Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Yu Jun-sang
7.1
Right Now, Wrong Then (2015)
“Right Now Wrong Then”အမှန်အတိုင်းပြောရရင် ကျွန်တော်က Hong Sang-Soo ရဲ့ကားတွေနဲ့သိပ်ရင်းနှီးတာ မဟုတ်ဘူး။ဟိုတလောက pageတစ်ခုမှာ Hang Sang-Soo နဲ့ Kim Min Hee တို့ရဲ့အကြောင်းကို “အချစ်နဲ့ဖောက်ပြန်မှုကြားက လူနှစ်ယောက်အကြောင်း”ဆိုတဲ့ခေါင်းစဉ်နဲ့ (ထင်တယ်)ဖတ်လိုက်မိပြီးမှသူ့အကြောင်း စိတ်ဝင်တစား လိုက်ရှာကြည့်မိတာ။နောက်ပြီးတော့ သူ့ရဲ့ နာမည်ကြီး “Right Now Wrong Then “ကို ကြည့်ဖို့ရှာတယ်ပေါ့။ဖြစ်ချင်တော့ အဲ့ကားကို ဘယ်မှာမှ ရှာမရဘူး။အဲ့တာနဲ့ CM ကို ကျွန်တော်ပြန်ပါ့မယ်ဆိုပြီး ရှာခိုင်းလိုက်တယ်လေ(ဟဲ ဟဲ)။ဟိုကလည်း ရှာပေးတယ် ရော့ ပြန် တဲ့။အဲ့တာနဲ့ မပြန်ခင် ကိုယ့်ဟာကိုယ် အရင်ထိုင်ကြည့်တာပေါ့။ကြည့်လဲပြီးရော ငါတော့ မြွေကိုက်ပြီလို့ တန်းသိလိုက်တာပဲ။ဘယ့်နှယ့် ဇာတ်ကားကြီးက ကျွန်တော်တို့ ပုံမှန်ကြည့်နေကျဇာတ်ကားတွေလို linear သဘော မျဉ်းတစ်ပြေးတည်းသွားတာမဟုတ်ဘူး။တွေ့ဆုံမှုနဲ့ ခွဲခွါမှုကြားက လူနှစ်ယောက်အတူရှိခဲ့တဲ့အချိန်ကာလကို မတူညီတဲ့ ရွေးချယ်မှုတွေနဲ့ အပြိုင်သဘောမျိုးခွဲပြသွားတာ။ဒီလူတွေပဲ၊ဒီပတ်ဝန်းကျင်ပဲ၊ဒီတွေ့ဆုံမှုပဲ ။ကွဲသွားတာဆိုလို့ရွေးချယ်မှုသေးသေးလေးတွေပဲ ...
movie
Right Now, Wrong Then (2015)
2015
6,7
Moss (2010)
နာမည်ကြီး Webtoon ကိုအခြေခံရိုက်ကူးထားပြီး အချိန်ကြာမြင့်ပေမယ့် ဇာတ်သိမ်းထိဆွဲခေါ်သွားမယ့် ဇာတ်လမ်းမျိုးကိုတင်ဆက်ပေးချင်ပါတယ်ဆိုးလ်မြို့ကြီးမှာနေရတာ ပျင်းရိနေတဲ့ ရူဟေးဂုဆီကို ရွာမှာဇာတ်မြှုပ်နေတဲ့ဖခင်သေဆုံးသွားကြောင်းဖုန်းဝင်လာခဲ့ပါတယ် ဒီလိုနဲ့ဖခင်ဈာပနပွဲဆီသွားခဲ့ပေမယ့် ရွာကလူတွေဟာ တစ်ခုခုကိုဖုံးကွယ်ထားကြောင်း ရှေ့နေဟောင်းရူဟေးဂုက တန်းသိခဲ့ပါတယ် မြို့ကလူစိမ်းဖြစ်လို့ရွာမှာလက်မခံချင်ကြတာမှန်းသူနားလည်ပေမယ့် ဖခင်အကြောင်းတွေကိုပါလျှို့ဝှက်ထားကြတဲ့ ဒီရွာကို သူသံသယဝင်လာတော့ ဆိုးလ်ကိုမပြန်တော့ဘဲ ရွာမှာပဲခေတ္တအခြေချလိုကြောင်းပြောပြလိုက်တဲ့အခါ ရွာကလူတွေဆက်ဆံပုံက ပိုပြီးဆိုးရွားလာခဲ့တယ်ထူးဆန်းတာက ရွာရဲ့ ရွာသူကြီးဆိုတဲ့လူကို အကုန်လုံးက နတ်ဘုရားလိုကိုးကွယ်နေကြတာပါပဲ ဒီရွာရဲ့ဖုံးကွယ်ထားတာတွေကိုတစ်စတစ်စစုံစမ်းသိရှိလာချိန်မှာတော့ ရူဟေးဂုတစ်ယောက်ဘာဆက်ဖြစ်မလဲ ရွာသူကြီးကရော ဘယ်သူလဲ.. ရူဟေးဂုဖခင်သေဆုံးမှုကရော သွေးရိုးသားရိုးဖြစ်နိုင်ပါ့မလားဆိုတာတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါရှင် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Yunni ပါ )File Size__(2.5GB) / (1.1GB) Quality__WEB-DL_1080p, 720p IMDb Rating__6.7/10 Format__mp4 Duration__02:45:00 Type__Crime, Drama, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Yunni Encoded by Naing Aung Latt
