Channel Myanmar

The Chase (2017)

The Chase    

N/A 110 min DramaThriller

6.0
IMDB: 6.0/10 71 votes

, , , , , , , ,

N/A

South Korea

397254

Report error

The Chase ဆိုတဲ့ဇာတ်​ကား​လေးက​တော့ ကွင်းဆတ်​လူသတ်​မှု​လေးတစ်​ခုကို လျှို့ဝှက်​ချက်​​တွေနဲ့ဇာတ်​အိမ်​တည်​ထားတဲ့ မှုခင်းကား​လေးတစ်​ကားပဲဖြစ်​ပါတယ်​။

“လူတစ်​​ယောက်​ရဲ့ အပြင်​ပန်းမြင်​ရတဲ့စရိုက်​ကိုကြည့်​ရုံနဲ့ အဲ့လူရဲ့အတွင်းစိတ်​ကို အကဲဖြတ်​လို့မရပါဘူး”

ရှင်းဒုတ်​ဆူ ဟာ အများက ​ငွေဘဲသိတဲ့အဘိုးကြီးလို့သတ်​မှတ်​ထားကြတဲ့ အ​ပေါက်​ဆိုးတဲ့ ​တိုက်​ခန်းပိုင်​ရှင်​တစ်​ဦးပါ။ သား မယားမရှိပဲ တစ်​ဦးတည်းဘ၀က်ို အထီးကျန်​ကျန်​ဖြတ်​သန်း​နေရတဲ့ ရှင်းဒုတ်​ဆူတို့ ရပ်​ကွက်​မှာ သက်​ကြီးရွယ်​အို​တွေ ​သေဆုံးမှု​တွေ ဖြစ်​ပွားခဲ့ပါတယ်​။ သဘာဝအတိုင်း​သေဆုံးတယ်​ထင်​ခဲ့​ပေမယ့်​ သံသယဖြစ်​စရာ​တွေများလာပြီး​နောက်​ပိုင်း ရှင်းဒုတ်​ဆူရဲ့တိုက်​ခန်းက ဂျီအွန်းဆိုတဲ့ ​ကောင်​မ​လေးတစ်​​ယောက်​ ​ပျောက်​ဆုံးသွားခဲ့ပါတယ်​။

လခကို ပုံမှန်​မ​ပေးနိုင်​​ပေမယ့်​ အလုပ်​ကြိုးစားပြီးမိခင်​ကို​ထောက်​ပံ့​နေတဲ့ ဂျီအွန်းဟာ ရုတ်​တရက်​​ပျောက်​ဆုံးသွားပြီး သူ့အခန်းမှာ​တော့ သူ့သူငယ်​ချင်​ ဆူ​ယောင်းရဲ့အ​လောင်းကို ရှင်းဒုတ်​ဆူ ​တွေ့ခဲ့ရပါတယ်​။

ရှင်းဒုတ်​ဆူပိုင်​ဆိုင်​တဲ့ တိုက်​ခန်းကိုငှား​နေသူ ချွဲမျိုးနွယ်​လူကြီးရဲ့မိတ်​​ဆွေ ​ဘတ်​​ဖျောင်းဒယ်​ဆိုတဲ့ စုံ​ထောက်​နဲ့ ရှင်းဒုတ်​ဆူ​တွေ့ဆုံခဲ့ပြီး သူတို့နှစ်​​ယောက်​ ပူး​ပေါင်းစုံစမ်းရာမှာ​တော့ ဒီအမှုဟာ လွန်​ခဲ့တဲ့ နှစ်​သုံးဆယ်​က ကွင်းဆက်​လူသတ်​မှုနဲ့ ထပ်​တူကျ​နေတာ ​တွေ့ခဲ့ရပါတယ်​။

