Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Yuna Taira
8.4
Teen Bride (2017)
ပုံပြင်ထဲကမင်းသားလေးနဲ့မင်းသမီးလေး ပျော်ရွှင်စွာပေါင်းဖက်သွားကြလေသတည်းဆိုရင် Happy Endingလို့ဆိုကြတယ်။ဒီလိုပျော်ရွှင်စွာပေါင်းဖက်ပြီး နောက်ပိုင်းဘယ်သူမှစိတ်မဝင်စားကြတော့ပေမယ့် လစ်လျူရှုထားလို့တော့မဖြစ်ဘူးမလား?ဒီဇာတ်လမ်းလေးထဲမှာလဲ ဒီလိုပါပဲ။ မျက်နှာသစ်တာကအစ အိပ်ယာဝင်အဆုံး အိမ်ဖော်တွေnအိမ်တော်ထိန်းတွေက လိုက်လုပ်ပေးတဲ့ မင်းသမီးလေး "ကာရင်"...ပုံပြင်ထဲကမင်းသားလေးတစ်ပါးနဲ့ ပုံပြင်ဆန်ဆန်တွေ့ဆုံပြီး တစ်သက်လုံးပျော်ပျော်နေသွားမယ်ဆိုပြီးအမြဲအိပ်မက်နေပေမယ့်အသက်၁၆နှစ်ပြည့်မွေးနေ့မှာ မိဘတွေရဲ ့စီစဉ်မှုနဲက လက်ထပ်လိုက်ရတဲ့အခါ......သူမမျှော်လင့်ထားသလို ပုံပြင်ဆန်ဆန်ပျော်စရာဘဝလေးဖြစ်လာနိုင်ပါ့မလား?အစစအရာရာပြည့်စုံနေတဲ့ဘဝကနေ သျှောင်နောက်ဆံထုံးပါ ခင်ပွန်းဖြစ်သူနောက်ကိုလိုက်သွားရတဲ့အခါ ဘာတွေဖြစ်လာမှာလဲ?စတဲ့မေးခွန်းတွေနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ချစ်စရာဂျပန်ကားလေးနာမည်က Teen Bride (2018)ပါ။မင်းသားလေးကလဲ ချစ်ဖို့ကောင်း၊ မင်းသမီးလေးကလဲချစ်ဖို့ကောင်းတာမို့ ချစ်ဖို့ကောင်းလှတဲ့ ဒီဇာတ်လမ်းလေးကိုချစ်ဖို့ကောင်းတဲ့CMပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်။File Size : (827 MB) and (285 MB) Quality : BluRay 720p Format…mp4 Duration…104 mins Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Aye Mon Kyaw Encoded by Moe Myint Lwin
movie
Teen Bride (2017)
2017
9.3
MUMON: The Land of Stealth(2018)
ဟိုးရှေးရှေးကအိဂနဲ့အိုဒဆိုတဲ့လူမျိူးစုနှစ်စုရှိကြတယ် အိဂမျိူးနွယ်တွေကတော့ရှိနိုဘီဆိုတဲ့နင်ဂျာမျိူးရိုးနဲ့အိုဒကတော့ဆာမူရိုင်းမျိူးနွယ်တွေပါအိုဒကတော့ပိုပြီးအင် အားကြီးမားပါတယ်အိဂတွေကတော့နင်ဂျာပီပီအသတ် အပုတ်ကျွမ်းကျင်ပြီးစစ်ရေးပရိယာယ်လည်းကြွယ်ဝပါတယ်နင်ဂျာတွေဟာအခကြေးငွေသာရမယ်ဆိုရင်ကိုယ့်အချင်းချင်းတောင်ပြန်သတ်ဖို့ဝန်မလေးတဲ့သူတွေပါ ကြေးစားတွေပေါ့အိဂတွေထဲမှာနာမည်ကြီးနင်ဂျာကတော့ကျွန်တော်တို့ရဲ့ဇတ်ကောင်မုမွန်းပါပဲမုမွန်းရဲ့အဓိပ္ပါယ်ကတော့တံခါးမရှိလို့အနက်ရပါတယ်ဘယ်နေရာမဆိုဝင်ထွက်သွားလာနိုင်ပြီးတိုက်ရေးခိုက်ရေးလည်းအကျွမ်းကျင်ဆုံးပါပဲနင်ဂျာတွေထဲမှာမုမွန်းကနံပါတ်၁အတော်ဆုံးတိုက်ခိုက်ရေးသမားပါဒါပေမဲ့မုမွန်းမှာအားနည်းချက်တစ်ခုရှိပါတယ်cm