Channel Myanmar

Ken Yasuda

The Cat Returns (2002) 7.1
The Cat Returns (2002) The Cat Returns (2002) ===================Studio Ghibli ရဲ့နာမည်ကြီးကားတွေကြားထဲမှာ လူသိပ်မသိကြပေမယ့် ချစ်ဖို့ကောင်းပြီး အသစ်အဆန်းဖြစ်တဲ့ ဇာတ်ကားဟောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအကျဥ်းကတော့ တစ်နေ့မှာ ဟရုဆိုတဲ့ အထက်တန်းကျောင်းသူလေးဟာ ကျောင်းသွားတဲ့လမ်းမှာ လမ်းဖြတ်ကူးနေတဲ့ကြောင်လေးကို ကားတိုက်ခံရမှာကနေ ကယ်ပေးခဲ့ပါတယ်။ဒါပေမဲ့ သူကယ်ခဲ့တဲ့ကြောင်လေးဟာ စကားပြောတတ်တဲ့အပြင် ကြောင်တိုင်းပြည်ရဲ့အိမ်ရှေ့စံမင်းသားလေးဖြစ်နေပါတော့တယ်။အဲဒီကနေစလို့ ဟရုရဲ့နေ့စဥ်ဘဝမှာ ကြောင်တွေနဲ့ပတ်သက်လို့ ထူးဆန်းဆန်းတွေ စဖြစ်လာပြီး နောက်ဆုံးမှာ ကြောင်တိုင်းပြည်ကို ခေါ်ဆောင်သွားခံရဖို့ ဖြစ်လာတဲ့အခါမှာတော့...ဒီဇာတ်လမ်းဟာ Whisper of the heart ရဲ့ MC ဖြစ်တဲ့ Shizuku ရေးခဲ့တဲ့ fiction ဆိုပြီး fan theory လည်းရှိပါတယ်။ အဓိကကတော့ WOTH မှာပါတဲ့ Baron ဆိုတဲ့ကြောင်ရုပ်တုလေးက ဒီမှာအသက်ဝင်နေတဲ့အပြင် နာမည်ရော ရုပ်ပါအတူတူပါပဲ။ ဒါ့အပြင် သေချာသတိထားကြည့်ရင် ဒီနှစ်ကားရဲ့ဆက်စပ်နေတဲ့ scene တော်တော်များများကိုလည်း တွေ့ရမှာမို့ ကြည့်ရှုအားပေးလိုက်ကြပါဦး။ File size…1.5GB  / 763MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

The Cat Returns (2002)

2002
Shin Kamen Rider (2023) 6.6
Shin Kamen Rider (2023) Shin Kamen Rider (2023)~ IMDb - 6.6/10, Rotten Tomatoes - 82% ~မှတ်မှတ်ရရဆို Kamen Rider ခေါ် နှံကောင်ရိန်းဂျားကားတွေကို စကြည့်ကြတော့ ပါဝါရိန်းဂျားတွေထက်တောင် စောဦးမယ်။ ဇာတ်ကိုမမှတ်မိရင်တောင် ကလေးဘဝကကြည့်ခဲ့တဲ့သူတွေ တော်ရုံတော့မေ့မှာမဟုတ်ဘူး။ ဟီးရိုးကားပေမဲ့ ရုပ်ထွက်တွေက ဒိဒတ်ပြီး ကြမ်းသကိုး။ ဗီလိန်တွေဆိုလည်း တော်တော်ရွံစရာကောင်းနေတယ်။ ဒီနှစ်မှာတော့ ဒီ Kamen Riderရဲ့ အနှစ်ငါးဆယ်ပြည့်အထိမ်းအမှတ်အနေနဲ့ Shin Kamen Riderဆိုပြီး ထွက်လာတယ်။ ၂၀၂၁မှာပြည့်ဝာာပေမဲ့ ကိုဗစ်ကြောင့် နောက်ကျသွားတာ‌ပေါ့။ ဇာတ်ကလည်း ကျွန်တော်တို့ငယ်ငယ်က ဇာတ်ကိုမှ ဒါရိုက်တာကလည်း Hideaki Anno ဆိုတော့ အတိုင်းအထက်အလွန်ပါပဲ။Evangelion တွေရဲ့ ပဲ့ကိုင်ရှင် Hideaki Anno ကိုတော့ ဂျပန်အန်နမဲဖန်တွေထဲ မသိတဲ့လူမရှိလောက်ဘူး။ သူ့အနေနဲ့ Shin Japan Heroes Universe ...
movie

