Channel Myanmar
Nicholas Tse
Twelve Nights (2000) 6.7
Twelve Nights (2000) Twelve Nights (2000)~ IMDb - 6.7/10, MyDramaList - 7.4/10 ~The Warlords နဲ့ Dragon တို့လို ကားကောင်းတွေမှာ ဇာတ်ညွှန်းရေးခဲ့တဲ့ စာရေးဆရာမ Aubrey Lam ရိုက်ခဲ့တဲ့ ရုပ်ရှင်ပါ။ ဟောင်ကောင်ရဲ့ အကျော်အမော် မင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ Cecilia Cheung နဲ့ သူ့ခင်ပွန်းဟောင်း လက်ရှိခေတ်ရဲ့ နာမည်ကျော်တစ်ယောက်ဖြစ်တဲ့၊ ကျွန်တော်တို့တော့ ဟွားဝူချွဲအဖြစ်နဲ့ စသိခဲ့ကြတဲ့ Nicholas Tse တို့လို နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့ သူ့နာမည်အတိုင်း အချစ်တို့ရဲ့ ၁၂ညတာ အကြောင်းပါပဲ။ အချစ်ရဲ့ ပြေးတော့လိုက် လိုက်တော့ပြေးခြင်းတွေ၊ အချစ်ရဲ့မရင့်ကျက်ခြင်းတွေ၊ ဘဝရဲ့လှည့်စားခြင်းတွေကို ၁၂ညတာအချိန်အတွင်း ဘောင်သွင်းပြသွားတဲ့ ဟောင်ကောင်ရိုမန့်ကားတစ်ကားဆိုလည်း မမှားပါဘူး။ အလှတရားနဲ့ ညှို့ကွင်းထောင်နေတဲ့ ယန်တစ်ခုလို Cecilia Cheung နဲ့တင် ဒီဇာတ်လမ်းကို ကြည့်သင့်နေပြီ ...
movie
Twelve Nights (2000)
2000
Raging Fire ( 2021 ) 7.2
Raging Fire ( 2021 ) Donnie Yen နဲ့Nicholas Tse တို့လို မင်းသားကြီးနှစ်ယောက်ဦးဆောင်ထားတဲ့Raging Fire ဟာ China Box Office $100M နီးပါးရထားတဲ့အတွက်ထူးထွေပြီးညွှန်းစရာမလိုတဲ့ အက်ရှင်ကားကောင်းတစ်ကားဆိုတာသေချာပါတယ်မင်းသားကြီး Donnie Yen ဟာ ကျန်းချုံးပန်းဆိုတဲ့ ဖြောင့်မတ်တဲ့မှုခင်းရဲအရာရှိတစ်ယောက်နေနဲ့သရုပ်ဆောင်ထားပြီး ရဲဝန်ထမ်းတွေကြားမှာတင်အကောင်းအဆိုးကိုရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်Donnie Yen နဲ့Nicholas Tse တို့ဟာရင်းနှီးတဲ့လက်ဖော်ကိုင်ဖက်တွေဖြစ်ခဲ့ဖူးကြတယ်မူးယစ်ဆေးဝါးရောင်းဝယ်မှုကိုလိုက်နေချိန်မှာ လူမိုက်ကိုလူမိုက်ပြန်သတ်မှုတွေဖြစ်လာတယ်သူတို့နဲ့ဒါတွေကဘယ်လိုပတ်သတ်နေလဲ ဘယ်အရာကသူတို့ရဲ့လမ်းကြောင်းတွေကိုကွဲသွားစေလဲ‌‌အညိုးအတေးတွေကိုဘယ်လိုဖြေရှင်းကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် Quality : BluRay HEVC / WEB-DL 1080p , 720p , 480pFormat : mp4During : 2h 6minGenres : Action Subtitle : Myanmar Subtitle ( Hardsub )Translated By CCFEncoded By LK,Nyeinsaeya Aung
