Channel Myanmar

Mykelti Williamson

Primary Colors (1998) 6.7
Primary Colors (1998) Primary Colors (1998)~ IMDb - 6.7/10, Rotten Tomatoes - 80% ~70s, 80s ခုနှစ်ပိုင်းက Icon တစ်ယောက်ဖြစ်တဲ့ ဂျွန်ထရာဗိုတာအပြင် Emma Thompson နဲ့ Kathy Bates တို့လို ဝါရင့်သမ္ဘာရင့်မင်းသမီးကြီးတွေလည်း ပါ၀င်ထားပြီး အော်စကာဆုအတွက်ပါ ဆန်ခါတင် ဆုနှစ်ခု၀င်ခဲ့တဲ့ ၁၉၉၈ ခုနှစ်ထွက် Comedy, Drama အမျိုးအစား အဟောင်းအကောင်းဇာတ်ကားတစ်ကားပါ။အမေရိကန်နိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲအကြောင်းနဲ့ မဲဆွယ်ပုံတွေအကြောင်းကို အသားပေးပြီး ရိုက်ကူးထားတာပါ။ 1996 မှာထွက်ခဲ့တဲ့ အမည်မသိဆောင်းပါးရှင်ရဲ့ နိုင်ငံရေး၀တ္ထုဖြစ်တဲ့ "Primary Colours: A Novel of Politics" ကို ပြန်ရိုက်ထားတာဖြစ်ပြီး အဲဒီ၀တ္ထုကလည်း အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်ရဲ့ ၁၉၉၂ ခုနှစ် ရွေးကောက်ပွဲမဲဆွယ်မှုအကြောင်းရေးသားထားတယ်လို့ဆိုကြပါတယ်။ဇာတ်ကားထဲမှာတော့ ရွေးကောက်ခံအမတ်လောင်းတွေကြားက ညစ်ပတ်တဲ့ကစားကွက်တွေ၊ အချင်းချင်းချောက်ချတာတွေ ပါဝင်ပြီး နိုင်ငံရေးဆိုတာ ...
movie

Primary Colors (1998)

1998
The 24th(2020) 5.5
The 24th(2020) The 24th(2020)အမေရိကန်သမိုင်းမှာ အသားအရောင်ခွဲခြားမှုကြောင့်ဖြစ်ပေါ်လာတဲ့ လူမျိုးရေးအဓိကရုဏ်းတွေအများကြီးရှိပါတယ်။ဒီထဲမှာမှ ပထမကမ္ဘာစစ်အတွင်း ၁၉၁၇ခုနှစ် အမေရိကန်နိုင်ငံ၊ဟူစတန်မြို့မှာဖြစ်ခဲ့တဲ့အဓိကရုဏ်းမှာတော့အမေရိကန်လူမည်းစစ်သားတွေပါဝင်ခဲ့ပါတယ်။ ဒီဇာတ်ကားလေးကတော့"၁၉၁၇ ဟူစတန်အဓိကရုဏ်း(သို့) လိုဂန်တပ်စခန်းပုန်ကန်မှု"ကိုအခြေတည်ပြီးရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ကားလေးပဲဖြစ်ပါတယ်။ အမေရိကန်စစ်တပ်ရဲ့အမှတ်စဥ်(၂၄)ခြေလျင်တပ်ရင်းက လူမည်းစစ်သားတွေပါဝင်နေတဲ့အတွက်စစ်ပွဲကာလမှာတောင်စစ်တိုက်ခွင့်မရဘဲ အလုပ်ကြမ်းတွေပဲလုပ်ရတဲ့အပြင်နယ်ခံလူဖြူရဲတွေရဲ့ အနိုင်ကျင့်နှိပ်စက်မှုကိုလဲခံရပါတယ်။ လူမည်းတွေကိုဖိနှိပ်ထားတဲ့ဥပဒေကြောင့်တပ်ရင်းတစ်ခုလုံးသည်းခံခဲ့ကြပေမယ့် မတရားတဲ့ကိစ္စတစ်ခုအတွက်အသက်အန္တရာယ်ထိရန်ရှာလာခဲ့တဲ့အချိန်မှာတော့ အခြေအနေတွေကအဓိကရုဏ်းဖြစ်ဖို့ဦးတည်သွားပါတော့တယ်..ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ခံစားကြည့်ကြပါဉီး.ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Ei Phyu Khin ပဲဖြစ်ပါတယ်....File Size : (900 MB) and (380 MB) Quality : WEB-DL  720p Format…mp4 Duration…01:41:00 Genre : Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by Ei Phyu Khin Encoded by Phyo Pyae
movie

