Channel Myanmar

Lee Han-wi

The Slave Hunters(2010) 8.1
The Slave Hunters(2010) The Slave Hunters(2010)************************အပိုင်း ( ၁ မှ ၁၀) အထိ ဒီစီးရီးဟာ 46th Baeksang Arts Awards  ပွဲမှာအကောင်းဆုံးဒရမ်မာ အကောင်းဆုံး သရုပ်ဆောင် အကောင်းဆုံးဒါရိုက်တာဆုတို့ဆန်ကာတင် စာရင်းဝင်ခဲ့သလို  အကောင်းဆုံးဇာတ်ညွှန်းဆုကြီးလည်းရခဲ့ပါသေးတယ်...နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့  Oh Ji-ho  , Jang Hyuk  နဲ့ မင်းသမီးချော Lee Da-haeတို့ အဓိကပါဝင်သရုပ်ဆောင်ထားတယ်...ထုတ်လွှင့်စဉ်မှာလည်း အမြင့်ဆုံး rating တွေရရှိခဲ့ပါတယ်...ဆုန်းထယ်ဟာ(Oh Ji-ho)က တစ်ချိန်ကအရမ်းတော်တဲ့စစ်သူကြီးတစ်ယောက်ပါ...တစ်နေ့မှာတော့ နန်းတွင်းအရှုတ်တော်ပုံတွေကြား ဓားစာခံဖြစ်သွားပြီး ရာထူးကထုတ်ပယ်ခံရတဲ့အပြင်ကျွန်ဘဝကိုပါရောက်သွားတယ်...စစ်သူကြီးပီပီ ဒီလိုငရဲဘဝရောက်နေရတဲ့အပြင် သူ့အပေါ်မကောင်းကြံတဲ့သူတွေကိုဖော်ထုတ်ဖို့အရေး ထွက်ပြေးခဲ့တယ်...နန်းတွင်းရဲ့ အတော်ဆုံးစစ်သူကြီးထွက်ပြေးတဲ့အခါမှာတော့ အကြမ်းဆုံးသော ကျွမ်ဖမ်းမုဆိုးတွေနဲ့ သူ့ကိုလိုက်ဖမ်းပါတော့တယ်.. ဒီလိုထွက်ပြေးတဲ့ခရီးမှာ မမျှော်လင့်ထားတဲ့သူတွေနဲ့တွေ့ဆုံခဲ့ရသလို အကြမ်းဆုံးသော ကျွန်မုဆိုးတွေကြားသူဘယ်လိုရုန်းထွက်မလဲဆိုတာကိုတော့.... Episodes: 24 Aired: Jan 6, 2010 - Mar 25, 2010 Aired On: Wednesday, Thursday Original Network:  Netflix Duration: 1 hr. 10 min. Genres: Action, Historical, Romance, Drama Subtitle__Myanmar ...
8.1
TMDb: 8.1/10 26 votes
tv

The Slave Hunters(2010)