movie
Raging Fire ( 2021 )
But Always (2014) 5.1
But Always (2014) But Always (2014) =============တရုတ်ပြည်ရဲ့ ဘေဂျင်းမြို့ကလေးက ကျောင်းလေးတစ်ကျောင်းမှာ ကောင်မလေးတစ်ယောက်နောက် တစ်ကောက်ကောက်လိုက်တတ်တဲ့ ကောင်လေးတစ်ယောက်ရှိခဲ့ဖူးပါတယ်။ အရှေ့လေတွေတိုက်ပြီးနှင်းတွေဝေနေအောင်ကြနေတဲ့ နေ့တွေမျိုးမှာ စောင်အပေါက်ကလေးနဲ့ ရှင်သန်နေရတဲ့ကောင်ကလေးရယ် ဟောင်ကောင်ကနေ ကျောင်းပြောင်းလာတဲ့ ကောင်မလေးရယ်ကြားထဲက တူညီမှုတစ်ခုကတော့ နှစ်ဦးနှစ်ယောက်စလုံးမှာ အမေဆိုတာ မရှိတော့ခြင်းပါပဲ။တစ်ယောက်ကိုတစ်ယောက် တွယ်တာခဲ့ပြီးမှ ကောင်ကလေးရဲ့ အဘွားသေသွားတဲ့နောက် သူ့ဦးလေးလာခေါ်သွားတဲ့အချိန်မှာ နှုတ်ဆက်စကားတွေတောင်မရှိပဲဝေးသွားခဲ့ကြပါသတဲ့။နှစ်တွေကြာပြီးတဲ့နောက် မိုးမှုန်တွေ ကျပ်သီးနေအောင်ကျနေတဲ့ ညနေဘက်တစ်ခုမှာ မြိုကလေးကိုပြန်ရောက်လာတဲ့ ကောင်လေးနဲ့ ကောင်မလေးနဲ့ထပ်ဆုံတွေ့ ခဲ့ပါတယ်။ ကောင်မလေးက ဆေးကျောင်းပြီးတော့မယ့်လုဆဲဆဲ အမေရိကသွားတော့မယ့်လု ဆဲဆဲမှာပါ။ အဖေသာရှိတဲ့ကောင်မလေးနဲ့ မိဘမရှိတော့တဲ့ ကောင်လေးတို့ နှစ်ဦးသားအတွက် တစ်ယောက်ကတစ်ယောက် မိသားစုလိုဖြစ်ခဲ့ကြပါတယ်တဲ့။ ချစ်သူတွေလည်းဖြစ်ခဲ့ကြပါတယ်။ ကောင်လေးအတွက် အမေရိကကို မသွားဖို့ဆုံးဖြတ်လိုက်တဲ့ ကောင်မလေးဟာ သူ့အဖေကိုတွေ့ဖို့ ချိန်းဆိုထားတဲ့ တစ်ခုသောမိုးညမှာ ထီးလေးတစ်ချောင်းနဲ့ ရပ်စောင့်နေခဲ့ပါတယ်။ ကောင်ကလေးကတော့ ရောက်မလာခဲ့ပါဘူး။အမေရိကမှာ အလုပ်လုပ်ရင်း ကျောင်းတက်နေခဲ့တဲ့ ကောင်မလေးဟာ သူ့လိုအလုပ်လုပ်နေတဲ့ ပန်းချီဆရာ တစ်ယောက်နဲ့ရင်းနှီးခဲ့ပါတယ်။ အဖေလည်းမရှိတော့တာကြောင့် ရုန်းရင်းကန်ရင်း သူ့ဘဝထဲကို ကောင်လေးပြန်ရောက်လာခဲ့ပါတယ်။ဒီတစ်ခါမှာတော့...... ကောင်လေးဟာ သိပ်ချမ်းသာတဲ့သူဋ္ဌေးတစ်ယောက်ဖြစ်နေပြီး ကောင်မလေးကိုလည်းချစ်နေဆဲပါ ကောင်မလေးစိတ်ထဲကတစ်ဦးတည်းသော ...
