Channel Myanmar
Kate Winslet
Eternal Sunshine of the Spotless Mind (2004) 8.3
Eternal Sunshine of the Spotless Mind (2004) Eternal Sunshine of The Spotless Mind (2004)IMDb Rating (8.3) / Rotten Tomatoes (93%)သံယောဇဉ်အတိတ်တို့မရှိတဲ့ စိတ်ဝိဉာဉ်ဟာ ထာဝရငြိမ်းချမ်းနေမှာပဲတဲ့....မင်းသားကြီး ဂျင်မီကာရေး  မင်းသမီး ကိတ်ဝင်းစလက်တို့ပါဝင်တဲ့ ဒီရုပ်ရှင်ကားကြီးဟာ ဆုတွေတလှေကြီးရထားတဲ့ အချစ်ရိုမန့်ဇာတ်ကားဖြစ်ပြီး ရာစုနှစ်ရဲ့အကောင်းဆုံးရုပ်ရှင်ကားတွေထဲက တစ်ကားဖြစ်ပါတယ်။အပြင်လောကမှာ ချစ်ရသူကြောင့်အသည်းကွဲပြီး ပြင်းထန်တဲ့စိတ်ကျဝေဒနာခံစားရနေတဲ့ ဂျင်မီကာရေးတစ်ယောက် လုံးဝထိခိုက်ကြေကွဲနေတဲ့အချိန်ကာလမှာ ဒါရိုက်တာ Michael Gondry ဟာ ဒီရုပ်ရှင်ကို စီစဉ်ရိုက်ကူးခဲ့ပါတယ်။ ဒါကြောင့်လဲ ဟာသမင်းသားကြီးလို့ မြင်နေကျ ဂျင်မီကာရေးကို လုံးဝမတူကွဲပြားတဲ့သရုပ်ဆောင်မှုတွေနဲ့ ဒီရုပ်ရှင်မှာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။++++++++++++++++++++++++++++++“ဒီလောကကြီးမှာ ကိုယ့်ကိုသတိရတဲ့သူ မှတ်မိတဲ့သူ တစ်ယောက်မှမကျန်တော့ဘူးဆိုရင် အဲ့လူကတကယ်ပျောက်ကွယ်သွားလိမ့်မယ်ဆိုတဲ့ ရုပ်ရှင်ရှိတယ်။ ပြောရရင် ဘဝဆိုတာ အဆုံးမှာတော့ မှတ်ဉာဏ်တွေကအရာအားလုံးပါဘဲ။ တစ်စုံတစ်ယောက်ရဲ့ မှတ်ဉာဏ်ထဲမှာ ရှိတဲ့ငါ ငါ့ရဲ့ မှတ်ဉာဏ်ထဲမှာရှိတဲ့ တစ်စုံတစ်ယောက် မှတ်ဉာဏ်တစ်ခုချင်းစီမှာ အားလုံးဟာ မတူညီတဲ့ပုံစံနဲ့ အသီးသီးဖြစ်တည်နေကြတယ်။” အမှတ်တရတစ်ခုချင်းစီမှာ ခံစားချက်ဗဟိုချက်ဆိုတာရှိတယ်တဲ့။အဲ့ ဗဟိုချက်ကိုသာဖယ်ရှားလိုက်ရင် မှတ်ဉာဏ် ( တနည်းအားဖြင့် အမှတ်တရ ) ပြိုကွဲခြင်းလုပ်ငန်းစဉ်စပါပြီ ။ ဒီရုပ်ရှင်ဇာတ်လမ်းလေးနာမည်ကတော့ Eternal ...
movie
Eternal Sunshine of the Spotless Mind (2004)
2004
4K HEVC
Flushed Away (2006) 6.6
Flushed Away (2006) Flashed Away ဟာ Chicken Run, Shaun The Sheep Movie စတဲ့Stop-Motion ဇာတ်ကားကောင်းတွေကို ဖန်တီးခဲ့တဲ့Aardman Features နဲ့ DreamWork Animation တို့ပူးပေါင်းဖန်တီးခဲ့တဲ့ ဇာတ်ကားလေး တစ်ကားလည်း ဖြစ်ပါတယ်။Aardman Features အနေနဲ့ CGIanimation ဘက်ကို ခြေလှမ်းစတင်ခဲ့တဲ့ဇာတ်ကားလေးဆိုလည်း မမှားပါဘူး။ပါဝင်တဲ့ Cast တွေ အနေနဲ့ Hugh Jackman (Wolverine), Kate Winslet တို့အဓိကပါဝင်ထားပြီး Ian Mckellen, Bill Nighy, Andy Serkis နဲ့ Jean Reno တို့လိုအကျော်အမော်တွေ ခြံရံထားပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ ရော့ဒီဆိုတဲ အိမ်မွေးကြွက်လေးတစ်ကောင်ရဲ့ဘဝနဲ့ စတင်ထားပြီး သခင်တွေခရီးထွက်သွားတုန်းမှာပဲအိမ်ကြီးတစ်ခုလုံးကို သူ့စိတ်ကြိုက်နေထိုင်ဖို့ စိတ်ကူးနေတဲ့ ရော့ဒီဆီကိုရေဆိုးမြောင်းထဲက ကြွက်တစ်ဖြစ်လည်းဆစ်ဒ် ရောက်လာချိန်မှာတော့ ရော့ဒီဘဝဟာဇောက်ထိုးမိုးမျှော် ဖြစ်ခဲ့ပါတယ်.ဆစ်ဒ် လှည့်စားတာခံရပြီး ရေမြောင်းထဲကိုအိမ်သာထဲကနေ ဆွဲအချခံခဲ့ရကာ ...
