Ridley Scott ရဲ့လက်ရာတွေကိုတော့ လူတိုင်းအနည်းဆုံး တစ်ကားလောက်တော့ ရင်းနှီးကြမှာပါ၊ Blade Runner, Alien, Gladiator, Thelma & Louise, Hannibal, Black Hawk Down, The Martian နဲ့ ယခုရုံတင်နေတဲ့ Napoleon အပါအဝင် နာမည်ကြီးရုပ်ရှင် တစ်ရာကျော်ရိုက်ခဲ့ပါတယ်။ ရုပ်ရှင်လောကမှာရတဲ့အောင်မြင်မှုကြောင့် ဆာဘွဲ့ပါ ရခဲ့တဲ့သူလည်းဖြစ်ပါတယ်။အဓိက ဇာတ်ဆောင်အဖြစ် အော်လန်ဒိုဘလွန်း၊ အီဗာဂရင်းတို့ပါဝင်ထားပြီး မင်းသားကြီး လီယန်နီဆန်လည်း ဇာတ်ပို့အဖြစ်ပါဝင်ထားပါသေးတယ်။ ဒီရုပ်ရှင်ကို ရုံတင်ဗားရှင်း(Theatrical ...
movie

Kingdom of Heaven (2005) Director’s Cut Roadshow Version

2005
4K HEVC
Red Sparrow (2018) 6.6
Red Sparrow (2018) Red Sparrow (2018) ဒီရုပ်ရှင်ကားကမြန်မာပြည်မှာ ရုံတင်ခဲ့တုန်းက ဆင်ဆာဖြတ်တဲ့အခန်းတွေများလို့ နာမည်ကြီးခဲ့တဲ့ ရုံတင်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ခေါင်းဆောင်မင်းသမီးဖြစ်သူ Jennifer Lawrence ဟာ အရင်တုန်းက Nude Scenes တွေပါတဲ့ကားတွေဆို လုံးဝလက်မခံခဲ့ပဲ ဒီကားကိုတော့ သူကိုယ်တိုင် ဇာတ်ညွန်းကိုကြိုက်နှစ်သက်လို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးပြောချင်တာကတော့ ဒီရုပ်ရှင်ကို Nudity အသားပေးရုပ်ရှင်ကားတစ်ကားလို့ မမြင်စေချင်ပါဘူး။ ဒီရုပ်ရှင်ရဲ့ နောက်ကွယ်မှာ အဲ့လိုမျိုး ကိုယ်ခန္ဓာကိုရင်းပြီး သူလျှိုလုပ်နေရတဲ့သူတွေ တကယ်ရှိတယ်ဆိုတာ သိလာအောင် ရိုက်ပြထားတဲ့ကားတစ်ကားဖြစ်တာကို သိစေချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ဒိုမီနီကာဆိုတဲ့ ကောင်မလေးဟာ ရုရှားကျက်သရေဆောင် ဘဲလေးကချေသည်တစ်ယောက်ဖြစ်ပြီး သူ့မိခင်နဲ့အတူ ကဇာတ်ရုံက ထောက်ပံံ့ပေးထားတဲ့တိုက်ခန်းမှာ အတူနေထိုင်ကြပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ဖျော်ဖြေပွဲမှာ မတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး ဒိုမီနီကာရဲ့ ကချေသည်ဘ၀ ပျက်စီးသွားခဲ့ပါတယ်။ မိခင်ကြီးကလဲ နာမကျန်းဖြစ်လာသလို ကဇာတ်ရုံကလဲ ကချေသည်နောက်တစ်ယောက် လူစားထိုးလိုက်တဲ့အခါ ဒိုမီနီကာတစ်ယောက် ရွေးချယ်စရာမရှိတော့ပဲ သူ့ဦးလေး အကြံပေးတဲ့အတိုင်း သူလျှိုတစ်ယောက်အဖြစ် အလုပ်လုပ်ကိုင်ဖို့ ...
movie

Red Sparrow (2018)

