Channel Myanmar

Kôji Yakusho

Father of the Milky Way Railroad (2023) 6.3
Father of the Milky Way Railroad (2023) Father of the Milky Way Railroad (2023)~ IMDb – 6.3/10, MyDramaList – 7.9/10 ~ဒီရုပ်ရှင်အကြောင်းပြောဖို့ ဒီရုပ်ရှင်ရဲ့အဓိကဇာတ်ဆောင် Koji Yakusho အကြောင်းနဲ့ အရင်စပျိုးမယ်ဆို ဒီရုပ်ရှင်အတွက်တော့ မတရားရာကျကောင်းကျနေလိမ့်မယ်။ ဒါပေမဲ့လည်း မတတ်နိုင်ပါဘူး။ ၂၀၂၃ ဟာ ခိုဂျိ ကားတော်တော်ရိုက်တဲ့ နှစ်ပါပဲ။ ရုပ်ရှင်ကားလေးကား ဇာတ်လမ်းတွဲ ၂ခုထွက်ခဲ့တယ်။ ဇာတ်လမ်းတွဲ၂ခုကတော့ The Days နဲ့ Vivant ပေါ့။ Vivant မှာ သူ အပိုင်းတိုင်းနီးပါး ပါပေမဲ့ အခန်းတော့ သိပ်များလှတယ်မဟုတ်ဘူး။ ဒါပေမဲ့ သူပါတဲ့အခန်းတွေမှာ သူ့ကိုမြင်တာနဲ့ သူ့ဇာတ်ကောင်နဲ့လိုက်အောင်ပဲ ပဟေဠိဆန်ပြီး ရှိန်ချင်စရာကောင်းနေခဲ့တယ်။ သူ့ပါဖောမင့်န်လည်းကောင်းခဲ့သလို Vivant ကိုယ်တိုင်ကလည်း ဂျပန်စီးရီးပေမဲ့ ကွဲထွက်တဲ့ပုံစံနဲ့ တင်ဆက်ခဲ့တာကြောင့် တော်တော်လေးပေါက်ခဲ့တယ်။ ရုပ်ရှင်ဘက်ဆိုလည်း Família, Father ...
movie

Father of the Milky Way Railroad (2023)

2023
Retribution (2006) 6.3
Retribution (2006) Sakebi 2006ဂျပန်ရဲ့ David Cronenbergလို့တင်စားကြတဲ့ ဂျပန်horrorမှာနာမည်ကြီး ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Kiyoshi Kurosawaရိုက်ကူးထားတဲ့ horror/mysteryရုပ်ရှင်ကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့စုံထောက်တစ်ယောက်ဖြစ်တဲ့ "ခိုးဂျိ ရခုရှော"ဟာ ကမ်းစပ်မြို့တစ်ခုမှာ တာဝန်ကျနေပြီး လူသတ်မှုတွေကို လိုက်လံစုံစမ်းနေပါတယ်။ ငလျင်လှုပ်ပြီးတဲ့တစ်နေ့မှာတော့ အပျက်အစီးပုံတွေကြားမှာ သေဆုံးနေတဲ့မိန်းမတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ သူ့ကို ဆားငန်ရေထဲ နှစ်သတ်ပြီးမှ လာရောက်စွန့်ပစ်ထားပုံ ရတာမို့ ဒီအမှုကို ဆက်စုံစမ်းခဲ့ပါတယ်။ ဒါပေမဲ့ အမှုရဲ့ သဲလွန်စတွေက သူကိုယ်တိုင်ကိုပဲ တရားခံအဖြစ် ညွှန်ပြနေပြီး သူလည်းဘာမှမမှတ်မိတာမို့ အကျပ်ရိုက်နေပါတယ်။မကြာခင်မှာပဲ အသတ်ခံထားရတဲ့ ကျောင်းသား အလောင်းတစ်လောင်း ထပ်ပေါ်လာပါတယ်။ သူ့ကိုလည်း စစ်ဆေးတဲ့အခါမှာလည်း ဆားငန်ရေတွေတွေ့ရပြီး ကြိုးနဲ့ချည်ခံထားရပရပုံပေါက်တာမို့ လူသတ်သမားက ကွင်းဆက်လူသတ်သမားဖြစ်နိုင်ခြေများလာပါတယ်။ဒီအမှုတွေကို စုံစမ်းနေစဉ်မှာပဲ သူ့အနားကို ဝတ်စုံနီဝတ်ထားတဲ့ သရဲမက အမြဲရောက်လာပြီး နှောင့်ယှက်တာကို ခံနေရပါတယ်။သူ့ကို အမြဲနှောင်ယှက်နေတဲ့ သရဲမနဲ့ ဒီအမှုတွေက ဘယ်လိုဆက်စပ်ပြီး ဘာကြောင့် စုံထောက်ကိုပဲ အမြဲတမ်းနှောင့်ယှက်နေရလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ...
movie

