Channel Myanmar

Coraline IMDb: 7.7
Coraline

သည်းထိတ်ရင်ဖို လျှို့ဝှက်ဆန်းကြယ် ကာတွန်းကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ... လူကြီးမင်းတို့ရဲ့ မျက်လုံးကိုဖယ်ထုတ်ပြီး ကြယ်သီးတွေအစားထိုးတပ်ခံထားရတဲ့ ခံစားချက်မျိုး ခံစားဖူးပါသလား ? မခံစားဖူးရင် ဇာတ်လမ်းအကျဉ်းချုပ်လေးဆီသွားရအောင် တကယ်တော့ ဒီဇာတ်ကားလေးဟာ ကျွန်တော်တို့ရဲ့ ငယ်ဘ၀မှာ ရင်ထဲထိအမြဲတမ်းစွဲကျန်စေခဲ့တဲ့ ကာတွန်းရုပ်ရှင်ကားလေးတစ်ကားလည်းဖြစ်ပါတယ်... ဒီဇာတ်ကားလေးမှာ ကိုရာလိုင်း (Coraline) ဆိုတဲ့ကလေးမလေးက အဓိကသရုပ်ဆောင်ထားပါတယ်... စူးစမ်းလိုစိတ်အပြည့်နဲ့ သတ္တိရှိတဲ့ ကောင်မလေးတစ်ယောက်အဖြစ်နဲ့ပေါ့... သူမရဲ့မိဘတွေနဲ့ကတော့ အဆင်မပြေပါဘူး အလုပ်ကိုသာလုပ်နေကြတဲ့ ကိုရာလိုင်းရဲ့မိဘတွေဟာ သားသမီးကို ဂရုမစိုက်နိုင်တဲ့အတွက် သူတို့ကြားမှာ အဆင်မပြေမှုလေးတွေရှိနေခဲ့ပါတယ်... တစ်နေ့သူတို့မိသားစုဟာ အိမ်အသစ်ဆီကိုပြောင်းရွှေ့လာခဲ့ရပါတယ်... ထုံးစံအတိုင်း ကိုရာလိုင်း ကတော့ တစ်ယောက်တည်းပဲပေါ့... ဒီလိုနဲ့ တစ်နေ့မှာ အိမ်ရဲ့တစ်နေရာက မှော်ဝင်တံခါးပေါက်တစ်ခုကို တွေ့သွားခဲ့တဲ့အချိန်ကစပြီး ဇာတ်လမ်းစပါပြီ... ဒီမှော်ဝင်တံခါးပေါက်ရဲ့တစ်ဖက်မှာ ......

7.7 Average
169Vote
The Girl with the Dragon Tattoo IMDb: 7.8
The Girl with the Dragon Tattoo

ငယ်စဉ်ကစပြီး ကြမ်းတမ်းတဲ့ဘဝတစ်ခုမှာနေထိုင်ဖြတ်သန်းလာရတဲ့ နဂါးရုပ်ပုံဆေးမင်ကြောင်နဲ့ မိန်းကလေးတစ်ယောက်ဟာ မိသားစုမရှိ အုပ်ထိန်းသူမရှိပဲ တိုင်းပြည်ရဲ့ထောက်ပံမှုနဲ့ ဘဝကို ဆိုးပေတေရင်း ဖြတ်သန်းနေခဲ့ပြီး တစ်ဖက်မှာတော့သူဟာ ထက်မြက်တဲ့စုံစမ်းရေးစိတ်ကို ပိုင်ဆိုင်ထားတဲ့ အလွတ်စုံထောက်တစ်ဦးဖြစ်ပါတယ် ဂျာနယ်လစ်မီကယ်ဘလွန်းကစ်အဖြစ် သရုပ်ဆောင်ထားတဲ ဂျိမ်းစ်ဘွန်းမင်းသား ဒန်နီယယ်ခရိတ် ကတော့ဒီဇာတ်လမ်းမှာ နိုင်ငံရဲ့အကြီးမားဆုံးငွေကြေးအလွဲသုံးစားလုပ်မှုကို သက်သေမခိုင်ပဲဖော်ထုတ်မိလို့ အသရေဖျက်မှုနဲ့ရင်ဆိုင်နေရသူတစ်ဦးဖြစ်ပါတယ် ကျွန်းတစ်ကျွန်းပေါ်မှာနေထိုင်တဲ့ ဆွီဒင်ရဲ့အချမ်းသာဆုံးမိသားစုတစ်ခုက သူဋ္ဌေးကြီးတစ်ယောက်ဟာ လွန်ခဲ့တဲ့အနှစ်၄၀ကဖြစ်ပွားခဲ့တဲ့ လက်သည်မပေါ်ခဲ့တဲ့ မိသားစုအတွင်းလူသတ်မှုတစ်ခုကို သူ့ဘဝလက်ကျန်အချိန်တွေမှာအဖြေသိရဖို့ မီကယ်ဘလွန်းကစ်ကိုငြင်းဆန်လို့မရတဲ့ကမ်းလှမ်းမှုနဲ့ အဖြေရှာပေးဖို့ ......