movie
Flushed Away (2006)
2006
Eating Our Way to Extinction (2021) 7.5
Eating Our Way to Extinction (2021) Eating Our Way to Extinction (2021) ~ IMDb Rating - 7.5/10 ~လူ​တွေအသက်ရှင်ဖို့ အာဟာရဖြစ်ဖို့ စား​နေတဲ့ စားနပ်ရိက္ခာ​တွေက တစ်ချိန်မှာ လူသားမျိုးနွယ် မျိုးတုန်းမှုရဲ့ အဓိကအ​ကြောင်းရင်းကြီးတစ်ချက်လို့ပြောရင် ဟာသပြက်လုံးလို ဖြစ်​​နေမှာ​သေချာပါတယ်။ ဒါ​ပေမဲ့ ကဏ္ဍ​ပေါင်းစုံက သု​တေသနပညာရှင်​တွေ နှစ်​ပေါင်းများစွာ လုပ်လာတဲ့ သု​တေသန​ရလဒ်​တွေ၊ အစီရင်ခံစာ​တွေက ဒီယူဆချက် မှန်ကန်​ကြောင်း သက်​​သေထူ​နေပါတယ်။ကမ္ဘာ့လူဦး​ရေတစ်​နေ့တခြား များလာတာနဲ့အမျှ စားနပ်ရိက္ခာ​တွေ ပိုလိုအပ်လာသလို အသားစားသုံးမှုနှုန်းက တိုးပွားလာတဲ့အတွက် ​မွေးမြူ​ရေးလုပ်ငန်း​တွေ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ တွင်ကျယ် လာပါတယ်။ ဒီ Documentary ထဲမှာ ​မွေးမြူ​ရေးလုပ်ငန်း​တွေနဲ့ ပတ်သက်ပြီး သင်တို့လုံးဝမသိရှိထားတဲ့၊ လုံးဝမထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်​တွေ အဖြစ်မှန်​တွေကို သု​တေသနရလဒ်​တွေနဲ့အညီ ​သေချာ​ဖော်ထုတ်တင်ဆက်ထားတာပါ။မင်းသမီးကြီး ကိတ်ဝင်းစလတ်ကိုယ်တိုင် Narrator အဖြစ်ပါဝင်ပြီး တစ်ကမ္ဘာလုံးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု ပညာရှင်​တွေ၊ မိုး​လေဝသပညာရှင်​တွေ၊ အစာအာဟာရပညာရှင်​တွေ စုံစုံလင်လင် ပါဝင်ထားပြီး ...
movie
Eating Our Way to Extinction (2021)
2021
The Dressmaker (2015) 7.0
The Dressmaker (2015) The Dressmaker (2015)================= IMDb Rating - 7.0/10လူနေကြဲပါးလှတဲ့ တောမြို့လေးတစ်မြို့မှာ ကလေးမလေးတစ်ယောက်ဟာ သူနဲ့ရွယ်တူကောင်လေးတစ်ယောက်ကို သတ်လိုက်တယ်လို့ စွပ်စွဲခံရပြီး တစ်ရပ်တစ်ကျေးအပို့ခံခဲ့ရတယ်။ နောက်၂၅နှစ်အကြာမှာ သူနာမည်ကြီး အဝတ်ချုပ်သမဖြစ်ပြီးနောက် အဲဒီမြို့ကလေးဆီပြန်ရောက်လာခဲ့တယ်။ သူလုပ်ခဲ့လား သူမလုပ်ခဲ့လားတော့ သူလည်းသေချာမသိသလို ဘယ်သူမှလည်း သေချာမသိကြပါဘူး။ ဒါပေမဲ့ လူတွေရဲ့လှံဟာမြေနိမ့်တဲ့အရပ်ကိုပဲ စိုက်တတ်တဲ့ သဘာဝအတိုင်း သူ့ကိုပယ်ကြဉ်ထားခဲ့ကြတယ်။သူကတော့ သူတတ်တဲ့အတတ်နဲ့ ဒီလူတွေနဲ့ ပြန်အဆင်ပြေဖို့ ကြိုးစားကြည့် ခဲ့တာပေါ့။ ဒါမေမဲ့လည်း အားလုံးပြောကြသလို သူတကယ်ပဲ ကျိန်စာမိနေလား မသိရအောင် သူ့ဘေးကလူတွေပဲ ထိခိုက်လာတဲ့နောက်......