2018
4K HEVC
M. Butterfly (1993) 6.7
M. Butterfly (1993) M. Butterfly (1993)ဒီကားကို ရိုက်တဲ့ဘဲက ဒေးဗစ်ခရိုနင်ဘတ်။ သူ့တော့ သိကြတယ်ဟုတ်။ Crimes of the Future တို့၊ The Fly တို့၊ Crash တို့လို Body Horror တွေအရိုက်များခဲ့တဲ့သူပါပဲ။ Body Horror မာစတာတစ်ပါးအဖြစ်လူသိများတဲ့ ခရိုနင်ဘတ်ဟာ ဒီတစ်ခါတော့ ထူးထူးခြားခြား ဘာညာဘာညာကြတာတောင် ဘော်ဒီမပြတဲ့ ကားကို ရိုက်ချလိုက်တယ်။မင်းသားက Jeremy Irons ပါ။ ပေါ်ပြူလာအရမ်းဖြစ်တဲ့ထဲ မပါပေမဲ့လည်း သရုပ်ဆောင် တော်တော်ကောင်းတဲ့ ဘိုးတော်ကြီးပေါ့။ မင်းသမီးကတော့ အဲလေ နောက်မင်းသားကတော့ ဂျွန်လုံးပါ။ သူကတော့ ပုရီကားမှာ တော်တော်များများသိကြမှာပါ။ Rush Hour 2 ကတော့ သူ့ကို လူသိအများကြဆုံးကားဖြစ်ပါလိမ့်မယ်။ဇာတ်လမ်းကတော့ ပြင်သစ်သံရုံးက စာရင်းကိုင်တစ်ယောက်ဟာ တစ်နေ့ အော်ပရာသွားကြည့်ရင်း ပီကင်းအော်ပရာသမလေးတစ်ယောက်နဲ့တွေ့တယ်။ ဘာမှတော့မသိပေမဲ့ အနုပညာကိုခံစားတတ်သလို ဘာလိုလိုနဲ့ ရောဖောရင်း ...
movie

M. Butterfly (1993)

1993
Dungeons & Dragons (2000)
Dungeons & Dragons (2000) Dungeons & Dragons (2000)Dungeons & Dragons ဟာ ၁၉၇၄ကတည်းက နာမည်ကြီးခဲ့တဲ့ လူသိများတဲ့ ဂိမ်းတစ်ခုပါပဲ။ ဘုတ်ဂိမ်းအနေနဲ့ စထွက်ရှိခဲ့ပြီး အခုထိလည်း ဗားရှင်းအသစ်အသစ်တွေပြန်ထွက်နေတုန်း လူကြိုက်များနေတုန်း Role-playing ဂိမ်းဆိုလည်းမမှားပါဘူး။ သူ့ကို အခြေခံပြီး ဂိမ်းပေါင်းများစွာထွက်ရှိခဲ့သလို သူ့နာမည်နဲ့ထွက်ရှိခဲ့တာတွေလည်း အခုထက်ထိ မနည်းမနောပါပဲ။ တော်တော်လေး အောင်မြင်ခဲ့တဲ့ဂိမ်းလို့ပြောလို့ရပါတယ်။Dungeons & Dragons ဂိမ်းကို အခြေခံပြီး ၂၀၀၀မှာတစ်ကား၊ ၂၀၀၅မှာတစ်ကား၊ ၂၀၁၂မှာတစ်ကား ၃ကားထွက်ရှိခဲ့ပြီး ဒီသုံးကားကို Trilogy အဖြစ် သတ်မှတ်ထားပါတယ်။ ၂၀၂၃မှာတော့ နာမည်ကြီးမင်းသားတွေနဲ့အတူ ပါရာမောင့်က Reboot ပြန်ပြသွားမှာပါ။ ဂိမ်းဟာ ဂန္ထဝင်ဖြစ်ခဲ့ပေမဲ့ ရုပ်ရှင်တွေကတော့ ဂန္ထဝင်ဖြစ်ဖို့နဲ့ တော်တော်ဝေးသေးတဲ့ ရုပ်ရှင်တွေပါပဲ။ ဒါပေမဲ့လည်း နဂါးတွေ မှော်ဆရာတွေ သူရဲကောင်းတွေပါတဲ့ Fantasy Adventure ကားတွေကို ကြိုက်တဲ့သူတွေအတွက် အာသာပြေစေမယ့်ကား‌တွေလို့ပြောလို့ရတာတော့ မမှားပါဘူး။~ ဇာတ်လမ်းအကျဉ်း ...
movie

Dungeons & Dragons (2000)