The 24th(2020)

Heat(1995) 8.2
Heat(1995) HEAT(1995) IMDb...8.2,,,,Rotten...86 ဒီကားက ၁၉၉၅ခုနှစ်ကထွက်ခဲ့တဲ့တာဆိုတော့ ၂၀၂၀ ခုနှစ်မှာ နေထိုင်တဲ့ခင်ဗျားတို့အမြင်မှာရိုးစင်းလွန်းတယ် ...ဒီဘက်ခေတ်အမြင်မှာ အဆင့်မရှိလောက်ဘူး ဇာတ်လမ်းကောင်းရင်တောင် ကြည့်ရတာ အံဝင်မယ်မဟုတ်ဘူးလို့ ထင်နေရင်တော့အဲ့ဒီအမြင်ကိုမြောင်းထဲလွှင့်ပစ်လိုက်ပါလို့ ကျွန်တော်ရဲရဲကြီးပြောလိုက်မယ်....ဒီကားက ဟီးဟီးဟားဟားကွက်တွေ အော်ဂလီဆန်စရာသတ်ဖြတ်မှုတွေ ခြောက်လှန့်မှုတွေမပါဘူး ...ဒါပေမယ့် ပြသချိန် ၃နာရီနားပါးကြီးမှာ တစ်ချိန်လုံးခင်ဗျားဟာ စိတ်လှုပ်ရှားနေတယ်.... ဘာလို့ဆို မတူညီတဲ့ဇာတ်ကောင် ၂ယောက်ရဲ့အားပြိုင်မှုကြောင့်ပဲ..... တစ်ယောက်က ရဲ။... သူ့မှတ်တမ်းတစ်လျှောက်လုံးမှာ ဆိုးပါတယ် လိုက်ဖမ်းရခက်ပါတယ်ဆိုတဲ့ လူတွေကိုမှထောင်ထဲထည့်ခဲ့တဲ့သူ. ..ရဲဌာန တစ်ခုလုံးကလည်း သူ့ကိုလေးစားရတယ်.....အယ် ဒါပေမယ့် တစ်နေ့တော့ သူ့နှုတ်ဖျားက ဒီကောင် အရမ်းတော်တယ်ဆိုပြီး ညည်းညူခဲ့ရတဲ့ ဓားပြတစ်ယောက်ပေါ်လာတယ်... တကယ်တော့ သူပြောတာထက်တောင်ပိုပါတယ်... အဲ့ဒီဓားပြက အကွက်ချတာတော်တယ်... ပတ်ဝန်းကျင်ကိုလေ့လာအကဲဖြတ်ပြီး တစ်ဒင်္ဂအတွင်းအကောင်းဆုံးသော ဆုံးဖြတ်ချက်ကိုချနိုင်တယ်. ....လက်အောက်ငယ်သားတွေကိုကြည့်တယ်...ဒီကားက စစချင်း ၁၀မိနစ်လောက်ကတည်းက ခင်ဗျားတို့အာရုံတွေ ဖမ်းစားလိုက်ပြီ..... ဒီကားထဲက အဓိကသရုပ်ဆောင်မင်းသားကြီး (၂)လက်ဖြစ်တဲ့ Al Pacino နဲ့Robert De Niro ကိုတော့ ...
movie

Heat(1995)