ခင်မောင်ရင်ပြောဖူးတဲ့စကားရှိတယ်။ " ဘ၀ကိုယ်တိုင်ကိုက အမှားတွေနဲ့ ပြည့်နေတာပဲမို့လား။ စမ်းတဝါးဝါးလျှောက်ရင်း အမှားတွေကြုံရင်း ပြန်ပြင်ဆင်ရင်းနေရတာကိုက ဘ၀ပါပဲ။ ဒီလိုပဲ ကျုပ်လည်း အမှားတွေကို လုပ်တယ်။ ဒါကြောင့်ပဲ ကျုပ်ရှင်သန်နေတာပေါ့။ အမှားတွေလုပ်နေတယ် ဆိုတာ ရှင်သန်နေလို့ပဲကိုး"တဲ့။လူတွေဟာ အမြဲအမှားတွေလုပ်နေကြ ပြန်ပြင်ဆင်နေကြတာပါပဲ။ မြေနိမ့်လို့ အခွင့် အရေးမရခဲ့သူတို့ကတော့ ပြင်ရခက်ကြတယ်။ ဒီလောကထဲရောက်လာကတည်းက မှားဖို့ ပြင်ကြဖို့ ရောက်လာတာလို့ ဆိုကြတယ်မို့လား။ အဲ့တော့လက်မလျှော့တမ်း ပြင်ကြဆင်ကြတာပေါ့။ ခင်ဗျားမှာလည်း အမှားတွေရှိဖူးတယ်ဆို ဒီရုပ်ရှင်ဟာ ခင်ဗျားကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။တစ်ချိန်က ပန်းချီတစ်ချပ်နဲ့ ကမ္ဘာကိုကိုင်လှုပ်ဖူးတဲ့ မမကိတ်ဝင်းစလက်က အဓိကဇာတ်ကောင်အဖြစ်သရုပ်ဆောင်ထားသလို ...
movie
The Dressmaker (2015)
2015
Titanic (1997) 7.8
Titanic (1997) Titanic (1997) IMDb - 7.8/10_____Rotten - 89% Won 11 Oscars. Another 113 wins & 83 nominations.  ရူးသွပ်ခဲ့ဖူးတဲ့မင်းသားနဲ့မင်းသမီးတို့ရဲ့ အမိုက်စား ဇာတ်ကား...ရင်နင့်ဖွယ်..အံ့အားသင့်ဖွယ် ရသအဖုံဖုံကိုခံစားခဲ့ဖူးတာပဲမလား..အခုအချိန်မှာတော့ 1080P 5.1 CH နဲ့ တိုက်တန်းနစ်ဇာတ်ကား လေးကို ကြည်ကြည်လင်လင် အသံကွာလတီ ရှယ်ကောင်းကောင်းနဲ့ ပြန်လည်ခံစားဖို့အချိန်တန်ပါပြီ ဒီဇာတ်ကားက မသိတဲ့လူမရှိသလောက်မို့ Movie Review ကိုမရေးတော့ဘဲထူးခြားချက်လေးတွေကို သာဗဟုသုတအလို့ငှာ တင်ဆက်လိုက်ပါတယ်။ Titanic ဇာတ်ကားမှ ထူးခြားအချက်အလက်များ -ဇာတ်ကားထုတ်လုပ်သူ 20th Century Fox နဲ့ Paramount Pictures တို့ကမင်းသားနေရာမှာ Matthew McConaughey ကို သရုပ်ဆောင်စေချင်ပေမယ့်ဒါရိုက်တာ James Cameron က Leonardo DiCaprio ကိုပဲ ဇွတ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။-ဇာတ်ကားထဲမှာ အဖြစ်အပျက် အစအဆုံးကို ပြန်ပြောပြသူအဖြစ် သရုပ်ဆောင်ခဲ့တဲ့ အဘွားအိုGloria Stuart ဟာ သင်္ဘောမြုပ်တာကို ကိုယ်တွေ့ကြုံခဲ့သူပါ။-Titanic သင်္ဘောကို တည်ဆောက်ခဲ့စဉ်က $7.5 million ကုန်ကျခဲ့ပါတယ်။၁၉၉၇ ခုနှစ်က ...