movie
Moss (2010)
5.8
The Map Against The World (2016)
The Map Against The World (2016) IMDb 5.8နာမည်ကြီးမင်းသားမင်းသမီးတွေတစ်စုတစ်စုတည်းပါဝင်တဲ့ တစ်ခေတ်တစ်ခါက ဖြစ်ရပ်မှန်သမိုင်းဝင်ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်GPS တွေမပေါ်သေးတဲ့နန်းတွင်းခေတ်မှာဆိုရင် မြေပုံတွေကိုပဲအားကိုးအားထားပြုကြရပါတယ် ဒါပေမယ့် အားကိုးရတဲ့မြေပုံကသာမှားယွင်းရေးဆွဲထားပါက လူကိုသတ်တာနဲ့အတူတူပါပဲဒီကားထဲမှာဆိုရင်လည်း မြေပုံဆွဲဆရာ ကင်ဂျောင်းဟိုငယ်စဉ်အချိန် သူပုန်တွေခေတ်ထတော့ နန်းတွင်းအရာရှိတွေက ကုန်သည်တွေကိုသွားတိုက်စေခဲ့ပါတယ် ဒီကုန်သည်တွေထဲမှာ ဂျောင်းဟိုအဖေလည်းအပါအဝင်ပေါ့အာဏာရှိလူတွေကခိုင်းတာကြောင့် မတတ်သာပဲ မြေပုံလေးတစ်ခုနဲ့ ထွက်လာကြတဲ့ကုန်သည်တွေဟာ မြေပုံအမှားကြောင့် နှင်းတောထဲလမ်းပျောက်ကာ မရှူမလှသေခဲ့ရပါတယ် ဖခင်သေဆုံးခဲ့ရလို့စိတ်နာခဲ့တဲ့ကင်ဂျောင်းဟိုလေးကြီးပြင်းလာတော့ ကမ္ဘာအနှံခြေဆန့်ပြီး ကမ္ဘာ့အရှေ့ခြမ်းမြေပုံကိုနှစ်နဲ့ချီရေးဆွဲခဲ့ပါတော့တယ်တခြားနေရာမှာသာဉာဏ်မကောင်းတဲ့ဂျောင်းဟိုက မြေပုံဆိုရင်တော့ သစ်ပင်ကအစမလွဲဘဲဆွဲနိုင်တာကြောင့် အရူးမြေပုံဆွဲသမားလို့လည်း ခေါ်ကြပါသေးတယ် ဒီလိုနဲ့ တစ်နေ့ နန်းတွင်းအင်အားကြီးနှစ်ဖွဲ့ကြား အရှုပ်အရှင်းတွေပေါ်ပေါက်လာခဲ့ပြီး ဒီမြေပုံကိုမဖြစ်မနေရရမယ့်အနေအထားပေါ်လာခဲ့ရမှာတော့... ဘာတွေဆက်ဖြစ်သွားမလဲ အသက်ထက်တန်ဖိုးထားရတဲ့ဒီမြေပုံကိုကင်ဂျောင်းဟိုကာကွယ်နိုင်မလားဆိုတာ အခုပဲဒေါင်းကြည့်လိုက်ကြပါတော့ရှင် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Yunni ပါ )File Size__(3.2GB) / (1.5GB) Quality__HD_1080p, 720p IMDb Rating__5.8/10 Format__mp4 Duration__02:10:00 Type__Drama, History Subtitle__Myanmar Subtitle (Hardsub) Translated by Yunni Encoded by Naing Aung Latt
movie
The Map Against The World (2016)
6.7
Hotel by the River (2018)
