Channel Myanmar
Olivia Wilde
Drinking Buddies (2013) 6.1
Drinking Buddies (2013)  Genre – Comedy, Drama, Romance IMDB – 6.1/10 ဇာတ်ကားနာမည်လေးအတိုင်း အရက်သောက်ဖော်သောက်ဖက် အကြောင်းလေးပါ ဒါပေမဲ့ ယောက်ျားလေးအချင်းချင်းမိန်းကလေးအချင်းချင်း မဟုတ်ပဲ ယောက်ျားလေးနဲ့မိန်းကလေး သောက်ဖော်သောက်ဖက်ပေါ့လေ။ ဘီယာချက်စက်ရုံတစ်ခုမှာ တစ်ဦးတည်းသော မိန်းကလေးဖြစ်တဲ့ပွဲစီစဉ်သူ စီမံခန့်ခွဲရေးက ကိတ်နဲ့ ဘီယာချက်တဲ့စက်ပိုင်းကလုခ်တို့ဟာ အရမ်းခင်မင် အတူတူသောက်စား မူးရူးညတွေလည်း ပလူးပလဲနေကြတဲ့ ဘော်ဒါနှစ်ယောက်ဖြစ်ကြပါတယ် ဒါပေမဲ့ လွန်ကျူးတာမျိုး ချစ်မိသွားတာမျိုးမရှိခဲ့ပါဘူး။ ကိတ်မှာလည်း စတူဒီယို လုပ်နေတဲ့ ချစ်သူခရစ်စ်ဆိုတာ ရှိသလို လုခ်မှာလည်း စာသင်တဲ့ကောင်မလေးဂျေးလ်ဆိုတာ ရှိကြပါတယ်။ ဒီလိုနဲ့ တစ်ရက် အလုပ်ပိတ်ရက်မှာနှစ်တွဲချိန်းကြပြီး ပင်လယ်ဘေးက အိမ်လေး အလည်အပတ်ထွက်ခဲ့ချိန်မှာတော့ ကိုယ်စီ ကိုယ်စီ တွဲနေကြတာကမှန်ကန်တဲ့လူ ဖြစ်မလား၊ ဘယ်သူက ကိုယ့်အတွက် မှန်ကန်မလဲစသဖြင့် အတွဲနှစ်တွဲကြားက ပြဿနာလေးတွေ အလုပ်ကပြဿနာလေးတွေ အနောက်တိုင်း အချစ်ပြဿနာလေးတွေကိုဖော်ပြထားတဲ့ ဟာသ ဒရမ်မာကားလေး တစ်ကားဖြစ်ပါတယ်။ ခေါင်းဆောင်နေရာက ကျွန်တော်တို့ မင်းသမီးအလန်းစားOlivia Wilde ...
movie
Drinking Buddies (2013)
The Words(2012) 7.0
The Words(2012) The Words(2012)============== ဒီဇာတ်ကားလေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရုန်းကန်ကြိုးစားနေရတဲ့စာရေးဆရာတစ်ယောက်ဟာ ကိုယ်တိုင်မရေးခဲ့တဲ့စာမူနဲ့အကြီးအကျယ်အောင်မြင်မှုရသွားခဲ့ပြီးတဲ့နောက် ကိုယ်ကျင့်တရားနဲ့ပတ်သက်တဲ့ရွေးချယ်မှုတွေနဲ့ရင်ဆိုင်ကြုံတွေ့ရတဲ့အကြောင်းကို ပြန်ပြောပြထားတာပဲဖြစ်ပါတယ်။Bradley Cooper က သူ့ရဲ့ဇာတ်ရုပ်ကိုကောင်းကောင်းကြီးသယ်သွားပြီးတော့အတွင်းပိုင်းမှာရုန်းကန်ကြိုးစားရတဲ့အခြေအနေကိုကောင်းကောင်းပုံဖော်ပြသွားနိုင်ပါတယ်။ တကယ့်ကိုပြင်းထန်ပြီးတော့စိတ်ပိုင်းဆိုင်ရာအရညှင်းပန်းနှိပ်စက်ခံနေရတဲ့ပုံစံကို Bradley Cooper ကပုံဖော်သရုပ်ဆောင်ပြသွားနိုင်တာက ကြိုဆိုရမယ့်အပြောင်းအလဲတစ်ခုပဲဖြစ်ပါတယ်။ဖန်လုံအိမ်ထဲမှာ အရာရာကိုပြန်အဆင်ပြေအောင်ကြိုးစားနေတဲ့သူ့ရဲ့သရုပ်ဆောင်ချက်တွေကရင်သပ်ရှုမောလောက်စရာပါပဲ။ဒီ The Words ဆိုတဲ့ရုပ်ရှင်ကားမှာ ကြည့်ရှုဖို့ထိုက်တန်တဲ့သရုပ်ဆောင်ချက်တွေအများကြီးပါဝင်နေတာမို့ တစ်ခါလောက်မြည်းစမ်းကြည့်ရှုဖို့တိုက်တွန်းချင်ပါတယ်။ File size…1.72GB / 744MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 42m Genre ..... Mystery , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Wai Wai Thin
movie
The Words(2012)
DC League of Super-Pets (2022) 7.8
DC League of Super-Pets (2022)  ဇာတ်လမ်းကတော့ နာမည်အတိုင်းပါပဲ ဒီစီစူပါဟီးရိုးတွေရဲ့ အိမ်မွေးအကောင်လေးတွေအကြောင်းပါပဲ။ အဓိက ဇာတ်ကောင်ကတော့ စူပါမန်းရဲ့ ခွေး ခရစ်ပတိုဖြစ်ပြီး အသံသရုပ်ဆောင်အဖြစ် The Rock က ပါဝင်ထားပါတယ်။ သူ့သူငယ်ချင်း ခွေးအဖြစ် အေ့စ်နေရာမှာ ကယ်ဗင်ဟာ့ကပဲ သရုပ်ဆောင်ထားတာမို ထုံးစံအတိုင်း အတွဲညီညီရယ်ရမှာပါပဲ။ ကျွန်တော်တိုရဲ့မင်းသားကြီး ကီရာနူးရိဗ်ကလည်း ဘတ်မန်းနေရာက အသံသရုပ်ဆောင်ပြီး၊ ဂျွန်ကရာဆင်းစကီးက စူပါမန်းအဖြစ် သရုပ်ဆောင်ထားပါတယ်။လက်စ်လူသာရဲ့ စမ်းသပ်ခန်းကလွတ်လာတဲ့ လူလူဆိုတဲ့ ပူးလေးဟာ စူပါပါဝါတွေရသွားပြီး ဂျက်စတိလိတစ်ခုလုံးကိုဖမ်းထား၊ လက်စ်လူသာကိုကယ်တင်ပြီး ကမ္ဘာကြီးကိုအုပ်စိုးဖို လုပ်ပါတော့တယ်။ ဒါကို စူပါကောင်လေးတွေက ဘယ်လို စုပေါင်းကယ်တင်ကြမလဲဆိုတာ ကြည့်ရမှာပါပဲ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mr.Anderson ပါ )File Size__(1.7GB) / (910MB) Quality__WEB-DL_1080p, CAM- 720p IMDb Rating__7.8/10 Format__mp4 Duration__01:33:00 Type__Action, Adventure, Animation Subtitle__Myanmar Subtitle (Hardsub) Translated by Mr.Anderson Encoded by Naing ...