movie
Titanic (1997)
1997
4K HEVC
The Holiday (2006) 6.9
The Holiday (2006) [Unicode]The Holiday (2006)အခုတလော အချစ်ကားလေးလည်းကြည့်ချင်တယ် drama တွေခင်းနေတာလည်းမကြိုက်ဘူး ဟာသလေးရော ပါချင်တယ် entertained လည်းဖြစ်ချင်တယ်ဆိုရင်တော့ ဒီကားလေးကို ကြည့်ဖို့ ညွှန်းလိုက်ပါတယ်...British flim ဖြစ်ပြီး အချိန်အားဖြင့် christmas ကာလကိုနောက်ခံထားရိုက်ကူးထားတာဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ၃ နှစ်လောက်တစ်ဖက်သတ်ကြိုက်ခဲ့ရတဲ့ကောင်လေးက စေ့စပ်သွားလို့ ပူဆွေးဝမ်းနည်းနေတဲ့ အင်္ဂလန်နိုင်ငံ surray မြို့က Irish ဆိုတဲ့ကောင်မလေးနဲ့... နှလုံးသားရေးရာမှာအဆင်မပြေ ရည်းစားနဲ့ပြတ်ပြီး အသည်းကွဲနေတဲ့ LA က Amanda ဆိုတဲ့ကောင်မလေးတို့ ခရစ္စမက်အားလပ်ရက်အပန်းဖြေခရီးအတွက် အိမ်ငှားတဲ့website တစ်ခုမှာ တွေ့ကြပါတော့တယ်...သူတို့ရဲ့ အချစ်ရေးပြဿနာတွေကနေလွတ်မြောက်အောင် မရောက်ဖူးတဲ့နေရာကိုသွားမယ်ဆိုပြီး တစ်ယောက်နဲ့တစ်ယောက်အိမ်ချင်းလဲပြီးနေမယ်လို့ သဘောတူလိုက်ပါတော့တယ် မမျှော်လင့်ပဲ local ကောင်လေးတွေနဲ့တွေ့ပြီး... သူ့တို့အတွက် တကယ်မှန်ကန်တဲ့လက်တွဲဖော် ရှာတွေ့သွားမလားဆိုတာကတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုရမှာဖြစ်ပါတယ် သရုပ်ဆောင်တွေကလည်း ငြင်းရက်စရာမရှိတဲ့အပြင် စိတ်အပန်းပြေစေတဲ့ကားကောင်းလေးမို့ တင်ဆက်ပေးလိုက်ရပါတယ် ။( အညွှန်းရေးသားထားသူကတော့ Thinzar Oo ဖြစ်ပါတယ် )Quality__720p IMDb Rating__6.9/10 Format__mp4 Duration__02:16:00 Type__Comedy , Romance Subtitle__Myanmar Subtitle (Hardsub) Translated by Thinzar Oo Encoded by ...
movie
The Holiday (2006)
Finding Neverland(2004) 7.7
Finding Neverland(2004) Finding Neverland(2004)IMDb...7.7,,,,Rotten...88%(အတော်ကြီးလန်းတဲ့ကားမို့ Blu-Ray 1080p 5.1 CH, Blu-Ray 720p တို့ဖြင့်တင်ဆက်ပေးထားပါသည်...)ဒီတစ်ခေါက်မှာတော့ ကားကောင်းကားဟောင်းတစ်ခုဖြစ်တဲ့ Johnny Depp နဲ့ Kate Winslet တို့ရဲ့Finding Neverland ဆိုတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Finding Neverlandဟာ ပြဇာတ်ရေးဆရာ J.M Barrie (Johnny Depp) နှင့် Peter Pan ဆိုတဲ့ဇာတ်ကောင်ကို ဖန်တီးဖြစ်စေခဲ့တဲ့ မိသားစုတစ်ခုကြားက ဆက်နွယ်မှုကို ရိုက်ကူး‌ပုံဖော်ထားတာဖြစ်ပြီးဆုပေါင်းများစွာ Oscar Nomination ဝင်ခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားဟာသာမာန်ကြည့်နေကြ စိတ်အပန်းဖြေစရာ မိသားစုအပျော်ကြည့် ဇာတ်ကားတစ်ကားတော့မဟုတ်ပါဘူး။ .ရိုးရှင်းသလိုနဲ့ ရှုပ်ထွေးလှတဲ့ မေတ္တာတရားတွေ ဒီဇာတ်လမ်းထဲပါဝင်ပါတယ်။ Neverland ဘယ်မှာရှိတယ်ဆိုတာကို ရှာဖွေတဲ့ဇာတ်ကားလည်းမဟုတ်ပြန်ပါဘူး။ တစ်နေရာမှာ သေချာပေါက်ရှိနေပြီး ပျောက်ဆုံးနေတယ်လို့ တွေးမိနေတဲ့ပျော်ရွှင်မှုအစစ်အမှန်ကို ကျွန်တော်တို့လို သာမာန်လူတစ်ယောက်က ရှာဖွေတွေ့ရှိသွားတဲ့အကြောင်းပါပဲ။ကျွန်တော်တို့တတွေလည်း ယနေ့အထိ ပျော်ရွှင်မှုအစစ်အမှန်ကို ရှာဖွေနေရဆဲပဲမဟုတ်လား။ဇာတ်လမ်းအကျဉ်းကတော့... ပျင်းရိဖွယ်ပြဇာတ်တွေကိုသာ ဖန်တီး‌မိနေတဲ့ ...
