Channel Myanmar

The Silence of the Lambs (1991)

The Silence of the Lambs    

R 1h 58min CrimeDramaHorrorThriller

8.6
IMDB: 8.6/10 1,222,563 votes

, , , ,

, , , , , , , , , ,

Won 5 Oscars. Another 63 wins & 51 nominations

641586

Report error

The Silence of the Lambs (1991)
IMDb – 8.6/10_____Rotten – 96% 
Won 5 Oscars. Another 63 wins & 51 nominations

 

 

 

The Silence of the Lambs (1991) ဟာ Horror & Thriller အမျိုးအစားဖြစ်ပြီး ၁၉၉၂ ခုနှစ် အော်စကာဆုပေးပွဲမှာ အမျိုးသားဇာတ်ဆောင်ဆု၊ အမျိုးသမီးဇာတ်ဆောင်ဆု၊ ဒါရိုက်တာဆု အပါအဝင် စုစုပေါင်း ဆု (၅)ခု ဆွတ်ခူးခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ The Exorcist(1973) နဲ့ Jaw (1975) တို့နောက်ပိုင်း Horror Movie တွေထဲမှာ ရှားရှားပါးပါး အော်စကာဆုရခဲ့တဲ့ တတိယမြောက်ဇာတ်ကားဖြစ်ပါတယ်။ သောမတ်စ်ဟာရစ်ရဲ့ ကျော်ကြားခဲ့တဲ့ ဝတ္ထုတွေထဲက လူသားစား မှုခင်းဆိုင်ရာ စိတ်ရောဂါကုဆရာဝန် စိတ္တဇလူသတ်သမားဖြစ်တဲ့ ဒေါက်တာ ဟန်နီဗယ်လက်တာ ဆိုတဲ့ ဇာတ်ကောင်ပေါ်မှာ အခြေတည်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒေါက်တာ Lacter ရဲ့ Character ဟာ အလွန်ပဲကျော်ကြားခဲ့ပြီး သူ့အကြောင်းကိုလည်း ရုပ်ရှင်တွေနဲ့ TV Serie တွေအများအပြားရိုက်ကူးခဲ့ကြပါတယ်။ အဲဒီရုပ်ရှင်တွေကတော့ Manhunter (1986)၊ The Silence of the Lambs (1991)၊ Hannibal (2001)၊ Red Dragon (2002) နဲ့ Hannibal Rising (2007) တို့ဖြစ်ပြီး Hannibal ဆိုတဲ့နာမည်နဲ့ပဲ TV Series တစ်ခုကိုလည်း ရိုက်ကူးခဲ့ကြပါတယ်။ Hannibal Lacter အဖြစ် သရုပ်ဆောင်ခဲ့သူများထဲမှ Anthony Hopkins ရဲ့ Hannibal ကို ၂၀၀၃ ခုနှစ်မှာ American Film Institute ကနေပြီး 1st Movie Villain အဖြစ်ရွေးချယ်ခဲ့ကြပြီး ၂၀၁၀ ခုနှစ်မှာ Entertainment Weekly ကလည်း 100 Greatest Characters of Last 20 years ထဲမှာ ထည့်သွင်းခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း Clarice Starling(Jodie Foster)ဟာ ထူးချွန်တဲ့ FBI အကယ်ဒမီရဲ့ကျောင်းသူတစ်ဦးဖြစ်ပြီး စိတ္တဇလူသတ်သမားတွေနဲ့ပါတ်သတ်ပြီး လိမ္မာပါးနပ်စွာ သုံးသပ်နိုင်သူလည်းဖြစ်ပါတယ်။ FBI ရဲ့ Behavioral Science Unit က Jack Crawford (Scott Glenn) က အမျိုးသမီးငယ်လေးတွေကို သတ်ပြီး အရေခွံခွါယူလေ့ရှိတဲ့ “Buffalo Bill” ဆိုတဲ့ နာမည်ပြောင်ရထားတဲ့ စိတ္တဇလူသတ်သမားတစ်ယောက်ကို ဖမ်းဆီးဖို့ရာ စုံစမ်းစစ်ဆေးနေသူဖြစ်ပါတယ်။ တစ်နေ့မှာ Jack Crawford က Clarice Starling ကို ခေါ်ယူပြီး လူတွေကို သတ်ပြီးစားသောက်ခဲ့၍ ထောင်ဒဏ်တစ်သက်ကျခံနေရတဲ့ မှုခင်းဆိုင်ရာစိတ်ရောဂါကုဆရာဝန် လူသားစား စိတ္တဇဝေဒနာရှင် ဒေါက်တာ Hannibal Lacter(Anthony Hopkins) ဆိုသူကို အင်တာဗျူးလုပ်ပေးဖို့ စေခိုင်းပါတယ်။ Crawford က ဒေါက်တာ Lacter အနေနဲ့ “Buffalo Bill” ရဲ့လူသတ်မှုတွေနဲ့ပါတ်သတ်ပြီး အကူအညီပေးနိုင်မယ်လို့ ယုံကြည်မိတာကြောင့် လှပပြီးထက်မြက်တဲ့ Clarice ကို အသုံးချပြီး အကူအညီရဖို့စေခိုင်းခဲ့တာဖြစ်ပါတယ်။ ပါးနပ်ထက်မြက်တဲ့ Clarice နဲ့ အကင်းပါးပြီး ရက်စက်တတ်တဲ့ ဒေါက်တာ Lacter တို့ ဘယ်လိုအပေးအယူတွေနဲ့ ညှိနှိုင်းကြမလဲ??? “Buffalo Bill” ရဲ့ အမှုကိုရော ဘယ်လိုပုံစံမျိုးနဲ့ ဖော်ထုတ်မလဲ??? ဒေါက်တာ Lacter နဲ့ Clarice ရဲ့ကြားထဲမှာရော ဘယ်လိုအဖြစ်အပျက်တွေ ဖြစ်ပေါ်လာမလဲ??? ဆိုတာကတော့ CM ပရိသတ်ကြီးပဲ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါခင်ဗျာ။