movie
DC League of Super-Pets (2022)
Cowboys & Aliens (2011) 6.1
Cowboys & Aliens (2011) Cowboys & Aliens (2011)==================IMDb Rating - 6.1/10 - Voting - 206,241#Unicodeဒီကားကတော့ ၂၀၁၁ မှာ ထွက်ထားခဲ့တဲ့ Western Theme ဂြိုလ်သားဇာတ်ကားပါ။ James Bond မင်းသားDaniel Craig ၊ ကြာပွတ်မင်းသားလို့ ကျွန်တော်တို့တွေ သဘောကျခဲ့တဲ့ Indiana Jones မင်းသား မင်းသားကြီးHarrison Ford နဲ့ ကျပ်ပြားစေ့မျက်နှာနဲ့ လှတဲ့ မင်းသမီး Olivia Wilde တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဇာတ်လမ်းကတော့ ထုံးစံအတိုင်း ဂြိုလ်သားတွေက ကမ္ဘာကို သိမ်းပိုက်ဖို့လာတာကို မင်းသားတို့ လူတစ်စုက တားကြတဲ့ဇာတ်လမ်းပေမဲ့ Western ပုံစံလေးကတော့ အမြင်ဆန်းတာပေါ့ဗျာ။ IMDb Rating ကတော့ 6.1/10 ရထားတယ်ဗျ။ဂြိုလ်သားကားကြည့်ချင်ပေမဲ့ အမေရိကန်စစ်တပ်နဲ့ပဲ တိုက်နေလို့ ကြည့်ရတာပျင်းနေတဲ့သူတွေ ကောင်းဘွိုင်တွေနဲ့ဂြိုလ်သားတွေချတာကို ကြည့်လို့ရသွားစေမယ့် ရုပ်ရှင်ကားကောင်းလေးမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့ ...
movie
Cowboys & Aliens (2011)
2011
The Next Three Days(2010) 7.4
The Next Three Days(2010) IMDb...7.4 ၂၀၁၀ခုနှစ်ကထွက်ရှိခဲ့တဲ့ဒီကားဟာ အတော်များများကြည့်ဖူးပြီးသားဖြစ်မှာပါ...ကျွန်တော်တို့ဟာ  ဇာတ်လမ်းရဲ့ကောင်းမွန်မှု သရုပ်ဆောင်တွေရဲ့ပြောက်မြောက်တဲ့အမူအရာတွေကို  ချီးမွန်းအကဲဖြတ်မှုအားနည်းခဲ့တဲ့အချိန်ကတောင် သိပ်ကိုကောင်းလွန်းတယ်လို့ တခြားသူတွေကိုညွှန်းဆိုခဲ့ဖူးပါတယ်...လင်မယား ၂ယောက် ..အမျိုးသားက ကျောင်းဆရာ ..အမျိုးသမီးက ရုံးဝန်ထမ်း..သားကလေးတစ်ယောက်နဲ့ပေါ့ ..ဘဝကိုရိုးရှင်းစွာ ဖြတ်သန်းနေတဲ့မိသားစုလေးတစ်စုပေါ့...သို့ပေမယ့် တစ်နေတော့ သူတို့မိသားစုအတွက်ကံဆိုးမှုတစ်ခုကြီးရောက်လာခဲ့တယ်..အမျိုးသမီးကို လူသတ်မှုတစ်ခုနဲ့ ရဲတွေဖမ်းခေါ်သွားတာပါပဲ..ယောကျ်ားဖြစ်သူဟာ မိန်းမကိုကယ်ဖို့ရှေ့နေတွေနဲ့တွေ့ဆုံခဲ့ပေမယ့် အမှုရဲ့သက်သေများအရ  သူ့မိန်းမဆီကိုပဲ ဦးတည်နေပါတယ်..သူ့မိန်းမကလည်းမသတ်ဘူးလို့ပြောခဲ့သလို သူကိုယ်တိုင်လည်း ယုံကြည်ခဲ့ပေမယ့် ဒီယုံကြည်မှု အမှန်တရားတွေဟာ ဘာမှ အသုံးမဝင်တော့ပါဘူး....ဒီတော့ သာမန်ကျောင်းဆရာတစ်ယောက်အတွက် အတွေးတွေဟာ ရူးမတတ်ပဲ..