Channel Myanmar
Kang Dong-won
1987: When the Day Comes (2017) 8.2
1987: When the Day Comes (2017) 1987 : When the day comes (2017)Zawgyiဒီဇာတ်ကားကို လွန်ခဲ့တဲ့နှစ်သုံးဆယ်ကာလက တောင်ကိုရီးယားနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်အကြောင်းအရာတွေကို အခြေခံပြီးရိုက်ကူးထားပဲဖြစ်တယ်။အဲဒီအချိန်တုန်းက တောင်ကိုရီးယားနိုင်ငံဟာ အခုလို ဖွံ့ဖြိုးပြီးနိုင်ငံမဟုတ်သေးဘူး။စစ်အစိုးရနဲ့ အာဏာပိုင်တွေရဲ့ခေါင်းပုံဖြတ်မှုတွေကို ပြည်သူတွေလည်စင်းခံနေရတဲ့အချိန်၊ အဲဒီလိုဖိနှိပ်ချုပ်ချယ်မှုတွေကို မခံနိုင်တဲ့အဆုံးမှာ ကျောင်းသားတစ်စုဟာ စစ်အစိုးရကိုဆန့်ကျင်တဲ့အနေနဲ့ လမ်းမပေါ်ထွက်ပြီး ဆန္ဒပြတော့တယ်။အင်အားကြီးသူနိုင်စတမ်းဆိုသလို အဲဒီဆန္ဒပြမှုမှာအနိုင်ရရှိသွားသူကတော့အာဏာပိုင်တွေပါ။ဆန္ဒပြကျောင်းသားတစ်ဦးဖြစ်တဲ့ အသက်၂၁နှစ်အရွယ် ဆိုးလ်တက္ကသိုလ်ကကျောင်းသား ပက်ဂျွန်ချောအပါအ၀င်ဆန္ဒပြသူအချို့ကို အာဏာပိုင်တွေလက်ဝယ်ဖမ်းဆီးရခဲ့တယ်။ကျုပင်ခုတ်ကျုငုတ်ပါမကျန်အောင်ရှင်းမယ်ဆိုတဲ့အကြံနဲ့အာဏာပိုင်တွေဟာ အဖမ်းဆီးခံကျောင်းသားပက်ဂျွန်ချောကို နှိပ်စက်နည်းပေါင်းစုံနဲ့နှိပ်စက်ပြီး ဆန္ဒပြမှုနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို စစ်ကြောမေးမြန်းခဲ့တယ်။ပက်ဂျွန်ချောတစ်ယောက်လည်းနှိပ်စက်မှုပေါင်းစုံကို မခံနိုင်တော့ပဲ နောက်ဆုံးမှာ အသက်ပါဆုံးရှုံးသွားတော့တယ်။သူ့ရဲ့သေဆုံးမှုဟာ 1987 ဇွန်လမှာ တောင်ကိုရီးယားနိုင်ငံရဲ့သမိုင်းဝင်ဆန္ဒပြမှုကြီးအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ဖိနှိပ်ခံရပုံတွေ မတူညီကြပေမယ့် ပြည်သူတွေအားလုံးရဲ့ တစ်ခုတည်းသောဦးတည်ချက်ကတော့ ဒီမိုကရေစီဖော်ဆောင်ရေး၊ အဲဒီလို ပြည်သူတွေအားလုံးညီညီညွတ်ညွတ် သွေးတွေချွေးတွေနဲ့ပေးဆပ်ခဲ့တာကြောင့်လည်း တောင်ကိုရီးယားနိုင်ငံဟာ ယနေ့အချိန်မှာ ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခု ရပ်တည်နေနိုင်တာဖြစ်ကြောင်းကိုဒီဇာတ်ကားက ကောင်းကောင်းကြီးမီးမောင်းထိုးပြနေတယ်။ဒီဇာတ်ကားဟာ ဝေဖန်ရေးတွေအကြားမှာ အောင်မြင်ရုံသာမက ငွေကြေးပိုင်းအရလည်း တော်တော်ကြီးကိုအောင်မြင်ခဲ့တဲ့ကားပါ။$14 သန်းရင်းထားတဲ့ဇာတ်ကားဟာ ပြည်တွင်းဝင်ငွေ $54 သန်းကျော်ရရှိခဲ့တာဟာ တော်တော်ကြောက်စရာကောင်းတဲ့အောင်မြင်မှုမျိုးပါ။IMDB ...