movie
But Always (2014)
2014
The Bullet Vanishes (2012) 6.6
The Bullet Vanishes (2012)  The Bullet Vanishes ( 2012) ထွက် ဇာတ်ကားလေးကတော့ IMDB Rating 6.6 နဲ့ Rotten Tomatoes 92% ရရှိထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ Plot Twist တွေကလည်း အလန်းတွေပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်အလုပ်လုပ်ဖို့ရူးသွပ်နေတဲ့ ထောင်မှုး ဆောင်ဒုန်လူ နဲ့ ထျန်းချန်မြို့မှာ သေနတ်ပစ်လက်အမြန်ဆုံး စုံထောက် ကောင်းကျွေး တို့ ပူးပေါင်းပြီး တစ္ဆေကျည်ဆန်အမှုကိုလိုက်ကြတာပါ။ တစ္ဆေကျည်ဆန်လို့ခေါ်ရတဲ့အကြောင်းက လက်နက်စက်ရုံက အလုပ်သမလေး ယန် မတရားအသတ်ခံရချိန်မှာ ကျိန်စာတိုက် သွားခဲ့ပါတယ်။ နောက်တော့ လူတွေတစ်ယောက်ပြီးတစ်ယောက် သေနတ်ဒဏ်ရာနဲ့ သေဆုံးကြပြီးတော့ ကျည်ဆန်ကိုရှာမတွေ့ပါဘူး။ တကယ့်ကျိန်စာကြောင့်ပဲလား။ ဒါမှမဟုတ် လူတစ်ယောက်ယောက်ကပဲ ဟန်ဆောင်ပြီး သတ်နေတာလားဆိုတာ စိတ်ဝင်တစားကြည့်ရမှာပါ။ ပြီးတော့ ဇာတ်ကားကို ကြည့်ရင်း မေးမိနေမှာက ပြီးပြည့်စုံတဲ့ လူသတ်မှုဆိုတာ တကယ်ရှိလားဆိုတာပေါ့။(အညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ဖြစ်ပါတယ်) File size__( ...
movie
The Bullet Vanishes (2012)
2012
Shaolin (2011) 6.9
Shaolin (2011)   IMDb (6.9) / Rotten Tomatoes (74%)(Unicode) ရှောင်လင်ဟာ အက်ရှင် ဒရမ်မာ ဇာတ်ကားအမျိုးအစားဖြစ်ပြီး ရင်ထဲစွဲကျန်စေမယ့် ဒရမ်မာဇာတ်ကွက်လေးတွေနဲ့ ပရိတ်သတ်ကို သဘောကျစေမှာပါ.. ဂျက်ကီချန်း ၊ အန်ဒီလူ ၊ ဖန်ပင်းပင်း၊ ဂျင်ဝူ ၊ နီကိုးလပ်(စ်)စီ ၊ ရှင်းယု နဲ့ ရှောင်ကွမ်ယု နာမည်ရအက်ရှင်သရုပ်ဆောင်ကောင်းတွေ ပါဝင်အားဖြည့်တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်.. အက်ရှင်မင်းသား အန်ဒီလူဟာ အင်အားကြီးစစ်ဘုရင်ဟူကျင်းအဖြစ်နဲ့ ဒီဇာတ်လမ်းလေးကို အနှစ်သာရရှိပြီးရသပြည့်ဝတဲ့ ဒရမ်မာကားကောင်းဖြစ်အောင် ထိန်းကျောင်းသွားခဲ့တာကို တွေ့ရမှာပါ.. ဂျက်ကီချန်းကတော့ ရှောင်လင်ကျောင်းရဲ့ စာဖိုမှူးကြီးအဖြစ်သရုပ်ဆောင်ထားပြီး ထုံးစံအတိုင်း ဟာသတိုက်ကွက်လေးတွေနဲ့ ပရိတ်သတ်ကို ဆွဲခေါ်သွားဦးမှာပါ.. ဇာတ်လမ်းတည်ဆောက်ထားတာကတော့ အင်္ဂလိပ်ခေတ်အချိန်ကာလဖြစ်ပြီး တိုင်းပြည်အနှံ့မှာ အာဏာနဲ့နယ်မြေကိုရူးသွပ်နေတဲ့ စစ်ဘုရင်များကြီးစိုးနေပါတယ်.. ပြည်သူတွေအငတ်ဘေးဆိုက်နေပေမဲ့ အာဏာရှင်တစ်စုကတော့ ကြွယ်ဝချမ်းသာတဲ့စည်းစိမ်ဥစ္စာတွေနဲ့ လောဘအတောမသတ်နိုင်ဘဲ အချင်းချင်းနယ်မြေလုတိုက်ပွဲတွေကို ဆက်လက်ဆင်နွှဲနေကြပါတယ်.. စည်းစိမ်ဥစ္စာတွေ တန်ခိုးအာဏာတွေ အပြည့်ရှိနေပေမဲ့လည်း အာဏာလောဘစည်းစိမ်လောဘတွေကို အတောမသတ်နိုင်တဲ့ လူ့သဘာဝကိုလည်း သိသာထင်ရှားစေခဲ့ပါတယ်.. တစ်ချိန်က ကိုယ်နင်းခဲ့တဲ့ကြမ်းပြင်ဟာ နောင်တစ်ချိန်မှာကိုယ့်ရဲ့ခေါင်မိုးဖြစ်လာနိုင်တယ်ဆိုတဲ့အတိုင်း အလှည့်အပြောင်းကြီးမားတဲ့ လူ့ဘဝရဲ့ အမှန်တရားတွေကိုလည်း ...
