Channel Myanmar

Katharine Isabelle

Ginger Snaps 2: Unleashed (2004) 6.4
Ginger Snaps 2: Unleashed (2004) Ginger Snaps 2: Unleashed (2004) တစ်မှာတုန်းက အဖြစ်အပျက်တွေအပြီးမှာ ဘရစ်ဂျက်တစ်ယောက် သူ့အစ်မလိုဖြစ်မသွားအောင် တိဝုပင်ကိုပဲ အားကိုးနေရပါပြီ။ဒါပေမဲ့ အဲဒါက ဖြေဆေးမဟုတ်ပဲ အချိန်ဆွဲပေးရုံသက်သက်ဖြစ်တာကြောင့် သူမပြောင်းသွားခင် အချိန်သိပ်မကျန်တော့သလို သူ့နောက်ကိုလိုက်နေတဲ့ သတ္တဝါဆိုးကြီးကလည်း ရှိနေပြန်ပါတယ်။အရေးထဲ သူ့ကို ဆေးစွဲနေတယ်ထင်ပြီး ဆေးဖြတ်စခန်းကို အတင်းခေါ်သွားခံရတဲ့အခါ ...သူ အဲဒီမှာ ဘယ်သူတွေနဲ့ ဘယ်လို စခန်းဆက်သွားမလဲဆိုတာ သည်းထိပ်ရင်ဖို ဆက်ကြည့်ရှုခံစားလိုက်ပါဦး။ ပထမကား ကို မကြည့်ရသေးရင် Ginger Snaps (2000) မှာ ကြည့်လို့ရပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat ပါ။) File Size : 1.9GB, 675MB & 335MB Quality : 1080p Blu-ray AC3 5.1CH, 720p Blu-ray & 480p Format : mp4 Duration : 1hr & 34mins Genre ...
movie

Ginger Snaps 2: Unleashed (2004)

2004
Ginger Snaps (2000) 6.8
Ginger Snaps (2000) Ginger Snaps (2000) Horror ဆို ပေါကားတွေများတဲ့ထဲမှာမှ လုံးဝပေါကားမဟုတ်တဲ့ old but gold, teen horror လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဂျင်ဂျာနဲ့ ဘရစ်ဂျက်က သိပ်ချစ်တဲ့ ညီအစ်မနှစ်ယောက်ပေါ့။ ဂျင်ဂျာက ၁၆ နှစ် ဘရစ်ဂျက်ကတော့ ၁၅ နှစ်။ အသက်လေးကလည်း မတိမ်းမယိမ်း၊ အကျင့်စရိုက်လည်းတူတော့ ကျောင်းမှာဆိုလည်း နှစ်ယောက် တစ်ကမ္ဘာလို ဖြစ်နေတတ်ပြီး သူတို့နဲ့ မတည့်တဲ့သူတွေလည်း ပေါမှပေါပါပဲ။ နောက်ပြီး ခေါင်းမာပြီး rebellious ဖြစ်တဲ့ ဆယ်ကျော်သက်တို့ရဲ့ ထုံးစံအတိုင်း တစ်ခုခုဆို ခုတ်မယ် ထစ်မယ် ပါးပါးလှီးမယ်ပေါ့။ဒီလိုနဲ့ တစ်ရက် ဘရစ်ဂျက်ကို အနိုင်ကျင့်တဲ့ ကျောင်းသူတစ်ဦးကို ကလဲ့စားချေမယ်ဆိုပြီး အိမ်က ခိုးအထွက်မှာ အကြီးမဖြစ်သူ ဂျင်ဂျာတစ်ယောက် အမည်မသိ သတ္တဝါတစ်ကောင် ကိုက်တာ ခံလိုက်ရပါတော့တယ်။ အဲဒီသတ္တဝါကလည်း သူတို့ရပ်ကွက်မှာ သောင်းကျန်းနေတာ ကြာပြီဖြစ်ပြီး အိမ်မွေးခွေးတိုင်းလိုလိုကို ...
movie

Ginger Snaps (2000)