movie
1987: When the Day Comes (2017)
2017
Vanishing Time: A Boy Who Returned (2016) 7.8
Vanishing Time: A Boy Who Returned (2016) နာရီတွေကို ရပ်ထားရင် ဘာတွေ ဖြစ်သွားမယ်ဆိုတာကို တွေးမိပါသလား? တောင်တွေပေါ်ကို ခရီးထွက်ခဲ့ကြတဲ့ ကလေးတစ်စု သွားခဲ့ရာက မတော်တဆ ပျောက်ဆုံးသွားခဲ့ကြပါတယ်။ ကောင်မလေးတစ်ယောက်ကိုပဲ ကယ်တင်နိုင်ခဲ့ပါတယ်။ ပျောက်ဆုံးသွားတဲ့ ၁၃ နှစ်သား ကောင်လေးက အသက် ၃၀ အရွယ် အမျိုးသားတစ်ယောက်အနေနဲ့ ပြန်ပေါ်လာခဲ့တဲ့အခါမှာ ...... ကောင်မလေးကရော သူ့သူငယ်ချင်းကို မှတ်မိနိုင်ပါ့မလား? ကောင်လေးက အချိန်တွေကို ရပ်တန့်ထားနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပျောက်ဆုံးသွားတဲ့ ကလေးတွေကို သတ်တဲ့လူဟာလည်း အဲဒီအမျိုးသားလို့ သံသယဝင်ခံရတဲ့အချိန်မှာတော့ ..... ဇာတ်လမ်းက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ မင်းသားကတော့ Too Beauty to Lie ထဲက Gand Dong Won ပဲ ဖြစ်ပါတယ်။ IMDb - 7.3/10 ရထားတဲ့ ဇာတ်လမ်းကောင်း ဖြစ်တာမို့ ဖန်သားပြင်ထက်မှာ ဆက်လက်ရှုစားလိုက်ကြပါခင်ဗျာ။File Size - 1.4 gb Quality - bluray 1080p Subtitle -  burmese Translator - Bommy Chan Encoder - Thit San ...
movie
Vanishing Time: A Boy Who Returned (2016)
2016
Peninsula – Train to Busan 2 (2020) 6.0
movie
2020
My Brilliant Life (2014) 6.8
My Brilliant Life (2014) [Unicode]My Brilliant Life (2014)ငယ်ရွယ်မှုဆိုတာဘာနဲ့မှလဲလို့မရသလို လူတိုင်းလိုချင်တဲ့အရာလဲဖြစ်ပြီး လူတိုင်းကလဲငယ်ရွယ်မှုကိုပိုင်ဆိုင်ဆဲ ပိုင်ဆိုင်ခဲ့ဖူးကြတယ် ၊ဒါပေမယ့်ဒီဇာတ်လမ်းလေးထဲက အာရွန်ဆိုတဲ့၁၆နှစ်သားလေးကတော့ ကံဆိုးစွာပဲငယ်ရွယ်မှုကိုမပိုင်ဆိုင်ခဲ့ဘူး...သူ့မှာprogeriaလို့ခေါ်တဲ့အသက်ကြီးမြန်တဲ့ရောဂါရှိနေခဲ့တယ် ၊အသက်၁၆နှစ်လေးနဲ့အသက်၈၀အရွယ်ခန္ဓာကိုယ်ပိုင်ဆိုင်ပြီး ရောဂါတွေအများကြီးနဲ့ လောကကြီးထဲကဘယ်အချိန်ထွက်သွားရမယ်မသိတဲ့ အာရွန်လေးရဲ့ခံစားချက်ကဘယ်လိုဖြစ်နေမလဲ...