Retribution (2006)

Under the Open Sky (2020) 7.1
Under the Open Sky (2020) Under the Open Sky(2020) ====================IMDb Rating - 7.1 ၊ Rt - 95%ဝေဖန်ရေးသမားတွေကတော့ ဒီနှစ်ဟာ ဂျပန်ရုပ်ရှင်‌တွေ ဦးပြန်မော့လာတဲ့ နှစ်လို့ဆိုကြပါတယ်။ ဒီနှစ်တစ်နှစ်တည်းမှာတင် ဂျပန်ကားကောင်းတွေ အများကြီးထွက်ခဲ့ပြီး ဒီနှစ်ရဲ့ရုပ်ရှင်ပွဲတော်တွေမှာ ဂျပန်ရုပ်ရှင်တွေ အခိုင်အမာနေရာယူနိုင်ခဲ့တာကြောင့်ဖြစ်ပါလိမ့်မယ်။ နှစ်စမှာတင် ခိရိုရှိ ခူရိုဆ၀ ရဲ့ Wife Of A Spyတို့၊ ရူဆုခဲ ဟမဂုချိရဲ့ Wheel of Fortune and Fantasy, Miwa Nishikawaရဲ့ Under the Open Sky တို့ဟာ ရုပ်ရှင်ပွဲတော်‌ အသီးသီးမှာ ဆုမျိုးစုံကို ရရှိခဲ့သလို အခုနှစ်ဆုံးပိုင်းမှာလည်း Drive My Carဟာ ကိန်းလိုပွဲမှာပါ ဆုတွေရခဲ့ပါတယ်။ ခန်းရှင်းအပါအ၀င် တခြားရုပ်ရှင်ကောင်း ပေါင်းများစွာလည်း ထွက်ခဲ့ပါတယ်။ Under The Open Skyဟာ ၂၀၂၀ တိုရန်တိုရုပ်ရှင်ပွဲတော်မှာ စပြခဲ့တာမို့ ၂၀၂၀လို့ နာမည်တပ်ထားပေမဲ့ တကယ်တမ်း ...
movie

Under the Open Sky (2020)

