Channel Myanmar

Jung Suk-won

Public Enemy Returns (2008) 6.4
Public Enemy Returns (2008) [Unicode]Public Enemy Return (2008)စုံထောက် မှုခင်းကားကြိုက်သူများအတွက် ဟာသ မှုခင်း အက်ရှင် ရသစုံတဲ့ ရှပ်ရှင်ကောင်းတစ်ခုပါဇာတ်လမ်းအကျဉ်းလေးတော့ စုံထောက်ဂန်ချောဂျွန်ဟာ အလုပ်မှာ ပြသနာအချို့ကြောင့် ဆိုင်းငံ့ခံထားရပြီး ငွေရေးကြေးရေးပါ အဆင်မပြေလာတဲ့ခါ ရဲအလုပ်ကနေ ထွက်ဖို့လုပ်ခဲ့ပါတယ်။ဒါပေမယ့် ဂန်ချောဂျွန်ရဲ့ အထက်လူကြီး အဖွဲ့ခေါင်းဆောင်ဟာ ထွက်ခွင့်မပေးဘဲ အထက်တန်းကျောင်းသားလေး ဂျောင်ဟာယွန်း အသဆ်ခံရတဲ့ အမှုကို စုံစမ်းဖို့ ပါဝင်စေခဲ့ပါတယ်။အရာရာကို စိတ်ကုန်နေတဲ့ ဂန်ချောဂျွန်ဟာ တဖန်အမှုုပြန်လိုက်ရင်းက သဲလွန်စရခဲ့ပြီး ဟာယွန်းရဲ့ သူငယ်ချင်း၃ယောက်ကို စစ်ဆေးကြည့်လိုက်တော့....ကျောင်းသားတွေကို လေ့ကျင့်ပေးပြီး အလုပ်လုပ်ခိုင်းနေတဲ့ ကုမ္ပဏီတစ်ခုကို သိလိုက်ရတဲ့အခါရာဇဝတ်မှတ်တမ်းရှိတဲ့ ကုမ္ပဏီ ဥက္ကဌ လီဝမ်ဆုကို ထိပ်တိုက်ရင်ဆိုင်ရင်း အမှုဘယ်လိုဖော်ထုတ်မလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။( အညွှန်းရေးသားထားသူကတော့ Deer ပါ ) [Zawgyi]Public Enemy Return (2008)စုံထောက် မှုခင်းကားကြိုက်သူများအတွက် ဟာသ မှုခင်း အက်ရှင် ရသစုံတဲ့ ရှပ်ရှင်ကောင်းတစ်ခုပါဇာတ်လမ်းအကျဉ်းလေးတော့ စုံထောက်ဂန်ချောဂျွန်ဟာ အလုပ်မှာ ပြသနာအချို့ကြောင့် ဆိုင်းငံ့ခံထားရပြီး ငွေရေးကြေးရေးပါ ...
movie


R2B: Return to Base (2012) 6.0
R2B: Return to Base (2012) R2B: Return to Base (2012) IMDb - 6.0/10_____Rotten - 60%    ဒီကားကတော့ အများကြီးမိတ်ဆက်ပေးစရာမလိုတော့တဲ့ ကိုရီးယားမင်းသားချော Rain ပါဝင်ထားတဲ့ နာမည်ကျော် Return To Base (ဌာနချုပ်သို့အပြန်)ကိုရီးယား စစ်ကားပဲဖြစ်ပါတယ်.. စစ်သားတွေရဲ့ဘဝဟာ အမိန့်ဆိုတာကိုအသက်အဖြစ်နဲ့နေနေကြတဲ့ လူတွေထဲကလူတွေပဲဖြစ်ပါတယ်... တစ်ခါတလေကိုယ်ချစ်တဲ့သူ ကိုယ်တန်ဖိုးထားရတဲ့လူတွေ အထက်အမိန့်မရလို့ မိမိမျက်စိရှေ့မှာသေသွားရတာတွေကို ဘာမှမလုပ်နိုင်ပဲကြည့်နေရတာတွေလည်းရှိပါတယ်..... စစ်သားတစ်ယောက်ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး....တိုင်းပြည်အပေါ်အနစ်နာခံတဲ့စိတ် ကိုယ့်မိသားစုထက်ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို အရင်ဆုံးအဓိကထားတတ်တဲ့စိတ်တွေကြောင့်လည်း စစ်သားတွေရဲ့ဘဝဟာ အမြဲခါးသက်လွန်းလှပါတယ်.... ကြည်းတပ်ပဲဖြစ်ဖြစ် ရေတပ်ပဲဖြစ်ဖြစ် လေတပ်ပဲဖြစ်ဖြစ် စစ်သားကစစ်သားပါပဲ....  ဒီကားမှာတော့ တိုက်လေယာဉ်မောင်းတဲ့လေသရဲတွေရဲ့ဘဝကို ရိုက်ပြထားပါတယ်.... လေသူရဲတွေရဲ့ ဒုတိယအသက်က သူတို့မောင်းတဲ့လေယာဉ်တွေပဲဖြစ်ပါတယ်.... လေယာဉ်တွေတစ်ခုခုအပစ်ခံရလို့ ပျက်ကျခဲ့ရင်တောင်မှ မတတ်သာတဲ့အခြေနေမှသာ ခုန်ဆင်းခွင့်ရှိပါတယ်....ဒါပေမယ့် တာဝန်သိတဲ့ လေသူရဲအများစုကတော့ မိမိရဲ့လေယာဉ်ကို လူနေအရပ်တွေနဲ့လွတ်တဲ့နေရာတွေမှာသာ အသက်ကိုပဓာနမထားပဲပျက်ကျခံကြပါတယ်.... စစ်သားတိုင်းကအိမ်ကိုပြန်ချင်ကြပါတယ်....အိမ်မှာသူတို့ကိုစောင့်မျှော်နေကြတဲ့ အိမ်သူဇနီးမယားတွေနဲ့ သားသမီးတွေရှိကြပါတယ်....တကယ်လို့ အိမ်ပြန်မလာနိုင်တော့တဲ့ စစ်သားတွေအဖို့ သူတို့ရဲ့ မိဘတွေဇနီးတွေရဲ့ နာကျင်မှု့တွေက မပြောပြတတ်လောက်အောင်ပါပဲ... ဒါကြောင့် Return To Base (ဌာနချုပ်)သို့ အပြန်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ရင်း ကမ္ဘာပေါ်မှာရှိတဲ့ စစ်သားတိုင်းအိမ်ပြန်နိုင်ကြပါစေ....အများကြီးကောင်းမွန်တဲ့ Old But Gold ကားလေးမို့ လေသူရဲများကိုဂုဏ်ပြုရင်း မကြည့်ရသေးသောပရိတ်သတ်များနဲ့ကြည့်ပြီးသားသူများလည်း မှန်ကန်တဲ့မြန်မာစာတန်းထိုးနဲ့ကြည့်ရလေအောင် တင်ဆက်ပေးလိုက်ပါတယ်....   Quality…..BluRay 1080p Duration…..01:53:00 Format…Mp4 File Size…(824 MB) Translator…..Myanmar Gyi Encoder…..Moe Myint Lwin  
movie