7.8 Average
368Vote
The Girl Shaman (2016) IMDb: N/A
The Girl Shaman (2016)

The Girl Shaman အခုတစ်ခေါက် ဇာတ်ကားလေးကတော့ သည်းထိတ်ရင်ဖို တရုတ်သရဲ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ လက်ထပ်ဖို့ရည်ရွယ်ထားတဲ့ ရှောင်ခိုင် နဲ့ ဆစ်နီ ဆိုတဲ့ချစ်သူနှစ်ယောက်မှာ ချစ်သူကောင်လေးရှောင်ခိုင်က မမျှော်လင့်ဘဲရေနစ်သေဆုံးသွားခဲ့ပါတယ်။ ဒါပေမဲ့အဲ့သေဆုံးမှုက သွေးရိုးသားရိုးမဟုတ်ဘဲ သရဲဘုရင်က ဝိညာဉ်ခေါ်ဆောင်သွားတာဖြစ်တယ်လို့ ကောင်မလေးဆစ်နီကသိသွားတဲ့အခါ… ဆစ်နီကသရဲကမ္ဘာထဲလိုက်သွားပြီး ရှောင်ခိုင်ဝိညာဉ်ကို ပြန်ရှာလာနိုင်မလား… ဆစ်နီတစ်ယောက်သရဲကမ္ဘာထဲမှာဘာတွေတွေ့ကြုံခဲ့ရမလဲ… ဒါ့အပြင်တခါတရံမှာ လက်မခံနိုင်ပေမဲ့ စွန့်လွှတ်မေ့ပျောက်သင့်တဲ့အရာတွေအကြောင်းကို တွေ့မြင်ခံစားရမှာပါ။ (Ying Ying မှ ဘာသာပြန်တင်ဆက်ထားတာပါ။)   File size…(700 MB) and (250 MB) Quality…HD-Rip ......