ကိုယ့်သားသမီးလေးပွန်းပဲ့ရင်တောင်စိုးရိမ်တတ်တာမိဘတွေဖြစ်တာမို့ ဒီလိုအသက်၈၀အဖိုးကြီးလို လူတကာလိုက်ကြည့် လူကြားထဲမသွားရဲပဲသေမယ့်နေ့ကိုထိုင်စောင့်နေရတဲ့အာရွန်လေးကို ဘာမှမတတ်နိုင်ပဲကြည့်ရုံကြည့်နေရတဲ့ မိဘရဲ့ရင်ထဲကခံစားချက်...' လူတွေကကျန်းမာနေကြတာမို့ ကိုယ်ကျန်းမာနေတာကိုမေ့နေတတ်ကြတယ်တဲ့ 'Messageကောင်းကောင်းလေးပေးထားတဲ့ကားလေးမို့ ကြည့်ပြီးရင်ရင်ထဲမှာတစ်ခုခုတော့ကျန်ခဲ့မှာပါ ၊Drama Queen SongHyeKyo(အွန်စော)ရဲ့ကားလေးမို့ တစ်သျှူးလေးဆောင်ပြီးကြည့်ကြပါလို့...( အညွှန်းနဲ့ဘာသာပြန်သူကတော့ Myint Myat Thinn ဖြစ်ပါတယ် )[Zawgyi]My Brilliant Life (2014)ငယ်ရွယ်မှုဆိုတာဘာနဲ့မှလဲလို့မရသလို လူတိုင်းလိုချင်တဲ့အရာလဲဖြစ်ပြီး လူတိုင်းကလဲငယ်ရွယ်မှုကိုပိုင်ဆိုင်ဆဲ ပိုင်ဆိုင်ခဲ့ဖူးကြတယ် ၊ဒါပေမယ့်ဒီဇာတ်လမ်းလေးထဲက အာရွန်ဆိုတဲ့၁၆နှစ်သားလေးကတော့ ကံဆိုးစွာပဲငယ်ရွယ်မှုကိုမပိုင်ဆိုင်ခဲ့ဘူး...သူ့မှာprogeriaလို့ခေါ်တဲ့အသက်ကြီးမြန်တဲ့ရောဂါရှိနေခဲ့တယ် ၊အသက်၁၆နှစ်လေးနဲ့အသက်၈၀အရွယ်ခန္ဓာကိုယ်ပိုင်ဆိုင်ပြီး ရောဂါတွေအများကြီးနဲ့ လောကကြီးထဲကဘယ်အချိန်ထွက်သွားရမယ်မသိတဲ့ အာရွန်လေးရဲ့ခံစားချက်ကဘယ်လိုဖြစ်နေမလဲ...ကိုယ့်သားသမီးလေးပွန်းပဲ့ရင်တောင်စိုးရိမ်တတ်တာမိဘတွေဖြစ်တာမို့ ဒီလိုအသက်၈၀အဖိုးကြီးလို လူတကာလိုက်ကြည့် လူကြားထဲမသွားရဲပဲသေမယ့်နေ့ကိုထိုင်စောင့်နေရတဲ့အာရွန်လေးကို ဘာမှမတတ်နိုင်ပဲကြည့်ရုံကြည့်နေရတဲ့ မိဘရဲ့ရင်ထဲကခံစားချက်...' လူတွေကကျန်းမာနေကြတာမို့ ကိုယ်ကျန်းမာနေတာကိုမေ့နေတတ်ကြတယ်တဲ့ 'Messageကောင်းကောင်းလေးပေးထားတဲ့ကားလေးမို့ ကြည့်ပြီးရင်ရင်ထဲမှာတစ်ခုခုတော့ကျန်ခဲ့မှာပါ ၊Drama Queen SongHyeKyo(အွန်စော)ရဲ့ကားလေးမို့ တစ်သျှူးလေးဆောင်ပြီးကြည့်ကြပါလို့...( အညွှန်းနဲ့ဘာသာပြန်သူကတော့ Myint Myat ...