R2B: Return to Base (2012)

2012
The Long Way Home (2015) 6.5
The Long Way Home (2015) The Long Way Home (2015)_____Rotten -6.5/10   ၁၉၅၀ ခုနှစ် တောင်နဲ့မြောက်ကိုရီးယား ပြည်တွင်းစစ်ပွဲကို အခြေခံပြီးရိုက်ကူးထားပါတယ် အဓိကသရုပ်ဆောင်အဖြစ် ကလေးသရုပ်ဆောင်ကနေတက်လာတဲ့ လူငယ်မင်းသားလေး   Yeo Gin gu ပါဝင်သရုပ်ဆောင်ထားပါတယ်... စစ်ဖြစ်တဲ့အချိန်မှာ စစ်ပွဲတို့ ထုံးစံအတိုင်း ရသမျှသူဆွဲခေါ် တော့ တာပဲတောင် ကိုးရီးယားဖက်ကလည်း လယ်သမားပါမကျန်အကုန်စစ်ထဲခေါ်သွင်းသလို မြောက်ကိုရီးယားကလည်း ကျောင်းသားပါမကျန် စစ်ထဲလိုက်ပါရတယ်.. တောင်ကိုးရီးယားဖက်က ခြေမြန်တပ်သားတွေကို အရေးကြီးတဲ့ စာတစ်စောင်ကို ပို့ခိုင်းလိုက်ပါတယ်.. လမ်းမှာ ချုံခိုတိုက်ခိုက်ခံရရင်း စာက ကျပျောက်သွားပါတယ် အဲဒီအချိန်မှာပဲ မြောက်ကိုရီးယားတပ်လည်း အမေရိကန်ဗုံးကြဲလေယာဉ်ရဲ့တိုက်ခိုက်ခြင်းကြောင့် တင့်ကားတစ်စီးနဲ့နင့်  ကံဆိုးစွာ စစ်ရေးဘာမှမကျွမ်းတဲ့ကျောင်းသားလေးတစ်ယောက်တည်း ကျန်ခဲ့ပါတယ် ကျောင်းသားလေးကို သူ့ရဲ့ခေါင်းဆောင်က သေခါနီးမှာ တင့်ကားကို သေချာစောင့်ရှောက်ခဲ့ဖို့ မှာသွားပါတယ်။ သူကလည်း တင့်ကားမမောင်းတတ် ဘယ်လိုများ တင့်ကားကို စောင့်ရှောက်သွားလဲနှင့် တောင်ကိုရီးယားရဲ့ အရေးကြီးစာကိုလည်း သူကောက်ရလိုက်တော့ ဘယ်လိုတွေများ ရှေ့ဆက်ဖြစ်ကြမှာလဲ အဲဒီမှာ မြောက်ကိုးရီးယားတင့်ကားတပ်က ကျောင်းသားစစ်သားလေးနဲ့ စာကိုလိုက်ရှာေနေတဲ့တောင်ကိုးရီးယားလယ်သမားစစ်သားတို့တွေ့ကြတဲ့အခါ  ဘာတွေဖြစ်လာကြမလဲ……………… ဒီကားမှာ အဓိက အသက်ဝင်တာကတော့ အဓိကသရုပ်ဆောင်တွေရဲ့သရုပ်ဆောင်ချက်တွေက တကယ်ကို အသက်ဝင်လှသလို ဇာတ်ညွှန်းရေးတဲ့သူကလည်း နာမည်ကျော်ဇာတ်ကားတွေရဲ့ ဇာတ်ညွှန်းရေးဆရာကြောင့် ပြောင်မြောက်လှပါတယ် စစ်ပွဲရဲ့အဓိပ္ပါယ်မဲ့တိုက်နေရတဲ့သဘောတွေ စစ်ရဲ့အနိဌာရုံတွေနဲ့အတူ ဟာသတွေ ...
movie

The Long Way Home (2015)

2015