လူသတ်မှုဟာ နှစ်ရှည်လများထောင်ကျနိုင်တော့ ပြိုကွဲေတော့မယ့် မိသားစုအတွက်သူဟာ ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်..သူ့မိန်းမကို ဒီအမှုတောထဲက ဆွဲထုတ်ပြီး တစ်ဘက်နိုင်ငံကို ထွက်ပြေးဖို့ပါပဲ...ကျွန်တော်တို့အားလုံး ချီးမွမ်းတဲ့ ဒီကားမှာ .Russell Crowe  ဟာ အဓိကနေရာမှာ ပါခဲ့ပါတယ်..သူတစ်ယောက်ထဲ တစ်ကားလုံးကိုထိန်းကျောင်းသွားတယ်..သာမန်ကျောင်းဆရာလေးတစ်ယောက်ဟာ တော်ရုံလူမစဉ်းစား မလုပ်နိုင်တဲ့အရာမျိုးတွေကို တုန်တုန်ယင်ယင်နဲ့လုပ်သွားတာ...ခင်ဗျားတို့ဟာ ဒီကားကိုကြည့်နေရင်း Russell Crowe နဲ့အတူ လွင့်မြောပါသွားလိမ့်မယ်...ဇာတ်ကားရဲ့ဆွဲဆောင်မှုဟာ ၅မိနစ်လောက်ကထဲကဆွဲခေါ်သွားတယ်..ပြသချိန် ၂နာရီ ၁၃မိနစ်မှာခင်ဗျားဟာ ကျောက်ရုပ်တစ်ရုပ်ထိုင်နေသလို ငြိမ်သက်စွာထိုင်နေရင်း ရင်တထိတ်ထိတ်နဲ့ အတွေးတွေမျှော်လင့်ချက်တွေနဲ့ ပျော်ဝင်သွားလိမ့်မယ်ဆိုတာ ကျွန်တော်ရဲရဲကြီးအာမခံရတယ်....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော ...
movie
The Next Three Days(2010)
2010
Richard Jewell (2019) 7.5
Richard Jewell (2019) unicodeဖစ်ရပ်မှန်ရုပ်ရှင်ကားတစ်ကား ထပ်ပြီး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။၁၉၉၆ ဇူလိုင်လမှာ အမေရိကန် ဆန်တန်နီရယ်အိုလံပစ်ပန်းခြံမှာ ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးလူ ၂ ယောက်သေ၊ ၁၀၀ ကျော်ဒဏ်ရရခဲ့ပါတယ်။ဒီဗုံးရဲ့ပြင်းအားနဲ့ လူဦးရေအရ ဒီထက်ပိုသေပြီးထိခိုက်နိုင်ပေမယ့် ကယ်တင်ရှင်တစ်ယောက်ကြောင့် သက်သာခဲ့တာပါ။အဲဒီလူကတော့ အဆိုပါဗုံးကို တွေ့ပြီးလူတွေကို ဖယ်ရှားခိုင်းခဲ့တဲ့ လုံခြုံရေးဝန်ထမ်း ရစ်ချက် ဂျူဝယ်ပါပဲ။နေ့ချင်းညချင်းပဲ ရစ်ချက်ဟာနိုင်ငံတော် သူရဲကောင်းဖြစ်လာခဲ့ပါတယ်။ဒါပေမယ့် ဒီဂုဏ်ယူမှုဟာ ရက်ပိုင်းပဲ ခံပါတယ်။အက်ဖ်ဘီအိုင်က သူ့ကို သူရဲကောင်းလုပ်ချင်စိတ်၊နာမည်ကျော်ကြားလိုစိတ်ကြောင့် ဗုံးခွဲသူလို့ သံသယဖြစ်ပြီး၊သတင်းတွေမှာလည်း ပါလာတဲ့အခါရစ်ချက်ရဲ့ ဘဝ ကပြောင်းကပြန်တွေ ဖြစ်လာပါတော့တယ်။အဲဒီအက်ဖ်ဘီအိုင်နဲ့ မီဒီယာတွေကို တွန်းလှန်ပြီး အမှန်တရားကိုသက်သေပြဖို့ ရစ်ချက်ရယ် သူ့ရဲ့ မိတ်ဆွေဟောင်းဒေါသအိုးရှေ့နေကြီး ဝက်ဆန်ဘရိုင်းယန့်ရယ် ကြိုးစားကြတဲ့အခါ….File Size : (1 GB , 235 MB ) Quality : WEB-DL 720p Running Time : 2 hr 11 min Format : ...