2000
The Lion King (1994) 8.5
The Lion King (1994) The Lion King (1994) ==================  IMDb - 8.5/10______Rotten - 94%Won 2 Oscars. Another 35 wins & 34 nominationsဝေါ့ဒစ်စနေးရဲ့ မာစတာပိစ် တစ်ခုလာပါပြီဗျာ။ ကလေးတုန်းကတည်းက အသဲစွဲ ကာတွန်းလေးပါ။ IMDb 8.5 ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းမှာတော့ တောဘုရင်ခြင်္သေကြီး မူဖာဆာ မှာ စင်ဘာဆိုတဲ့ သားလေးမွေးဖွားလာပြီး သူ့နေရာကို တစ်နေဆက်ခံခွင့်ပေးဖို့ လျာထားခဲ့ပါတယ်။ အဲဒါကို မကျေနပ်တဲ့ စင်ဘာရဲ့ ဦးလေး မူဖာဆာရဲ့ ညီက ခွေးအတွေနဲ့ ပေါင်းပြီး မူဖာဆာကို လုပ်ကြံပြီး စင်ဘာလေးကို သူ့အပြစ်လို့ထင်အောင်လုပ်ပြီးအဝေးကြီးကို ထွက်သွားစေခဲ့ပါတယ်။ အဲဒီနောက်မှာ ခွေးအတွေကို ခြင်္သေ့တွေနဲ့ပေါင်းနေစေပြီး တောအုပ်ကြီးတစ်ခုလုံး ဒုက္ခရောက်နေတဲ့အချိန်မှာ အကူညီရှာဖို့ထွက်လာတဲ့ ခြင်္သေမငယ်သူငယ်ချင်းနဲ့ အတိတ်ကနေ ထွက်ပြေးနေတဲ့ စင်ဘာတွေ့ ပြန်တွေ့ကြတဲ့အခါမှာ.......File Size      : 1.13GB / 584MB Duration     : 1 hr 28 min Quality       : ...
movie

The Lion King (1994)

High-Rise (2015) 5.6
High-Rise (2015) High-Rise (2015)IMDb - 5.6/10_____Rotten - 60%    "စကြဝဠာနဲ့ လူတွေရဲ့ ရူးသွပ်မှုသာ အဆုံးမဲ့ဖြစ်တယ်။ အရှေ့ကတစ်ခုကတော့ ကျွန်တော် မသေချာဘူး" လို့ ၂၀ ရာစုရဲ့ အကြီးကျယ်ဆုံး သိပ္ပံပညာရှင်လို့ သမုဒ်ခံထားရတဲ့ Albert Einstein ကပြောခဲ့ပါတယ်။ လောဘကြောင့် ဒေါသကြောင့့်မောဟကြောင့် လူတွေ ရူးသွပ်နေကြပါတယ်။ Thor ဇာတ်ကားတွေထဲမှာ Loki အဖြစ်တွေ့ရတဲ့ Tom Hiddleton ကို High Rise (2015) မှာတော့ သူ့ရဲ့ရူးသွပ်မှုကို ရိုးရိုးရှင်းရှင်းလေး ခံယူလိုက်တဲ့ Dr. Laing အဖြစ်တွေ့ရမှာပါ။ Tom ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ဒီဇာတ်ကားမှာ ထင်ထင်ရှားရှားတွေ့နိုင်မှာပါ။ ဆိုးဆိုးရွားရွား ရူးသွပ်သူတွေကြားမှာ ပုံမှန်ရူးသွပ်သူက ဆိုးရွားသူတစ်ယောက်ဖြစ်နေတတ်တာကို Dracula:Untold မင်းသား Luke Evans က Richard Wilder နေရာကနေသရုပ်ဆောင်ပြသွားပါတယ်။ Free will ဆိုတဲ့ လွတ်လပ်တဲ့ စိတ်ထားမှာ သန့်ရှင်းမှု တရားမျှတမှု ကောင်းမှု မကောင်းမှုတွေ ဆိုတာရှိဖို့မလိုပါဘူးဆိုတာ ဒီဇာတ်ကားမှာ ခပ်ကြမ်းကြမ်းလေးပြပေးထားပါတယ်။ လွတ်လပ်တဲ့ စိတ်ထားရှိသူတွေကို အာဏာရှင်တစ်ယောက်က မအုပ်ချုပ်နိုင်ဘူးဆိုတာရောပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ ဦးနှောက်ခွဲစိတ်ဆရာဝန် Laing တစ်ယောက် ...
movie

