Channel Myanmar

Julia Rayner

The Pianist (2002) 8.5
The Pianist (2002) The Pianist ကိုမပြောခင် ဒီဇာတ်ကားရိုက်တဲ့ Director Roman Polanski အကြောင်းနည်းနည်းပြောအုန်းမယ်။ပိုလန်စကီးက Polish-French ဒါရိုက်တာတစ်ဦး။ သူဒီဇာတ်ကားကိုမရိုက်ခင် ရှေ့ဆယ်စုနှစ်တခုလောက်က Schindler's list ဆိုတဲ့ဇာတ်ကားကိုရိုက်ဖို့ အခွင့်အရေးရခဲ့သေးတယ်။ ဒါပေမဲ့ ဇာတ်လမ်းကိုသိသိချင်းမှာဘဲ အဲ့ဇာတ်ကားကိုရိုက်ဖို့ပယ်ချလိုက်တယ်။ဘာလို့လဲဆိုတော့ သူ့ငယ်ဘဝက trauma တွေကြောင့်၊ သူကိုယ်တိုင် ဂျာမန်တွေရဲ့ Ghetto ထဲမှာနေခဲ့ရတဲ့အတွေ့အကြုံ၊ အော့ဇ်ဝင့်ချ် ထဲမှာ သူ့အမေသေခဲ့တဲ့ အတွေ့အကြုံ၊ သူ့အသက်၁၀ နှစ်လောက်မှာဘဲ သူ့အဖေရော အမေရောအဖမ်းခံလိုက်ရတဲ့အပြင် နာဇီ SS စစ်သားတွေဟာ သူနေတဲ့ ကရာကိုးမြို့ကိုသိမ်းပီး ပိုလန်ရဲ့မြို့တော်အဖြစ်ပြောင်းလဲသိမ်းပိုက်လိုက်ရုံတင် မက၊ သူ့ရှေ့တင် ဂျူးတွေကို လမ်းပေါ်မှာ ကြက် ငှက်လို ပစ်သတ်နေတာကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရတာဘဲဖြစ်ပါတယ်။အဲ့ဒါကြောင့် ဒုတိယကမ္ဘာစစ်အခြေခံ နာဇီ-ဂျူး ဇာတ်လမ်းဖြစ်တဲ့ Schindler's List ကိုရိုက်ဖို့ လက်မခံခဲ့တာပါတဲ့လေ။ ဒါပေမဲ့ ၁၀ စုနှစ်တခုအကြာ2002 မှာတော့ ဒုတိယကမ္ဘာစစ်ကိုအခြေခံထားတဲ့ The ...
movie

The Pianist (2002)

2002
1080p HEVC