movie
Richard Jewell (2019)
A Vigilante(2018) 5.6
A Vigilante(2018) A Vigilante(2018) IMDb...6.0,,,,Rotten...90% မိန်းမတစ်ယောက်အတွက် ကိုယ်ရဲ့ အရင်းနှီးဆုံးလူသား ကိုယ့်ကို အချစ်ဆုံးလို့မှတ်ယူထားတဲ့လူ ကိုယ့်ကလေးတွေရဲ့ အဖေ ကိုယ့်ယောကျာ်းရဲ့ လူမဆန်စွာအနို်င်ကျင့်ခံရတာထက် ဆိုးတာ မရှိလောက်ပါဘူး။ ကိုယ် ယုံကြည်ထားတဲ့ လူတစ်ယောက်ရဲ့ ဒီလိုအပြောင်းအလဲဆိုတာလည်း လက်ခံဖို့ ခက်ပါတယ်။ ဒီလိုနဲ့ပဲ ဒီအိမ်တွင်းအနိုင်ကျင့်ခံရမှုတွေက မလွတ်မြောက်နိုင်ကြဘူးပေါ့။ ဒီရုပ်ရှင်က အိမ်တွင်းအနိုင်ကျင့်ခံနေရတဲ့ အမျိုးသမီးတွေရဲ့ အကြောင်းပါပဲ။ Vigilante (စေတနာဝန်ထမ်း) ဆိုတဲ့ ဇာတ်ကားရဲ့ နာမည်အတိုင်းပါပဲ အိမ်တွင်း အနိုင်ကျင့်မှုကို မတရားခံနေရတဲ့ အိမ်ထောင်ရှင်မတွေကို ကယ်နေတဲ့. စေတနာ့ဝန်ထမ်းအမျိုးသမီးတစ်ယောက်ကတော့ ဒီလို မလွတ်မြောက်နိုင်တဲ့ ဣတ္ထိယတွေကို နာမည်ဝှက် ရုပ်ဖျက်ရင်း ကယ်တင်ပေးရင်း အမျိုးသမီးနဲ့ အမျိုးသားတွေကြား အခက်အခဲတွေ ရှင်ဆိုင်ရတဲ့ ဒုက္ခတွေနဲ့ ရင်ဆိုင်ဖြေရှင်းနည်းတွေကို ပညာပေးရိုက်ပြထားတဲ့ဇာတ်ကားပါ.. မင်းသမီးကြီး Olivia Wilde အဓိကသရုပ်ဆောင်ထားပြီ IMDb..6.0နဲ့ Rotten 90%ရရှိထားလေတော့ ခံစားကြည့်လိုက်ပါဦး... File Size : (850 MB) and (309 MB) Quality :WEB-DL 720p, Format…mp4 Duration…01:30:00 Genre :  Crime, Drama, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by WiRa Aung Encoded by Phyo Pyae
movie
A Vigilante(2018)
2018
TRON: Legacy (2010) 6.8
TRON: Legacy (2010) virtual world designer Kevin Flynn တယောက် ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပါတယ်နှစ်ပေါင်း ၂၀ ကြာပြီးတဲ့နောက်မှာ သားဖြစ်သူ Sam တယောက် ကုမ္ပဏီရဲ့ အဓိက ရှယ်ယာရှင်ဖြစ်လာခဲ့ပါပြီAlan bradly တယောက် Samကို ဖခင်ဖြစ်သူရဲ့ ဗီဒီယိုထဲကနေ ထူးဆန်းတဲ့ ပေးပို့ချက်တခုကို ဖော်ထုတ်ဖို့ တောင်းဆိုခဲ့ပါတယ်ဒီနောက်မှာတော့ Sam