Shin Kamen Rider (2023)

2023
Hotel Royal (2020) 5.6
Hotel Royal (2020) Hotel Royal 2020လူ့သဘာဝ သရုပ်ဖော်ကားလေးတွေဟာ အေးအေးငြိမ့်ငြိမ့်လေးနဲ့ရှယ်ဆွေးလို့ကောင်းလှပါတယ်။ ဒါကို The pursuit of happyness လိုကားမျိုးလေးတွေက သက်သေပြလို့နေပါတယ်။၂၀၂၀ ခုနှစ်ရဲ့ အဲလိုကားမျိုးလေးတွေရှာကြည့်ရင်းနဲ့ ကျွန်တော့်မျက်စိရှေ့ရောက်လာတာကတော့ Hotel Royal ဆိုတဲ့ဂျပန်ကားလေးပါ။ Rating က 5.6 သာရထားပြီး ဂျပန်ကားတွေရဲ့ထုံးစံအတိုင်း စကားပြောကဖောင်းပွနေတတ်တာမို့ ဒီကားလေးမို့ တစ်ခြားလေးတွေထက် နောက်ဆုံးမှကြည့်မယ်လုပ်ထားခဲ့ပါတယ်။ အမျိုးအစားက Family အမျိုးအစားမလို့ လူ့သရုပ်ဖော်ကိုက၊ မိသားစုချစ်ခြင်းတွေဖက်ကို ဦးစားပေးမယ့်ကားမျိုးလေးလို့တော့ တွေးထားလိုက်ပါတယ်။တကယ်ဒီကားလေးကို ကြည့်ဖြစ်သွားတဲ့အချိန်မှာတော့ အထင်နဲ့အမြင်ဟာ တက်တက်စင်အောင်လွဲရပါတော့တယ်။ စကားပြောကျစ်လျစ်မှုမရှိဘဲ ဖောင်းပွနေတာမျိုးမရှိသလို၊ မလိုတဲ့အပိုသရုပ်ဆောင်မှုတွေလည်းမတွေ့ရပါဘူး။ ပြောရမယ်ဆို ကျွန်တော် ၃ ခါကျော်ကျော်လောက်ကို မျက်ရည်ဝဲရတဲ့အထိပါပဲ။ ဘာကြောင့် IMDb နည်းနေရလဲကတော့ Lucy လိုရသင့်သလောက် rating ထိမတက်လာတာမျိုးဘဲဖြစ်လိမ့်မယ်လို့ပဲတွေးလိုက်ရတဲ့အထိပါ။ ဘာသာပြန်ဖို့ကြည့်ကြည့်နေရင်း မျက်ရည်တွေထထဝဲရသလို ဇာတ်ကားကြည့်ပြီးသွားတဲ့အခါ ရင်ထဲတစ်မျိုးကြီးကျန်ခဲ့စေတဲ့ ကားကောင်းလေးပါပဲ။ဇာတ်လမ်းအကျဉ်လေးပြောရမယ်ဆိုရင် မီဆာယိုဆိုတဲ့ ကောင်မလေးဟာ Hotel Royal ဆိုတဲ့ စုံတွဲတွေလာလာတွဲလေ့ရှိတဲ့ဟိုတယ်ကြီးမှာ ခံစားချက်မဲ့နေတာကနေပဲစ‌တယ်ပေါ့ဗျာ။ ဒီတော့ ဒီကောင်မလေး ဘာကြောင့် ဒီလိုဖြစ်နေရတာလဲ၊ ...
movie