 

 

 

The Silence of the Lambs (1991) ဟာ Horror & Thriller အမ်ိဳးအစားျဖစ္ၿပီး ၁၉၉၂ ခုႏွစ္ ေအာ္စကာဆုေပးပြဲမွာ အမ်ိဳးသားဇာတ္ေဆာင္ဆု၊ အမ်ိဳးသမီးဇာတ္ေဆာင္ဆု၊ ဒါရိုက္တာဆု အပါအ၀င္ စုစုေပါင္း ဆု (၅)ခု ဆြတ္ခူးခဲ႕တဲ႕ ဇာတ္ကားေကာင္းတစ္ကားျဖစ္ပါတယ္။ ဒီဇာတ္ကားဟာ The Exorcist(1973) နဲ႔ Jaw (1975) တို႔ေနာက္ပိုင္း Horror Movie ေတြထဲမွာ ရွားရွားပါးပါး ေအာ္စကာဆုရခဲ႕တဲ႕ တတိယေျမာက္ဇာတ္ကားျဖစ္ပါတယ္။ ေသာမတ္စ္ဟာရစ္ရဲ႕ ေက်ာ္ၾကားခဲ႕တဲ႕ ၀တၳဳေတြထဲက လူသားစား မႈခင္းဆိုင္ရာ စိတ္ေရာဂါကုဆရာ၀န္ စိတၱဇလူသတ္သမားျဖစ္တဲ႔ ေဒါက္တာ ဟန္နီဗယ္လက္တာ ဆိုတဲ႕ ဇာတ္ေကာင္ေပၚမွာ အေျခတည္ၿပီး ရိုက္ကူးထားတာျဖစ္ပါတယ္။ ေဒါက္တာ Lacter ရဲ႕ Character ဟာ အလြန္ပဲေက်ာ္ၾကားခဲ႕ၿပီး သူ႕အေၾကာင္းကိုလည္း ရုပ္ရွင္ေတြနဲ႕ TV Serie ေတြအမ်ားအျပားရိုက္ကူးခဲ႕ၾကပါတယ္။ အဲဒီရုပ္ရွင္ေတြကေတာ႔ Manhunter (1986)၊ The Silence of the Lambs (1991)၊ Hannibal (2001)၊ Red Dragon (2002) နဲ႕ Hannibal Rising (2007) တို႔ျဖစ္ၿပီး Hannibal ဆိုတဲ႕နာမည္နဲ႔ပဲ TV Series တစ္ခုကိုလည္း ရိုက္ကူးခဲ႕ၾကပါတယ္။ Hannibal Lacter အျဖစ္ သရုပ္ေဆာင္ခဲ႕သူမ်ားထဲမွ Anthony Hopkins ရဲ႕ Hannibal ကို ၂၀၀၃ ခုႏွစ္မွာ American Film Institute ကေနၿပီး 1st Movie Villain အျဖစ္ေရြးခ်ယ္ခဲ႕ၾကၿပီး ၂၀၁၀ ခုႏွစ္မွာ Entertainment Weekly ကလည္း 100 Greatest Characters of Last 20 years ထဲမွာ ထည္႔သြင္းခဲ႕ပါတယ္။ ဇာတ္လမ္းအက်ဥ္း Clarice Starling(Jodie Foster)ဟာ ထူးခၽြန္တဲ႔ FBI အကယ္ဒမီရဲ႕ေက်ာင္းသူတစ္ဦးျဖစ္ၿပီး စိတၱဇလူသတ္သမားေတြနဲ႔ပါတ္သတ္ၿပီး လိမၼာပါးနပ္စြာ သံုးသပ္ႏိုင္သူလည္းျဖစ္ပါတယ္။ FBI ရဲ႕ Behavioral Science Unit က Jack Crawford (Scott Glenn) က အမ်ိဳးသမီးငယ္ေလးေတြကို သတ္ၿပီး အေရခြံခြါယူေလ႔ရွိတဲ႕ “Buffalo Bill” ဆိုတဲ႔ နာမည္ေျပာင္ရထားတဲ႕ စိတၱဇလူသတ္သမားတစ္ေယာက္ကို ဖမ္းဆီးဖို႔ရာ စံုစမ္းစစ္ေဆးေနသူျဖစ္ပါတယ္။ တစ္ေန႔မွာ Jack Crawford က Clarice Starling ကို ေခၚယူၿပီး လူေတြကို သတ္ၿပီးစားေသာက္ခဲ႕၍ ေထာင္ဒဏ္တစ္သက္က်ခံေနရတဲ႕ မႈခင္းဆိုင္ရာစိတ္ေရာဂါကုဆရာ၀န္ လူသားစား စိတၱဇေ၀ဒနာရွင္ ေဒါက္တာ Hannibal Lacter(Anthony Hopkins) ဆိုသူကို အင္တာဗ်ဴးလုပ္ေပးဖို႕ ေစခိုင္းပါတယ္။ Crawford က ေဒါက္တာ Lacter အေနနဲ႕ “Buffalo Bill” ရဲ႕လူသတ္မႈေတြနဲ႕ပါတ္သတ္ၿပီး အကူအညီေပးႏိုင္မယ္လို႔ ယံုၾကည္မိတာေၾကာင္႔ လွပၿပီးထက္ျမက္တဲ႕ Clarice ကို အသံုးခ်ၿပီး အကူအညီရဖို႔ေစခိုင္းခဲ႕တာျဖစ္ပါတယ္။ ပါးနပ္ထက္ျမက္တဲ႔ Clarice နဲ႔ အကင္းပါးၿပီး ရက္စက္တတ္တဲ႕ ေဒါက္တာ Lacter တို႔ ဘယ္လိုအေပးအယူေတြနဲ႕ ညွိႏိႈင္းၾကမလဲ??? “Buffalo Bill” ရဲ႕ အမႈကိုေရာ ဘယ္လိုပံုစံမ်ိဳးနဲ႕ ေဖာ္ထုတ္မလဲ??? ေဒါက္တာ Lacter နဲ႔ Clarice ရဲ႕ၾကားထဲမွာေရာ ဘယ္လိုအျဖစ္အပ်က္ေတြ ျဖစ္ေပၚလာမလဲ??? ဆိုတာကေတာ႔ CM ပရိသတ္ႀကီးပဲ ကိုယ္တိုင္ၾကည္႔ရႈလိုက္ၾကပါခင္ဗ်ာ။

 

File Size      :   850 MB
Duration     :   1: 56: 30
Quality        :   Bluray Rip 720p
Translator   :   Chiron
Encoder       :   Littleneo



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။

The Silence of the Lambs (1991)
The Silence of the Lambs (1991)
The Silence of the Lambs (1991)
The Silence of the Lambs (1991)
The Silence of the Lambs (1991)
The Silence of the Lambs (1991)
The Silence of the Lambs (1991)
The Silence of the Lambs (1991)
The Silence of the Lambs (1991)
The Silence of the Lambs (1991)
The Silence of the Lambs (1991)
The Silence of the Lambs (1991)
The Silence of the Lambs (1991)
The Silence of the Lambs (1991)
The Silence of the Lambs (1991)
The Silence of the Lambs (1991)
The Silence of the Lambs (1991)


No downloads available

Genres



Related movies