2010
Psychopath Diary (2019) 7.1
Psychopath Diary (2019) Psychopath Diary (2019)************************အပိုင်း (၁ မှ ၁၆) စ/ဆုံး ဒီတစ်ခါမှာတော့ သရုပ်ဆောင် Yoon Shi Yoon, Jung In Sunနဲ့Park Sung Hoonတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့Psychopath Diary ဆိုတဲ့ ဟာသမှုခင်းစီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်း..Yook Dong Sik ဆိုတဲ့လူဟာ အာမခံကုမ္ပဏီက ဝန်ထမ်းတစ်ဦးဖြစ်ပြီးရိုးအလွန်းတဲ့စရိုက်ကြောင့် ကုမ္ပဏီတစ်ခုလုံးက သူတွေအပြင်အခင်ဆုံးသူငယ်ချင်းဆီကနေပါ အမြတ်ထုတ်ခံရတဲ့သူပါ။အဲဒီလို အလုပ်မှာအဆင်မပြေဖြစ်နေတဲ့ Dong Shik တစ်ယောက်တစ်ရက်မှာ စိတ်ညစ်ညစ်နဲ့ အိမ်အပြန်အလာ လူသတ်မှုတစ်ခုစီကိုမှတ်တမ်းတင်ထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ဒိုင်ယာရီကိုကောက်ရခဲ့ပါတယ်။ဒါ့အပြင် အဲဒီလူသတ်သမား လူသတ်နေတာကို မျက်မြင်တွေ့ပြီးထိတ်လန့်တကြားထွက်ပြေးရာက ရဲအရာရှိ Shim Bo Kyungမောင်းလာတဲ့ကားနဲ့ ဝင်တိုက်သွားမိပါတယ်။အဲဒီနောက်မှာ မှတ်ဉာဏ်ပျောက်ဆုံးသွားပြီး သူကောက်ရခဲ့တဲ့ဒိုင်ယာရီထဲကလူသတ်မှုတွေကို သူလုပ်ခဲ့တာပါလို့ ထင်မှတ်မှားပါတော့တယ်။အဲဒီနောက်မှာ သူ့ကိုယ်သူ လူသတ်သမားလို့ထင်နေတဲ့Dong Shik တစ်ယောက် ဘယ်လိုတလွဲတွေလုပ်မလဲ...။Bo Kyung ကရော လူသတ်သမားကို ဘယ်လိုကူဖမ်းပေးမလဲ...။လူသတ်သမားကရော ဘယ်သူလဲ...ဆိုတာတွေကို ...
7.1
TMDb: 7.1/10 18 votes
tv

Psychopath Diary (2019)

2019
School 2013 (2012) [Complete] 7.7
School 2013 (2012) [Complete] School 2013 (2012)*******************အပိုင်း (၁ မှ ၁၆) စ/ဆုံး နာမည်ကြီး School Series ထဲက တစ်ကားဖြစ်တဲ့ School 2013 ကိုCM ပရိတ်သတ်ကြီးတွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။Cast တွေအနေနဲ့ Jang Nara, Choi Daneil အပြင် Lee Jong Suk,Kim Woo Bin, Shin Hye Sun, Lee Yi Kyung စတဲ့ နာမည်ကြီးသရုပ်ဆောင်တွေရဲ့ငယ်ဘဝက ပုံရိပ်တွေကို မြင်ရမှာပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်း)ဆွန်းရီအထက်တန်းကျောင်းက ဆိုးလ်မြို့တွင်းမှာရှိတဲ့ ၁၇၈ကျောင်းအနက်ပညာရေးရမှတ်အနိမ့်ဆုံးကျောင်းတစ်ကျောင်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ဆရာဂန်ဆယ်ချန်းကတော့ ဂန်နမ်ရဲ့နာမည်ကြီး ထိပ်တန်းဆရာတစ်ယောက်ပါ။ဒီလိုနဲ့ ဂန်ဆယ်ချန်းတစ်ယောက် ဆွန်းရီအထက်တန်းကျောင်းကို ပြောင်းဖြစ်လာခဲ့ပြီးအတန်းပိုင်ဆရာမ ဂျောင်အင်ဂျယ်နဲ့အတူ ဆိုးလှပါချည်ရဲ့ဆိုတဲ့အထက်တန်းဒုတိယနှစ် အခန်း၂ကို အတူတူစာသင်ကြားပေးဖို့ဖြစ်လာတဲ့အခါ...ဂျစ်ကန်ကန်နဲ့တစ်ယောက်တစ်မျိုးစီ ဆိုးပေ့ညံ့ပါပေ့ဆိုတဲ့ ကျောင်းသား၊ကျောင်းသူတွေကိုဘယ်လိုလိမ္မာရေးခြားရှိပြီး အဆင့်တက်လာအောင် ကြိုးစားသင်ကြားပေးသွားမလဲဆိုတာကိုအလွဲအချော်တွေကြားက ဟာသလေးနှောပြီး ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။ကျောင်းသားကားလေးတွေကိုမှ ကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက် သူငယ်ချင်းသံယောဇဥ်တွေ၊ဆရာတပည့်ဆက်ဆံရေးလေးတွေကို ရသပေါင်းစုံနဲ့ ရိုက်ပြပေးထားတာမလို့ကြည့်ရတာမပျင်းစေမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းကိုတော့ ...
7.7
TMDb: 7.7/10 27 votes
tv

