Channel Myanmar

Yutaka Matsushige

What to Do With the Dead Kaiju? (2022) 5
What to Do With the Dead Kaiju? (2022) What to Do with Dead Kaiju IMDB 4.4 

၂၀၂၂ကမှ ထွက်ရှိထားတဲ့ ဒီဇာတ်ကားမှာတော့ နာမည်အတိုင်း ကိုင်ဂျူအသေကောင်နဲ့ တိုင်ပတ်ရတဲ့ ဂျပန်ပြည်ကြီးအကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ကိုင်ဂျူဟာ လူက သတ်လို့ သေတာမဟုတ်ဘဲ ကောင်းကင်ပေါ်ကကျလာတဲ့ ထူးဆန်းတဲ့အလင်းတန်းကြောင့် ဆုံးပါးသွားခဲ့ရတာဖြစ်ပါတယ်။ ရုပ်ရှင်တိုင်းလိုလိုမှာ သေကြေပျက်စီးခြင်းကို သယ်ဆောင်လာသူအဖြစ် ပုံဖော်ခံရတဲ့ ကိုင်ဂျူတစ်ကောင် ဒီနည်းနဲ့ပဲ ဇီဝိန်ချုပ်သွားတဲ့အခါ …. ကိုင်ဂျူအလောင်းကောင်ကြီးကို ရှင်းလင်းဖို့ တာဝန်ဝတ္တရားဟာ ဂျပန်အစိုးရပေါ်ကို ကျရောက်လာပါတော့တယ်။ ဒီလိုနဲ့ ကိုင်ဂျူကို တိုက်ဖို့ ဖွဲ့စည်းထားတဲ့ အထူးတပ်ဖွဲ့သည်လည်း ကိုင်ဂျူမရှိတော့တဲ့နောက် ဘယ်လိုဆက်ဖြစ်သလဲ။ ထုံးစံအတိုင်း နိုင်ငံရေးသမားတွေသည်လည်း နိုင်ငံရေးသမားပီပီ ကိုင်ဂျူကို နင်းပြီး နာမည်ရရေး ဘယ်လိုယဉ်ပြိုင်လုပ်ဆောင်ကြသလဲ ရှုစားရမှာပဲ ဖြစ်ပါတယ်။File Size__(2.7GB) / (1.2B) Quality__1080p, 720p IMDb Rating__5/10 Format__mp4 Duration__02:00:00 Type__Comedy, Sci-Fi Subtitle__Myanmar Subtitle ...
movie

What to Do With the Dead Kaiju? (2022)

Museum (2016) 6.1
Museum (2016) Museumလူသတ်သမားကို လိုက်ရှာဖမ်းတဲ့ စုံထောက်ရုပ်ရှင်တွေထဲမှာမှ စိတ္တဇ ကွင်းဆက်လူသတ်သမားရုပ်ရှင်တွေက ပိုထူးခြားပြီး စိတ်ဝင်စားဖို့ကောင်းတာကို သိကြမှာပါ။ ဒီကားကလည်း အခုလို genre ကြိုက်တဲ့သူတွေအတွက် အချိန်ကုန်ရတန်စေမဲ့ ဂျပန် စုံထောက်ရုပ်ရှင်တစ်ကားပါ။စုံထောက် ဆဝမူရက အလုပ်ကြိုးစားတဲ့သူတစ်ယောက်ဖြစ်ပြီး ၂၄/၇ အလုပ်ပဲလုပ်နေတာကြောင့် အိမ်သူဇနီးနဲ့ သားလေးကို ပစ်ထားမိသလိုဖြစ်နေပါတယ်။ သူ့မိန်းမကလည်း တရားစီရင်ရေးဂျူရီတစ်ယောက်ဖြစ်ပြီး လွန်ခဲ့တဲ့ ၄နှစ်တုန်းက လူသတ်မှုတစ်ခုကို သေဒဏ်စီရင်ချက် ချပေးဖူးပါတယ်။ သေဒဏ်ကျခံရတဲ့အပြစ်သားက စီရင်မခံဘဲ ကိုယ့်ကိုယ်ကို သတ်သေသွားပါတယ်။အခုချိန်မှာတော့ အဲဒီအမှုကိုစီရင်ခဲ့တဲ့ ဂျူရီ၉ယောက်ဟာ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံနေရပါပြီ။ ဂျူရီတစ်ယောက်ချင်းစီကို မတူညီတဲ့သတ်နည်းတွေနဲ့ ပြစ်ဒဏ်ပေးတယ်ဆိုပြီးလိုက်သတ်တာကို ခံလာရတာကြောင့် ဒီအမှုနဲ့ပတ်သက်ပြီး ပြန်စုံစမ်းဖို့ဖြစ်လာပါတယ်။ မိသားစုကိုပစ်ထားတဲ့ ဆဝမူရတစ်ယောက် မိန်းမကိုဘယ်လိုကယ်ဖို့ကြိုးစားမလဲဆိုတာနဲ့ လူသတ်သမားရဲ့ရောဂါနဲ့ဆိုင်တဲ့စိတ်ချို့ယွင်းမှုတွေကို ဖော်ထုတ်သွားမဲ့ ဇာတ်ကားပါ။( ဘာသာပြန်ပြီး အညွှန်းရေးသာထားသူကတော့ Ingyin San ပါ )File Size__(1.9GB) / ...
movie