1995
Con Air(1997) 6.9
Con Air(1997) Con Air(1997)အညွှန်း*******************Blu-Ray 1080p5.1ch, 720p တို့ဖြင့်တင်ဆက်ပေးထားပါသည်....(unicode)နီကိုးလတ်စ်ကေ့စ်ချ် ရဲ့ ဒီဇာတ်လမ်းကို တော်တော်များများကြည့်ဖူးကြမယ် ထင်ပါရဲ့.... စစ်ပြန်ကြီးတစ်ယောက်ဖြစ်တဲ့ ရိန်းဂျားတပ်သားဟောင်း ကမ်မရွန်းပိုး(နီကိုးလတ်စ်ကေ့စ်ချ်)ဟာသူအိမ်ပြန်ရောက်တဲ့နေ့မှာပဲ အရက်သမားတွေကကိုယ်ဝန်သည်မိန်းမကို ထိကပါးရိကပါးပြောတာကိုကာကွယ်ရင်း လူသတ်မိသွားပြီးထောင်ကျသွားပါတယ်.. ထောင်နှစ်ရှည်ကျပြီးတော့နောက်ဆုံးမှာတော့ Jail Baird ဆိုတဲ့ ထောင်သားရွေ့ပြောင်းမယ့်လေယာဥ်ကြီးကိုစီးပြီး အိမ်ပြန်ရတော့မှာပါ... ဒါပေမယ့်လေယာဥ်ပေါ်မှာပါတဲ့အဆိုးတစ်ကာ့အဆိုးဆုံးထောင်သားတွေပါပါလာတဲ့အခါမှာတော့... ရိန်းဂျားတပ်သားဟောင်း ကမ်မရွန်းပိုးတစ်ဖြစ် နီကိုးလတ်စ်ကေ့စ်ချ် ဟာ ကျွန်တော်တို့ ရဲ့ ဟီရိုးဖြစ်ခဲ့တယ်....မတော်တဆကြောင့် ထောင်ကျသွားရလို့ မချင့်မရဲ ဖြစ်ခဲ့ရပြီး ထောင်ထဲမှာ ဆံရှည် မုတ်ဆိတ်ကျင်စွယ်ဗရပွနဲ့အေးစက်စက်စကားတွေပြောတတ်တဲ့ ဒီဘဲကြီးကို ဇာတ်လမ်းအစမှ အဆုံးထိ အားပေးခဲ့ရတာတွေ ပြန်ကြည့်လည်း ဒီအရသာကို ခံစားနေရတုန်းပါပဲ....ရသအပြည့်အ၀ခံစားရအောင် BLU-RAY 1080P5.1CH နဲ့ အပြည့်အစုံပြန်လည်တင်ဆက်ပေးထားပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ဒီဇာတ်လမ်‌လေးကတော့ မင်းသားကြီးနီကိုးလတ်စ်ကေ့စ်ချ်ရဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ် သူ့ခေတ်သူ့အခါမှာတော်တော်အောင်မြင်ခဲ့တဲ့ကားလေးလဲဖြစ်ပါတယ် ဇာတ်ကားအကြောင်းကတော့.. စစ်ပြန်ကြီးတစ်ယောက်ဖြစ်တဲ့ ရိန်းဂျားတပ်သားဟောင်း ကမ်မရွန်းပိုး(နီကိုးလတ်စ်ကေ့စ်ချ်)ဟာသူအိမ်ပြန်ရောက်တဲ့နေ့မှာပဲ အရက်သမားတွေကကိုယ်ဝန်သည်မိန်းမကို ထိကပါးရိကပါးပြောတာကိုကာကွယ်ရင်း လူသတ်မိသွားပြီးထောင်ကျသွားပါတယ် ထောင်နှစ်ရှည်ကျပြီးတော့နောက်ဆုံးမှာတော့ Jail Baird ဆိုတဲ့ ထောင်သားရွေ့ပြောင်းမယ့်လေယာဥ်ကြီးကိုစီးပြီး အိမ်ပြန်ရတော့မှာပါ ဒါပေမယ့်လေယာဥ်ပေါ်မှာပါတဲ့အဆိုးတစ်ကာ့အဆိုးဆုံးထောင်သားတွေပါပါလာတဲ့အခါမှာတော့ သူ့အိမ်ပြန်ခရီးလေးဘယ်လိုဖြစ်သွားမလဲ အခက်အခဲတွေအများကြီးနဲ့ကိုဖြတ်ကျော်ပြီးအိမ်ပြန်နိုင်ပါ့မလားဆိုတာတွေကိုကြည့်ရှုရမှာဖြစ်ပါတယ် ရှေ့တန်းပြန်ရိန်းဂျားတပ်သားဟောင်းတစ်ယောက်ရဲ့စိတ်ဓာတ်ကိုပါကွက်ကွက်ကွင်းကွင်းနဲ့တင်ပြထားပါတယ်..ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Pyae Moe Han ပဲဖြစ်ပါတယ်.... (zawgyi)နီကိုးလတ်စ်ကေ့စ်ခ်ျ ရဲ့ ဒီဇာတ်လမ်းကို တော်တော်များများကြည့်ဖူးကြမယ် ထင်ပါရဲ့.... စစ်ပြန်ကြီးတစ်ယောက်ဖြစ်တဲ့ ရိန်းဂျားတပ်သားဟောင်း ကမ်မရွန်းပိုး(နီကိုးလတ်စ်ကေ့စ်ခ်ျ)ဟာသူအိမ်ပြန်ရောက်တဲ့နေ့မှာပဲ ...
movie