School 2013 (2012) [Complete]

2012
Coffee Prince (2007) 8.074
Coffee Prince (2007) Coffee Prince (2007)**********************အပိုင်း (၁ မှ ၁၇) စ/ဆုံး ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးတွေ တစ်ခနဲတောင်းဆိုထားကြတဲ့ကော်ဖီမင်းသားကားလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။Cast တွေကလည်း ကေဒရာမာဖန်တိုင်း ရင်းနှီးကြတဲ့ Yoon Eun Hye, Gong Yoo,Lee Sun Kyun, Kim Dong Wook, Kim Jae Wook တို့ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ပေါ့ပေါ့ပါးဖြတ်သန်းနေတဲ့ ချွဲဟန်ဂယောကိုသူရဲ့အဘွားဖြစ်သူဟာ သူ့မြေး အလေလိုက်ပြီးနေတာကိုသည်းမခံနိုင်တော့တဲ့အဆုံးမှာ ကော်ဖီဆိုင်တစ်ဆိုင်ကို ဦးစီးဖို့ပေးပြီးအလုပ်လုပ်ခိုင်းပါတော့တယ်။ပေါ့ပေါ့ပါးပါးဖြတ်သန်းရတာကို နှစ်သက်တဲ့ချွဲဟန်ဂယောဟာအဘွားဖြစ်သူရဲ့စီစဉ်မှုကို နည်းလမ်းမျိုးစုံနဲ့ ခေါင်းရှောင်ရင်းယောက်ျားလေးလို ဝတ်စားသွားလာနေထိုင်တတ်တဲ့ဂိုအွန်ချန်းနဲ့ ရေစက်ဆုံခဲ့ပါတော့တယ်။မိန်းကလေးဖြစ်ပေမဲ့ အိမ်ထောင်ဦးစီးတာဝန်ကိုယူထားရတဲ့အွန်ချန်းတစ်ယောက် ကြုံတွေ့နေရတဲ့ အခက်အခဲတွေကြောင့်ယောက်ျားလေးဟန်ဆောင်ပြီး ဟန်ဂယောရဲ့အကူအညီကို ရယူခဲ့ပါတယ်။ချွဲဟန်ဂယောက အဘွားဖြစ်သူရဲ့စကားအတိုင်း ကော်ဖီဆိုင်ကို ဦးစီးဖြစ်မလား။ဂိုချန်းအွန်းက မိန်းကလေးဆိုတာကို ချွဲဟန်ဂယောတစ်ယောက် ဘယ်လိုသိသွားမလဲ ဆိုတာကိုဇာတ်လမ်းမှာ အဖြေဝင်ရှာကြည့်လိုက်ပါနော်။မှင်စာဦးလေးကြီးရဲ့ငယ်ရွယ်စဉ်တုန်းက အရိုလေးတစ်ဖြတ်ကို စောင်ကိုက်ရင်းခံစားကြည့်လိုက်ရအောင်...... (အညွှန်းကိုတော့ Thinn မှ ရေးသားပေးထားပါတယ်) Aired: Jul 2, ...
8.074
TMDb: 8.074/10 217 votes
tv

Coffee Prince (2007)