0 Average
0Vote
Riki-Oh: The Story of Ricky (1991) IMDb: 7.1
Riki-Oh: The Story of Ricky (1991)

ဒီတစ်ခါ အရမ်းကြမ်းတဲ့ ဟောင်ကောင်အက်ရှင်တစ်ကားလေးပါ Ricky Ho: The story of Ricky ရစ်ကီဟိုဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ဇာတ်လမ်းတစ်ပုဒ်ပေါ့ ဒီဇာတ်ကားက ၁၉၉၁ခုနှစ်မှာ ရိုက်ကူးထားတယ်ဆိုပေမယ့် ဇာတ်ကားထဲမှာအခြေတည်ထားတာ ၂၀၀၁ခုနှစ်ပါ ဇာတ်လမ်းကတော့ ၂၀၀၁ခုနှစ်မှာ ထောင်တွေက အစိုးရပိုင်မဟုတ်တော့ပဲ ပုဂ္ဂ္ဂလိကတွေကိုလွှဲပေးထားတယ်ဆိုပြီးဇာတ်လမ်းဆင်ထားပါတယ် အဲ့ထောင်ကို ရစ်ကီဟိုတစ်ယောက် လူသတ်မှုနဲ့ရောက်လာပါတယ်။ ထောင်တွေရဲ့ထုံးစံအတိုင်းကြီးနိုင်ငယ်ညှင်းတွေရှိနေသလိုအခုသူရောက်သွားတဲ့ထောင်မှာ လေးပိုင်းပိုင်းပြီး အဖွဲ့လေးဖွဲ့ခွဲထားပါတယ်။ အရှေ့ဆောင် အနောက်ဆောင် တောင်ဖက်ဆောင်မြောက်ဖက်ဆောင်စသည်ဖြင့်ပေါ့။ အဆောင်တစ်ခုချင်းဆီမှာဒိတ်ဒိတ်ကြဲသိုင်းကျွမ်းတဲ့ခေါင်းဆောင်တွေအုပ်ချုပ်တယ်။ ရစ်ကီဟိုဆိုတာကလဲ ခေသူမဟုတ် သေချာလေ့ကျင့်ထားတဲ့သိုင်းသမား စိတ်ကလဲမဟုတ်မခံ။ အဲ့မှာ ဗိုလ်ကျအနိုင်ကျင့်မှုတွေနဲ့မဟုတ်မခံနဲ့သွားတွေ့တော့တာပဲ။ ပြီးတော့ ထောင်ကလဲ ပုဂ္ဂ္ဂလိကဆိုတဲ့အတိုင်း ထောင်ကိုဗန်းပြပြီးနောက်ကွယ်မှာမဟုတ်တရုတ်လုပ်တာတွေရှိနေပြန်တော့.... ဒီဇာတ်ကားက ......

7.1 Average
10Vote
Distorted (2018) IMDb: 4.2
Distorted (2018)

ဒီဇာတ်ကားလေးကတော့ Mystery, Thriller ဇာတ်ကားဇာတ်အေးလေးတစ်ကားဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးဇာတ်လမ်းတွေပဲကြည့်ချင်ရင်တော့ လက်ရှောင်သွားဖို့အကြံပြုချင်ပါတယ်။ လူတိုင်းကြိုက်မဲ့ကားမျိုးမဟုတ်ပေမယ့် ကြိုက်တဲ့လူတိုင်းကတော့ အကောင်းဆုံးထဲမှာပါတယ်လို့ပြောကြမှာပါ။ ဒီကားထဲမှာ စိတ်ပိုင်းဆိုင်ရာအတွေးအခေါ်တွေနည်းပညာရဲ့ကြောက်စရာကောင်းတဲ့သက်ရောက်မှုတွေကို စိတ်ဝင်တစားတွေ့ရမှာပါ။ စုံထောက်ကားကြိုက်သူတွေ သည်းထိတ်ရင်ဖိုဇာတ်ကားကြိုက်သူတွေအတွက်အရမ်းကိုအကြိုက်တွေ့စေမှာပါ။ နာမည်ကြီးမင်းသမီးမင်းသားများဖြစ်တဲ့ Christina Ricci နဲ့ John Cusack သရုပ်ဆောင်ထားပါတယ်။ ၃၂နှစ်အရွယ် သားတစ်ယောက်ဆုံးပါးသွားလို့စိတ်ကျရောဂါဖြစ်နေတဲ့ Lauren တစ်ယောက် သက်တောင့်သက်သာပိုရှိစေဖို့ The Pinnacle ဆိုတဲ့ ခေတ်မှီအိမ်ယာမှာရွှေ့ပြောင်းနေထိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့စိတ်ကျရောဂါဟာသက်သာမလာပဲ ပိုဆိုးလာသလိုဖြစ်နေပြီးတော့ ထူးဆန်းတာတွေမြင်နေကြားနေရပါတယ်။ အဲဒါတွေက သူရဲ့စိတ်ထဲမှာပဲဖြစ်နေတာလား တကယ်ဖြစ်နေတာလား သူ့ရဲ့ခင်ပွန်းဖြစ်သူကရော သူ့ကိုကူညီပေးနိုင်ပါမလားဆိုတာကတော့....   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  d3mon ပါ)   File ......