2020
Tampopo (1985) 7.9
Tampopo (1985)  [Unicode]Tampopo (1985) ============== IMDb Rating - 7.9/10 Rotten Tomatoes - 100% တစ်ချို့ကတော့ Tampopoကို "it has to be one of the top ten worlds greatest ever films. "လို့မှတ်ချက်ပြုကြတယ်။ တစ်ချို့ကတော့ စားစရာအကြောင်းရုပ်ရှင်တွေကိုပြောပါဆို Tampopoက ထိပ်ဆုံးကပါနေမယ် ပြောကြတယ်။ တန်ပိုပိုဟာ အစားအစာအကြောင်းဆိုတာထက် အစားအစာကိုချစ်တဲ့စိတ်အကြောင်း ရုပ်ရှင်လို့ပြောရင် ပိုမှန်တယ်။ ဂျပန်ရုပ်ရှင်ဆိုတော့ အဓိကပြတဲ့ အစားအစာကတော့ ရာမန်။ ဂျပန် အန်နမဲတွေကြည့်ပြီး ရာမန်နဲ့မစိမ်းတဲ့ ကျွန်တော်တို့ဟာ ရာမန်အစစ်ကို စားတော့စားကြည့်ချင်ကြမှာပဲ။ ဒီရုပ်ရှင်ဟာ ရာမန်ချက်ပါချက်တတ်စေလောက် ရုံတင်မကဘဲ ရာမန်ကိုဘယ်လိုစားရတယ် ရောင်းတဲ့သူက ဘယ်လိုရောင်းရတယ်။ ရာမန်ကို စားတဲ့သူရော ရောင်းတဲ့သူရောက ဘယ်လိုတန်ဖိုးထားရတယ်ဆိုတဲ့ ဓလေ့တွေအပြင်ဂျပန်တွေရဲ့ အစားအစာပေါ်တန်ဖိုးထားကြတဲ့ ဓလေ့တွေကိုပါ သေချာကျွမ်းဝင်သွားစေတယ်။ ရုပ်ရှင်စစချင်းမှာ Fourth Wall Breakingပြီး ဇာတ်ကောင်နဲ့ကျွန်တော်တို့ အတူတူကြည့်ရတဲ့ Tampopoရုပ်ရှင်ထဲမှာ စာအုပ်ထပ်ဖတ်တဲ့ အကွက်နဲ့စထားတဲ့ ...
movie

Tampopo (1985)

Wings Over Everest 7.8
Wings Over Everest အခုတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ ၂၀၁၉ခုနှစ်က ထွက်ရှိခဲ့တဲ့ ကားလေးပါ ဒီကားလေးမှာတော့ ဧဝရတ်တောင်က တောင်ပံ ကယ်ဆယ်ရေးသင်းအကြောင်းကို ရိုက်ကူးဖော်ပြထားတာပါ ဇာတ်ကြောင်းလေးကတော့ တစ်နေ့မှာ.... ဧဝရတ်တောင်တတ်သမားတွေကို ကယ်ဆယ်ပေးနေတဲ့ တောင်ပံသင်းအနေနဲ့ မထင်မှတ်ဘဲ နိုင်ငံရေးကိစ္စတွေမှာ ဝင်ပတ်သတ်မိတဲ့အခါ..... ဘ ာတွေဖြစ်လာမှာလဲ ဧဝရတ်တောင်မှာ ရေခဲပြိုမှုကြောင့် ပျောက်ဆုံးသွားတဲ့ ကောင်လေးကို ရှာဖို့ တောင်ပံသင်းထဲဝင်လာတဲ့ အဖွဲ့ဝင်သစ်ကလေးဆီမှာရော ဘာတွေ ဖြစ်လာမှာလဲ ဆိုတာကို ရင်သက်ရှုမောဖွယ် ကြည့်ရမှာပါနော် တောင်တတ်ကယ်ဆယ်ရေးသမားတွေရဲ့ စိတ်ဓာတ်နဲ့ အခက်အခဲတွေကို လည်း စိတ်လှုပ်ရှားဖွယ် ကြည့်ရဦးမှာပါနော်   File Size -  1.17 gb Quality - bluray 1080p Subtitle -  burmese Translator - Yamin Ei Encoder - Thit San Khant
movie