2007
The Beauty Inside (2018) [Complete] 7.991
The Beauty Inside (2018) [Complete] The Beauty Inside (2018)**************************အပိုင်း ( ၁ မှ ၁၆) စ/ဆုံး ဒီတစ်ခါမှာလည်း CM ပရိသတ်ကြီးတွေအတွက်Lee Min Ki, Seo Hyun Jin, Ahn Jae Hyeon, Lee Da Heeတို့အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ နာမည်ကြီးစီးရီးဟောင်းလေးတစ်ခုကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း...မည်မည်ရရ အကြောင်းအရင်းမသိရဘဲ တစ်လကိုတစ်ခါမျက်နှာနဲ့ ခန္ဓာကိုယ်ပြောင်းလဲမှုရောဂါကို ခံစားနေရတဲ့ထိပ်ထိပ်ကြဲ နာမည်ကြီး သရုပ်ဆောင်မင်းသမီးဟန်ဆယ်ဂယ်ကတော့ ပါပါရာဇီတွေအကြိုက် သားကောင်ဖြစ်သလိုလူတွေပါးစပ်ဖျားမှာလည်း အမြဲ ကောလာဟာလတွေနဲ့ ပြည့်နေတဲ့သူပေါ့။ဒါပေမဲ့ တစ်နေ့မှာတော့ သူ ဘယ်လို ပုံစံပြောင်းသွားပါစေသူ့ကို အမြဲမှတ်မိနေတဲ့ ဆောဒိုဂျယ်ဆိုတဲ့ လေကြောင်းလိုင်းကုမ္ပဏီမှသူဌေးသားလေးနဲ့ တွေ့ဆုံဖို့ အကြောင်းဖန်လာပါတော့တယ်။သူတို့နှစ်ယောက် ဘယ်လို အလွဲတွေနဲ့ တွေ့ဆုံပြီးဒိုဂျယ်ကြောင့် ဆယ်ဂယ်ရဲ့ ဘဝမှာ ဘယ်လို ပြောင်းလဲမှုတွေ ဖြစ်လာမလဲဆယ်ဂယ်ကရော သူ့ရဲ့ရောဂါကြောင့် ဘယ်လိုတွေ ကြုံတွေ့လာရမလဲဆိုတာကိုရသမျိုးစုံနဲ့ ခံစားရမှာပဲဖြစ်ပါတယ်။ Aired: Oct 1, 2018 - ...
7.991
TMDb: 7.991/10 57 votes
tv

The Beauty Inside (2018) [Complete]

2018
Punch (2014) [Complete] 8.2
Punch (2014) [Complete] Punch (2014)*************အပိုင်း (၁ မှ ၁၉) စ/ဆုံး အထက်အမှုစစ်ရုံးက Park Jung Hwanက အဂတိလိုက်စားမှုစုံစမ်းရေးအဖွဲ့ခေါင်းဆောင်ဆိုပေမဲ့ သူ့ရဲ့ရာထူးကိုရဖို့အတွက်တော့အပေးအယူပေါင်းစုံကို တစ်ဇွတ်ထိုးလုပ်တဲ့သူမျိုးပေါ့။တစ်နေ့မှာတော့ သူ့မှာ ဦးနှောက်အကြိတ်တည်နေပြီးရှင်သန်ဖို့အချိန် ဘယ်လောက်မှ မကျန်တော့မှန်း သိသွားပါတော့တယ်။သူရဲ့နောက်ဆုံးအချိန်တွေကို နောင်တမရဘဲ ဖြတ်သန်းဖို့ ဆုံးဖြတ်လိုက်ပြီးအဂတိလိုက်စားတဲ့ အမှုစစ်ချုပ် Lee Tae-Joonဘက်ကို တရားမျှတမှုရဲ့သေနတ်ပြောင်းချိန်လိုက်တဲ့အခါ…Park Jung-Hwanရဲ့ ဇနီးဟောင်းဖြစ်သူ အမှုစစ် Shin Ha-Gyeongကလည်းခင်ပွန်းဟောင်းဘက်ကနေ ပါဝင်ကူညီတဲ့အခါမှာတော့...အာဏာကြီးလွန်းလှတဲ့ အမှုစစ်ချုပ် Lee Tae Joonနဲ့ သေမင်းတံခါးဝကအမှန်တရားရဲ့ဘက်တော်သား Park Jung- Hwanတို့အကြားဘယ်သူအနိုင်ရမလဲဆိုတာကိုတော့ K-Dramaပရိသတ်ကြီးကပဲ ခံစားကြည့်ရှုကြပါဦးနော်။Kim Rae Won, Kim Ah Joong, Jo Jae Hyun တို့လို မင်းသားကြီးတွေ ပါဝင်သရုပ်ဆောင်ထားတာမို့အကြိုက်တွေ့စေမှာ‌ပါနော်။  Aired: Dec 15, 2014 - Feb 17, 2015 Aired On: Monday, ...
8.2
TMDb: 8.2/10 10 votes
tv