ကလူတွေလိုပါပဲမုမွန်းဟာမိန်းမကြောက်ရသူပါမိန်းမခိုင်းတာဆိုအကုန်လုပ်ပါတယ်သူတလွဲလုပ်လာရင်ညစာငတ်ပြီသာမှတ်ပေရော့(ညစာကိုတော့သိကြမှာပါခ်ခ်)တိုက်ခိုက်ရေးကျွမ်းကျင်ပေမဲ့မယားကြောက်မုမွန်းကိုတွေ့မြင်ရမှာပါအိုဒတိုင်းပြည်ဘက်မှာတော့ယောက္ခထီးကိုသတ်ပြီးနိုဘုကစုကခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်အိဂတွေနဲ့ငြိမ်းချမ်းရေးလုပ်ဖို့ကြိုးစားခဲ့ပေမဲ့အိဂခေါင်းဆောင်၁၂ယောက်ရဲ့မကောင်းတဲ့အကြံအစည်ကြောင့်ဆာမူရိုင်းတွေနဲ့နင်ဂျာတွေအကြားစစ်ပွဲဖြစ်ဖို့ဖန်လာတဲ့အခါအခကြေးငွေရမှအလုပ်လုပ်တတ်တဲ့မုမွန်းတစ်ယောက်မိန်းမကိုခေါ်ပြီးခရောတိုမြို့ကိုထွက်ပြေးဖို့ကြံပါတော့တယ်ဒါပေမဲ့လည်းမိန်းမရဲ့အမိန့်ကိုမလွန်ဆန်နိုင်တဲ့မုမွန်းတစ်ယောက်ဆာမူရိုင်းတွေကိုပြန်တိုက်မှာလားတိုက်ခိုက်ရင်ကောအင်အား၂ဆ၃ဆလောက်ကွာတဲ့ဆာမူရိုင်းတွေကိုဘယ်လိုဗျူဟာနဲ့အနိုင်ယူမလဲစိတ်ဝင်စားစရာအလွန်ကောင်းပါတယ်နင်ဂျာတွေဆာမုူရိုင်းတွေ(မယကတွေ)အကုန်ဒီကားမှာမြင်ရမှာပါဟာသအချစ်အက်ရှင်အလွမ်းအဆွေးတွေရောပြွမ်းထားတဲ့ဒီကားကိုကျွန်တော်ကြိုက်နှစ်သက်မိသလိုrating ကလည်းအလန်းကြီးပါဂျပန်သရုပ်ဆောင်တွေရဲ့ကြိုးပမ်းအားထုတ်မှုတွေကလည်းအားရစရာပါစဉ်းစားမနေပါနဲ့ဒေါင်းလော့ဆွဲကြပါလို့ပဲပြောကြားရင်းအတူတူကြည့်လိုက်ကြရအောင်နော် Qty - 720P BlurayDuration - 1hr 55minGern - Martial / warSubtitle - MyanmarTranslator - Soe htweEncoder - Kyaw Ye Aung
movie
MUMON: The Land of Stealth(2018)
2017
7.5
ReLIFE (2017)
Japan Drama ကားအလန်းလေးပါ Japan drama ကားတွေရဲ့ဇာတ်ကြောင်းထုံးစံအတိုင်းအနည်းငယ်ထူးဆန်းလိုက်ရမှာဆိုတော့ကာ27 နှစ်အရွယ် ကာဇာကီဟာ လုပ်ငန်းရေးရာသိပ်မပြေတော့ ကုမ္ပဏီတွေကလည်းခဏခဏဆိုင်းငံခံနေရသူပါ ဖိအားများလာပေမယ့်လည်းသိက္ခာဆိုတာရှိသေးတော့ အပေါင်းအသင်းတွေကြားဟန်ကိုယ့်ဖို့မာန်သူ့ဖို့ဆိုသလိုဟန်ဆောင်ထားရတာပေါ့ တစ်နေ့မှာထူးဆန်းချင်တော့ယိုအာကီဆိုတဲ့လူငယ်လေးနဲ့ဆုံပြီးအလုပ်ကိစ္စတစ်ခုကမ်းလှမ်းခံရပါတော့တယ် ReLife ဆိုတဲ့စမ်းသပ်ချက်တစ်နှစ်တိတိလုပ်ပေးဖို့ ပါRelife ဆိုတာဘာလဲမေးရင်တော့ဆေးသောက်ပြီးတဲ့အခါရုပ်ကဆယ်ကျော်သက်လိုပြန်နုပျိုသွားပြီးတစ်နှစ်တိတိထူးခြားချက်ကိုအနီးကက်လေ့လာတဲ့စမ်သပ်ချက်ပါ အလိုလိုက်အကြိုက်ဆောင်ပီးကမ်းလှမ်းတာလက်မခံခဲ့ပေမယ့် မူးပြီးသောက်မိတဲ့ဆေးပုလင်းကြောင့်အထက်တန်းကျောင်းသားဘဝကိုရောက်သွားပါတော့တယ်အဲ့ကျောင်းမှာပဲ ဟီရှီယို ,အိုဂါ ,ကာရီယူ, အိုနိုယာ စတဲ့သူငယ်ချင်းတွေနဲ့သံယောဇဉ်ဖြစ်ခဲ့ကြပါတော့တယ် အဲ့ဒီထဲကမှ အနေအေးပြီးထူးဆန်းတဲ့ဟီရှီိယိုဆိုတဲ့မိန်းကလေးကိုကျုပ်တို့ဇာတ်လိုက်ကြီးကကြွေမိတော့တာာပေါ့ သူတို့ သူငယ်ချင်း ၅ယောက်ရဲ့ကြားထဲမှာရှိခဲ့ကြတဲ့ပျော်ရွှင်စရာ စိတ်ညစ်စရာတွေကိုကောဘယ်လိုမျှဝေခံစားကြမလဲအနေအေးပြီးထူးဆန်းလှတဲ့မိန်းကလေး ဟီရှီယိုရဲ့ နောက်ကြောင်းကကောဘယ်လိုလဲ,Relife စမ်းသပ်ချက်တစ်နှစ်သက်တမ်းပြီးတဲ့အခါမှာကောဘာတွေဆက်ဖြစ်မလဲ ,စတဲ့အချစ် ,အလွမ်း ,ဟာသ,အတုယူဖွယ်အလေ့အကျင့်အစရှိတာတွေကိုခံစားကြရမယ့် happy endingလေးဖြစ်လို့Dramaချစ်ပရိသတ်ကြီးအထူးကြိုက်နှစ်သက်မယ်လို့ယုံကြည်မိပါကြောင်း....Qty - 720p Web dlDuration - 1hr 45min 55secGerne - Drama/ RomanceTranslator - Pyae Xein SettEncoder - Kyaw Ye Aung
movie
ReLIFE (2017)
2017
7.7
ဒီတစ်ခါတော့rating မြင့်ဂျပန်ကားလေးတစ်ကားနဲ့cmပရိတ်သတ်တွေကိုမိတ်ဆက်ပေးချင်ပါတယ်rating မြင့်သလိုဇတ်လမ်းကလည်းအလွန်ပင်ကောင်းမွန်လှပါတယ်လူငယ်ဖန်စီအချစ်ဇတ်လမ်းတွေကိုနှစ်သက်တဲ့cm ပရိတ်သတ်တွေအတွက်ကတော့လက်မလွတ်သင့်တဲ့ဇတ်ကားတစ်ကားပါပဲလောကကြီးမှာတစ်နှစ်သက်တမ်းသာနေဖို့ကျန်တော့သည့်ကောင်ချောလေးခိရကျောင်းတွင်သူတစ်ပါးအမြဲအနှိမ်ခံကောင်မလေးအိုကမူရစရိုက်မတူညီတဲ့သူတို့နှစ်ယောက်ဘယ်လိုခင်မင်ပြီးသူငယ်ချင်းဖြစ်သွားမလဲသူငယ်ချင်းကနေတဆင့်တက်ပြီးအရမ်းချစ်ကြတဲ့ချစ်သူတွေဖြစ်သွားတဲ့အချိ်န်မှာကောတစ်နှစ်လောက်သာအသက်ရှင်နေရတော့မည့်ခိရနဲ့အိုကမူရကိုအိုကမူရမိဘတွေကသဘောတူကြည်ဖြူကြမှာလားမဖြောင့်ဖြူးတဲ့ချစ်သူနှစ်ဦးရဲ့ဘဝခရီးလမ်းကိုဘယ်လိုကျော်ဖြတ်ကြမှာလဲတကယ်ဆိုရင်အချစ်ပဲလိုတယ်ဆိုတဲ့ချမ်းချမ်းရဲ့သီချင်းထဲကလိုနေသွားကြမှာလားစိတ်ဝင်တစားကြည့်ရမှာပါဂျပန်နိုင်ငံရဲ့အလှအပကျောင်းသူကျောင်းသားတွေရဲ့ဓလေ့စရိုက်ချစ်ခြင်းမေတ္တာတွေကိုဒီဇတ်ကားမှာမြင်တွေ့ကြရမှာပါimb rating အလွန်ပင်မြင့်မားတဲ့ဒီကားလေးကကောcm ပရိတ်သတ်တွေရဲ့အကြိုက်နဲ့ကိုက်ညီမယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်။အားပေးကြပါဦးလို့ပြောကြားရင်းကောင်းမကောင်းကိုယ်တိုင်သာကြည့်လိုက်ကြပါလို့(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်က ကိုစိုးထွေးပါ) File Size : (800 MB) and (350 MB) Quality : Bluray 720p Running Time : 1hr 49min Format : Mp4 Genre :Comedy,Drama,Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Soe Htwe Encode by Thanhtike Zaw
movie
Closest Love to Heaven (2017)
2017