movie
Shaolin (2011)
2011
The Bombing (2018) 7.1
The Bombing (2018) 2018 ထွက် Action/Adventure ဇာတ်ကားသစ်ဖြစ်ပြီး Cast တွေကလည်းကျွန်တော်တို့အကြိုက် မင်းသားတွေဖြစ်ပါတယ်။အက်ရှင်ကားပရိသတ်တွေရဲ့ Action မင်းသားကြီး Burce Willis,2002ခုနှစ်ကထွက်ရှိခဲ့တဲ့ The Pianist ဇာတ်ကားမှာ Performance ကောင်းကောင်းနဲ့စန္ဒယားအနုပညာရှင်ဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Adrein Brody,ဒါ့အပြင် ကိုရီးယားသရုပ်ဆောင်မင်းသားကြီး ဂျွန်စောအဖြစ်လူသိများတဲ့ Song Seung Hun တို့နဲ့အတူ တရုတ်မင်းသားLui Ye တို့အတူပါဝင်အားဖြည့်သရုပ်ဆောင်ထားတဲ့ WWII နောက်ခံ Action ဇာတ်ကားသစ်ပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့ရဲ့လေကြောင်းတိုက်စစ်ဆင်မှုတွေကြားကနေ ကိုယ်စီတာဝန်အသီးသီးထမ်းဆောင်ကာ အရေးကြီးလက်နက်တစ်ခုကိုကာကွယ်ဖို့ကြိုးစားကြတာပဲဖြစ်ပါတယ်။ပရိသတ်Cast အလန်းစားတွေနဲ့ ရိုက်ကူးထားတာဖြစ်တာကြောင့် အားလပ်ရက်အနားယူရင်းအားပေးရအောင် တင်ဆက်ပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်သူကတော့ ရဲမာန်အောင် ပါ) File Size : (750 MB) and (350 MB) Quality : WEB-DL 720p Running Time : 1hr 37min Format : Mp4 Genre : Action ...
movie
The Bombing (2018)
2018
The Bullet Vanishes 6.6
The Bullet Vanishes   2012 ခုနှစ်ကထွက် ရှိထားတဲ့ ထိုင်ဝမ် ဟောင်ကောင် စုံထောက်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် IMDb rating 6.6 ရထားပြီး သဲထိပ်ရင်ဖိုကြိုက်ပရိတ်သတ်တွေကတော့ လက်မလွတ်သင့်တဲ့ ဇာတ်ကားလေး တစ်ကားပါ ဇာတ်လမ်း အကျဉ်းလေးကတော့ မိုးတွေ ရွာနေတဲ့ ညတစ်ညမှာ ရှန်ဟိုင်း လက်နက်စက်ရုံက နေ ကောင်မလေးတစ်ယောက်ဟာ သေတ္တာတစ်လုံးကို ခိုးယူသွားခဲ့ပြီး ခိုးယူသွားခဲ့ တဲ့ သေတ္တာထဲမှာ ရုရှားတွေရဲ့ ကျည်ဆန်တွေ ပါနေတာကို သိလိုက်ရတဲ့ အခါမှာတော့ ဘယ်လိုတွေ ဆက်ဖြစ်ကြမယ် ဟောင်ကောင် နဲ့ ထိုင်ဝမ် ရဲ ဌာန တွေကကော သူတို့နယ်ဖက်ရောက်လာတဲ့ ဒီသေတ္တာကို ဘယ်လိုတွေ များ ဖြေရှင်းကြမလဲ ဆိုတာကိုတော့ ဆက်လက်ကြည့်ကြရမှာပါဘာသာပြန်ကတော့ Real YNWA ဖြစ်ပါတယ်  
movie