Punch (2014) [Complete]

2014
Hospital Ship (2017) 6.3
Hospital Ship (2017) Hospital Ship (2017)*********************အပိုင်း ( ၁ မှ ၂၀ ) စ / ဆုံး ဒီကားလေးက ဒိတ်ဒိတ်ကြဲနာမည်ကြီးတွေဖြစ်တဲ့Kang Min Hyuk (Celebrity)နဲ့ Ha Ji Won တို့ အဓိက ပါဝင်ထားပြီးကျွန်းမှာနေထိုင်တဲ့ ကျေးလက်ဒေသခံတွေကို  သင်္ဘောနဲ့ဆေးလိုက်ကုပေးတဲ့စေတနာ့ဆရာဝန်လူငယ်လေးတွေရဲ့ ဘဝကို သရုပ်‌ဖော်ထားတာပါ။Song Eun Jae (Ha Ji Won)က ဆိုးလ်မြို့ရဲ့ ဆေးရုံကြီးတစ်ခုမှာအလွန်ထူးချွန်တဲ့ ကျွမ်းကျင်ခွဲစိတ်ဆရာဝန်တစ်ဦးပါ။အောင်မြင်မှုများစွာရရှိခဲ့ပေမဲ့ တစ်နေ့မှာ ကံဆိုးတဲ့ အဖြစ်အပျက်တစ်ခုကြောင့်အဲဒီဆေးရုံကြီးကနေ ထွက်သွားရပြီး ဆေးရုံသင်္ဘောဆီမှာ တာဝန်ထမ်းဖို့ ဖြစ်လာပါတယ်။လူသားချင်း စာနာတတ်တဲ့ ဖခင်နဲ့ ကြီးပြင်းခဲ့ရတဲ့ Kwak Hyun (Kang Min Hyuk)ကတော့ချမ်းသာပြည့်စုံတဲ့ ဘဝက လာပေမဲ့ သူကိုယ်တိုင်ကပဲ စေတနာ့ဆရာဝန်အလုပ်ကို ရွေးချယ်ခဲ့ပြီးဆေးဝါးနဲ့သာမက အပြုံးချိုချိုလေးတွေနဲ့ပါ ဆေးကုပေးတတ်တဲ့ ဆရာဝန်လေးပေါ့။Kim Jae Gul (Lee Seo ...
6.3
TMDb: 6.3/10 19 votes
tv

Hospital Ship (2017)