High-Rise (2015)

2015
The Man in the Iron Mask (1998) 6.5
The Man in the Iron Mask (1998) The Man in the Iron Mask (1998)_____IMDb - 6.5/10    သင်သာ စာပေတွေကို နှစ်ခြိုက်တဲ့လူတစ်ယောက်ဆိုရင် Alexder Dumas ရဲ့ The Three Musketeers ကို သိမှာပါ။ ရွှေဥဒေါင်းကလည်း သူရဲကောင်းသုံးယောက် အမည်နဲ့ ဘာသာပြန်ပေးခဲ့ဖူးပါတယ်။ ဒီဇာတ်လမ်းကလည်း Muskteers တွေဖြစ်တဲ့ ရာမီ ပေါသိုး အားသိုး ဒါးတညံ တို့ရဲ့ ဇာတ်လမ်းပါပဲ။ The Man in the Iron Mask ဟာလည်း Classic စာပေ တန်း ဝင်ခဲ့ပါတယ်။ ဒီတော့ ဇာတ်ကားအနေနဲ့လည်း မညံ့ခဲ့ပါဘူး။ ဒီကားက ဇာတ်လမ်းအနေနဲ့ဆို The Threemuskteers ရဲ့ Sequel လို့ ဆိုနိုင်ပါတယ်။ Leonado Decaprio ရဲ့ ငယ်ရုပ်ငယ်သွင်ကိုလည်း ကြည့်ကြရဦးမှာပါ။ ဇာတ်လမ်းကိုတော့ Spoil သလို ဖြစ်နေမှာ စိုးလို့ ကျွန်တော် ထည့်မရေးတော့ပါဘူး။ The Three Muskteersကို အရင်ကြည့်ထားရင်တော့ ဒီထဲက ဒါးတညံနဲ့ ရာမီတို့သုံးယောက်ရဲ့ ဆက်ဆံရေးကို ပို သဘောပေါက်မှာပါ။ ကဲ..... ...
movie

The Man in the Iron Mask (1998)

1998
The Time Machine (2002) 6.0
The Time Machine (2002) The Time Machine (2002)____IMDb - 6.0/10     အချိန် ဆိုတာ လူတွေအတွက် အရေးပါတဲ့ အရာတစ်ခုပါ။လူတွေ အချိန်တွေကို ဖြတ်သန်းလာကျတယ်။ ကျော်ဖြတ်သွားကျတယ်။နောက်တစ်နေ့ရောက်တဲ့ အခါမှာ အရင်နေ့က အမှားတွေရဲ့ အကျိုးဆက်တွေ ရလာဒ်တွေကို ကြုံရတဲ့ အခါ ငါ အရင် အချိန်တွေကို ပြန်သွားလို့ရရင် ကောင်းမှာ ဆိုပြီး တွေးတက် ကျပါတယ်။အဲ့အတွေးတွေကနေ စပြီး Time Travel အချိန်ခရီးသွားခြင်း ဆိုတဲ့ စိတ်ကူးစိတ်သန်းတွေ ဖြစ်လာပါတယ်။နှစ်ပေါင်းများစွာ ခေတ်ပေါင်းများစွာ ဖြတ်သန်းပြီးတာတောင် ဒီနေ့အထိ လူတွေ စိတ်ကူးယဉ်နေကျဆဲ ပါပဲ။ H.G Wells ရဲ့ နာမည်ကျော် ဝတ္ထု ကို ပြန်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ဆိုရင်လည်း Time Travel အကြောင်းကို ရိုက်ကူးထားတာပါ။ပါမောက္ခ အလက်ဇန္ဒား ဟာဆိုရင် ထူးချွန်တဲ့ အလုပ်ကြိုးစားတက်တဲ့ သိပ္ပံပညာရှင်တစ်ယောက်ပါ။သူ့ဘဝဟာအေးဆေး ဆိတ်ငြိမ်ပြီး သူ့ကျောင်းသားတွေ သူ့သုတေသနတွေ နဲ့ ပျော်မွေ့နေတက်သူပါ။သူဟာ မကြာခင်မှာသူချစ်ရတဲ့ ချစ်သူဖြစ်တဲ့ အမ်မာ ကို လက်ထပ်ခွင့်တောင်းတော့မှာပါ။ဘဝက ...
movie