Hotel Royal (2020)

Dragon Quest: Your Story (2019) 6.5
Dragon Quest: Your Story (2019) Dragon Quest: Your Story (2019)========================IMDb Rating - 6.5/10#Unicodeဒီကားက 2019 တုန်းက Netflix ကထွက်ရှိခဲ့တဲ့ Anime ပဲဖြစ်ပါတယ်။ dragon quest ဂိမ်းကို animationအနေနဲ့ရိုက်ထားတာပါ။ ဇာတ်လမ်းအကျဥ်းပြောရရင် နည်းပညာတိုးတက်လာတဲ့နောက်မှာ လူသားတွေဟာဂိမ်းကို ကိုယ်တိုင်ဝင်ရောက်ပြီး ဆော့ကစားလာနိုင်တယ်။ ဒီကားထဲက ကောင်လေးက Dragon Quest ထဲကလူကာ ဇာတ်ကောင်နေရာကနေ စွန့်စားခန်းတွေ လုပ်ဆောင်သွားပုံကို စိတ်လှုပ်ရှားဖွယ်ကြည့်ရမှာပါ။ လူကာအကြောင်းကတော့ Dragon Quest ကိုထိတွေ့ခဲ့ဖူးတဲ့  90kids တွေဆိုရင်တော့ သိမှာပါ။ လူကာက မွေးဖွားခြင်းမှာ သူ့ရဲ့မိခင်ဟာ မိစ္ဆာရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ သူဟာ ဖခင်ရဲ့ လက်ထဲမှာပဲ ကြီးပြင်းလာခဲ့ရပေမယ့်တစ်နေ့မှာတော့ ဖခင်ပါ အသတ်ခံရတဲ့အခါ သူ့မိခင်ကို ရှာဖွေရမယ့် တာဝန်ဟာသူ့ထံရောက်လာပါတော့တယ်။ဇာတ်လမ်းတစ်ခုလုံးဟာ စိတ်လှုပ်ရှားစရာတွေနဲ့ပြည့်နှက်နေခဲ့ပြီး အတော်လေးကိုကြည့်လို့ကောင်းနေခဲ့ပါတယ်။ဒါပေမဲ့ အဲ့နောက်ကွယ်ကျန်နေသေးတာကတော့ အစမှာပြောခဲ့သလိုပဲ လူသားတွေဟာ VR World ...
movie

Dragon Quest: Your Story (2019)

2019
The Fable (2019) 6.5
The Fable (2019) ဂိုဏ်းတွေကြားမှာ အချင်းချင်းရှင်းချင်တဲ့အခါကြေးစားလူသတ်သမားတွေကို ငှားပြီး သတ်ခိုင်းကြတယ်။အဲလိုကြေးစားတွေကြားမှာ အခု တယောက်ကတော့ ဒဏ္ဍာရီ တပုဒ်ပဲ။တယောက်တည်းနဲ့ ဂိုဏ်း တွေအကုန်လုံးကို ရှင်းလင်းနိုင်တယ်။အဲဒါတင်မကဘူး။တယောက်ကို ပစ်ရင် သေနိုင်လောက်တဲ့ နေရာတွေကိုပဲတချက်တည်းနဲ့ မှန်အောင် ပစ်နိုင်တဲ့အထိ ကျွမ်းကျင်တယ်။အဲလိုနဲ့ သူတို့အဖွဲ့က ကြေးစားတွေကြား နာမည်ကြီးလာတဲ့အခါခနလောက် ဇာတ်မြှုပ်နေဖို့ ဖြစ်လာခဲ့တယ်။သူတို့ ဇာတ်မြှုပ်နေမယ့် နေရာကလည်း ဂိုဏ်းတခုနဲ့ ပတ်သက်နေပြီးအဲဒီဂိုဏ်းမှာလည်း အရှုပ်အထွေးတွေ ရှိလာတဲ့အခါမှာရော သူတို့ အဆင်ပြေပါ့မလား။သူတို့ဆရာကရော နာမည်ကြီးလာတာ တခုတည်းအတွက်ဇာတ်မြှုပ်နေခိုင်းတာ ဟုတ်ပါ့မလား။ဒဏ္ဍာရီ ရဲ့ နောက်ကြောင်းကရော ဘယ်လို ရှိမှာလဲ။သူက ဘာလို့ အဲလောက် တော်နေရတာလဲ။သူက ပုံမှန်ဘဝမှာ တကယ်ရော နေနိုင်ပါ့မလား။သူတို့ နောက်ဆုံးလုပ်ခဲ့တဲ့ အလုပ်နဲ့ ပတ်သတ်ပြီးတော့လည်းသူ့နောက်ကို ...
movie