Museum (2016)

The Confidence Man JP Hero (2022) 6.5
The Confidence Man JP Hero (2022) The Confidence man JP: The final game (2022)ဒကို သခင်လေးနဲ့ ရစ်ချက်တိုက စုစုပေါင်း ဂျပန်ယန်း၅ဘီလီယံလောက်ကို လိမ်လည်နိုင်ခဲ့တဲ့ စူပါလူလိမ်သုံးယောက်ပါ။ သူတိုတွေက ဆွတ်ချိနော့ခို တတိယမျိုးဆက်ဆရာကြီးရဲ့ တပည့်ရင်းတွေလည်းဖြစ်ကြပါတယ်။ဆွတ်ချိနော့ခိုဆိုတာက ဂျပန် dandariလာမြွေတစ်မျိုးရဲ့နာမည်ပါ။ ဒီမြွေက လိမ်ရတာကိုကြိုက်နှစ်သက်ပြီးတော့ ခန္ဓာကိုယ်က အရက်နံ့ထွက်နေတယ်လိုဆိုကြပါတယ်။ ဂျပန်မှာလည်း ဒီ ဆွတ်ချိနော့ခိုကို ဖမ်းပြီးတော့ ရွာလူကြီးဆီပိုနိုင်ရင် ယန်း၂သန်းတိတိ ချီးမြှင့်မယ်လို ကြေညာထားတာမျိုးလည်းရှိပါတယ်။အခုတော့ တတိယမျိုးဆက်ဆရာကြီးလည်းဆုံးသွားပြီး သူတိုအဖွဲလည်း လိမ်လည်မှုတွေမလုပ်ရတာ ၂နှစ်လောက်ရှိပါပြီ။ ဒါ့ကြောင့် သူတို ၃ယောက်ထဲက ဆရာအကျဆုံးတစ်ယောက်ကိုရွေးဖိုအတွက် နောက်ဆုံးပြိုင်ပွဲလိုခေါ်တွင်မဲ့ လိမ်ပွဲကြီးကျင်းပကြဖိုဆုံးဖြတ်လိုက်ကြပါတယ်။ဘာကိုလိမ်မှာလဲဆိုတော့ မော်လတာနိုင်ငံမှာ အခြေချနေတဲ့ ဂျရယ် ဆိုတဲ့ စပိန်မာဖီးယားဆီက "ဗီးနပ်စ်ရုပ်တု"ကိုပါ။ တစ်ဖက်မှာလည်း သူတိုကို ဖမ်းမိဖိုအတွက် သဲသဲမဲမဲလိုက်နေတဲ့ အင်တာပိုကစုံထောက် မာရိမုရနဲ့ ဂျပန်စုံထောက် တန်ဘာတိုကလည်း ရှိနေပါတယ်။သူတို၃ယောက်ကြားကယှဉ်ပြိုင်မှုတွေနဲ့ သူတိုကိုဖမ်းချင်နေတဲ့သူတွေဆီက လက်တစ်လုံးခြား ဘယ်လိုရှောင်တိမ်းလိမ်လည်ကြပြီး... တကယ်တမ်း ...
movie

