Channel Myanmar

မိတ်ဆွေတို့ မင်းသားကြီး Bruce Willis ရဲ့ Armageddon ဇာတ်ကားကို ကြိုက်နှစ်သက်ခဲ့ကြပါသလား။ ဒါဆိုရင်တော့ ဒီဇာတ်ကားကို ဒုတိယ Armageddon လို့ပဲ ညွှန်းပေးပါရစေ။ ဒီဇာတ်ကားကလည်း ကမ္ဘာကြီးကို ကယ်တင်ဖို့ အသက်စွန့်ပြီး စွန့်စားခန်းဖွင့်ကြတဲ့ သူရဲကောင်းတစ်စုအကြောင်း ရိုက်ထားတဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားပါပဲ။ ဒါပေမယ် ဒီတစ်ခါ သွားတဲ့နေရာကတော့ ကမ္ဘာအပြင်ဖက်မဟုတ်ပါဘူး၊ ကမ္ဘာ့အလယ်ဗဟိုထဲကိုပါ။ ဇာတ်လမ်းရဲ့ သီအိုရီအရ ကမ္ဘာအလယ်ဗဟိုက အူတိုင်မှာ သံရည်ပူတွေဟာ တစ်စက္ကန့်ကို မိုင်ပေါင်းများစွာအမြန်နှုန်းနဲ့ လည်ပတ်နေပါတယ်။ အဲဒီအရည်လည်ပတ်မှုကထွက်ပေါ်လာတဲ့ သံလိုက်စက်ကွင်းတွေဟာ ကမ္ဘာတောင်/မြောက်ဝင်ရိုးစွန်းတွေနဲ့ ဟန်ချက်ညီအောင် ထိန်းသိမ်းပေးထားရင်း နေရောင်ခြည်ရဲ့လောင်ကျွမ်းမှုကို ကာကွယ်ပေးထားတာပါ။ အဲဒီအချိန်မှာတော့ အဲဒီလည်ပတ်မှုကြီးရပ်ဆိုင်းသွားတဲ့အတွက် ကမ္ဘာကြီးပျက်စီးရတော့မယ် အခြေအနေရောက်လာပါပြီ။ အဲဒီအခြေအနေကို ကာကွယ်ဖို့ သက်ဆိုင်ရာနယ်ပယ်မှာ အတော်ဆုံးပညာရှင်တွေနဲ့ မိုင်ပေါင်းများစွာသော မြေထုနဲ့အလွှာမျိုးစုံကို ဖောက်ဝင်ပြီး ကမ္ဘာ့အလယ်ကိုသွားရောက်ဖို့ ကြုံလာရတဲ့အခါ…..ဒီကားဟာလည်း rating နည်းပါတယ်။ 5.5 ပါ။ အကြောင်းရင်းကတော့ Armageddon လိုပါပဲ။ သိပ္ပံပညာနဲ့ ရူပဗေဒအချက်အလက်တွေဟာ လက်တွေ့မကျပါဘူး မမှန်ကန်ပါဘူးတဲ့။ ကျွန်တော်တို့ကတော့ ဇာတ်လမ်းပဲ ခံစားမယ်ဆိုရင်တော့ ကောင်းကောင်းသဘောကျကြမှာပါ။ လူတွေရဲ့ သဘာဝတွေ၊ ကိုယ်ကျိူးစွန့်တဲ့ စိတ်ဓာတ်တွေ၊ အကြောက်တရားနဲ သတ္တိတွေကိုတော့ ကောင်းကောင်းသရုပ်ဖော်သွားနိုင်ပါတယ်။ ခံစားကြည့်နိုင်ပါတယ်။