လွန်​ခဲ့တဲ့နှစ်​သုံးဆယ်​က လူသတ်​တရားခံကို မဖမ်းနိုင်​ခဲ့လို့ ယူကြုံးမရဖြစ်​​နေတဲ့ ဘတ်​​ဖျောင်းဒယ်​တစ်​​ယောက်​ ထိုရပ်​ကွက်​ထဲ ​မကြာခင်​က​ပြောင်းလာတဲ့ နာဂျွန်​ဟွတ်​ဆိုတဲ့ ​စေတနာဆရာဝန်​တစ်​ဦးကို​တွေ့တဲ့အခါ သူဟာလူသတ်​သမားပဲလို့ တထစ်​ချ ​ပြောဆို​နေခဲ့ပါတယ်​။

ဒါ​ပေမယ့်​ မကြာခင်​မှာပဲ ဘတ်​​ဖျောင်းဒယ်​ဟာ အယ်​ဇိုင်းမား​ဝေဒနာရှင်​တစ်​​ယောက်​ဖြစ်​​ကြောင်း ရှင်းဒုတ်​ဆူ သိသွားခဲ့ပါတယ်​။

ဒုက္ခိတမိန်းမဖြစ်​သူကို ​စောင့်​​ရှောက်​​နေတဲ့ နူးညံ့တဲ့ ​ဒေါက်​တာနာကို ရှင်းဒုတ်​ဆူ​ တစ်​​ယောက်​ ဆက်​ပြီးစုံစမ်းမလား ?

ဂျီအွန်းဆိုတဲ့​ကောင်​မ​လေးကို​ရော ပြန်​ရှာ​တွေ့နိုင်​မှာလား ?

ဒီကွင်းဆက်​လူသတ်​မှုနဲ့ လွန်​ခဲ့တဲ့နှစ်​သုံးဆယ်​ကအမှုဟာ တရားခံတစ်​ဦးထဲရဲ့လက်​ချက်​လား ?

အများက​ ​လေးစားရတဲ့ ​ဒေါက်​တာနာရဲ့ မျက်​နှာဖုံး​နောက်​ကွက်​က တကယ့်​ရုပ်​သွင်​က​ရော ​ဘာ​တွေဖြစ်​မလဲ ? ဆိုတာကို​တော့ ဒီကား​လေးကိုကြည့်​ရင်းနဲ့ပဲ အ​ဖြေရှာလိုက်​ကြပါ​တော့​နော်​။

ဒီကား​လေးမှာ ​တိုက်​ခန်းပိုင်​ရှင်​ ရှင်းဒုတ်​ဆူအဖြစ်​ Yun Shik Beak

အယ်​ဇိုင်းမား​ဝေဒနာရှင်​ စုံ​ထောက်​ ဘတ်​​ဖျောင်းဒယ်​အဖြစ်​ Sung Dong Il

ပြန်​​ပေးဆွဲခံရတဲ့​ကောင်​မ​လေး ဂျီအွန်းအဖြစ်​ Kim Hye In နဲ့လျှို့ဝှက်​ချက်​​တွေနဲ ဆရာဝန်​အဖြစ်​ Cheon Ho Jin တို့က ပါဝင်​သရုပ်​​ဆောင်​ထားပါတယ်​။

 

(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကြာဖြူလွင်ပါ)

 

File Size : (900 MB) and (348 MB)
Quality : HDRip 720p
Running Time : 1hr 50min
Format : Mp4
Genre :Drama, Thriller
Subtitle : Myanmar Subtitle (Hard Sub)
Source : 1080p HDRip H264 AAC-NonDRAM
Translated by Kyar Phyu Lwin
Encoded by Thanhtike Zaw



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

The Chase (2017)
The Chase (2017)
The Chase (2017)
The Chase (2017)
The Chase (2017)
The Chase (2017)
The Chase (2017)
The Chase (2017)
The Chase (2017)
The Chase (2017)
The Chase (2017)
The Chase (2017)
The Chase (2017)
The Chase (2017)
The Chase (2017)
The Chase (2017)
The Chase (2017)
The Chase (2017)
The Chase (2017)
The Chase (2017)
The Chase (2017)
The Chase (2017)
The Chase (2017)


No downloads available

Genres



Related movies