The Confidence Man JP Hero (2022)

Ringu (1998) 7.3
Ringu (1998) နာမည်ကျော် The Ring ရဲ့ Original ဇာတ်ကားဖြစ်တဲ့ Japan ဇာတ်ကား Ringu ပါ။ မူရင်း ဝတ္ထုဇာတ်လမ်းအတိုင်း ရိုက်ကူးတယ်လို့ သိရပါတယ်။ ကျွန်တော်ကတော့ ဒီဇာတ်လမ်းကပိုပြီး စိတ်ဝင်စားစရာကောင်းတယ်လို့ထင်ပါတယ်။ The Ring နဲ့ တော်တော်များများတူနေပေမယ့် ကွဲတဲ့ အချက်တွေကြောင့် ဒီဇာတ်ကားကို ပိုစိတ်ဝင်စားမိတယ် ထင်ပါတယ်။ ဂျပန်ကားတွေရဲ့ ထုံးစံ ဇာတ်လမ်းခပ်အေးအေးပုံစံကို မတွေ့ရဘဲ ဇာတ်လမ်းသွားက နည်းနည်းသွက်ပါတယ်။ ပုံမှန်မြင်နေကျ Overacting တွေလည်း မပါပါဘူး။ အတော်ကြည့်လို့ကောင်းတဲ့ ဇာတ်ကားပါ။The Ring ကတော့ ဒုတိယ The Ring Two ကြည့်မှ ပိုပြီးကြည့်ကောင်းမယ်ဆိုပေမယ့် ဒီဇာတ်ကားကတော့ နောက်ထပ်မဆက်လည်း ကြည့်ကောင်းတဲ့ ဇာတ်ကားပါ။ ပြီးတော့ ဒီဇာတ်ကားမှာ သရဲတင်မဟုတ်ဘဲ သဘာဝလွန်စွမ်းအင်တွေ တခြားလောကကလာကြတဲ့ သတ္တဝါတွေ အဲဒီအယူအဆတွေကိုပါထည့်သွင်းထားပါတွေ့ရပါတယ်။ ၁၉၉၈ ခုနှစ်က ထွက်ခဲ့တာဖြစ်ပြီး IMDB Rating 7.3 ထိရရှိထားပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူကတော့ ...
movie

Ringu (1998)

1998
Outrage Coda (2017) 5.2
Outrage Coda (2017) ဒီဇာတ်ကားလေးကတော့ ဂျပန်ရာကူဇာဂိုဏ်းတွေကြားကအကွဲအပြဲတွေကိုရိုက်ူးပြထားတဲ့ ဇာတ်ကားလေးပါ။ဆန်နိုရာကူဇာဂိုဏ်းနဲ့ ဟာနာဘူရှီရာကူဇာဂိုဏ်းတို့ကြား စစ်ပွဲတွေဖြစ်ပွားပြီး ၅နှစ်အကြာမှာပဲ ယခင်ရာကူဇာလူမိုက်ကြီးဖြစ်တဲ့ အိုတိုမိုဟာ ဂျပန်မှာရောကိုရီးယားမှာပါသြဇာရှိတဲ့ မစ္စတာချန်ဆီမှာ ခိုလုံအလုပ်လုပ်နေခဲ့ပါတယ်။ဖြစ်ချင်တော့ သူရှိတဲ့ဂျုယ်ဂျူကျွန်းကို ဟာနာဘူရှီဂိုဏ်းကလူတစ်ယောက်လာသောင်းကျန်းရာကစပြီး မစ္စတာချန်တို့ချက်ကလူတစ်ယောက်ဆုံးရှုံးသွားပါတယ်။အဲဒီပြဿနာကစပြီး နဂိုကမှ အတွင်းပိုင်းမှာ အကွဲအပြဲဖြစ်ချင်နေတဲ့ ဟာနာဘူရှီဂိုဏ်းဟာ မစ္စတာချန်နဲဲ့ပြဿနာကိုအရင်းပြပြီး အချင်းချင်းချောက်ချကြတော့တာပါပဲ။ရာကူဇာတွေကြား စီးပွားရေးလက်ဝါးအုပ်မှုတွေ၊ ရာကူဇာတွေဘယ်လိုသြဇာကြီးတယ် စီးပွားရေးဘယ်လိုလုပ်တယ်ဆိုတာတွေကိုတွေ့ရမယ့်အပြင် အချင်းချင်းဂိုဏ်းတွေကြား ပြဿနာတွေကိုလည်းတွေ့ရမှာပါ။အိုမိုတိုကတော့ တကယ်လက်စားချေနိုင်မလား။လူမိုက်ဟောင်းကြီး ဘယ်လိုအဆုံးသတ်မလဲ။ဇာတ်သိမ်းပိုင်းလေးကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ)File Size : (850 MB) Quality : Blu-Ray 720p Running Time : 1hr 44min Format : Mp4 Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p BluRay x264 DTS-REGRET Translated by Thura Zarni Aung Encoded by Thanhtike ...
movie