2017
To the Beautiful You (2012) 6.75
To the Beautiful You (2012) To the beautiful you (2012)ကျောင်းသားဇာတ်လမ်းလေးတွေကို ကြည့်တတ်တဲ့သူဆိုရင် ဒီဒရာမာလေးကို မသိတဲ့သူရှားလောက်မယ်ထင်ပါတယ်လွန်ခဲ့တဲ့ ၁၀ စုနှစ်ကျော်က ထွက်ခဲ့တဲ့ဒရာမာလေးဆိုပေမဲ့ old but gold ပါ ဘယ်အချိန်ကြည့်ကြည့်မရိုးနိုင်သောလေးပေါ့ ကိုယ်တွေရဲ့ ငယ်ဘဝကို ဒီဒရာမာလေးတွေနဲ့ ကုန်ဆုံးခဲ့တာဆိုလည်း မမှားပါဘူးနော အကုန်လုံးသိကြမယ်ဆိုပေမဲ့ ဇာတ်လမ်းအကျဉ်းလေးကိုပြန်နွှေးကြတာပေါ့နောဂူဂျယ်ဟီးဆိုတဲ့ကောင်မလေးဟာ သူ့ရဲ့အခက်ခဲဆုံးအချိန်တွေကို အမြင့်ခုန်အားကစားသမားဂန်ထယ်ဂျွန်းကြောင့် ဖြတ်ကျော်နိုင်တဲ့အတွက် အမေရိကကနေ ဂန်ထယ်ဂျွန်းတက်တဲ့ကျောင်းကို လာတက်ဖို့ တက်ကြွနေပါလေရောဂန်ထယ်ဂျွန်းတက်တဲ့ကျောင်းဆိုတာကလည်း အားကစားသမားတွေပဲရှိတဲ့ ယောက်ျားလေးကျောင်းဆိုတော့ မိန်းကလေးကနေ ယောက်ျားလေးအဖြစ်ဟန်ဆောင်ပြီး ခက်ခက်ခဲခဲသွားတက်ရပါတော့တယ် ယောက်ျားလေးအဖြစ် ဟန်ဆောင်ထားတာဆိုတော့ မပေါ်အောင်လို့ အမျိုးမျိုးဖုံးဖိရင်းကနေ အကုန်လုံးသိသွားမယ့်အချိန်ကျ ဘယ်လိုမျိုးဖြေရှင်းမလဲဂူဂျယ်ဟီးကရော သူ့ရဲ့အိပ်မက်ဖြစ်တဲ့ ဂန်ထယ်ဂျွန်းနဲ့အဆင်ပြေသွားနိုင်မလား ယောက်ျားလေးကျောင်းအထိသွားတက်ရတဲ့အတွက် သူဘာပြန်ရလိုက်မလဲဆိုတာ ကြည့်လိုက်ပါဦးနော်နောက်လလောက်ဆိုရင် Sulli ရဲ့ Persona လေးကို Netflix ကနေ ထုတ်လွှင့်သွားမှာဆိုတော့ CM ကလည်း Sulli ကို သတိရခြင်းများစွာနဲ့ ဘာသာပြန်တင်ဆက်လိုက်ရပါတယ်နော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz, Hmwe, Laii, Milkeux, NanThin, Myo Myo, ...
6.75
TMDb: 6.75/10 22 votes
tv

To the Beautiful You (2012)

2012
Modern Farmer (2014) 8.6
Modern Farmer (2014) Modern Farmer (2014)ဟိုးအရင် အခွေတွေနဲ့ကြည့်ကတည်းက ကျွန်တော်တို့တွေ တစ်ပိုင်းမှမလွတ်အောင်ကြည့်ခဲ့ရတဲ့ ဒရာမာလေး တင်ဆက်ပေးပါဦးမယ် ဟာသကားကြိုက်တတ်တဲ့သူတွေတော့ အကုန်မှတ်မိကြမယ်ထင်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ မင်ဂီတို့ သူငယ်ချင်းလေးယောက်က ဟုန်းဒယ်မှာ နာမည်ကြီးလို့အမည်တပ်ခံရတဲ့ rock band ဖြစ်ခဲ့ရာက နောက် ၇ နှစ်လည်းကြာတော့ တစ်ယောက်တစ်နေရာစီနဲ့ ငမွဲတွေဖြစ်သွားကြတယ်မွဲတကာ့ထိပ်ခေါင်တွေဖြစ်နေတုန်းမှာပဲ အယ်လ်ဘမ်အသစ်ထုတ်ချင်နေတဲ့ မင်ဂီက သူရဲ့အဘွား အမွေပေးထားတဲ့ လယ်မှာ မုန်ညင်းထုပ်စိုက်ရောင်းမယ်ဆိုပြီး မင်ဂီကပဲ သူငယ်ချင်းတွေကို လိုက်စည်းရုံး ရွာပြန်ပြီး လယ်လုပ်ကြတာက ဇာတ်လမ်းစတာပါပဲရော့ခ်စတား မြို့သားကြီးတွေ ရွာပြန်လယ်စိုက်တော့ တစ်နေ့တစ်မျိုးမရိုးရအောင်ကို အမှားတွေရော အလွဲတွေရော ဖြစ်ကြရော... ရွာသားတွေကလည်း မခေဘူး တစ်ယောက်တစ်မျိုးဇာတ်လမ်းတွေနဲ့... နောက်ဆုံးကျ မင်ဂီတို့ သူတို့မျှော်လင့်ထားသလို အချီကြီးပွပြီး နောက်ထပ် အယ်လ်ဘမ်ထုတ်နိုင်ဦးမလားဆိုတာကို ကြည့်ရမှာပါပြောရရင် ဒီဇာတ်လမ်းတွဲက K drama ကြည့်နေကျမဟုတ်တဲ့သူတွေတောင် သဘောကျတဲ့ဇာတ်လမ်းပါ ဟာသကြိုက်တဲ့လူတွေအတွက်တော့ ကလိမထိုးဘဲရယ်ရမယ့် ဇာတ်လမ်းမျိုးပါCast တွေကလည်း Lee Ha Nee, Lee Hong Ki. Park Min ...
8.6
TMDb: 8.6/10 7 votes
tv