Con Air(1997)

1997
Don’t Let Go(2019) 6.0
Don’t Let Go(2019) Don't Let Go(2019)အညွှန်း*********************(unicode)ရဲသား ဂကျြချ ရဲ့ ညီနဲ့ သူ့မိသားစုတစ်ခုလုံး လူသတ်သမားတစ်ယောက်ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းခံလိုက်ရတယ် .. အထူးသဖြင့် ရဲသားဂျက်ခ် အရမ်းချစ်ရတဲ့ သူ့တူမလေးပါ သေဆုံးသွားခဲ့တာကြောင့် ဖြေမဆည်နိုင်ဖြစ်ပြီး ခံပျင်းလွန်းနေတယ်..... ဒါပေမဲ့ တစ်နေ့မှာတော့ ထူးဆန်းလွန်းတဲ့ ဖြစ်ရပ်တစ်ခုသူကြုံလိုက်ရတယ်... သူ့ဆီကိုဖုန်းခေါ်ပြီး စကားပြောတဲ့သူဟာ သေဆုံးသွားတဲ့ သူတူမလေးဖြစ်နေလို့ပါ... ရဲသားဂျက်ခ်တစ်ယောက်အတွက် ဒွိဟများစွာနဲ့ဖြစ်နေတယ်...သူတူမလေး တကယ်သေသွားတာလား...တမလွန်ကနေ သဘာဝလွန်ဖြစ်ရပ်လိုမျိုးဖြစ်တာလား... လူသတ်မှုကိုရော ဖော်ထုတ်နိုင်မှာလား... ဒီဇာတ်ကားလေးက Thriller, Horror ဇာတ်ကားတစ်ကားရဲ့ ရသ အပြည့်အဝ ပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်း တစ်ကားမို့ ခံစားကြည့်ပါဦး.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ SCRN ပဲဖြစ်ပါတယ်....(zawgyi)ရဲသား ဂျက်ခ် ရဲ့ ညီနဲ့ သူ့မိသားစုတစ်ခုလုံး လူသတ်သမားတစ်ယောက်ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းခံလိုက်ရတယ် .. အထူးသဖြင့် ရဲသားဂျက်ခ် အရမ်းချစ်ရတဲ့ သူ့တူမလေးပါ သေဆုံးသွားခဲ့တာကြောင့် ဖြေမဆည်နိုင်ဖြစ်ပြီး ခံပျင်းလွန်းနေတယ်..... ဒါပေမဲ့ တစ်နေ့မှာတော့ ထူးဆန်းလွန်းတဲ့ ဖြစ်ရပ်တစ်ခုသူကြုံလိုက်ရတယ်... သူ့ဆီကိုဖုန်းခေါ်ပြီး စကားပြောတဲ့သူဟာ သေဆုံးသွားတဲ့ သူတူမလေးဖြစ်နေလို့ပါ... ရဲသားဂျက်ခ်တစ်ယောက်အတွက် ဒွိဟများစွာနဲ့ဖြစ်နေတယ်...သူတူမလေး တကယ်သေသွားတာလား...တမလွန်ကနေ သဘာဝလွန်ဖြစ်ရပ်လိုမျိုးဖြစ်တာလား... လူသတ်မှုကိုရော ဖော်ထုတ်နိုင်မှာလား... ဒီဇာတ်ကားလေးက Thriller, Horror ...
movie

Don’t Let Go(2019)