[Unicode]လူတွေဟာ အသက်ကြီးလာတဲ့ အခါမှာ အားငယ်စိတ်တွေက အလိုလို ဝင်တတ်ကြတယ်တစ်ခါတစ်လေကျရင် ကိုယ့်ကိုယ်ကိုယ် သေတော့မယ်လို့လည်း ထင်တတ်ကြပါတယ်ဒါဟာ ဘဝရဲ့နောက်ဆုံးအချိန်ပဲလို့ သတ်မှတ်လိုက်တဲ့လူတွေက အဲ့အချိန်လေးမှာ ဘာတွေလုပ်ကြမှာလဲ..... ဇာတ်လမ်းအကျဉ်းယောင်းဟွမ်က ကဗျာဆရာတစ်ယောက်ဖြစ်ပါတယ်ဟန်မြစ်ဘေးက ဟိုတယ်တစ်ခုမှာ တည်းခိုရင်း ကဗျာလေးတွေရေးလေ့ရှိတယ်ယောင်းဟွမ်က အိမ်ထောင်ကွဲဖြစ်ပြီး သား ၂ ယောက်ကလည်း မိန်းမဖြစ်သူနဲ့အတူ ပါသွားခဲ့ပါတယ်ဟိုတယ်မှာ တည်းခိုနေရင်းနဲ့ နေ့တိုင်းလိုလိုမှာ ငါမကြာခင်သေတော့မယ်လို့ ခံစားလာရတယ်ဒါကြောင့်မို့လို့ သား ၂ ယောက်ကို သူ့ဆီလာခဲ့ဖို့ ဖုန်းဆက်ခေါ်ခဲ့ပါတယ်ယောင်းဟွမ်တစ်ယောက်ကရော သူ့ဘဝနဲ့ နောက်ဆုံးလို့ သတ်မှတ်ထားတဲ့အချိန်တွေမှာဘာတွေလုပ်မလဲဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုကြပါနော်ရုပ်ရှင်ပွဲတော်တွေမှာ ဆု ၆ ခု ရထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Seung ပါ )Quality__B&W_720p IMDb Rating__6.7/10 Format__mp4 Duration__01:36:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Seung Encoded by Naing Aung Latt
movie
Hotel by the River (2018)
6.9
Fists of Legend (2013)
ကိုရီးယားဖိုက်တင်းကားတွေနဲ့ အဆက်ပြတ်နေတဲ့ပရိသတ်ကြီအတွက်ကိုရီးယားအက်ရှင်ကားကောင်းလေးတကားနဲ့မိတ်ဆက်ပေးချင်ပါတယ်နော်။အဲ့ကားလေးကတော့2013 April လက ထွက်ရှိခဲ့တဲ့ Fists of Legend (2013)လို့အမည်ရတဲ့တောင်ကိုရီးယားအက်ရှင်ကားလေးပဲဖြစ်ပါတယ်။တခြားအက်ရှက်ကားတွေနဲ့မတူတဲ့ထူးခြားချက်ကတော့ဒီကားဟာ Webtoonတခုကိုအခြေခံပြီးတော့ရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်ကားထဲမှာသရုပ်ဆောင်ထားကြတဲ့လူတွေကလည်း နာမည်ကြီးတောင်ကိုရီးယားသရုပ်ဆောင်တွေဖြစ်ကြတဲ့Hwang Jung-min, Yoo Jun-Sang, Yoon Je-Moon, Lee Yo-wonn and Jung Woong-inတို့ဖြစ်လို့ကြည့်ရူသူတွေကိုဆွဲဆောင်နိုင်မှာအမှန်ပါပဲနော်။ဇာတ်လမ်းလေးကတော့ ငယ်ဘဝကဆိုးတူကောင်းဖက် သူငယ်ချင်းသုံးယောက်နဲ့ ပြိုင်ဖက်တို့ဟာတီဗီမှာပြသတဲ့ ကမ္ဘာ့အကြီးကျယ်ဆုံးတိုက်ခိုက်ရေးပြိုင်ပွဲမှာဘယ်လိုမျိုးယှဉ်ပြီးတော့အနိုင်ရအောင်တိုက်ခိုက်ကြသလဲ သူတို့ကြားကအခြေအနေတွေကရော ဘယ်လိုလဲဝေးကွာပီးမှပြန်တွေ့ရတဲ့့သူငယ်ချင်းသံယောဇဉ်နဲ့နောက်ဆုံးဘယ်လိုအနိုင်ယူသွားခဲ့လဲဆိုတာကို အက်ရှင်ကားအစစ်အမှန်ကိုကြည့်ရှု့ခံစားကြရမှာဖြစ်လို့ လက်လွတ်မခံဘဲကြည့်ရှုသင့်တဲ့ ကိုရီးယားကားကောင်းလေးတကားဖြစ်ပါတယ်နော်။(ကောျင်းတက်ခဲ့တဲ့ငယ်ဘဝ ဆိုးပေတဲ့အချိန်လေးတွေကိုပြန်မြင်ရောင်မိမှန်ပါပဲ ကြည့်သင့်တဲ့ကားကောင်းလေးလဲဖြစ်တာမို့ကြည့်ဖြစ်အောင်ကြည့်လိုက်ပါလို့ပြောချင်ပါတယ်)File Size : (1 GB) & (455MB) Quality : .1080p.BluRay Running Time :2hr 33min Format : Mp4 Genre : Action Subtitle : Myanmar Subtitle (Hard Sub) Translated by Jake & Su Encoded by Arkar Phyo (Yrfatt)
