Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Na Moon-hee
7
The Quiet Family (1998)
The Quiet Family (1998) ~ IMDb - 7/10, Rotten Tomatoes - 80% ~Directed By Kim Jee Won" There is a lot of extreme emotion in Korean film. It's because there are a lot of extremes in Korean society. " ဆိုတဲ့ ဘွန်းဂျွန်းဟို စကားအတိုင်း ပတ်ချန်းဝုတို့ ဘွန်းဂျွန်းဟိုတို့ဟာ ကိုရီးယားရဲ့ဘ၀တွေကို မသိမသာရော သိသိသာသာပါ ထင်ဟပ်နေတဲ့ Horror/Thriller ကားတွေကို ရိုက်ခဲ့ကြ ကမ္ဘာနဲ့ချီအောင် အောင်မြင်ခဲ့ကြပါတယ်။တောင်ကိုရီးယားရဲ့ Horror/Thriller လိုင်းမှာ ဆရာ့ဆရာကြီး ပတ်ချန်းဝုတို့ ဘွန်းဂျွန်းဟို တို့ပြီးရင် Kim Jee ...
movie
The Quiet Family (1998)
1998
7.1
May 18 (2007)
[Unicode]ဒီဇာတ်လမ်းကတော့ 1980 ခုနှစ် မေလ ၁၈ ရက်မှာ ဂွမ်ဂျူပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အရေးအခင်းအကြောင်းကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ် ဗိုလ်ကြီး Chun Doo Hwan လက်ထက် သူပုန်တွေကိုတိုက်ထုတ်ဖို့အတွက် စစ်တပ်အာဏာနဲ့နှိမ်နှင်းဖို့ကြိုးစားခဲ့တဲ့အကြောင်းလေးပါအေးချမ်းနေတဲ့မြို့တစ်မြို့မှာ ရုတ်တရက်ဆိုသလို သူပုန်တွေကိုတိုက်ထုတ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်တွေချီတက်လာပြီး ရှိသမျှလူတိုင်းကို ရိုက်စစ်မေးမြန်းပါတော့တယ်Min Woo ရဲ့တစ်ဦးတည်းသော ညီလေး Jun Woo တစ်ယောက် သူငယ်ချင်းဖြစ်သူ မတရားသဖြင့်သေဆုံးခဲ့ရတာကို ဒေါသထွက်ပြီး တက္ကသိုလ်ကျောင်းသားတွေပါဝင်တဲ့ ဆန္ဒဖော်ထုတ်မှုကြီးကို ဦးဆောင်ပြီး ချီတက်ခဲ့ပါတော့တယ်ပြည်သူတွေပါ ပါဝင်ပြီးတော့ဆန္ဒပြခဲ့ရာက စစ်တပ်ကြီးပြန်ဆုတ်သွားပြီအထင်နဲ့ ပျော်ရွှင်နေတဲ့အချိန်မှာ စစ်တပ်ဘက်ကနေ သေနတ်တွေနဲ့စတင်တိုက်ခိုက်ခဲ့တဲ့နောက်...ရုန်းရင်းဆန်ခတ်တွေဖြစ်ရင်းကနေ Jun Woo တစ်ယောက်သေနတ်ပစ်ခံထိပြီး သေဆုံးခဲ့ရပါတော့တယ် အဲ့အချိန်မှာ Min Woo တစ်ယောက် ကြေကွဲမဆုံးဖြစ်ပြီး ဂွမ်ဂျူမြို့သူမြို့သားတွေနဲ့ပူးပေါင်းကာ ဘယ်လိုရင်ဆိုင်တိုက်ခိုက်ပြီး ပဋိပက္ခတွေကို ဘယ်လိုအဆုံးသတ်စေမလဲဆိုတာကတော့ စောင့်ကြည့်ခံစားလိုက်ကြပါဦး...။( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu Chain ပါ ) [Zawgyi]ဒီဇာတ္လမ္းကေတာ့ 1980 ...