movie
My Brilliant Life (2014)
Woochi: The Demon Slayer (2009) 6.6
movie
2009
Kundo: Age of the Rampant(2014) 6.8
Kundo: Age of the Rampant(2014) Kundo: Age of the Rampant(2014) IMDb...6.8 (၂၀၁၄)ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီကားကို လုပ်ဖြစ်ရတဲ့အကြောင်းအရင်းက Dong-seok Ma ကြောင့်ဆိုရင်လည်းမမှားပါဘူး.... ဗလခပ်တောင့်တောင့်ဒီမင်းသားဟာ Along with the Gods, Unstoppable ,The Outlaws  တို့မှာ ပါဝင်ခဲ့ပြီးတော့ သရုပ်ဆောင်စဉ်မှာလည်း ရိုးသားဟန်တွေပေါ်နေတဲ့ သူ့အမူအရာကြောင့် မြန်မာပရိတ်သတ်တွေအကြိုက်ဖြစ်ခဲ့သလို တစ်ချက်တစ်ချက် ထိုးလိုက်ရင် အုန်းသီးခပ်ကြီးတစ်လုံးလောက်ရှိတဲ့ သူ့လက်သီးကြောင့် ခုနှစ် ခုနှစ်လီ ၄၉ပေလောက်လွင့်သွားတာလည်း အားရစရာကြီးပါပဲ...ဒီကားထဲမှာလည်း သံလုံးကြီးတွေကိုလက်နက်အဖြစ်အသုံးပြုတဲ့သိုင်းသမားအဖြစ်ပါဝင်ထားပါတယ်... နောက်ပြီးတော့ ခေါင်းဆောင်မင်းသားဖြစ်တဲ့ Jung-woo Ha ကိုတော့ အထွေအထူးမိတ်ဆက်စရာမလိုပါဘူး..သူရိုက်သမျှကားတိုင်းဟာ ကောင်းမွန်တယ်လို့တောင်မှတ်ကျောက်တင်ခံရတဲ့သူပါ.... ဒီကားက ဂျိုဆွန်းခေတ်က အရင်းရှင်တွေ မင်းမှုထမ်းတွေက တောင်သူလယ်သမားတွေအပေါ်နဲ့ ချို့တဲ့သူတွေကိုအနိုင်ကျင့်တဲ့အတွက်ကြောင့်  သိုင်းပညာတော်တဲ့သူတွေစုပြီး တွန်းလှန်တဲ့အကြောင်းကိုရိုက်ပြထားတာပါ... ဇာတ်လမ်းဇာတ်ကွက်လည်းကောင်းသလို ပါဝင်တဲ့သရုပ်ဆောင်တွေကလည်း ကိုရီးယားရဲ့ နာမည်ကျော်တွေကြီးပဲစုရိုက်ထားသလားမှတ်ရပါတယ်... ပြီးတော့ အက်ရှင်ခန်းပေါင်းများစွာပါဝင်တဲ့အတွက်ကြောင့်  Action ကားကောင်းကြိုက်တဲ့သူတွေအဖို့လက်မလွှတ်သင့်ပါဘူး...  File Size : (1GB) and (426 MB) Quality : Blu-Ray 720p Format…mp4 Duration…02:17:00 Genre :  Action Subtitle : Myanmar Subtitle (Hard Sub) Translated by Megumi Encoded by Phyo Pyae
movie
Kundo: Age of the Rampant(2014)
2014
Golden Slumber (2018) 5.8
Golden Slumber (2018) Golden Slumber ဆိုတဲ့ဇာတ်​ကား​လေးက​တော့2018 မှာထွက်​ရှိတာတဲ့ Thriller/Action ဇာတ်​ကား​ကောင်း​လေးတစ်​ခုဖြစ်​ပါတယ်​။Rating ​တွေအ​နေနဲ့က​တော့ IMDb 5.8/10 Rotten tomatoes 71% ရရှိထားပြီး cast​တွေအ​နေနဲ့ Gang Dong Won နဲ့ Han Hyo Joo တို့အဓိကပါဝင်​ထားကြတာပဲ ဖြစ်​ပါတယ်​။နိုင်​ငံ​ရေး​လောကအ​ကြောင်း​တွေ နိုင်​ငံ​ရေးလှည့်​ကွက်​​တွေအ​ကြောင်း ကို​တွေ့ရမှာဖြစ်​ပြီး စွပ်​စွဲခံရတဲ့ လူငယ်​​လေးတစ်​​ယောက်​ရဲ့ မိမိရဲ့ ရိုးသားမှုကိုသက်​​သေပြဖို့ကြိုးစားပုံကို ​တွေ့မြင်​ရမှာဖြစ်​ပါတယ်​။ကိုယ်​ကလွဲရင်​ ဘယ်​သူ့ကိုမှယုံကြည်​လို့မရဘူးဆိုတာကိုဒီကား​လေးက​ပြောပြ​ပေးသွားမှာပါ။ကင်​ဂွမ်​ဝူးဟာ သာမန်​ပစ္စည်းပို့သမား​လေးဖြစ်​ပြီး ရိုးသားကြိုးစားပြီး သူတစ်​ပါးကိုလည်းတတ်​နိုင်​သမျှကူညီတတ်​သူတစ်​​ယောက်​ဖြစ်​ပါတယ်​။ကြင်​နာတတ်​ပြီး သူငယ်​ချင်း​တွေကိုလည်း အလွန်​သံ​ယောဇဉ်​ရှိသူဖြစ်​ပါတယ်​။အဆို​တော်​မ​လေးတစ်​​ယောက်​ကို အကြမ်းဖက်​မှုမှကယ်​တင်​ခဲ့ချိန်​မှစလို့ သူဟာ စံပြနိုင်​ငံသားဆုကို ရပြီးလူအများရဲ့စိတ်​ဝင်​စားမှုကိုရရှိခဲ့ပါတယ်​။ဒါ​ပေမယ့်​သူဟာ နိုင်​ငံ​ရေးသမား​တွေရဲ့ သား​ကောင်​ဖြစ်​​နေမှန်း သူ့ကိုယ်​သူမသိခဲ့ရှာပါဘူး။တစ်​​နေ့ သမ္မတ​လောင်းကိုယ်​စားလှယ်​ အသတ်​ခံရမှုမှာ မတရားစွပ်​စွဲခံရကာ ထွက်​​ပြေးတိမ်း​ရှောင်​​နေခဲ့ရပါတယ်​။ရိုးအတဲ့ ကင်​ဂွမ်​ဝူး တစ်​​ယောက်​ သူ့ရိုးသားမှုကို ပြန်​လည်​​ဖော်​ထုတ်​နိုင်​မလား၊​နောက်​ဆုံးမှာ အာဏာရှိသူကပဲ အနိုင်​ရသွားမလားဆိုတာ ​စောင့်​ကြည့်​ရမှာဖြစ်​ပါတယ်​။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  Yin Wai Phyo ပါ) File Size : (850 ...
movie
Golden Slumber (2018)
2018
Illang: The Wolf Brigade (2018) 6.0
Illang: The Wolf Brigade (2018) Illang: The Wolf Brigade (2018)_____IMDb - 6.0/10    ဒီဇာတ်ကားဟာ ကိုရီးယားတွေက Japanese animated film Jin-Roh: The Wolf Brigade ကို live action ပြန်ရိုက်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီကားနဲ့ပတ်သက်ပြီး review မျိုးစုံပေးထားပေမယ့် ကြည့်ရကောင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒါရိုက်တာ Kin Jee Woo ရိုက်ကူးထားပြီး Cast တွေကတော့ Cold eyes ဇာတ်ကားထဲက မင်းသမီးချောလေး Hyo Joo Han, အဲ့ကားထဲမှာပဲပါဝင်ခဲ့တဲ့မင်းသားကြီး Woo Sung Jung တို့အပြင် မင်းသား Dong Won Gang တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်အိမ်ကို အနာဂတ် ၂၀၂၉ခုနှစ်မှာတည်ထားပြီး မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားတို့ပြန်လည်ပေါင်းစည်းရန် ဆွေးနွေးနေသည့်ကာလတွင်အခြေတည်ထားပြီး အဲ့ဖြစ်စဉ်ရဲ့နောက်ဆက်တွဲ ကိစ္စရပ်များကိုရိုက်ကူးထားတာပါ။ ပေါင်းစည်းရေးကိစ္စကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ရုရှား၊ တရုတ်၊ ဂျပန်တို့ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ကိုရီးယားနိုင်ငံစီးပွားရေးထိုးကျပြီး လူထုကြားမတည်ငြိမ်မှုတွေဖြစ်ပေါ်လာကာ အစိုးရကိုဆန့်ကျင်သည့် ...