—————————————————

မိတ္ေဆြတို႔ မင္းသားႀကီး Bruce Willis ရဲ႕ Armageddon ဇာတ္ကားကို ႀကိဳက္ႏွစ္သက္ခဲ့ၾကပါသလား။ ဒါဆိုရင္ေတာ့ ဒီဇာတ္ကားကို ဒုတိယ Armageddon လို႔ပဲ ၫႊန္းေပးပါရေစ။ ဒီဇာတ္ကားကလည္း ကမာၻႀကီးကို ကယ္တင္ဖို႔ အသက္စြန႔္ၿပီး စြန႔္စားခန္းဖြင့္ၾကတဲ့ သူရဲေကာင္းတစ္စုအေၾကာင္း ႐ိုက္ထားတဲ့ သိပၸံစိတ္ကူးယဥ္ဇာတ္ကားပါပဲ။ ဒါေပမယ္ ဒီတစ္ခါ သြားတဲ့ေနရာကေတာ့ ကမာၻအျပင္ဖက္မဟုတ္ပါဘူး၊ ကမာၻ႔အလယ္ဗဟိုထဲကိုပါ။ ဇာတ္လမ္းရဲ႕ သီအိုရီအရ ကမာၻအလယ္ဗဟိုက အူတိုင္မွာ သံရည္ပူေတြဟာ တစ္စကၠန႔္ကို မိုင္ေပါင္းမ်ားစြာအျမန္ႏႈန္းနဲ႔ လည္ပတ္ေနပါတယ္။ အဲဒီအရည္လည္ပတ္မႈကထြက္ေပၚလာတဲ့ သံလိုက္စက္ကြင္းေတြဟာ ကမာၻေတာင္/ေျမာက္ဝင္႐ိုးစြန္းေတြနဲ႔ ဟန္ခ်က္ညီေအာင္ ထိန္းသိမ္းေပးထားရင္း ေနေရာင္ျခည္ရဲ႕ေလာင္ကြၽမ္းမႈကို ကာကြယ္ေပးထားတာပါ။ အဲဒီအခ်ိန္မွာေတာ့ အဲဒီလည္ပတ္မႈႀကီးရပ္ဆိုင္းသြားတဲ့အတြက္ ကမာၻႀကီးပ်က္စီးရေတာ့မယ္ အေျခအေနေရာက္လာပါၿပီ။ အဲဒီအေျခအေနကို ကာကြယ္ဖို႔ သက္ဆိုင္ရာနယ္ပယ္မွာ အေတာ္ဆုံးပညာရွင္ေတြနဲ႔ မိုင္ေပါင္းမ်ားစြာေသာ ေျမထုနဲ႔အလႊာမ်ိဳးစုံကို ေဖာက္ဝင္ၿပီး ကမာၻ႔အလယ္ကိုသြားေရာက္ဖို႔ ႀကဳံလာရတဲ့အခါ…..ဒီကားဟာလည္း rating နည္းပါတယ္။ 5.5 ပါ။ အေၾကာင္းရင္းကေတာ့ Armageddon လိုပါပဲ။ သိပၸံပညာနဲ႔ ႐ူပေဗဒအခ်က္အလက္ေတြဟာ လက္ေတြ႕မက်ပါဘူး မမွန္ကန္ပါဘူးတဲ့။ ကြၽန္ေတာ္တို႔ကေတာ့ ဇာတ္လမ္းပဲ ခံစားမယ္ဆိုရင္ေတာ့ ေကာင္းေကာင္းသေဘာက်ၾကမွာပါ။ လူေတြရဲ႕ သဘာဝေတြ၊ ကိုယ္က်ိဴးစြန႔္တဲ့ စိတ္ဓာတ္ေတြ၊ အေၾကာက္တရားနဲ သတၱိေတြကိုေတာ့ ေကာင္းေကာင္းသ႐ုပ္ေဖာ္သြားႏိုင္ပါတယ္။ ခံစားၾကည့္ႏိုင္ပါတယ္။

File Size   :   967 MB
Duration  :   2 : 14 : 57
Quality      :   Bluray 720p
Format      :  MP4
Translator:   Min Thet Oo
Encoder    :   Littleneo



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

The Core (2003)
The Core (2003)
The Core (2003)


No downloads available

Genres



Related movies