movie
Finding Neverland(2004)
Contagion (2011) 6.6
Contagion (2011) (Unicode)ခုတင်ဆက်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့H1 N1 ရောဂါအကြောင်းကို ရိုက်ထားတဲ့ဇာတ်ကားပါ ၂၀၁၁ ခုနှစ်ကထွက်ခဲ့တဲ့ဇာတ်ကားလေးပါဘတ်သ်အမ်ဟို့ဖ်ဆိုတဲ့ အမျိုးသမီးဟာ အလုပ်ကိစ္စနဲ့ဟောင်ကောင်ကိုသွားပြီး ပြန်အရောက်မှာ နေမကောင်းဖြစ်ပြီးရုတ်တရက်သေဆုံးရာကစခဲ့တာပါတစ်နေ့ပြီးတစ်နေ့ကူးစက်ခံရသူတေ် များလာတယ် သေဆုံးသူတွေလဲ များလာပါတယ်WHO အဖွဲ့ရော ဒေါက်တာရှီဗာတို့ရော ဒေါက်တာဆော့စ်မန်းတို့ရောဘာဖြစ်တာလဲသိဖို့ အားလုံးကြိုးစားရှာဖွေကြရပါတယ်ဒီထဲမှာမှ ဘယ်သူကရှာဖွေတွေ့ရှိသွားလဲကုသနိုင်တဲ့ဆေးရှာတွေ့မှာလားကာကွယ်ဆေးရောပေါ်လာလားဆိုတာတွေရှာဖွေနေစဉ်အတောအတွင်းမှာ စတေးလိုက်ရတဲ့ အသက်တွေလူထုကြား ရောဂါဖြစ်နေပြီဆိုတာ သတင်းပျံ့သွားတဲ့အချိန်မှာ လူထုကဘယ်လိုတုံ့ပြန်လာလဲဆိုတာတွေ အားလုံး ဝေဝေဆာဆာနဲ့ အကွက်ကျကျရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးပါဒီလိုအချိန်မှာ လက်မလွတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားလေးလို့ ညွှန်းပေးပါရစေဗျာအချုပ်အနေနဲ.ပြောရရင် Steven Soderberg ရဲ့ 2009 Flu Pandemic ကို အခြေတည်ရိုက်ထားတဲ့ Contagion (2011) ဇာတ်ကားက အခုအချိန် ကြည့်ဖို့အသင့်တော်ဆုံးပဲ။Pandemic Event အတွင်း- WHO ရဲ့ စီမန်ခန့်ခွဲမှုအဆင့်ဆင့်တွေ၊- Medical Field ရဲ့ လုပ်ငန်းခွင် မလုံခြုံမှုတွေ၊- ဝိသမလောဘသားတွေရဲ့ အမြတ်ထုတ်ခြယ်လှယ်မှုတွေ၊- နောက်ဆုံး လူထုကြားမှာဆင့်ပွားလာတဲ့ အကြောက်တရားတွေ အကြောင်းကိုဒီကားမှာ ...
movie
Contagion (2011)
2011
Quills (2000) 7.3
Quills (2000) မင်းသမီး Kate Winslet , Amelia Warner တို့နဲ့ မင်းသားကြီး Geoffrey Rush , Joaquin Phoenix , Michael Caine တို့ပါဝင်ထားတဲ့ ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Quills ( က​လောင်​တံများ)IMDB - 7.3 ခရမ်​းချဉ်​သီး - ၇၅ လုံးဒီပုံပြင်​မှာ ဘယ်​သူက မတရားတာလဲ။* တစ်​စက်​မှ အဓိပ္ပါယ်​မရှိတဲ့ ဘဝကြီးမှာ သူခံစားရသလို ​ရေးချပြီး သူ​သေပြီးတဲ့​နောက်​ တစ်​စုံတစ်​ရာ ချန်​ခဲ့ချင်​တဲ့ စာ​ရေးဆရာ အရူးတစ်​​ယောက်​....။* ​မေတ္တာတရား ခွင်​့လွှတ်​ခြင်​းကို အ​လေးထားတဲ့ ခရစ်​ယာန်​ ဘုန်​း​တော်​ကြီး တစ်​​ယောက်​....။* အရူး​တွေကို သူ့နည်​းသူ့ဟန်​နဲ့ နှိပ်​စက်​ပြီး ကုသတတ်​တဲ့ ​ဒေါက်​တာ တစ်​​ယောက်​..။ကျွန်​​တော်တို​့ ကြားဖူးတဲ့ စကားလိုပါပဲ လှံသွား ဓားသွား မြှားသွားထက်​ က​လောင်​သွားထက်​တယ်​တဲ့..။ လိင်​မှု ကိစ္စ​တွေကို အပွင့်​လင်​းဆုံး ​ရေးထားပြီး ဂုဏ်​သိက္ခာ​တွေ စည်​း​တွေ မပါပဲ လူ့​လောကကြီးကို အရိုးသားဆုံး အမြင်​နဲ့ ​ရေးသားခဲ့တဲ့ စာ​ရေးဆရာတစ်​​ယောက်​ရဲ့ ​ရေးသားမှု​တွေဟာ တစ်​ချို့လူ​တွေရဲ့ ဆုံးဖြတ်​ချက်​​တွေကို သက်​​ရောက်​​စေခဲ့ပါတယ်​။ဒါ့အပြင်​ အဲ့​ခေတ်​အဲ့ဒီအခါအ​နေနဲ့ ညစ်​ညမ်​းလွန်​း​နေပြန်​ပါတယ်​။ ဒီ​တော့ ...