movie
Illang: The Wolf Brigade (2018)
2018
Secret Reunion (2010) 7.0
Secret Reunion (2010) ​ကိုးရီးယားနိုင်​ငံရဲ့​အောင်​မြင်​တဲ့ထုတ်​လုပ်​မှုတစ်​ခုဖြစ်​တဲ့ ဒီကား​လေးက ​ဆောင်းကန်​ဟိုနဲ့ ကင်​​ဒေါင်​ဝန်​တို့ main role အ​နေနဲ့ပါဝင်​ထားတဲ့ ​ဟောလိဝုဒ်​ကားဆန်​ဆန်​ spy,thriller ကား​လေးဖြစ်​ပါတယ်​။အေးဂျင့်​ လီဟန်​ဂူဟာ နိုင်​ငံ​ရေးဌာနတစ်​ခုမှာတာဝန်​ထမ်း​ဆောင်​​နေပြီး မိသားစုကို​ကောင်း​ကောင်းမ​ထောက်​ပံ့နိုင်​တဲ့အတွက် အိ​မ်​​ထောင်​နဲ့ကွဲ​နေသူပါ။သူ့ရဲ့ မစ်​ရှင်​က​တော့​မြောက်​ကိုရီးယား​ခေါင်း​ဆောင်​ကိုသစ္စာ​ဖောက်​တဲ့သူ​တွေကိုသတ်​ဖြတ်​​နေတဲ့ အရိပ်​ ဆိုတဲ့လူသတ်​သမားကိုလိုက်​လံဖမ်းဆီး​ရခြင်းပါ။မစ်​ရှင်​ကျရှုံးခဲ့တဲ့အတွက်​အထက်​လူကြီးနဲ့က​တောက်​ကဆဖြစ်​ကာ လီဟန်​ဂူအလုပ်​ထွက်​ခဲ့ရပါတယ်​။ကင်​​ဒေါင်​ဝမ်​က​တော့ ​မြောက်​ကိုရီးယားရဲ့သူလျှို ဂျီဝန်​အဖြစ်​သရုပ်​​ဆောင်​ထားပြီး အရိပ်​ရဲ့အမိန့်​ကိုလိုက်​နာရသူပါ။နူးညံတဲ့နှလုံးသားပိုင်​ရှင်​ဂျီဝန်​ဟာ ရန်​သူ​ကိုညှာတာမိရာက​နေ တိုင်းပြည်​ရဲ့သစ္စာ​ဖောက်​ဖြစ်​ခဲ့ပါတယ်​။၆နှစ်​ကြာတဲ့အခါ ကိုယ်​ပိုင်​​အေဂျင်​စီ​ထောင်​ပြီး ထွက်​​ပြေး​နေတဲ့နိုင်​ငံခြားသူဇနီး​တွေကိုရှာ​ဖွေ​ပေး​နေသူ လီဟန်​ဂူဟာ ဆု​ငွေရလိုမှုနဲ့ရဲဌာနကအလိုရှိသူကိုဖမ်းဆီးရင်​ ​ဆောက်​လုပ်​​ရေးလုပ်​ငန်​တစ်​ခုမှာအလုပ်​လုပ်​​နေတဲ့ ဂျီဝန်​နဲ့ဆုံခဲ့ပါတယ်​။ဇနီးသည်​နဲ့သမီး​လေးဆီပြန်​ဖို့​ငွေလို​နေတဲ့ဂျီဝန်​ဟာ လီဟန်​ဂူရဲ့​အေဂျင်​စီမှာအလုပ်​လုပ်​ရင်း လီဟန်​ဂူရဲ့တိုက်​ခန်းမှာပဲ​နေ​ထိုင်​ခဲ့ပါတယ်​တစ်​​ယောက်​ကိုတစ်​​ယောက်​သတိထားရင်းနဲ့အ​နေကြာလာတဲ့အခါမှာ ညီအကိုသံ​ယောဇဉ်​တွယ်​လာခဲ့ပါတယ်​။နျူးကလီးယားပြဿနာနဲ့နှစ်​နိုင်​ငံဆက်​ဆံ​ရေးတင်းမာလာပြီးလုပ်​ကြံသတ်​ဖြတ်​မှု​တွေပြန်​လည်​အစပြုလာချိန်​မှာ​တော့ သူတို့နှစ်​​ယောက်​ကြားဆက်​ဆံ​ရေး​တွေဘယ်​လိုဆက်​ဖြစ်​ကြမလဲ..ဂျီဝန်​က​ရော သူ့မိသားစုနဲ့ပြန်​လည်​​ပေါင်းစည်းနိုင်​ပါ့မလား..ဆိုတာကိုစိတ်​ဝင်​စားဖွယ်​ကြည့်​ရှုရမှာပါ  (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်က ကြာဖြူလွင်ပါ)   File Size : (850 MB) and (400 MB) Quality : 720p Bluray Running Time : 1hr 57min Format : Mp4 Genre :Action, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie
Secret Reunion (2010)
2010