Wings Over Everest

2019
Mirai(2018) 7.2
Mirai(2018) Mirai(2018)IMDb.....7.2,,,Rotten....92%"ကွန်​" ဆိုတဲ့ ၄ နှစ်​သားအရွယ်​က​လေး​လေးတစ်​​ယောက်​၊ မိဘ​မေတ္တာ​တွေကို ပုံပြီးရ​နေတဲ့အချိိန်​မျိုးမှာမှ သူ့ဘဝထဲကို "မိရိုင်​" ဆိုတဲ့ညီမ​လေးတစ်​​ယောက်​ ဝင်​​ရောက်​လာတဲ့အခါ အ​​ဖေနဲ့အ​မေဆီကရ​နေကြ အာရုံစိုက်​မှု အလိုလိုက်​မှု စတဲ့ဂရုစိုက်​ခံရမှုအားလုံးကလည်​း ညီမ​လေးဖြစ်​သူ "မိရိုင်​"ဆီအလိုလို​ရောက်​ရှိသွားပါတယ်...​ ၄နှစ်​သားအရွယ်​က​လေးတစ်​​ယောက်​ရဲ့ မနာလိုမှု ဝမ်​းနည်​း​ကြေကွဲရမှု​တွေက ​ညီမ​လေး "မိရိုင်​" ဆီ ဒေါသအဖြစ်​​ရောက်​သွားပါ​တော့တယ်​။ဒီလိုမျိုး တစ်​​ယောက်​တည်​းအထီးကျန်​​နေတဲ့ "ကွန်​" ဆီကို ညီမဖြစ်​သူ "မိရိုင်​" ကအနာဂတ်​က​နေ ​လူငယ်​အသွင်​ရောက်​ရှိလာတဲ့အခါ "ကွန်​"တစ်​​ယောက်​ဘယ်​လိုထူးဆန်​းမှု​တွေရဲ့ကြုံလာရမလဲ "မိရိုင်​" က​ရော ဘာလို့အနာဂတ်​က​နေ ​ရောက်​လာရတာလဲ တစ်​အိမ်​လုံးရဲ့ဖူးဖူးမှုတ်​ခံထားရတဲ့အချိန်​ ရုတ်​တရက်​ လျစ်​လျူရှုခြင်​းခံလိုက်​ရတဲ့က​လေးတစ်​​ယောက်​က​ရော အနာဂတ်​မှာ ဘယ်​လို​တွေဖြစ်​လာမလဲ စတဲ့​မေးခွန်​း​ပေါင်​းများစွာနဲ့ ဒါရိုက်​တာ"Mamoru Hosoda" ရဲ့ ဇတ်​ကားအသစ်ဖြစ်​တဲ့ "Mirai" ဆိုတဲ့ ရုပ်​ရှင်​က အခုဆိုရင်​ Best Animation Film nomineeအဖြစ်​ ၉၁ ကြိမ်​​မြောက်​ Oscar ဆန်​ကာတင်​စာရင်​းမှာလည်​း ပါ​နေပါ​သေးတယ်​...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Megumiပဲဖြစ်ပါတယ်...File ...
movie

Mirai(2018)

2018
13 Assassins (2010) 7.6
13 Assassins (2010) 13 Assassins (2010) IMDb - 7.6/10_____Rotten - 95%   ၁၉၆၃ ခုနှစ်ကရိုက်ကူးခဲ့တဲ့ဇာတ်လမ်းကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်..ဂျပန်ဒါရိုက်တာတွေထဲမှာအထင်ကရအဖြစ်ဆုံး Takashi Miike ရိုက်ကူးထားပါတယ်...အာရှရဲ့အကောင်းဆုံးရုပ်ရှင်ဆုရရှိခဲ့ပြီး အကောင်းဆုံး Editor ဆု၊အကောင်းဆုံးဒါရိုက်တာဆု၊အကောင်းဆုံးဒီဇိုင်နာဆုအပြင်အခြားဆုများစွာအတွက် ဆန်ကာတင်ရွေးချယ်ခံခဲ့ရပါတယ်...IMDB 7.6 အထိရရှိခဲ့ပြီးအရမ်းအောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားပါ ၁၈၄၀ ကျော်လောက်က ဂျပန်ဆာမူရိုင်းခေတ်ကိုအခြေခံထားတာပဲဖြစ်ပါတယ်ထိုစဉ်က ဂျပန်နိုင်ငံရဲ့အုပ်ချုပ်မှုစနစ်ဟာအာဏာရှင်စနစ်အသွင်ရှိခဲ့ပြီး အုပ်ချုပ်သူကို'ရှိူဂန်'လို့ခေါ်ပါတယ် 'ရှိူဂန်'ရဲ့ညီတော်ဖြစ်သူနာရိဆူဂူဟာမောက်မာရိုင်းစိုင်းပြီး သနားညှာတာမှုကင်းမဲ့သူပါပြည်သူတွေအပေါ်နှိပ်စက်ညှင်းပန်းမှုတွေကြောင့် ပုန်ကန်ထကြွမှုတွေဖြစ်ခဲ့ပါတယ်နာရိဆူဂူဟာပုန်ကန်သူတွေကိုလည်းရက်စက်စွာသတ်ဖြတ်ခဲ့တယ် ဆာမူရိုင်းတွေရဲ့အကြီးအကဲဖြစ်သူ ဆရာဒွိုင်ဟာ နာရိဆူဂူရဲ့ဆိုးယုတ်မှုတွေကို ဖြိုခွင်းဖို့အတွက်ရှီမာဒါရှင်ဇဲမွန်ဆိုသူကိုစေခိုင်းခဲ့ပါတယ် ရှီမာဒါရှင်ဇဲမွန်ဟာ ဂျပန်တစ်နိုင်ငံလုံးမှာရှိတဲ့အတော်ဆုံးဆာမူရိုင်းတွေကိုစုစည်းပြီး နာရိဆူဂူကိုတိုက်ခိုက်ဖို့အစီအစဉ်တွေဆွဲခဲ့ပါတယ် ရှီမာဒါရှင်ဇဲမွန်နဲ့သူ့တပ်ဖွဲ့တွေနာရိဆူဂူကိုတိုက်ခိုက်ဖို့ဘယ်လိုကြိုးပမ်းကြမလဲ သူတို့ရဲ့အစီအစဉ်တွေကရော အောင်မြင်နိုင်ပါ့မလားဆိုတာကို ဆက်လက်ရှူ့စားကြပါစို့...  ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Lyric Lynn Khant ဖြစ်ပါတယ်...  File Size : (800 MB) Quality : Blu-Ray 720p Format…mp4 Duration…02:21:00 Genre : Action, Adventure, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Lyric Lynn Khant Encoded by ...
movie

