Channel Myanmar

Johnny Vivash

Rendel (2017) 5.1
Rendel (2017) ဒီဇာတ်ကားကိုတော့ ဖင်လန်နိုင်ငံမှာ အခြေတည်ထားပါတယ်။ဖင်လန်နိုင်ငံမှာ Vala လို့အမည်ရှိတဲ့ ကုမ္ပဏီကြီးဟာ တရားမ၀င်ဆေးဝါးတစ်ခုကို ဖော်စပ်ပြီးတော့ အာဏာပိုင်တွေနဲ့ပူးပေါင်းကာတရားဝင်ဖြန့်ချိဖို့ကြိုးစားနေပါတယ်။အဲဒီဆေးဝါးကိုစမ်းသပ်စဉ်ကာလမှာလည်း အပြစ်မဲ့ကလေးငယ်ပေါင်းများစွာ ဓားစာခံဖြစ်ခဲ့ရပါသေးတယ်။ကလေးငယ်တွေတင်မက တခြားဓားစာခံဖြစ်ခဲ့တာတော့ ရမ်မီလို့ခေါ်တဲ့အလုပ်သမားကြီး။ Vala မှာ အဲဒီတရားမ၀င်ဆေးဝါးတွေကို ကြီးကြပ်ရင်းတချို့တ၀က်ပျောက်ဆုံးခဲ့တာကြောင့် သမီးနဲ့ ဇနီးဖြစ်သူအသတ်ခံခဲ့ရသလို သူကိုယ်တိုင်လည်း မသေရုံတမယ် အနှိပ်စက်ခံခဲ့ရပါတယ်။အဲဒီအချိန်မှာပဲ ဒုစရိုက်အဖွဲ့အစည်းကြီးဖြစ်တဲ့ Vala ကုမ္ပဏီကို တစ်ကိုယ်တည်း လက်စားချေဖို့ကြိုးစားပါတော့တယ်.....။ဒီဇာတ်ကားက Feratum Film Festival မှာ အကောင်းဆုံးအက်ရှင်ကားစုကိုရရှိခဲ့တဲ့ကားတစ်ကားပါ။အက်ရှင်ကားကြိုက်တဲ့သူတွေအတွက်တော့ ကြည့်ပျော်လောက်မယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ကြိုတောင်းပန်ချင်တာတစ်ခုကတော့ဇာတ်ကားထဲမှာပါတဲ့ အင်္ဂလိပ်စကားပြောတွေက မူရင်းစာဖိုင်ထဲမှာ မပါတဲ့အတွက် သည်းခံပေးကြပါလို့တောင်းပန်ချင်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  ကို မျိုးသန့် ပါ) File Size : (850 MB) and (380 MB) Quality : Blu-Ray 720p Running Time : 1hr 45min Format : Mp4 Genre : Action, Crime, Fantasy Subtitle : ...
movie

Rendel (2017)

2017
The Creature Below (2016) 3.4
The Creature Below (2016) အိုလဗ် ဟာ ရေငုပ်ကျွမ်းကျင်သူ အမျိုးသမီး တစ်ဦးဖြစ်ပြီး အမြဲတမ်း စွန့်စားလိုတဲ့ စိတ်ဓါတ်ရှိသူ တစ်ဦးဖြစ်ပါတယ်... တစ်ရက်မှာတော့ အကောင်းဆုံးသော အကောင်းဆုံးများထဲမှ ကမ္ဘာပင်လယ်ဗဟို အနက်ဆုံးထိ စူးစမ်းရှာဖွေဖို့ ရေငုတ်ဝတ်စုံ တီထွင်သူ ဒါရာ  နှင့် ဆက်သွယ်ပြီး ဒါရာ တီထွင်ထားသော ရေငုပ် ၀တ်စုံဖြင့် ပင်လယ်၏ အလယ်ဗဟိုကိုသွားလိုကြောင်း သူမကို အလုပ်ခန့်ပါရန် တောင်းဆိုခဲ့ပါတယ်... ထိုနှင့် ကျွမ်းကျင် ပညာရှင် အိုလဗ် တစ်ယောက် ဒါရာ ၏ အကောင်းဆုံးသော ရေငုပ် စက်သစ်ကြီးဖြင့် ပင်လယ်၏ အနက်ရှိုင်းဆုံးသော နေရာသို့ ဆင်း၍ မျိုးစိတ်အသစ်များကို လေ့လာခဲ့ရာ မမြင်နိုင်သော တစ်စုံတစ်ခု၏ တိုက်ခိုက်မှုကို ခံခဲ့ရပါတယ် သို့ပေမယ့် ထို တိုက်ခိုက်ခံရမှုကို မေ့လျောသွားခဲ့ပြီး ထိုတိုက်ခိုက်ခံရသော အချိန်မှာ သူမ ဆီတွင် တစ်ခုခု ကပ်ညှိတွယ် ကျန်ခဲ့သည်ကို မသိခဲ့သောအခါ... ဒီဇတ်ကားကို ဘာသာပြန်ပေးထားသူကတော့ CM Translator တစ်ဦးဖြစ်သူ Ye Kyaw Htet ဖြစ်ပါတယ်..============ Thit ...
movie

The Creature Below (2016)

2016