The Bullet Vanishes
2012
Cook Up a Storm (2017) 6.4
Cook Up a Storm (2017) Cook Up a Storm (2017) IMDb - 6.4/10_____Rotten - 61%   ဒီကနေ့ ပရိသတ်တွေခံစား ဖို့ကိုတော့ IMDb Rating (6.4/10) ရရှိထားတဲ့ ဟောင်ကောင်ဟာသ ဇာတ်ကားလေး ရွေးထားပါတယ်။ နာမည်ကျော် စားဖိုမှူး နှစ်ဦးရဲ့ အရှေ့တိုင်းနဲ့ အနောက်တိုင်း လက်ရာ ဟင်းလျာချက်ပြုတ်အား ပြိုင်မှုတွေကို ကြည့်ရမယ့် ဇာတ် ကားလေးမို့ ပရိသတ်တွေအတွက် ရသအပြောင်းအလဲလေးပေးစွမ်း နိုင်မယ်လို့ ထင်ပါတယ်။စကိုင်းကိုဟာ ကန်တုန်လမ်း ဘေး စားသောက်ဆိုင်တစ်ဆိုင် က ကျွမ်းကျင်စားဖိုမှူးတစ်ယောက်ဖြစ်ပြီး ဟင်းလျာ အမည်ပေါင်းများစွာကို အချိန်ခဏလေး အတွင်းမှာ စီမံချက်ပြုတ်နိုင်သူပါ။ ပေါလ်အန်းကတော့ ပြင်သစ်နိုင်ငံမှာ ကမ္ဘာ့နာမည်ကြီး ဟင်းလျာချက်ပြုတ်နည်းတွေကို သင်ယူလာခဲ့တဲ့ မီချီလင်စတားစားဖိုမှူး တစ်ယောက်ပါ။စကိုင်းရဲ့ဆိုင်ကလည်း လမ်းဘေးဆိုင်လို့ဆိုပေမယ့် နှစ်ပေါင်း များစွာကတည်းက စားသုံးသူတွေ ရဲ့ အကြိုက်ဟင်းလျာတွေကို ရိုး ရာချက်ပြုတ်နည်းတွေ ချက်ပြုတ် ဝန်ဆောင်မှုပေးရင်း ...
movie
Cook Up a Storm (2017)
2017
Moving Targets (2004) 6.3
Moving Targets (2004) IMDb rating 6.3 ရထားပြီး ၂၀၀၄ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဟောင်ကောင်အက်ရှင်ကာကြီးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ ကစ် ဟာ ကံကောင်းစွာနဲ့ပဲ ထူးချွန်တဲ့ ရဲအရာရှိမိသားစုမှာ မွေးဖွားလာခဲ့တဲ့သူတစ်ယောက်ပါ တစ်နေ့မှာ ကစ်ရဲ့ မိဘ ၂ ယောက်ဟာ သဘောထားခြင်းမတိုက်ဆိုင် တာကြောင့် မိသားစု ဟာပြိုကွဲဖို့ အကြောင်းဖန်လာပါတော့တယ် ကစ် တစ်ယောက်ကြီးပြင်းလာတဲ့ အခါမှာတော့ မိသားစု မျိုးရိုးအတိုင်းပဲ ထူးချွန်တဲ့ အရာရှိတစ်ယောက်ဖြစ်လာပါတော့တယ် ကဲ ကစ် တစ်ယောက်ထူးချွန်တဲ့ အရာရှိတစ်ယောက် ဖြစ်လာတဲ့အခါမှာ တော့ ဘာတွေ ဆက်ဖြစ်ကြမလဲ ဆိုတာကိုတော့ ဆက်ကြည့်လိုက်ကြပါ တော့နော် သူ့အဖေနဲ့ ကော ဘယ်လိုတွေများ ဆက်ဖြစ်ကြအုံးမလဲ ဆိုတာ ကော ဆက်လက်ကြည့်လိုက်ကြပါတော့ဗျာ ။Download Large File From Pcloud Download Small File From Pcloud
movie
Moving Targets (2004)
2004