2000
Night of the Animated Dead (2021) 5.0
Night of the Animated Dead (2021) Night of the Animated Dead (2021)=========================ဒီ​နေ့​ခေတ် Zombie apocalypseကား​တွေအ​ကြောင်း ​ပြောလိုက်ရင် Walking dead နဲ့သူရဲ့ Spin-off တစ်သိုက်၊World War Z, Zombieland, Resident Evilsတို့ကို အရင်ဆုံး​ပြေးမြင်မိကြမှာပါ။ဒါ​က​တော့ Walking deadရဲ့ ဘိုး​အေကြီးလို့​ပြောရမယ့် Animationဆိုလည်း မမှားပါဘူး၊ 1968တုန်းက ထွက်ရှိခဲ့တဲ့Director George A.Romeroရဲ့ Night of the Living Deadကို animated versionအဖြစ် 2021မှာ ပြန်လည်အသက်သွင်းထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်၊ဇာတ်လမ်းအကြောင်း အနည်းငယ်ပြောပြရရင် Johnnyနဲ့ Barbaraတို့ ​မောင်နှမဟာ Pennsylvaniaပြည်နယ်မှာရှိတဲ့အ​ဖေ့အုတ်ဂူကို လွမ်း​သူပန်း​ခွေချဖို့ သွား​ရောက်ရင်း အ​မေရိကန်တစ်နိုင်ငံလုံး တစ်ချိန်တည်းနဲ့ Zombie Apocalypseကြီးထဲကိုချက်ချင်း​ရောက်ရှိသွားတဲ့အခါ ... နီးစပ်ရာယာ​တောအိမ်ထဲကို ဝင်ပုန်းရင်း ​ဒေသခံပြည်သူ​လေး​ယောက်နဲ့တူတူ အသားစားzombie​တွေရန်က​နေ လွတ်​မြောက်​အောင် ကြိုးစားရုန်းကန်ရပါတော့တယ်။Zombieကား​တွေရဲ့အနှစ်သာရဖြစ်တဲ့ ​သွေးသံရဲရဲ​တွေ၊ ရက်စက်ကြမ်းကြုတ်မှု၊ ရဲရင့်မှု၊ ...
movie

Night of the Animated Dead (2021)

2021
Where We Disappear (2019) 7.2
Where We Disappear (2019) Where We Disappear ဟာ A Gulag Mouse ဆိုတဲ့စာအုပ်ကို ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပြီး ရုရှနိုင်ငံရဲ့အလုပ်ကြမ်းအကျဉ်းစခန်းတစ်ခုထဲက အမျိုးသမီးတစ်သိုက်ရဲ့ အကျပ်တည်းကို မြင်ကြရမှာပါ..။ သားငယ်ကိုခေါ်ပြီး မွေးရပ်ကိုပြန်လာတဲ့အမျိုးသမီးတစ်ဦးဟာ စစ်ပွဲတွင်းသေသွားပြီလို့ ထင်မှတ်ထားခဲ့တဲ့ ယောက်ျားဖြစ်သူရဲ့ပြန်အလာကို ဘူတာရုံမှာမြင်လိုက်ရတဲ့အခိုက်ဟာ သူမရဲ့ဘ၀ကို လွတ်လမ်းမဲ့အလုပ်ကြမ်းစခန်းဆီရောက်သွားစေမယ့် ကံဆိုးမိုးမှောင်ကျမှုကြီးတစ်ခုဖြစ်လို့နေပါတယ်တဲ့..။ ဒီနေရာမှာ တစ်ပတ်ဆိုတာ တစ်သက်တာနီးပါးပါပဲလို့ဆိုတဲ့ အလုပ်ကြမ်းစခန်းမှာ နှစ်ရှည်အပြစ်ဒဏ်သင့်တဲ့ အမျိုးသမီးရဲ့ ကံဟာ ဘယ်လိုများဆက်ဖြစ်မှာပါလဲ..။ တစ်ဆောင်ထဲကျတဲ့ ဘ၀တူအမျိုးသမီးအကျဉ်းသားတွေနဲ့ အဆင်ပြေအောင်ကြိုးစားရမယ့် ပထမညနဲ့ ရိုးရိုးလေး စတင်ခဲ့ပြီး လုံး၀မထင်မှတ်ထားမယ့်လှည့်ကွက်တစ်ခုနဲ့ လှလှပပဇာတ်သိမ်းပြလိုက်တဲ့ ဒီ Where We Disappear ဆိုတဲ့ဇာတ်ကားဟာဆိုရင်ဖြင့် Director Simon Fink ရဲ့ ရုပ်ရှင်အနေနဲ့ ပွဲဦးထွက်လက်ရာဖြစ်ပြီး နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ပြသခြင်းခံခဲ့ရတဲလက်ရာကောင်းတစ်ခုပဲဖြစ်ပါတယ်..။   File Size -  790.9 MB Quality - Bluray 1080p Subtitle - Burmese (Hardsub) Translator - Sane Khet Encoder - XCode
movie

Where We Disappear (2019)