movie
May 18 (2007)
6.3
Honest Candidate (2020)
movie
Honest Candidate (2020)
N/A
Love+Sling (2018)
IMDb Rating (6.8) ထိရရှိထားတဲ့ ကိုရီးယား Drama/Comedy ဇာတ်ကားသစ်လေးပါ။Yoo Hae-jin, Sung Dong‑il တို့လို ဘိုးတော်တွေ အပိုင်သရုပ်ဆောင်ထားကြသလို Kim Min-jae, Lee Sung-kyung တို့လို တက်သစ်စ မင်းသားမင်းသမီးတွေကလဲ လိုက်ဖက်ညီစွာ ပါဝင်ထားပါတယ်...သားအဖနှစ်ယောက်က နပန်းဝါသနာရှင်တွေ....သားတော်မောင်က ကောင်မလေးတစ်ယောက်ကို တွေ့ပြီး ကြိုက်သွားရော..ဒါပေမယ့် အဲ့ကောင်မလေးက သူ့အဖေကိုကြိုက်တယ်လို့ ဖွင့်ပြောလာတဲ့အခါ.......။ File size…(999 MB) and (470MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:50:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Chu Chu
movie
Love+Sling (2018)
2018
7.6
I Can Speak (2017)
ဒီတစ်ခါတော့ IDM Rating 7.6 အထိရရှိထားတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ပုဒ်ကိုအခြေခံပြီးရိုက်ကူးထားတဲ့တောင်ကိုရီးယားဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကား rating အရအရမ်းကောင်းနေလို့စပြီးဘာသာပြန်လိုက်တော့ဇာတ်လမ်းကဒီလောက်ကြီးလည်းဘာမှမဟုတ်ဘူးထင်နေတာပေါ့။နောက်ပိုင်းဆက်ပြီးကြည့်တော့မှတဖြည်းဖြည်းနဲ့ဘာကြောင့်မှန်းမသိပိုပြီးစိတ်ဝင်စားလာမိတယ်။အဓိကအကြောင်းရင်းကဇာတ်ကောင်မင်းသမီးကြီးရဲ့စိတ်ထဲမှာဘယ်လိုတွေဖြစ်နေလဲဆိုတာကိုသိချင်လာမိလို့ပါ။ဇာတ်ကားအဆုံးထိကြည့်ပြီးမှမင်းသမီးကြီးရဲ့ခံစားချက်ကိုနားလည်လာခဲ့လို့ပရိတ်သတ်ကြီးလည်းအဆုံးထိခံစားကြည့်ရှုလိုက်ကြပါ။အော်ဒါနဲ့ဒီကားကတောင်ကိုရီးယားမှာဆုတံဆိပ်ပေါင်း ၁၂ဆုအထိရရှိထားတဲ့ကားလေးနော်။ဇာတ်လမ်းအစမှာတော့ပတ်မင်ဂျေးလို့ခေါ်တဲ့ဝန်ထမ်းပေါက်စလေးတစ်ယောက်ဆိုးလ်မြို့ကခရိုင်အုပ်ချူပ်ရေးမှူးရုံးကိုတာဝန်ပြောင်းရွှေ့ထမ်းဆောင်ရင်းနဲ့စထားပါတယ်။ပတ်မင်ဂျေးကအလုပ်လည်းကြိုးစားသလိုအင်္ဂလိပ်စာကိုလည်းကျွမ်းကျွမ်းကျင်ကျင်နဲ့ပြောဆိုနိုင်တဲ့လူတော်တစ်ယောက်ပါ။ခရိုင်ရုံးမှာအလုပ်လုပ်ရင်းအများအကျိုးအတွတ်ကိုယ်ကျိုးမဖက်လုပ်ဆောင်ပေးနေသူနာဘုတ်အွန်းအဘွားနဲ့စတင်တွေ့ဆုံခဲ့ရပါတယ်။နာဘုတ်အွန်းကရပ်ကွက်မှာဖြစ်နေသမျှကိစ္စအားလုံးတိုင်ကြားတာကိုပတ်မင်ဂျေးဘက်ကလည်းအကောင်းဆုံးဖြေရှင်းဖို့ကြိုးစားရပါတော့တယ်။နာဘုတ်အွန်းမှာလည်းခလေးဘဝတည်းကကွဲကွာခဲ့ရတဲ့မောင်လေးတစ်ယောက်ရှိပါတယ်။သူ့မောင်လေးကလက်ရှိအမေရိကန်မှာနေတာကိုတွေ့ဖို့အရာရှိပေါက်စပတ်မင်ဂျေးဆီမှာအင်္ဂလိပ်စာသင်ဖို့အကူအညီတောင်းခဲ့ပါတယ်။ပတ်မင်ဂျေးလည်းလက်ခံခဲ့ပြီးတဲ့နောက်နာဘုတ်အွန်းလည်းအင်္ဂလိပ်စာကိုကျွမ်းကျွမ်းကျင်ကျင်ပြောဆိုလာနိုင်တဲ့အချိန်မမျှော်လင့်တဲ့အဖြစ်အပျက်တွေပေါ်ပေါက်လာပါတယ်။အဲ့အဖြစ်အပျက်တွေကဇာတ်လမ်းကိုလုံးဝဖမ်းစားလိုက်တာပါ။အဲ့အဖြစ်အပျက်တွေကြောင့်ပဲဇာတ်လမ်းကြည့်ရှုတဲ့သူတွေပထမအစထင်ထားသလိုမျိုးမဟုတ်တော့ဘဲလုံးဝမတူကွဲပြားတဲ့ဇာတ်လမ်းတစ်ပုဒ်ကြည့်ရှုရသလိုဖြစ်သွားစေမှာပါ။အဲ့အဖြစ်အပျက်တွေကဘာတွေလဲဆိုတာကိုတော့ဇာတ်လမ်းအဆုံးထိစောင့်ကြည့်လိုက်ရအောင်ပါ။သေချာတာတစ်ခုကတော့ဒီဇာတ်ကားကြည့်ပြီးရင်လူတိုင်းအတွေးတစ်ခုဝင်လာပါလိမ့်မယ်။နာဘုတ်အွန်းအဘွားနေရာမှာကိုယ့်အဘွား၊ကိုယ့်အမေ၊ကိုယ့်အစ်မ၊ကိုယ့်ညီမသာဆိုရင်ဘယ်လိုခံစားကြမလဲ။ဒီလိုမျိုးခံစားရမှုတွေကိုကိုယ့်ကြောင့်နဲ့တစ်ခြားမိသားစုဝင်တွေခံစားစေချင်ပါသလား။ပရိတ်သတ်ကြီးပဲဆုံးဖြတ်ပေးကြပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ကိုနေမျိုးပါ) File Size : (900 MB) and (355 MB) Quality : Blu-Ray 720p Running Time : 1hr 59min Format : Mp4 Genre :Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p BluRay x264 DTS-FGT Translated by Nay Myo Encoded by Thanhtike Zaw
movie
I Can Speak (2017)
2017
7.4
Miss Granny (2014)
CM ပရိတ်သတ်တွေထဲမှာ ကိုးရီးယားဇာတ်လမ်းကိုမှ နှစ်ခြိုက်ပြီး စွဲစွဲမြဲမြဲအားပေးနေတဲ့သူတွေရှိလား...ဒီတခေါက်တင်ဆက်ပေးချင်တဲ့ ကိုးရီးယားဇာတ်လမ်းကတော့ ပျင်းလဲမပျင်းရဘူး ရယ်နေရမယ် ငိုရမယ့်ဇာတ်ဝင်ခန်းလဲပါမယ်..စိတ်ဝင်စားဖို့လဲကောင်းမယ်ဒီဇာတ်လမ်းကို Chinese က Remake ပြန်လုပ်ထားတဲ့ version တောင်ရှိပါတယ်...ကဲ စိတ်ဝင်စားသွားကြပြီထင်ပါတယ်..ဇာတ်လမ်းနာမည်ကတော့ "Miss Granny"တဲ့..အညွှန်းလေးကို ဖတ်ကြည့်ပါဦး..အသက် ၇၄ နှစ်အရွယ် အဖွား အိုမယ်ဆွန်းဟာ တစ်ကိုယ်တည်း ရပ်တည်ပြီးသားဖြစ်သူကို ပြုစုပျိုးထောင်ခဲ့သူပါ..သူဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျခဲ့ပါတယ်ကံဆိုးချင်တော့ သူချစ်ရတဲ့ ခင်ပွန်းဟာလဲ စစ်တိုက်ရင်း စစ်ပွဲကျကာ အသက်ငယ်ငယ်နဲ့ မုဆိုးမ ဖြစ်သွားပါတော့တယ်...