2019
Fences (2016) 7.2
Fences (2016) Fences (2016) Won 1 Oscar....Another 56 wins & 115 nominations IMDb….7.2/10_____Rotten….92% 2016 ခုနှစ်ထဲမှာ ထွက်ရှိခဲ့ပြီး Oscar တဆု ရခဲ့တဲ့ဇာတ်ကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားကြီးကIMDb မှာ 7.2 ရထားတဲ့ PG 13 ပါပေးထားပါသေးတယ်Tonry Maxson ဟာရေဆိုးသန့်စင်သမားအဖြစ်Pittsburghမြို့မှာ ၁၉၅၀ ပတ်ဝန်းကျင်က အသက်မွေးခဲ့ပါတယ်သူ့ရဲ့အိမ်မက်ကတော့ တနေ့မှာ ပရော်ဖက်ရှင်နယ် ဘေ့စ်ဘောကစားသမားတစ်ယောက်ဖြစ်ဖို့ပါ  ဒါပေမဲ့ ခါးသီးစွာကြုံတွေ့လိုက်ရတာကအမေရိကန် မေဂျာလိဒ်မှာ လူမည်းတွေကို ပါဝင်ခွင့်မပေးတော့ သူဟာသူ့အခွင့်အရေးကိုလက်လွတ်လိုက်ရပါတော့တယ် ဒါပေမဲ့ သူဟာသူမဖြစ်ခဲ့ရတာကို သူ့မိသားစုအပေါ်ဖိအားပေးပြီး သူ့သားကို ကောလိပ်ဘေ့စ်ဘောပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့ကြိုးစားပါတော့တယ်ကဲ ပရိတ်သတ်ကြီး ရေ ဘာတွေဆက် ဖြစ်ကြမလဲဆိုတာတော့ကြည့်လိုက်ကြတော့နော် အော်စကာမယ် စံကာတင်စာရင်း ဝင်တယ်ဆိုကတည်း ကကောင်းလို့ပဲနေမှာပါ မွန်းလိုက်ထက်တော့ ကောင်းမှာသေချာပါတယ် .................................  ။ ----------------------------------------------------  
movie

Fences (2016)

2016
The Purge:Election Year (2016)
The Purge:Election Year (2016)  Purge ကတော့ လူတိုင်းနဲ့ရင်းနှီးနေပြီးသားကားဖြစ်မှာပါ...ဒီကားထဲမှာအရက်စက်ဆုံးလူသတ်မှု့တွေနဲ့ လူသားအချင်းချင်းသုတ်သင်ရှင်းလင်းကြတာကိုမြင်ရမှာပဲဖြစ်ပါတယ်...ဇာတ်လမ်းရဲ့အကြောင်းကိုပြောပြရမယ်ဆိုရင်....အမေရိကန်အစိုးရဟာ နှစ်စဉ်နှစ်တိုင်းMarch လ 21 ည 7 နာရီကနေ နောက်နေ့မနက် 7 နာရီအထိ12 နာရီကြာအောင် လူသတ်မှုအပါဝင်ရှိသမျှရာဇဝတ်မှုတွေကိုအကုန်ခွင့်ပြုထားတဲ့စနစ်ကိုအစဉ်မြဲကျင့်သုံးလာခဲ့ပါတယ်...ဒါကို သန့်စင်ရှင်းလင်းတဲ့လုပ်ရပ်လို့လည်း နာမည်တပ်ထားကြပါတယ်...ဒီလိုသန့်စင်ရှင်းလင်းမှု့တွေကို ရှုံ့ချတဲ့ သူကတော့သမ္ပတအဖြစ်အရွေးခံမယ့်အမျိုးသမီး အမတ်လောင်း Roan ပဲဖြစ်ပါတယ်...ဘာလို့လဲဆိုတော့ အဲ့ဒီသုတ်သင်ရေးပွဲတော်မှာ သူမမိသားစုဝင်တွေပါစတေးခံခဲ့ရလို့ဖြစ်ပါတယ်....ဒါကြောင့် သူမသမ္ပတလောင်းအဖြစ်ရပ်တည်လာမယ့်သက်တမ်းတစ်လျောက်မှာတော့ သူမဟာဒီသုတ်သင်ရေးပွဲတော်ညကိုတခြားပြိုင်ဘက်အမတ်နဲ့ ယှဉ်ပြိုင်ပြီး ဆန့်ကျင်ခဲ့ပါတယ်.....ကောင်းတာလုပ်ရင်လူမုန်းများလာသလို သူမအတွက်လည်းလုပ်ရိုးအစဉ်လာဖြစ်တဲ့ဒီသုတ်သင်ရေးပွဲတော်ကိုဆန့်ကျင်တဲ့အတွက်အန္တရာယ်ကပိုပြီးတော့ များပြားလာခဲ့ပါတယ်...ဒါကြောင့် ဒီသုတ်သင်ရေးညမှာသူမတစ်ယောက်အန္တရာယ်ကင်းအောင်နေထိုင်ရမှာဖြစ်ပြီး ကျင်းပမယ့်ရွေးကောက်ပွဲမှာအနိုင်ရအောင်ယှဉ်ပြိုင်ရမှာပဲဖြစ်ပါတယ်.....ဒီလို ရက်ရက်စက်စက်သုတ်သင်ရှင်းလင်းရေးတွေလုပ်နေတဲ့ လူသတ်ညမျိုးမှာသူမတစ်ယောက်အသက်ရှင်နိုင်မလား.....ဘယ်လိုအန္တရာယ်မျိုးတွေကျရောက်လာနိုင်မလဲ.....သူမကို သူမရဲ့ကိုယ်ရံတော်ကဘယ်လိုနည်းတွေနဲ့ကာကွယ်မလဲဆိုတာကိုသည်းထိတ်ရင်ဖိုကြည့်ရမှာပဲဖြစ်ပါတယ်..... File size…(1GB  )  Format…mp4 Duration….01:48:48 Subtitle….Myanmar Subtitle (Hardsub) Translator…May Thazin Myint  Encoder….Moe Myint Lwin
movie