Outrage Coda (2017)

2017
Monsterz (2014) 5.7
Monsterz (2014) 2014 ကထွက်​ရှိထားတဲ့ ဂျပန်​ကား​လေးတစ်​ကားကိုတင်​ဆက်​​ပေးလိုက်​ပါတယ်​ ဇာတ်​ကား​လေးက Drama နဲ့ Sci fi ကား​လေးဖြစ်​ပြီး Death Note ဇာတ်​ကားနဲ့နာမည်​ကြီးလာပြီး မြန်​မာပရိတ်​သတ်​​တွေနဲ့ရင်းနှီးခဲ့တဲ့မင်းသား တက်​ဆုယာ က ​ခေါင်း​ဆောင်​သရုပ်​​ဆောင်​ထားတဲ့ကားဖြစ်​ပြီး Japan မှာ ဒီကားက ၂၀၁၄ အတွက်​၀င်​​ငွေစံချိန်​​တွေချိုးထားပါ​သေးတယ်​မန်း ဆိုတဲ့လူတစ်ယောက်ကသူ့ရဲ့မျက်လုံးနဲ့တခြားလူတွေကိုကြိုးကိုင်ခြယ်လှယ်နိုင်တဲ့စွမ်းအင်ကိုရရှိခဲ့တယ်။အဲ့ဒီစွမ်းအင်ကြောင့်ပဲသူ့အမေကိုအရှက်ရအောင်လုပ်တဲ့သူ့ရဲ့ရိုင်းဆိုင်းကြမ်းတမ်းတဲ့အဖေကိုသူကိုယ်တိုင်သတ်ပစ်ခဲ့တယ်။အခုတော့သူ့ဘဝကမြို့ကြီးရဲ့အမှောင်ထုဘက်ခြမ်းမှာနေထိုင်နေရတယ်။ အဲ့ဒီအချိန်မှာပဲ ရှုအိချိ တာနကာ လို့ခေါ်တဲ့ကောင်လေးတစ်ယောက်ပေါ်လာတယ်။သူကလည်းမိသားစုမရှိဘူး ဒါပေမယ့် သူငယ်ချင်းတွေနဲ့နေတယ်။သူကဆင်းရဲနေတာတောင်သူ့ဘဝကသာသာယာယာပါပဲ။ တစ်နေ့မှာ အဲ့လူနှစ်ယောက်ကဆုံခဲ့ကြတယ်။မန်း ကစိတ်ရှုပ်လာတယ် ဘာလို့လဲဆိုတော့ ရှုအိချိ တာနကာ ကိုသူ့ရဲ့ကြိုးကိုင်ခြယ်လှယ်လို့မရဘူးဖြစ်နေတယ်.... နောက်ပိုင်း မန်း နဲ့ ရှုအိချိ တာနကာ ဘယ်လိုတွေတိုက်ခိုက်ကြမလဲ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့..... Qty - 720p HDTVDuration - 1hr 45minGern - Drama / Sci - FiSubtitle - MyanmarTranslator - KenEncoder - Kyaw Ye Aung
movie

Monsterz (2014)

2014