The Time Machine (2002)

2002
Beautiful Creatures (2013) 6.2
Beautiful Creatures (2013) အီသန် ဆိုတဲ့ ကောင်လေးဟာ  စိတ်ကူးယဉ် ဆန်တက်တဲ့ ကောင်လေး တစ်ယောက်မဟုတ်ပါဘူး သူဟာ ဘ၀ ကို ပုံမှန်လေးပဲဖြတ်သန်းသွားချင်တဲ့သူပေါ့... တစ်ရက်မှာတော့ သူတို့မြို့လေးရဲ့ ကျောင်းကို လီနာ ဆိုတဲ့ ကောင်မလေး တစ်ယောက် ကျောင်းပြောင်းလာပါတယ်... လီနာ ကတော့ မြို့စွန်က စုန်းမိသားစု လို့ လူတွေက ၀ိုင်းကျဉ် သက်မှတ်ထားတဲ့ ချောက်ခြားဖွယ်အိမ်ကြီးက မိသားစု တစ်ဦးဖြစ်ပြီး ဘယ်သူနဲ့မှ အဆက်အဆံ မလုပ်သလို တစ်ယောက်ထဲ သီးသန့်နေတက်သူပါ... ဒါပေမယ့် အီသန် ဟာ လီနာ နဲ့ ရင်းနှီးသွားပြီး နောက်ပိုင်းမှာ သူ့ ဘ၀တွင် မယုံနိုင်စရာ ဖြစ်ရပ်များ ကြုံလာရသောအခါ... Thit San Khant =========== Download HD (1.1GB) Download Small (710MB)
movie


2013
Assassin’s Creed (2016) 5.7
Assassin’s Creed (2016) Assassin's Creed (2016)_____IMDb - 5.7/10   ဒီရုပ်ရှင်ဟာ နာမည်ကျော်ဂိမ်းတစ်ခုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဂိမ်းမာတွေအများစုကတော့ သိပြီးသားဖြစ်ပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်းကတော့ Knights of Templar( ခရူးဆိတ်စစ်ပွဲအတွင်း တိုက်ခိုက်ခဲ့သော ခရစ်တော်ကိုယုံကြည်သူ ဘုရားကျောင်းလက်အောက်မှ စစ်သည်များ) နဲ့ Assasin's Creed အဖွဲ့တို့ဟာ ရာစုနှစ်များစွာ စစ်ပွဲဖြစ်ပွားနေခဲ့ပါတယ်။ အကြောင်းရင်ကတော့ Knights of Templar အဖွဲ့ဟာ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ လူသားတွေအားလုံး စည်းကမ်းအုပ်ချုပ်မှုတစ်ခုအောက်မှာ တညီတညာတည်း နေစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဧဒင်ရဲ့ ပန်းသီးကို ရှာဖွေနေတာပါပဲ။ အဲဒီပန်းသီးထဲမှာ လူသားအားလုံးရဲ့ လွတ်လပ်ချင်စိတ် ပုန်ကုန်ချင်စိတ်တွေကိ ုပျောက်ဆုံးသွားအောင် မျိုးဗီဇDNA ပြုပြင်ပေးနိုင်မယ့် လျို့ဝှက်ချက်ပါတယ်လို့ ယုံကြည်ထားလို့ပါ။ Assassins တွေကတော့ အဲဒီပန်းသီးကို KoT အဖွဲ့ထဲမရောက်အောင် တားဆီးနေတဲ့ နောက်ဆုံးခံတပ်ဆိုပါတော့။ ဒီဇာတ်လမ်းမှာတော့ ယနေ့ခေတ်အထိ လျို့ဝှက်စွာ ရှိနေသေးတဲ့ KoT အဖွဲ့ဟာ ...
movie

Assassin’s Creed (2016)

2016
The Man Who Knew Infinity (2015) 7.2
The Man Who Knew Infinity (2015) လွန်ခဲ့သောနှစ်ပေါင်းတရာကျော်ကာလ တခုသောနွေဦးရာသီမှာ အင်္ဂလန်မှာရှိတဲ့ Trinity ကောလိပ်မြေပေါ်ကို အိန္ဒိယလူငယ်လေးတယောက်ဟာ အိပ်မက်တွေတပွေ့တပိုက်နဲ့ မ၀ံ့မရဲခြေချခဲ့ပါတယ်။ ... Ramanujan ဆိုတဲ့ ဒီလူငယ်ဟာ အင်္ဂလန်မြေကို ရောက်လာဖို့ သူ့ဘ၀တခုလုံး ပုံအောခဲ့ရတာဖြစ်ပါတယ်။ သူဟာ အိန္ဒိယမှာ သာမန်စာရေးအလုပ်ရဖို့ ရုံးပေါင်းစုံမှာ အောက်ကျို့ပြီးအလုပ်လိုက်တောင်းသည့်တိုင် နေရာကောင်းကောင်း မရပါဘူး။ သူ့မှာ ဘွဲ့ဒီဂရီမရှိလို့ ဖြစ်ပါတယ်။ ဒါပေမယ့် တဖက်မှာ ၀ါသနာအရ သင်္ချာပညာကို လေ့လာလိုက်စားမှုဟာ သူ့ကို ကမ္ဘာသစ်တခုထဲ ခေါ်ဆောင်သွားခဲ့ပါတယ်။ သူ့ရဲ့လေ့လာတွေ့ရှိချက်များဟာ သူ့အတွက် အင်္ဂလန်သွားသင်္ဘောလက်မှတ် ဖြစ်စေခဲ့ပါတယ်။ ... ရာမနုဂျန်တယောက် အင်္ဂလန်မြေကို အရဲစွန့်ရောက်လာချိန်ဟာ အိန္ဒိယဟာ ဗြိတိသျှကိုလိုနီဖြစ်နေချိန်ပဲ ဖြစ်ပါတယ်။ အင်္ဂလိပ်ပါမောက္ခတွေဟာ နဂိုကမှ ကိန်းခန်းကြီးတဲ့အပြင် လက်အောက်ခံနိုင်ငံတခုက အောက်ခြေလူတန်းစားသာဖြစ်တာမို့ အသက် ၂၇ နှစ်အရွယ် ဒီလူငယ်ကိုတွေ့ကာစမှာ သူတို့ သိပ်တော့အထင်မကြီးပါဘူး။ ... ဒါပေမယ့် သွေးကြီးတဲ့ Cambridge ပါမောက္ခကြီးတွေနဲ့ အိန္ဒိယလူငယ်လေးကို တခုသောအရာက နီးကပ်စေခဲ့ပါတယ်။ အဲဒါကတော့ ပညာဆိုတဲ့အရာပဲ ဖြစ်ပါတယ်။ ... တကယ့်ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ဒီဇာတ်လမ်းကို ကြည့်ပြီးချိန်မှာ အတွေးဝင်မိတာရှိပါတယ်။ အဲဒါကတော့ ပညာကိုချစ်မြတ်နိုး တန်ဖိုးထားတတ်ပုံခြင်းတူရင် လူမျိုးအဆင့်အတန်းကွာခြားမှုတွေ ရှိနေသည့်တိုင် နီးစပ်သွားနိုင်ပြီး ပညာအပေါ်တန်ဖိုးထားမှုမတူတဲ့အခါ အသိုက်အ၀န်းတခုအတွင်း ရှိနေသည့်တိုင်အောင် ဝေးကွာနေတတ်တယ်ဆိုတာပါပဲ..... ... ဒီကားထဲမှာ ကြိုက်မိတဲ့ dialogue လည်း ရှိပါတယ်။ ကမ္ဘာကျော်တက္ကသိုလ်ကြီးရဲ့ ပရိဝုဏ်မြေအနင်းမှာ မင်သက်အံ့သြသွားတဲ့ အိန္ဒိယသားလေး Ramanujan ကို John Littlewood ...
movie