movie
Quills (2000)
2000
Little Children (2006) 7.5
Little Children (2006) Little Children (2006) IMDb - 7.5/10_____Rotten Tomatoes - 80%   လူအချင်းချင်း ချစ်ခင်တာကောင်းလား မုန်းတီးတာကောင်းလား................ လူအချင်းချင်း ချစ်ခင်တာမှန်သလား မုန်းတီးတာမှန်သလား .............................................................. အဖြေကတော့ လူတိုင်းသိမှာပါ လူအချင်းချင်း ချစ်ခင်ကြင်နာတာ ကောင်းပါတယ်ဒါပေမယ့် တကယ်ကတော့ အမှန်တရားဆိုတာ နှိုင်းယှဉ်ချက်ပါ....... ချစ်ခင်တယ်ဆိုတာလဲ နေရာတိုင်းမမှန်ကန်ပါဘူး ကိုယ်စီကိုယ်စီ ကာမပိုင်လင်မယားရှိနေလျှက်နဲ့ ထိုလူနှစ်ဦး ချစ်ခင်သွားတာဟာ အမှန်တရား မဟုတ်နိုင်ပါဘူး ဒါဆို မုန်းတီးမှုဘက်ကို ပြန်တွေးကြည့်မယ်ဆိုရင်လည်း " အသက်မပြည့်တဲ့ ၈နှစ် ၉နှစ်အရွယ် ကလေးသူငယ်တွေကို လိင်အဂါၤထုတ်ပြခဲ့တဲ့ အသက် ၄၈နှစ်အရွယ် ယောကျာၤးတစ်ယောက်ကို အမှန်ကိုသာ ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ ရဲဝန်ထမ်းဟောင်းတစ်ယောက်က မုန်းတီးတာဟာ "အမှား "လို့ ပြောလို့မရပါဘူး ဒီဇာတ်ကားဟာ လူတွေမှာ ဖြစ်တတ်တဲ့ မှောင်မိုက်တဲ့မကောင်းစိတ် လူ့သဘာဝအကြောင်းကို ရိုက်ကူးပြထားပါတယ် ကိုယ့်မိန်းမ ကိုယ့်ယောကျာၤးကို မဖောက်ပြန်အောင် ကိုယ်လည်းသူတို့လို မမှားအောင် သင်ခန်းစာယူတဲ့အနေနဲ့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ခုပါပဲဇာတ်ညွှန်းကို ပြောပြရမယ်ဆိုရင်တော့ Kate Winslet (ဆာရာ)ဟာ ၃နှစ်အရွယ် သမီးလေးရဲ့မိခင်ပါ သူ့ရဲ့အမျိုးသားက ကုမ္မဏီတစ်ခုမှာ အလုပ်လုပ်ပါတယ် အကြောင်းကြောင်းကြောင့် Patrick Wilson(ဘရတက်ထ့်)နဲ့ ဖောက်ပြန်မိပါတယ်။ သူမနဲ့ ဖောက်ပြန်တဲ့ ဘရတ်ထ့်ဟာ ဇနီးသည်နဲ့ ၃နှစ်အရွယ်ခန့် သားလေးနဲ့ ပျော်ရွင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်တဲ့သူပါ။ ထူးခြားတာကတော့ နှစ်ယောက်စလုံးဟာ ပညာတတ်တွေပါ။ ပညာတတ်တွေဖြစ်ရက်နဲ့ တဏှာရာဂရဲ့စွဲဆောင်မှုတွေကြောင့် စဉ်းစားဆင်ခြင်ဉာဏ်က မထိန်းကွပ်နိုင်တော့တဲ့အခါမှာ အမှားတွေ ကျူးးလွန်မိကြပါတော့တယ် နောက်ဆုံးမှာ နှစ်ယောက်သား ...
movie
Little Children (2006)
2006
Revolutionary Road (2008) 7.3
Revolutionary Road (2008) Revolutionary Road (2008)IMDb - 7.3/10_____Rotten - 67%   Titanic စုံတွဲ လီယိုနာဒိုနဲ့ကိတ်ဝင်းစလတ်တို့ကို ပူးတွဲပြီး ထပ်မံမြင်တွေ့ရမယ့်ဇာတ်ကားပါ။ ဒီဇာတ်ကားနဲ့ မင်းသမီးကိတ်ဝင်းစလတ်ဟာ Golden Globe Awards ဆုကိုရရှိခဲ့ပါတယ်...ရုပ်ရှင်အညွှန်းကိုတော့ ကိုဝဏ္ဏသန်းထွန်းရဲ့ ခံစားမှုဆောင်းပါးနဲ့ မိတ်ဆက်ပေးပါရစေ။-------------------------------------------Revolutionary Road အား ဆင့်ပွားခံစားခြင်း==============================ပထမဆုံး မိတ်ဆက်ပေးချင်တာတော့ ဒီ ဇာတ်လမ်းကို ရေးသားခဲ့သူ စာရေးဆရာ Richard Yates နဲ့ သူ့ ဝတ္တုအကြောင်းပါ။ ဒီ ဝတ္တုဟာ ရစ်ချက် ရဲ့ ပထမဆုံး ဖန်တီးမှု တစ်ခုဖြစ်ခဲ့ပြီး (၁၉၆၂) ခုနှစ်ရဲ့ National Book Award မှာ နောက်ဆုံး စကာတင် သုံးဆုထဲ ပါခဲ့ပါတယ်။ ပရိသတ်အကြိုက်ဖြစ်ခဲ့ပြီး (၂၀၀၅) ခုနှစ်မှာ Time မဂ္ဂဇင်းက ရွေးချယ်တဲ့ (၁၉၂၃) ခုနှစ်ကနေ လက်ရှိအချိန်ထိ အကောင်းဆုံး ...