13 Assassins (2010)

2010
Memoirs of a Geisha (2005) 7.4
Memoirs of a Geisha (2005) Memoirs of a Geisha (2005)_____IMDb - 7.4/10Won 3 Oscars. Another 29 wins & 47 nominationsဂေးရှားတွေ အကြောင်းကို အရမ်းစိတ်ဝင်စားခဲ့မိတယ် အကိုတစ်ယောက်က Memoirs Of a Geisha ကို ကြည့်ပါလို့ လမ်းညွှန်ခဲ့တယ် ဂျပန်တွေရဲ့ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းထားတဲ့ ဂေးရှားအလှမယ်ဆိုတာ တွေ့ကရာ မိန်းမတိုင်း အမည်တပ်ခွင့်မရှိဘူး ထိုက်တန်မှ ရတယ် သေလောက်အောင် လေ့ကျင့်ထား နာကျင်ထားမှ ရနိုင်မယ့် နာမည်တစ်ခု ဒီရုပ်ရှင်ကို ကြည့်ပြီး ဂေးရှားအလှမယ် ဆိုတာ ပြည့်တန်ဆာ သာသာ မဟုတ်ဘူးဆိုတာ နားလည်သွားတယ် ပျော်တော်ဆက်မယ် သက်သက်လဲ မဟုတ်ပြန်ဘူး သူတို့မှာ တန်ဖိုးတစ်ခုဆိုတာ ရှိတယ် အဲ့ဒီတန်ဖိုးကိုလဲ အခကြေးငွေ အမြင့်ဆုံးနဲ့ ပြန်ရောင်းကြတယ် အပျိုစင် ဘဝ ပေါ့... ကြေး အမြင့်ဆုံးရတဲ့ ဂေးရှား ဟာ ဂုဏ်သိက္ခာ အရှိဆုံး လို့ မှတ်ယူခဲ့ကြတယ်.... ဒီရုပ်ရှင် အစမှာတော့ ချီယို နဲ့ ဆပ်စု ဆိုတဲ့ တံငါရွာက ညီအမ နှစ်ယောက်ဟာ ဂေးရှားအလှမယ်တွေကို သင်ကြားပျိုးထောင်ပေးနေတဲ့ နေရာတစ်ခုမှာ ရောင်းစားခံလိုက်ရတယ်... တိတိ ကျကျ ပြောရရင် ...
movie

Memoirs of a Geisha (2005)

2005