ကလေးတစ်ယောက်နဲ့ အားကိုးမယ့်သူမရှိ ငွေကြေးကလဲအဆင်မပြေ အသက်ကလဲငယ်သေးတော့ မယ်ဆွန်းအတွက် ဘဝဟာခက်ခဲပင်ပန်းခဲ့ပါတယ်..သူ့ရဲ့ ငယ်ရွယ်မှုတွေ ဝါသနာတွေကို သားလေးအတွက် မြှုပ်နှံပေးဆပ်ခဲ့ပါတယ်...သူ့ရဲ့ သားလေးအပေါ်သွန်သင်ဆုံးမမှုတွေက အချည်းနှီးမဖြစ်ခဲ့ပါဘူး..သားဖြစ်သူဟာ ပါမောက္ခတစ်ယောက်ဖြစ်ခဲ့ပြီး အိမ်ထောင်ကျကာ သမီးတစ်ယောက် သားတစ်ယောက်ပိုင်ဆိုင်ခဲ့ပါတယ်..မယ်ဆွန်းဟာ အဖိုးကြီးအဖွားကြီးထုံးစံအတိုင်း ချွေးမဖြစ်သူကို နေ့စဉ်ပွစိပွစိ ပြောတတ်ပါတယ်..ချွေးမဖြစ်သူဟာ ကျန်းမာရေးကောင်းမွန်သူတော့မဟုတ်ပါဘူးယောက္ခမ ပူညံသံကတစ်မျိုး ...
movie
Miss Granny (2014)
2014
7.0
You Are My Sunshine(2005)
Imdb .......7.0 ဒီဇတ်ကား2006 ခုနှစ်တွင်ထွက်ရှိခဲ့ပြီး အကောင်းဆုံးဒါရိုက်တာဆု အကောင်းဆုံးအမျိုးသားဇတ်ဆောင်ဆု အကောင်းဆုံးအမျိုးသမီးဇတ်ဆောင်ဆု ရုပ်ရှင်ဆု အကောင်းဆုံးဇတ်ပို့ဆု တွေရရှိခဲ့ပါတယ်.............. ဒီကားထဲက မင်းသားကြီးကတော့ တော်တော်များများရင်းနှီးပြီးသားဖြစ်မှာပါ တစ်လောကထွက်ရှိခဲ့တဲ့ Battleship Island မှာ ဂီတအဖွဲ့ခေါင်းဆောင်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Hwang Jung-min ပါ... သူဟာ မွေးမြူရေးလုပ်ငန်းနဲ့အသက်မွေးနေတဲ့သူတစ်ယောက်ပါ အသက်အရွယ်အရ သူဟာအိမ်ထောင် ပြုသင့်တဲ့အရွယ်ဖြစ်ပေမဲ့ သူ့ရည်မှန်းချက်ကြောင့် အိမ်ထောင်ပြုဖို့အရေးဟာ နှောင့်နှေးနေတယ်..... တကယ်ချစ်တဲ့သူတွေမှ သူအိမ်ထောင်ပြုမယ် ဆိုတဲ့ ရည်မှန်းချက်ကြောင့်ပါ......ဒီလိုနဲ့သူတကယ်ချစ်တဲ့ မိန်းမတစ်ယောက်ကို တစ်နေ့တော့တွေ့သွားတယ်....အဲ့ဒီမိန်းကလေးက KTV နဲ့ကော်ဖီဆိုင်မှာ အလုပ် လုပ်တဲ့မိန်းကလေးတစ်ယောက်......ဒီကားက Plot အလှည့်အပြောင်းလေးတွေသိပ်ကိုငြင်သာတယ်... ဒါပေမဲ့စွမ်းအားက အရမ်းကိုကြီးတယ်....... ကိုင်းပြိတ်သတ်ကြီးရေ . FILM ဆု မင်းသားဆု မင်းသမီးဆု ဒါရိုက်တာဆု ဇတ်ပို့ဆုတွေ ရခဲ့လဲဆိုတာ ကြည့်ရင်းနဲ့သဘောပေါက်သွားလိမ့်မယ်.......ဘာသာပြန်သူနဲ့အညွှန်းရေးသူကတော့ ကို Phyo Thu Hein ဖြစ်ပါတယ် File Size : (784 MB) and (384 MB) Quality : 720p Running Time : 2hr 05min Format : ...
movie
You Are My Sunshine(2005)
2005