The Purge:Election Year (2016)

2016
August Rush (2007) 7.5
August Rush (2007) August Rush (2007)_____IMDb - 7.5/10     ဒါရိုက်တာ Kirsten Sheridan ရိုက်ကူးထားပြီး IMDb Rating 7.5 အထိ ရရှိထားတဲ့ Drama နဲ့ Music ရောစပ်ထားတဲ့ ဇာတ်ကားကောင်း တစ်ကားမို့ CM ချစ်သူများအတွက် မှတ်မှတ်ရရ တင်ပေးလိုက် ပါတယ်။ 2007 ခုနှစ်က ထွက်ရှိထားပြီး ကြည့်ရှုသူများအဖို့ ဇာတ်လမ်းအစကနေ အဆုံးထိ music ရသကို ခံစားစေရင်း ကလေးငယ်တစ်ယောက်ရဲ့ မိဘကိုမျှော်လင့်တောင့်တမှုနဲ့ စိတ်အားထက်သန်မှုတွေကို ခံစားမှုအပြည့်ပေး စွမ်းနိုင်တဲ့ ဒရမ်မာ ဇာတ်ကားကောင်းတစ်ကားပါ။ ဒီဇာတ်လမ်းမှာ ကလေးငယ်လေး အီဗန် ( Freddie Highmore ) ရဲ့ ဂစ်တာကို ကျွမ်းကျင်စွာတီးခတ်ပြသမှုကလည်း ကျွန်တော်တို့လို music ကို ရူးသွပ်သူအဖို့ ရုပ်ရှင်ကြည့်ရင်း ဂီတရသကို မက်မောစွာကြည့်ရှုနေမိစေတယ်။ အမှတ်မထင်တွေ့ရှိခဲ့တဲ့ လူးဝစ် နဲ့ လိုင်လာ တို့ရဲ့ မြင်မြင်ချင်း ချစ်သွားတဲ့ အချစ် . အဲ့ဒီညမှာပဲ ချစ်တင်း နှောခဲ့မှုနဲ့ တစ်ညလေးတွေ့ခဲ့တဲ့ လူနှစ်ယောက်ရဲ့ တစ်ယောက်အပေါ် တစ်ယောက် စွဲစွဲလမ်းလမ်း ချစ်ခင်မှုဟာ အရမ်းကိုအံ့သြစေပြီး ...
movie

August Rush (2007)

2007