movie
Revolutionary Road (2008)
2008
Wonder Wheel (2017) 6.2
Wonder Wheel (2017) ဒီတစ်​ခါ​တော့ တိုက်​တန်​းနစ်​မင်​းသမီးကြီး Kate Winslet ရဲ့ ဒရမ်​မာကား​ကောင်​း​တစ်​ကားနဲ့ မိတ်​ဆက​်​​ပေးပါရ​စေ၂၀၁၇ ခုနှစ်​မှာ ထွက်​ခဲ့တဲ့ wonder wheel ဆိုတဲ့ကားပါIMDb rating 6.2 ထိရထားပါတယ်​1950 ​လောက်​က ကိုနီကျွန်​းမာ ချား​မောင်​းတဲ့သူရဲ့ မိန်​းမ အရင်​ကမင်​းသမီးလုပ်​ခဲ့ဖူးသူ အသက်​ ၃၉ နှစ်​အရွယ်​ဂျင်​နီနဲ့ သူ့ဘဝအ​ကြောင်​းကို ပြဇာတ်​ဘာသာရပ်​နဲ့ မာစတာဘွဲ့ရဖို့ ကြိုးစား​နေတဲ့ အသက်​ကယ်​သမားမစ်​ကီက ဇာတ်​​ကြောင်​း​ပြောတဲ့ ပုံစံမျိုး​လေးနဲ့ ရိုက်​ကူးထားတာပါဂျင်​နီ့မှာ အရင်​အိမ်​​ထောင်​က​နေပါလာတဲ့ သားတစ်​​ယောက်​ရှိပါတယ်​သူက​တော့ မီးရှို့တတ်​တဲ့ အကျင်​့ရှိပြီး ပြသနာခဏခဏရှာတတ်​ပါတယ်​ ဂျင်​နီကိုယ်​တိုင်​က ပထမအိမ်​​ထောင်​မှာ ​ဖောက်​ပြန်​ခဲ့လို့ ​ယောကျ်​ားဖြစ်​သူကထားခဲ့ခံရပြီး အလုပ်​ပြုတ်​လို့ စားပွဲ ထိုးလုပ်​​နေရတာပါသူ့ရဲ့​နောက်​​ယောကျ်​ားချား​မောင်​းသမားကလည်​း မိန်​းမ​သေ သမီးက လူဆိုးအဖွဲ့ကလူနဲ့ ထွက်​​ပြေးသွားလို့ အရက်​စွဲ ပြီး ဘဝပျက်​​နေချိန်​မှာ ဂျင်​နီနဲ့​တွေ့ပြီး လက်​ထပ်​ဖြစ်​ကြတာပါသူတို့အိမ်​​ထောင်​​ရေးမှာ တစ်​​ယောက်​နဲ့တစ်​​ယောက်​ မှီတည်​​နေရင်​း မ​ပျော်​ရွှင်​ဖြစ်​​နေသူက ဂျင်​နီပါ တစ်​​နေ့​တော့ အသက်​ကယ်​သမား မစ်​ကီနဲ့ ​တွေ့တဲ့အခါ ...