The Fable (2019)

Closest Love to Heaven (2017) 7.7
Closest Love to Heaven (2017) ဒီတစ်ခါတော့rating မြင့်ဂျပန်ကားလေးတစ်ကားနဲ့cmပရိတ်သတ်တွေကိုမိတ်ဆက်ပေးချင်ပါတယ်rating မြင့်သလိုဇတ်လမ်းကလည်းအလွန်ပင်ကောင်းမွန်လှပါတယ်လူငယ်ဖန်စီအချစ်ဇတ်လမ်းတွေကိုနှစ်သက်တဲ့cm ပရိတ်သတ်တွေအတွက်ကတော့လက်မလွတ်သင့်တဲ့ဇတ်ကားတစ်ကားပါပဲလောကကြီးမှာတစ်နှစ်သက်တမ်းသာနေဖို့ကျန်တော့သည့်ကောင်ချောလေးခိရကျောင်းတွင်သူတစ်ပါးအမြဲအနှိမ်ခံကောင်မလေးအိုကမူရစရိုက်မတူညီတဲ့သူတို့နှစ်ယောက်ဘယ်လိုခင်မင်ပြီးသူငယ်ချင်းဖြစ်သွားမလဲသူငယ်ချင်းကနေတဆင့်တက်ပြီးအရမ်းချစ်ကြတဲ့ချစ်သူတွေဖြစ်သွားတဲ့အချိ်န်မှာကောတစ်နှစ်လောက်သာအသက်ရှင်နေရတော့မည့်ခိရနဲ့အိုကမူရကိုအိုကမူရမိဘတွေကသဘောတူကြည်ဖြူကြမှာလားမဖြောင့်ဖြူးတဲ့ချစ်သူနှစ်ဦးရဲ့ဘဝခရီးလမ်းကိုဘယ်လိုကျော်ဖြတ်ကြမှာလဲတကယ်ဆိုရင်အချစ်ပဲလိုတယ်ဆိုတဲ့ချမ်းချမ်းရဲ့သီချင်းထဲကလိုနေသွားကြမှာလားစိတ်ဝင်တစားကြည့်ရမှာပါဂျပန်နိုင်ငံရဲ့အလှအပကျောင်းသူကျောင်းသားတွေရဲ့ဓလေ့စရိုက်ချစ်ခြင်းမေတ္တာတွေကိုဒီဇတ်ကားမှာမြင်တွေ့ကြရမှာပါimb rating အလွန်ပင်မြင့်မားတဲ့ဒီကားလေးကကောcm ပရိတ်သတ်တွေရဲ့အကြိုက်နဲ့ကိုက်ညီမယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်။အားပေးကြပါဦးလို့ပြောကြားရင်းကောင်းမကောင်းကိုယ်တိုင်သာကြည့်လိုက်ကြပါလို့(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်က ကိုစိုးထွေးပါ) File Size : (800 MB) and (350 MB) Quality : Bluray 720p Running Time : 1hr 49min Format : Mp4 Genre :Comedy,Drama,Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Soe Htwe Encode by Thanhtike Zaw
movie

Closest Love to Heaven (2017)

2017