Bodyguards and Assassins (2009) 6.8
movie
2009
The Medallion (2003) 5.3
The Medallion (2003) The Medallion (2003)ဒီဇတ်ကားလေးကတော့ကျွန်တော်ရဲ့ စတုတ္ထမြောက်ဘာသာပြန်ကားလေးဖြစ် သလိုကျွန်တော့်ဘဝအတွက်အမှတ်တရ ကားလေးဆိုရင်လည်းမမှားပါဘူး အဲကားစထွက်တုန်း ကမှတ်မိပါသေးတယ်ဒီဗီဒီစက်တွေကလည်းပေါ်ခါစ အစ်မကထိုင်းကနေဝယ်ပို့လာခဲ့တာကလေးပဲရှိသေးတာ အရမ်းကြိုက်တာပေါ့ဂျက်ကီချမ်းဆိုတာလည်းငယ်ငယ်တည်းကနေ ခုထိခိုက်နေဆဲမင်းသားဒီဇတ်ကားကို ကျွန်တော်မြန်မာစာတန်းထိုးနဲ့တစ်ခါမှမကြည့်ဖူးပါဘူး အဲဒါနဲ့ပဲလုပ်ဖြစ်သွားတာပါကျွန်တော်က translatorသမားအစစ်မဟုတ်တော့ တခါတလေဘာသာပြန်တဲ့နေရာမှာလွဲကောင်းလွဲနေနိင်ပါတယ် ဒါပေမဲ့ဘာသာပြန်တဲ့နေရာမှာတချိုူ့စကားလုံးတွေကမြန်မာ လိုပြန်စီရာမှာအရမ်းခက်တဲ့အတွက်မြန်မာစာတန်းထိုး ပရိတ်သတ်တွေနားလည်လွယ်အောင်ဖော်ပြထားပေးပါတယ်၁၀၀% မှန်တယ်လို့မဆိုနိင်ပေမဲ့လည်း ၉၀တော့ကျော်မှာပါကျွန်တော်တို့ကျောင်းတက်နေတုန်း ကတောင်၇၅%ဆိုစာမေးပွဲဖြေ လို့ရတယ်ဆိုတော့၉၀ဆိုတော့မဆိုးပါဘူးနော် ပရိတ်သတ်တကဲအညွန်းလေးစလိုက်ကြရအောင် ရှေးရှေးတုန်းကပုံပြင်လိုလို တကယ်လိုလိုနဲ့လူပြောများခဲ့တဲ့သေဆုံးပြီးသား လူသားတွေကိုထာဝရအသက်ရှင်စေနိင်တဲ့လည်ဆွဲပြားလေး အဲဒီလည်ဆွဲပြားကိုပြန်အသက်ဝင်လာအောင်လုပ်ဆောင်ပေးမည့် ကလေးငယ်တစ်ဉီးကလေးငယ်နဲ့လည်ဆွဲပြားလေးက ိုပိုင်ဆိုင်နိင်အောင်နည်းအမျိူ းမျိူ းနှင့်ကြိူ းစားမည့်မြွေခေါင်း ဆိုသောရာဇဝင်လူဆိုးတစ်ဦးကလေးငယ်နဲ့လည်ဆွဲပြားလေးကို မြွေခေါင်းရဲ့လက်ထဲကိုမရောက်အောင် အက်ဒီဆိုတဲ့ရဲစုံထောက်ကဘယ်လိုကာကွယ်မလဲ တကယ်ပဲလည်ဆွဲပြားလေးကအစွမ်းရှိသလား စသဖြင့်ရသစုံလင်ကြည့်ရှုရပါမည် ဂျက်ကီချမ်းရဲ့အက်ရှင်အလန်းများနဲ့ဟာသ ဇတ်ကွက်များကြောင့်ပရိတ်သတ်တွေအကြိူ က်တွေ့စေရမယ်လို့အာမခံပါတယ် (ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ ကို Soe Htwe ပဲဖြစ်ပါတယ်)File Size         : 697 MB Quality           : Blu ray 720P Running Time : 1hr 28 minute Format           : Mp4 Genre             : Action, Comedy, Fantasy Encoder         : Joker.phs
movie
The Medallion (2003)