4.2 Average
123Vote
Jurassic World: Fallen Kingdom (2018) IMDb: 7.8
Jurassic World: Fallen Kingdom (2018)

ခုဇာတ်ကားက HDTC (Cam Version ဖြစ်ပါတယ်။ အကြည်မစောင့်နိုင်သူတွေအတွက် ဦးဦးဖျားဖျားတင်ဆင်ပေးထားတာပါ။ အကြည်မှကြည့်မယ်ဆိုသူတွေ မဒေါင်းကြပါနဲ့။အကြည်ထွက်တာနဲ့ Update လုပ်ပြီး ထပ်မံတင်ဆက်ပေးပါမယ် :)   အားလုံးသိကြတဲ့ Jurassic World:Fallen Kingdom ဟာ စပိန်ဒါရိုက်တာ J.A Bayona က ရိုက်ကူးထားတာဖြစ်ပြီး စိတ်ကူးယာဉ်သိပ္ပံဇာတ်လမ်းတစ်ခုလည်းဖြစ်ပါတယ်.... ဒီကားဟာ ဒိုင်နိုဆောတွေရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ Jurassic Park ဇာတ်လမ်းတွေရဲ့  ၅ ကားမြောက်ဖြစ်ပြီးတော့ Jurassic World (2015) ရဲ့ နောက်ဆက်တွဲကားလည်းဖြစ်ပါတယ်... Rating 7.8 ......

7.8 Average
0Vote
[18+] Helter Skelter (2012) IMDb: 6.4
[18+] Helter Skelter (2012)

IMDb Rating (6.4) ထိရရှိထားတဲ့ ဒီဇာတ်ကားလေးဟာဆိုရင် Japanese Psychological Horror Manga စာအုပ်ကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး မင်းသမီးချော Erika Sawajiri မှ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။ 18+ ဆိုပေမယ့် ပညာပေးဆန်ဆန်လေးရိုက်ကူးထားတာပါ။ မင်းသမီးချောလေး lilico ဟာအောင်မြင်ကျော်ကြားနေပေမယ့်လည်း သူ့ရဲ့လျှို့ဝှက်ချက်ကအမြဲချောက်လန့်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ သူမနဲ့သူမရဲ့ တိတ်တိတ်ပုန်းကောင်လေးတို့အကြောင်း ပေါက်ကြားသွားခဲ့ပါတယ်... Agencyက Image ကျသွားတဲ့ lilico နေရာမှာ မော်ဒယ်အသစ်ကိုအစားထိုးဖို့ပြင်ဆင်လာကြပါတယ် ... အဲ့လို ......

6.4 Average
1Vote
Blockers (2018) IMDb: 6.7
Blockers (2018)

ဒီကားအကြောင်းပြောရမယ်ဆိုရင်တော့ အသေကိုခွီထားတာရယ်နေရတာပါးစပ်ကိုမပိတ်နိုင်ဘူးလို့ပြောချင်ပါတယ်။ IMDB Rating 6.7 , Rotten Tomato 83% ရထားပြီးတော့ WWE ချန်ပီယံဖြစ်တဲ့ John Cena ပါဝင်သရုပ်ဆောင်ထားပါတယ်။ နာမည်ကြီးဟာသသရုပ်ဆောင်များဖြစ်တဲ့ Leslie Mann နဲ့ Ike Barinholtz တို့ကပါဝင်အားဖြည့်ပေးထားပါတယ်။ လူငယ်သရုပ်ဆောင်တွေက တော့ချောပြီးချစ်စရာကောင်းကြတဲ့ Kathryn Newton, Geraldine Viswanathan နဲ့ ပုပုသေးသေးချစ်စရာလေး Gideon Adlon တို့ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ......