တယောက် ကွန်ပျုတာထဲကနေမှ ဖွက်ထားတဲ့ အောက်ခြေအဆင့်အပိုင်းကို ရှာတွေ့သွားတော့တဲ့နောက် ENCOM ရဲ့ အဓိက မိန်းဖရိန်နဲ့မဟုတ်ပဲ သက်သက်ကွဲထွက်နေတဲ့ အပိုင်း Grid ကနေ သတင်းပေးပို့ချက်ကို ရရှိခဲ့ပြီးတဲ့နောက် The Rinzler လို့ခေါ်တဲ့ ပရိုဂရမ်နဲ့ ယှဉ်ပြိုင်ဖို့ ဖိအားပေးခြင်းခံရပါတော့တယ်SAm တယောက်ထိခိုက်မိပြီး သွေးထွက်လာခဲ့တဲ့နောက် Rinzler က Samဟာလူသားဂိမ်းဆော့သူဖြစ်တယ်ဆိုတာ သိရှိသွားတဲ့အခါ ?ဒါ့အပြင် Grild ရဲ့ စည်းမျဉ်းပရိုဂရမ်ကို တပ်ဆင်ခဲ့သူက ဖခင်ဖြစ်သူ Kevin ...
movie
TRON: Legacy (2010)
2010
The Change-Up (2011) 6.3
The Change-Up (2011) Jason Bateman နဲ့ Deadpool မင်းသား Ryan Renold ရဲ့ အခွက်ပြောင်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ ပရိတ်သတ်တွေကို တသောသောညံစေမယ့် ဇာတ်ကားတကားပါ။ဟုတ်ပါတယ် ဇာတ်ကားနာမည်အတိုင်း အပြောင်းအလဲလေးတွေအကြောင်း ရိုက်ထားတာပါ။မိသားစု၊ အလုပ်အကိုင်၊ မိတ်ဆွေ..အဲ့လိုအရာအားလုံးနဲ့ ပြည့်စုံနေတဲ့ ဒေ့ဗ်လော့ခ်ဝုဒ်.....အဖေနဲ့ အစေးမကပ်၊ ဖြစ်သလိုနေ ဖြစ်သလိုစား၊ ကြုံရာလုပ်ဖြစ်နေတဲ့ မစ်ခ်ျပလန်ကို.....သူတို့နှစ်ယောက်ရဲ့ ဘဝအစိတ်အပိုင်းတွေ၊ တောင့်တမှုတွေ၊ ဖြစ်ချင်..လုပ်ချင်ပေမယ့် အခါမသင့်လို့ မလုပ်နိုင်ရတာတွေ...အဲ့လို လူ့လောကသဘာဝတွေကို"တစ်ချိန်က အခက်အခဲတွေဆိုတာ နောင်တစ်ခါကျ ဟာသတွေ ဖြစ်သွားတာပဲ..." ဆိုသလိုမျိုး ဟာသလေးတွေ အနည်းငယ်နှောပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။မိသားစု ကိစ္စတွေ၊ အလုပ်ကိစ္စတွေနဲ့ ငြီးငွေ့နေပြီး အားလုံးလိုလိုကို မေ့တတ်နေပြီဖြစ်တဲ့ ဒေ့ဗ်တစ်ယောက် အချစ်ဆုံးသူငယ်ချင်း မစ်ခ်ျနဲ့ တစ်ညတာ လျှောက်လည်၊ စားသောက်၊ ကိုယ့်ကိစ္စ သူ့ကိစ္စတွေကို ရင်တွေဖွင့်အပြီးမှာတော့.....ကပေါက်ကပေါက်ချာ စောင်တလွဲဖြစ်ကုန်တာတွေကိုတော့ ကိုယ့်လူတို့ ကိုယ်တိုင်သာ ဟားကြပါတော့ဗျို့...သတိ: : ...
movie
The Change-Up (2011)
2011
In Time (2011) 6.7
movie
In Time (2011)