2015
Eragon (2006)ြ 5.1
Eragon (2006)ြ ၂၀၀၆ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ သည်ဇာတ်ကားလေးဟာ ခုဆို ၁၀နှစ်ပြည့်ခဲ့ပါပြီ IMDb အနေနဲ့ 5.1ပဲရရှိခဲ့ပေမယ့် $75 million ပဲကုန်ကျခဲ့တဲ့ သည်ဇာတ်ကားဟာ ရုံတင်ချိန်မှာ $173.9 millionအထိဝင်ငွေရရှိခဲ့ပါတယ် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် 249 million ဝင်ငွေရရှိခဲ့ပြီးလူကြိုက်များခဲ့တဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်ဇာတ်လမ်းအကြောင်းကိုနဲနဲမိတ်ဆက်ပေးရရင်တော့ တစ်ချိန်က နဂါးစီးသူရဲကောင်းတွေ တရားမျှတစွာအုပ်ချုပ်ခဲ့တဲ့ အလီဂေးရှားဆိုတဲ့တိုင်းပြည်ကြီးမှာ အာဏာရှင်ဘုရင်တစ်ပါးဟာ နဂါးစီးသူရဲကောင်းတွေကိုသတ်ဖြတ်ပြီး တိုင်းပြည်ကြီးကို လက်ဝါးကြီးအုပ်ထားခဲ့ပါတယ် အဲ့ဒါကို ဘယ်လိုလူမျိုးတွေက ပြန်တော်လှန်ကြမလဲ ဘယ်လိုအဖြစ်အပျက်မျိုးတွေနဲ့ကြုံရမယ်ဆိုတာကတော့ ဇာတ်လမ်းမှာပဲ ဆက်ပြီးခံစားလိုက်ကြပါ သည်ဇာတ်လမ်းကိုတော်တော်များများလဲကြည့်ဖူးကြမှာပါ ဒါပေမယ့် လွန်ခဲ့တဲ့၁၀နှစ် လောက် ကျနော်တို့ကျောင်းသားဘဝကကြိုက်နှစ်သက်ခဲ့ရတဲ့ဇာတ်ကားကောင်းလေးဆိုတော့ ကြည့်ပြီးသူတွေလဲသိမ်းထားနိုင်အောင် မကြည့်ရသေးသူတွေလဲ ကြည့်နိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်သည်ဇာတ်လမ်းထဲကနဂါးဟာ Game of throne ဇာတ်လမ်းတွဲထဲက နဂါးလောက်မခန့်ငြားပေမယ့် အသံကတော့ တော်တော်လေးဆွဲဆောင်မှူရှိကြောင်းကြိုပြောလိုက်ပါရစေ Download And watch With Pcloud Link Full HD Download And watch Pcloud ...
movie

Eragon (2006)ြ

2006
Race (2016) 7.1
Race (2016) Race (2016) IMDb - 7.1/10_____Rotten - 62%    ဒီဇာတ်ကားလေးဟာ IMDB 7.1/ 10 အထိ ရရှိထားပြီး အတ္ထုပ္ပတ္တိဆန်ဆန် ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်လမ်းမျိုးပါ။ ပြည်နယ်လေးတစ်ခုကနေ အိုလံပစ်ပြိုင်ပွဲအထိ လာရောက်ယှဉ်ပြိုင်ခဲ့သူ ဂျက်စီ အိုဝန်အဖို့ လောကဓံ ကြားမှာ ကူးခပ်ခဲ့ရပုံကို အဓိကတင်ဆက်ထားပါတယ်။ လူဖြူ လူမည်းခွဲခြားခံရမှုကြား ဒေါသတွေကို မြိုသိပ်/ ရည်မှန်းချက်တစ်ခုကိုသာအာရုံစူးစိုက်မှု အပြည့်ဖြင့် အနိုင်ယူခဲ့ပုံကလည်း အတုယူ အားကျဖွယ်ကောင်းလှပါတယ်။ ဒါ့ပြင် နည်းပြဆရာတစ်ဦးရဲ့စေတနာ / ပြိုင်ဘက်ကောင်းတွေရဲ့အားကစားစိတ်ဓာတ် ပြည့်ဝမှုတွေနဲ့ သမိုင်းနောက်ခံဇာတ်ကွက်ကိုပါ လေ့လာခွင့်ရမယ့် ဇာတ်ကားကောင်းမို့ ကြည့်ရှုရကျိုး နပ်မှာပါ။ CM ပရိသတ်များ အားပေးလိုက်ကြပါဦး။   (ဇာတ်ကားအညွန်းရေးသူကတော့ လင်းခယံပဲ ဖြစ်ပါတယ်)     File Size         : 952 MB Quality           : Blu ray 720P Running Time : 2hr 14 minute Format           : Mp4 Genre             : Biography,Drama,sport Encoder         : Joker.phs  
movie

Race (2016)

2016