6.7 Average
12Vote
Set It Up (2018) IMDb: N/A
Set It Up (2018)

Set It Up (2018) IMDb (6.6) / Rotten Tomatoes (90%) Rating မြင့်မြင့်ရရှိထားတဲ့ Comedy,Romance အမျိုးအစား ဒီရုပ်ရှင်လေးကတော့ လုပ်ငန်းခွင်ဝင်လူလတ်ပိုင်းအရွယ်တို့ရဲ့အချစ်ဇာတ်လမ်းလေးဖြစ်ပြီး အချစ်ဇာတ်လမ်းကြိုက်တဲ့သူတွေအတွက် အထူးသင့်လျော်မယ့်ဇာတ်ကားလေးပါ။ ၂၀၁၈ ဇွန်လကမှထွက်ထားတဲ့ အသစ်စက်စက်ရုပ်ရှင်လေးဖြစ်ပြီး Before I fall ရုပ်ရှင်ထဲက မင်းသမီးချောလေးZoey Deutchပါတဲ့ကားပါ။ မင်းသားကတော့ ဓာတ်ပုံထဲမှာမချောပေမဲ့ ရုပ်ရှင်ထဲမှာတော့ ခန့်ချောပါ။ ပြီးတော့ တရုတ်နဲ့အမေရိကန်ကပြားမင်းသမီး Lucy Liu ......

0 Average
0Vote
Acrimony (2018) IMDb: 5.0
Acrimony (2018)

IMDB.... 5.1/10 ဒီတစ်ခါမှာတော့ CM ပရိတ်သတ်တွေကို psychological thriller ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် Acrimony ကို Tyler Perry ကိုယ်တိုင်ရိုက်ကူးပြီးထုတ်လုပ်ထားတာပါ Rating 6 တောင် မကျော်ဘူးဆိုပြီးတော့ အထင်မသေးလိုက်ပါနဲ့ ဒီကားလေးက Best actress award မှာ nominate ရထားတာပါ Rating ကျရတဲ့အကြောင်းတစ်ခုကလည်း ရိုင်းစိုင်းကြမ်းတမ်းတာတချို့ပါနေလို့ပါပဲ ကိုယ်ချစ်ရတဲ့သူအပေါ် အရာရာသည်းခံကူညီပေးတဲ့စကောလောက်မှဇောက်မနက် နလပိန်းတုံးမိန်းမတစ်ယောက်ရဲ့ခံစားချက်ကိုခံပြင်းစွာ အသည်းယားစွာနဲ့ ကြည့်ရမှာပဲဖြစ်ပါတယ်  (အပြစ်မမြင် ချစ်ချင်တာပဲသိတယ်ဆိုတာမျိုးပေါ့ ......

5 Average
1Vote
Atonement (2007) IMDb: 7.8
Atonement (2007)

Atonement IMDb (7.8)/ Rotten Tomatoes (83%) James Mcavoy ,Keira Knightley, Lady Bird (ဝါ) Saoirse Ronan နဲ့ Benedict Cumberbatch တို့လို နာမည်ကြီးမင်းသားမင်းသမီးတွေ အစုံအလင်နဲ့ရိုက်ကူးထားတဲ့ဇာတ်ကားပါ။ အဆုံးသတ် မတိုင်ခင် အထိတော့ ဒီ ဇာတ်လမ်းလေး တစ်ပုဒ်လုံးက သိပ်မထူးခြားသလိုပါပဲ။ ဒီဇာတ်လမ်းရဲ့ ထူးခြားချက်ကို ကျွန်တော် ချရေးခဲ့ရင်လည်း spoil ......

