Channel Myanmar

Shinobu Terajima

A Family (2021) 7.0
A Family (2021) A Family (RT 71% , IMDb 7 )ယာကူဇာ... ယာကူဇာဆိုတာ ကျွန်တော်နဲ့ မစိမ်းတဲ့ စကားလုံးပါ... ဂျပန်နိုင်ငံက လူမိုက်ကြီးတွေပေါ့... ယာကူဇာမှာ အလွှာအမျိုးမျိုးရှိတယ်..တချို့ဟာ ဂုဏ်သိက္ခာတွေ စစ်မှန်တဲ့ ယောက်ျားတစ်ယောက် ဖြစ်ခြင်းတွေ အစရှိတဲ့ ဂုဏ်ဒြပ်တွေကို ဦးစားပေးတဲ့ လူမိုက်မျိုးနဲ့ ... ငွေရမယ် အာဏာရမယ်ဆိုရင် မူးယစ်ဆေးကအစ ထဲထဲဝင်ဝင်လုပ်ကိုင်တဲ့ ရာဇဝတ်ဂိုဏ်းတွေအထိ အမျိုးမျိုးရှိလို့နေပါတယ်...မည်သို့ပင် ဆိုစေကာမူ ယာကူဇာမှန်သမျှဟာ သာမန်လူ့လောက တရားဥပဒေကို တနည်းတဖုံ ဆန့်ကျင့်ဖောက်ဖျက်နေကြသူတွေသာ ဖြစ်ပါတယ်... ဒီဇာတ်ကားမှာ ယာမာမိုတိုရဲ့ ဖခင်ဟာ ယာကူဇာတွေရဲ့ မူးယစ်သားကောင်ဖြစ်ခဲ့ရပြီး ဆေးသုံးစရာ ခြူးတစ်ပြားတောင် မရှိတော့လို့ ဘဝနိဂုံးကို ကိုယ်တိုင်ချုပ်ခဲ့သူပါ...ယာမာမိုတိုဟာ အဲ့အတွက်ကြောင့် ယာကူဇာနဲ့ သူတို့ရဲ့ မူးယစ်ဆေးဝါးကို အင်မတန်စက်ဆုပ်ရွံရှာနေခဲ့ပါတယ်... ဒါပေမယ့် ကံကြမ္မာအလှည့်အပြောင်းကြောင့် သူဟာလည်း သူမုန်းတီးရတဲ့ ယာကူဇာတစ်ယောက် ဖြစ်လာပါတော့တယ်...ဒီဇာတ်ကားမှာ ...
movie

A Family (2021)