Modern Farmer (2014)

2014
Another Miss Oh(2016) 8.2
Another Miss Oh(2016) Another Miss Oh(2016) ဇာတ်လမ်းတွဲ**********************************အပိုင်း ( ၁ မှ ၁၈) ထိ စ/ဆုံးWHY HER (2022) ဇာတ်လမ်းတွဲထဲက မမ အိုဆူဂျယ်ရဲ့ဇာတ်လမ်းတွဲကောင်းဖြစ်တဲ့ ဒီစီးရီးလေးကိုတင်ဆက်ပေးလိုက်ပါတယ်..ဒီဇာတ်လမ်းတွဲဟာ သူမရဲ့အကောင်းဆုံးစီးရီးတွေထဲက တစ်ခုဖြစ်လို့အားပေးတဲ့သူလည်း များပြားလှပါတယ်...ဒါ့ကြောင့် CM ကနေ ရုပ်ထွက်အကောင်းဆုံး 1080Pလေးနဲ့တင်ဆက်ပေးလိုက်တာမို့ မိုးအေးအေးလေးနဲ့ခံစားချင်သူများအတွက်အဆင်ပြေမယ်လို့ထင်ပါတယ်...ဒီဇာတ်လမ်းတွဲထဲမှာတော့ သူမက မင်္ဂါလာဆောင်ခါနီး တစ်ရက်အလိုမှာတင်သတို့သားနဲ့ သတို့သားနဲ့ ခွာပြဲခဲ့တာကြောင့် မိသားစုအသိုင်းအဝန်းကြားမျက်နှာပျက်ခဲ့ရပါတယ်...ဒါ့အပြင် အလုပ်မှာလည်းအဆင်မပြေမှုများစွာနဲ့ဖြတ်သန်းနေရတဲ့ကောင်မလေးပေါ့...ဒီလိုကံကြမ္မာဆိုးဟာ တကယ်တော့ ယောင်္ကျားလေးတစ်ယောက်ကြောင့်ဖြစ်ရတယ်ဆိုလည်းမမှားပါဘူး...ဒီလိုယောင်္ကျားနဲ့ဆုံဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့...ဒီဇာတ်လမ်းတွဲဟာ ရယ်ရတဲ့အခိုက်အတန့်တွေလည်းရှိသလိုသနားရ ဝမ်းနည်းရ ကြည်နူးရနဲ့မို့ ရသစုံလင်တဲ့ဇာတ်လမ်းတွဲလေးလို့လည်းဆိုနိုင်ပါတယ်...မင်းသား,မင်းသမီးတွေကလည်းနာမည်ကြီးတွေမို့ ခံစားကြည့်ကြပါဦး..Episodes: 18Aired: Jun 10, 2022 - Jul 23, 2022File Size: 1.4GB & 500MBQuality :Web-DL 1080p,720pGenres: Comedy, Romance, LifeTranslated by Hnin Wut Ye,ChitThe, Estel,So Ri,Thynn ...
8.2
TMDb: 8.2/10 152 votes
tv