7.8 Average
215Vote
Blackmail (2018) IMDb: 7.2
Blackmail (2018)

ဒီကားကတော့အိန္ဒိယကားတွေကိုစောင့်မျှော်နေသူများအတွက် Comedy/Drama ဇာတ်ကားသစ်လေးဖြစ်ပါတယ်။ Rating လည်း7.2 အထိရရှိထားပြီးစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ သာမန်ရုံးလုပ်ငန်းမှာလုပ်ကိုင်ရင်း အကြွေးတွေပတ်ချာလည်နေတဲ့ လင်ယောကျာ်းတစ်ယောက် မိသားစုအတွက် ရုန်းကန်ကြိုးစားနေတဲ့ လင်ယောကျာ်းတစ်ယောက်၊ အိမ်ထောင်ရေးမသာယာလင်ယောကျာ်းတစ်ယောက်၊ သူများမစားတဲ့အသီးကို ထိုးကျွေးခံလိုက်ရပြီးကိုယ့်အတွက်လည်းဘာမှအကျိုးမရှိဘဲ ၀ဋ်ခံနေရတဲ့လင်ယောကျာ်းတစ်ယောက်ကို ဦးတည်ရိုက်ကူးထားတာပါ။ အိမ်ထောင်ရေးမသာယာတာကြောင့် အိမ်ကိုစောစောမပြန်ဖြစ်ပဲ ရုံးမှာအနေများတဲ့ Dav တစ်ယောက် ကိုယ့်မိန်းမနောက်မီးလင်းနေမှန်းသိရတော့ တော်တော်စိတ်ထိခိုက်သွားပါတယ်။ ဒီတော့ ဇာတ်ကားနာမည်အတိုင်းဒေးဗ်တစ်ယောက်လက်စားပြန်ချေဖို့ကြိုးစားပါတော့တယ်။ ဟာသလေးတွေနှောပြီး ရိုက်ကူးထားတဲ့အတွက် ရယ်လည်းရယ်ရပါတယ်။ ဇာတ်လိုက်မင်းသားရဲ့ထုံပေပေမျက်နှာပေးဟာလည်း ဇာတ်ရုပ်နဲ့အရမ်းပလဲနံသင့်ပါတယ်။ အားလပ်ချိန် ပေါ့ပေါ့ပါးပါးကြည့်လို့ရတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ Dev တစ်ယောက် ဘယ်လိုအကွက်ချမလဲဆိုတာ ကြည့်လိုက်ကြပါဦး။   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ)   File Size ......

7.2 Average
1Vote
Skybound (2017) IMDb: 5.6
Skybound (2017)

2017 ကထွက်ရှိခဲ့တဲ့ဒီ Skyboundဆိုတဲ့ကားလေးဟာ Action and Thriller ကားအမျိုးအစားလေးဖြစ်ပါတယ်။ ဒီကားကိုရိုက်ကူးပေးတဲ့ ဒါရိုက်တာကတော့ဒါရိုက်တာ Alex Tavakoli ဖြစ်ပြီးတော့ ဒီကားလေးရဲ့ဇာတ်ညွန်းရေးသူကလည်းသူကိုယ်တိုင်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း မက်ဟာသူကောင်မလေးလီဆာနဲ့အတူအယ်အေကိုကိုယ်ပိုင်ဂျက်လေယာဉ်နဲ့အတူခရီးထွက်ခဲ့ပါတယ်။ သူတို့နဲ့သူတို့သူငယ်ချင်းနှစ်ယောက်လည်းပါပြီးတော့ မက်ရဲ့ညီကိုင်လည်းအကြောင်းတစ်ခုကြောင့်လိုက်ပါလာခဲ့ပါတယ်။ သူတို့သွားနေစဉ်အတွင်းမှာဘဲမြေပြင်ပေါ်မှာအံ့သြထိတ်လန့်စရာတွေကြုံရတယ်။ အဲဒီအံ့သြထိတ့်လန့်စရာတွေက သူတို့လေယာဉ်ပေါ်ခိုးလိုက်လာခဲ့တဲ့ လူနဲ့ ဆက်စပ်နေတာလား………………… ဒါမှမဟုတ်တကယ်ပဲဖြစ်ပျက်နေတာလား။ သူတို့အားလုံးပေါင်းပြီးအဲ့ဒီအခက်အခဲကိုဘယ်လိုကျော်လွားကြမလဲဆိုတာကို ကြည့်ရှု့ခံစားရမှာဖြစ်ပါတယ်…………… ဒီကားလေးကိုတော့နာမည်ကြီးမင်းသမီး Scarlett Byrneကပါဝင်သရုပ်ဆောင်ပေးထားပြီးတော့ ကြည့်ရှုသင့်တဲ့ Action & Thriller ပေါင်းထားတဲ့လက်လွတ်မခံသင့်တဲ့ပရိသတ်အားပေးမှုကောင်းခဲ့တဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။   (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Nyi Nyi Lwin  ပါ)   File ......

5.6 Average
1Vote
Legends of the Fall(1994) IMDb: 7.5
Legends of the Fall(1994)

Legends of the Fall(1994) IMDb....7.5 ကျွန်တော်ငယ်ငယ်တုန်းက ၀တ္ထုတို တစ်ပုဒ်ဖတ်ဖူးတယ်... ခေါင်းစဉ် စာရေးသူကိုမမှတ်မိပေမယ့် သင့်အနားမှာ ကြိုးတစ်ချောင်းကို မထားပါနဲ့ဆိုတဲ့အကြောင်းအရာကို ရေးဖွဲ့ထားတာတော့ မှတ်မိတယ်... နှောင်ဖွဲ့မှုတွေများလာတဲ့အခါ လောကကြီးမှာ မလူးသာမလွန့်သာတဲ့အဖြစ် အကြောင်းလေးကိုရေးဖွဲ့ထားတာပါ..သို့ပေမယ့်လည်း အရွယ်ရောက်လာတော့ လောကကြီးနဲ့ မိမိဆက်သွယ်ထားဖို့ ကြိုးလေးတွေလိုအပ်ကြောင်းသိလာတယ်... ဒီကြိုးတွေဟာ တစ်ခါတစ်ရံအင်အားသိပ်ကောင်းတယ် ...ငါသူ့အတွက်အသက်ရှင်မှဖြစ်မယ်ဆိုတဲ့ အကြီးမားဆုံး စွမ်းအင်ရင်းမြစ်တစ်ခုလည်းဖြစ်နိုင်တာကိုးးး... Legends of the Fall ဆိုတဲ့ကားမှာတော့ ဖခင်နှင့် သားသမီးတွေကြားက ဆက်သွယ်ထားတဲ့ မေတ္တာနှောင်ဖွဲ့ကြိုးအကြောင်းကိုရိုက်ပြထားပါတယ်. ဖခင်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Anthony Hopkins ကိုတော့ Silence of the Lambs ......

7.5 Average
125Vote
[18+] Hot Girls Wanted (2015) IMDb: 6.1
[18+] Hot Girls Wanted (2015)

IMDb (6.1) / Rotten Tomatoes (82%) ၁၈နှစ်​၊၁၉နှစ်​ ဆိုတဲ့အရွယ်​ဟာ ရင့်​ကျက်​ပြီလို့​ ခေါ်နိုင်​မလား။ အမှား​တွေ မလုပ်​မိဘူးလို့ရော ​ပြောနိုင်​မလား။ အရွယ်​နဲ့မမျှတဲ့ ​အောင်​မြင်​မှုမျိုးနဲ့ ဝင်​​ငွေမျိုး လိုချင်​ကြတဲ့ ဆယ်​​ကျော်​သက်​​လေး​တွေဟာ လမ်းမှား​ရောက်ဖို့ ပိုလွယ်တတ်တယ်​​​​​လို့ လက်​ခံထား ကြပါတယ်​။ သူတို့​တွေဟာ ငယ်​ရွယ်​ကြတယ်​။ ဘဝ​အ​တွေ့အကြုံ နုနယ်​​သေးတယ်​ ။ အဲ့လိုအချိန်​မှာ ပိုးဖလံ​ကောင်​​လေး​တွေလိုပဲ မီးအလင်း​ရောင်​​​နောက်​ကို အာသာငမ်းငမ်းလိုက်​ကြပါ​တော့တယ်​။ ......

6.1 Average
12Vote
Like Us!