movie
Fists of Legend (2013)
2013
6.0
R2B: Return to Base (2012)
R2B: Return to Base (2012) IMDb - 6.0/10_____Rotten - 60% ဒီကားကတော့ အများကြီးမိတ်ဆက်ပေးစရာမလိုတော့တဲ့ ကိုရီးယားမင်းသားချော Rain ပါဝင်ထားတဲ့ နာမည်ကျော် Return To Base (ဌာနချုပ်သို့အပြန်)ကိုရီးယား စစ်ကားပဲဖြစ်ပါတယ်.. စစ်သားတွေရဲ့ဘဝဟာ အမိန့်ဆိုတာကိုအသက်အဖြစ်နဲ့နေနေကြတဲ့ လူတွေထဲကလူတွေပဲဖြစ်ပါတယ်... တစ်ခါတလေကိုယ်ချစ်တဲ့သူ ကိုယ်တန်ဖိုးထားရတဲ့လူတွေ အထက်အမိန့်မရလို့ မိမိမျက်စိရှေ့မှာသေသွားရတာတွေကို ဘာမှမလုပ်နိုင်ပဲကြည့်နေရတာတွေလည်းရှိပါတယ်..... စစ်သားတစ်ယောက်ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး....တိုင်းပြည်အပေါ်အနစ်နာခံတဲ့စိတ် ကိုယ့်မိသားစုထက်ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို အရင်ဆုံးအဓိကထားတတ်တဲ့စိတ်တွေကြောင့်လည်း စစ်သားတွေရဲ့ဘဝဟာ အမြဲခါးသက်လွန်းလှပါတယ်.... ကြည်းတပ်ပဲဖြစ်ဖြစ် ရေတပ်ပဲဖြစ်ဖြစ် လေတပ်ပဲဖြစ်ဖြစ် စစ်သားကစစ်သားပါပဲ.... ဒီကားမှာတော့ တိုက်လေယာဉ်မောင်းတဲ့လေသရဲတွေရဲ့ဘဝကို ရိုက်ပြထားပါတယ်.... လေသူရဲတွေရဲ့ ဒုတိယအသက်က သူတို့မောင်းတဲ့လေယာဉ်တွေပဲဖြစ်ပါတယ်.... လေယာဉ်တွေတစ်ခုခုအပစ်ခံရလို့ ပျက်ကျခဲ့ရင်တောင်မှ မတတ်သာတဲ့အခြေနေမှသာ ခုန်ဆင်းခွင့်ရှိပါတယ်....ဒါပေမယ့် တာဝန်သိတဲ့ လေသူရဲအများစုကတော့ မိမိရဲ့လေယာဉ်ကို လူနေအရပ်တွေနဲ့လွတ်တဲ့နေရာတွေမှာသာ အသက်ကိုပဓာနမထားပဲပျက်ကျခံကြပါတယ်.... စစ်သားတိုင်းကအိမ်ကိုပြန်ချင်ကြပါတယ်....အိမ်မှာသူတို့ကိုစောင့်မျှော်နေကြတဲ့ အိမ်သူဇနီးမယားတွေနဲ့ သားသမီးတွေရှိကြပါတယ်....တကယ်လို့ အိမ်ပြန်မလာနိုင်တော့တဲ့ စစ်သားတွေအဖို့ သူတို့ရဲ့ မိဘတွေဇနီးတွေရဲ့ နာကျင်မှု့တွေက မပြောပြတတ်လောက်အောင်ပါပဲ... ဒါကြောင့် Return To Base (ဌာနချုပ်)သို့ အပြန်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ရင်း ကမ္ဘာပေါ်မှာရှိတဲ့ စစ်သားတိုင်းအိမ်ပြန်နိုင်ကြပါစေ....အများကြီးကောင်းမွန်တဲ့ Old But Gold ကားလေးမို့ လေသူရဲများကိုဂုဏ်ပြုရင်း မကြည့်ရသေးသောပရိတ်သတ်များနဲ့ကြည့်ပြီးသားသူများလည်း မှန်ကန်တဲ့မြန်မာစာတန်းထိုးနဲ့ကြည့်ရလေအောင် တင်ဆက်ပေးလိုက်ပါတယ်.... Quality…..BluRay 1080p Duration…..01:53:00 Format…Mp4 File Size…(824 MB) Translator…..Myanmar Gyi Encoder…..Moe Myint Lwin
movie
R2B: Return to Base (2012)
2012