Sakura (2020) 6.3
Sakura (2020) Sakura (2020)မင်းသမီးလေး Nana Komatsu ပါဝင်ထားပြီး iMDB rating 6.3/10 ရရှိထားတဲ့ မိသားစုဒရာမာ ရုပ်ရှင်ဖြစ်ပါတယ်။ အိုဆာကာမှာနေထိုင်ကြတဲ့မိသားစုလေးတစ်ခုမှာ သားသမီး၃ယောက်ရှိပါတယ်။ ဆာကူရာဆိုတာကတော့ သူတို့ငယ်ငယ်တည်းကမွေးထားတဲ့ခွေးလေးရဲ့နာမည်ပါ။အကြီးဆုံးသား ဟာဂျိမဲ၊သားလတ် ခအိုရုနဲ့ အငယ်ဆုံးကတော့ သမီးလေး မိခိပါပဲ။ အငယ်ဆုံးကျမှ သမီးလေးမွေးတာမို့ မိဘတွေရော အစ်ကိုတွေကပါချစ်ပြီးအလိုလိုက်ကြပါတယ္။ ဒါကြော်င့မိခိက တစ်ကိုယ်ကောင်းဆန်ပြီး တဇွတ်ထိုး သူဖြစ်ချင်တာပဲသိပါတယ်။ အစ်ကိုကြီး ဟာဂျိမဲက အားကစားထူးချွန်ပြီး ဂုဏ်ယူရတဲ့သားတစ်ယောက်ပါ။ သားလတ် ခအိုရုကတော့ သူ့လောက်မတော်ဘဲ အစ်ကိုကြီးနဲ့အမြဲနှိုင်းယှဉ်ခံရပေမဲ့ မနာလိုစိတ် အလျဉ်းမရှိခဲ့သူပါ။ အစ်ကိုကြီးရည်းစားထားတော့လည်း မိခိက သဘောမကျဘဲ ကလန်ကဆန်တွေလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ဟာ ပွင့်လင်းနွေးထွေးတဲ့ အားကျစရာမိသားစုလေးလိုပါပဲ။ဒီလိုနဲ့ အားလုံးက အားကိုးချစ်ခင်ရတဲ့ သားကြီး ဟာဂျိမဲကို taxiတစ်စီးကဝင်တိုက်ပြီး အောက်ပိုင်းချိ မျက်နှာထိခိုက်သွားတဲ့အခါမှာတော့ မိသားစုအခြေလေး ပျက်ခဲ့ရပါတော့တယ်။ ဒီလိုမထင်မှတ်ထားတာတွေနဲ့ မိသားစုလေးက ဘယ်လိုရုန်းကန်ဖြတ်သန်းခဲ့ကြပြီး ပြန်လည်ကုစားခဲ့ကြလဲဆိုတဲ့အကြောင်းတွေကို ကြည့်ရှုရမှာပါ။( ဘာသာပြန်ပြီး ...
movie

Sakura (2020)

[18+] Helter Skelter (2012) 6.4
[18+] Helter Skelter (2012)     IMDb Rating (6.4) ထိရရှိထားတဲ့ ဒီဇာတ်ကားလေးဟာဆိုရင် Japanese Psychological Horror Manga စာအုပ်ကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး မင်းသမီးချော Erika Sawajiri မှ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။18+ ဆိုပေမယ့် ပညာပေးဆန်ဆန်လေးရိုက်ကူးထားတာပါ။မင်းသမီးချောလေး lilico ဟာအောင်မြင်ကျော်ကြားနေပေမယ့်လည်း သူ့ရဲ့လျိှု့ဝှက်ချက်ကအမြဲချောက်လန့်နေခဲ့ပါတယ်။တစ်နေ့မှာတော့ သူမနဲ့သူမရဲ့ တိတ်တိတ်ပုန်းကောင်လေးတို့အကြောင်း ပေါက်ကြားသွားခဲ့ပါတယ်...Agencyက Image ကျသွားတဲ့ lilico နေရာမှာ မော်ဒယ်အသစ်ကိုအစားထိုးဖို့ပြင်ဆင်လာကြပါတယ် ...အဲ့လို အချိန်မှာ lilico ရဲ့ဘဲကသစ္စာဖောက်သွားတဲ့အခါမှာတော့ ဘာတွေဖြစ်လာမလဲ...Lilico ရဲ့ လျှို့ဝှက်ချက်ကရော ဘာဖြစ်မလဲ...သူမရဲ့လျိှု့ဝှက်ချက်ကရော ဘယ်အချိန်ထိလျှို့ဝှက်ထားနိုင်ပါ့မလဲဆိုတာတော့....။ယနေ့ခေတ် မိန်းမပျိုလေးတွေကို ပညာပေးဆန်ဆန်လေးရိုက်ကူးထားတာမို့မလွတ်တမ်းကြည့်ရှုသင့်ပါကြောင်း။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Eden Zaw Htoo မှတင်ဆက်ပါသည်။)File size…(999 MB)  Quality…BluRay Rip 720p Format…mp4 Duration….02:07:00 Subtitle….Myanmar Subtitle (Hardsub) Encoder….RGBTranslated by Eden Zaw Htoo    
movie

[18+] Helter Skelter (2012)

2012