movie
Wonder Wheel (2017)
2017
The Mountain Between Us (2017) 6.4
movie
2017
Collateral Beauty (2016) 6.7
Collateral Beauty (2016) ဒီရုပ်ရှင်ကားမှာ ဝီလ်စမစ် ကို အကြမ်းအရမ်း အနေနဲ့ တွေ့မြင်ရမှာမဟုတ်ပဲပုံစံတစ်မျိုး ထူးခြားစွာ မြင်တွေ့ရမှာပါ...ဟောင်းဝါ့ဒ် (ဝီလ်စမစ်) ဟာ စီးပွားရေး နယ်ပယ်မှာ အချိန် ၊ အချစ် ၊ သေခြင်းတရား ဆိုတဲ့ စကားလုံး သုံးခု နှင့်လူတွေ ရဲ့ စိတ်ကို ဖမ်းစားနိုင်တဲ့ စီးပွားရေး ပညာရှင် တစ်ယောက်ဖြစ်ပါတယ်...ဟောင်းဝါ့ဒ် နှင့် သူငယ်ချင်း ၃ ယောက်ဖြစ်သော ဝှစ် ၊ ကလဲယား ၊ ဆိုင်မွန် တို့ အတူ တကွ အောင်မြင်အောင်စီးပွားရေး လုပ်ငန်းကို ထူထောင်ခဲ့ပါတယ်....သို့ပေမယ့်....၃ နှစ်ကြာပြီးနောက် ဟောင်းဝါဒ် ဟာ သူ့ရဲ့ သမီးငယ်လေး သေဆုံးသွားတဲ့ အချိန်ကစပြီးတစ်ယောက်ထဲ ငူငူ ငိုင်ငိုင် ဖြစ်ကာ အလုပ်ကိုလဲ စိတ်မဝင်စား မိမိကိုယ်ကိုယ်လဲ ဂရုမစိုက်ပဲ နေချင်သလိုနေခဲ့ပါတယ်...အောင်မြင်နေတဲ့ လုပ်ငန်းရှင်တစ်ယောက်ဟာ ရုတ်တရက် ဆိုသလို ...
movie
Collateral Beauty (2016)
2016
Labor Day (2013) 6.9
Labor Day (2013) Labor Day (2013) IMDb (6.9/10)....Rotten Tomatoes (35%)  ခင်ပွန်းက နောက်အိမ်ထောင်ပြုပြီး စွန့်သားတစ်ယောက်နဲ့စွန့်ပစ်ခံရတဲ့ အမျိုးသမီး တစ်ယောက်အနေနဲ့ (Adele) အနေနဲ့ Kate Winslet ပါဝင်ထားပါတယ်။ (Adele)ရဲ့ သားတစ်ယောက်အနေနဲ့ ကလေးသရုပ်ဆောင် အကျော်အမော်လေး Gattlin Griffith က (Henry) အဖြစ် သရုပ်ဆောင်ထားပါတယ်။ လူသတ်သမား တစ်ယောက်အနေနဲ့ မင်းသားကြီး Josh Brolin က Frank အဖြစ် ပါဝင်ထားပါတယ်။ သားတစ်ယောက်နဲ့ခင်ပွန်းသည်စွန့်ပစ်ခြင်းကို ခံရတဲ့ Adele ရဲ့ဘဝဟာ  တိတ်ဆိတ်ခြောက်ကပ်လွန်းနေမှန်း သားဖြစ်သူ Henry ဟာ ခံစားမိနေပါတယ်။  တစ်ရက်သားအမိနှစ်ယောက် Shopping Center မှာ ဈေးဝယ်တုန်း Henry နားကို လူတစ်ယောက်ရောက်လာပြီး သူ့အမေကို လက်ညှိုးထိုးပြကာ မင်းအမေလားလို့ မေးပါတယ်။ ပြီးတာနဲ့ တစ်ဆက်တည်း သူ့ကို အကူအညီပေးဖို့  သူ့မှာဒဏ်ရာရလာကြောင်းပြောပါတယ်။ Adele က ထိုသူကိုတွေ့လိုက်ချိန်မှာတော့ ...
movie
Labor Day (2013)
2013
Steve Jobs (2015) 7.2
Steve Jobs (2015) Unicode၂၀၁၃တုန်းက Jobsဆိုပြီး တစ်ကားထွက်ပေမဲ့ သူ့ဘဝအကြောင်းကို ရိုက်တာ မပြည့်စုံသလို အခန်းအကူးအပြောင်းတွေက အချိန်အစက် မမိပဲ မြန်လွန်တာကြောင့် မကြိုက်မိပါဘူး၂၀၁၅မှာလဲ Steve Jobs: Man in machineဆိုပြီး ထွက်ပေမဲ့ Documentaryသဘောမျိုး ရိုက်ထားတာမို့ ကြည့်ရတာ  ပျင်းစရာကောင်းပါပါတယ်။၂၀၁၅ မှာထွက်တဲ့ Steve Jobs ဆိုတဲ့ ဒီဇာတ်ကားက Universal Studioက ထုတ်မှာ ဖြစ်သလို ဇာတ်ဆောင်တွေကလဲ Michael Fassbender, Kate Winsletတို့လို နာမည်ကြီးတွေကြီးပါပဲ။ သူရဲ့ ဇာတ်ကြောင်းကို ရိုက်ထားသမျှတွေထဲမှာ ဇာတ်လမ်းတစ်ပုဒ်လို ကြည့်ရတာ အကောင်းဆုံးကတော့ ဒီကားပဲမို့ လက်မလွတ်တမ်းသာ ကြည့်လိုက်ကြပါ။IMDb Rating (7.3/10) နဲ့ Rotten Tomatoes (85%) ထိရရှိထားတဲ့ Rating မြင့်ဇာတ်ကားပါ။အရင်က apple productတွေ ကို သဘောမကျပေမဲ့ Steve Jobs ...
movie
Steve Jobs (2015)