Another Miss Oh(2016)

2016
Damo ( 2003 ) 8
Damo ( 2003 ) ချယ်အို့ ဆိုတဲ့အမျိုးသမီးလေးဟာ ဂျိုဆွန်းခေတ် စစ်ဆေးရေးဌာနရဲ့ထက်မြတ်တဲ့ ဒါမိုတစ်ယောက်ပါ။ ဒါမိုတွေဟာ စစ်ဆေးရေးဌာနမှာလုပ်ကိုင်ရတဲ့အမျိုးသမီးစစ်ဆေးရေးမှူးတွေဖြစ်ပေမယ့် အဆင့်အတန်းကတော့လက်ဖက်ရည်ဆက်သရတဲ့အစေခံတွေနဲ့မခြားမနားပါပဲ။ချယ်အို့ရဲ့အထက်အရာရှိဖြစ်သူ ဟွမ်ဘိုယွန်းကတော့ ချယ်အို့ကိုငယ်ငယ်ကတည်းက စောင့်ရှောက်ခဲ့သူဖြစ်ပြီး မေတ္တာသက်ဝင်နေသူပါ။တိုင်းပြည်ကိုကမောက်ကမဖြစ်စေတဲ့ ဒုစရိုက်မှုတွေနဲ့ အထက်တန်းလွှာတွေရဲ့အုပ်စိုးမှုကို တော်လှန်ဖို့ကြိုးစားနေသူကတော့ ဂျောင်ဆောင်းဘဲ့ဆိုတဲ့သူပုန်ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ ဒီလိုနဲ့ ဟွမ်ဘိုယွန်းရဲ့လက်အောက်ကနေ ဒုစရိုက်မှုတွေကို အမြစ်ပြတ်တွန်းလှန်ဖို့ကြိုးစားနေတဲ့ချယ်အို့တစ်ယောက် အမှုတွေကိုစုံစမ်းရင်းနဲ့ သူနဲ့ သူပုန်ခေါင်းဆောင်ဂျောင်ဆောင်းဘဲ့တို့အကြားဆက်နွယ်မှုတစ်ခုရှိနေတာသိလိုက်ရပါတယ်။ဒီဇာတ်လမ်းလေးမှာတော့ Chae ok အဖြစ်သရုပ်ဆောင်ထားတဲ့Ha Ji Won တစ်ယောက် အနှိမ်ခံလူတန်းစားအနေနဲ့ဘယ်လိုရပ်တည်ချက်တွေနဲ့ အထက်တန်းလွှာတွေကို ဆန့်ကျင်မလဲ ?အထက်အရာရှိကိုမှ မြတ်နိုးမိနေတဲ့ သူ့အချစ်ရေးကရောကြည်နူးစရာဖြစ်လာမှာလား ကြေကွဲစရာဖြစ်လာမှာလား ?သူပုန်ခေါင်းဆောင်ဖြစ်နေတဲ့ အစ်ကိုဂျောင်ဆောင်းဘဲ့နဲ့ရောဘယ်လိုတွေ ရင်ဆိုင်သွားမလဲ ? ဆိုတာတွေကို Ha Ji wonရဲ့အမိုက်စားဓါးသိုင်းတွေနဲ့အတူ ရင်တဖိုဖိုနဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။တွဲဖက်သရုပ်ဆောင်တွေအနေနဲ့လည်း Yi San အဖြစ် ပရိသတ်တွေကိုဆွဲဆောင်နိုင်ခဲ့တဲ့ တစ်ခေတ်တစ်ခါက ပါးချိုင့်မင်းသားကြီးLee Seo Jinနဲ့ ဗီလိန်အနေနဲ့ ပရိသတ်တွေလူသိများကြတဲ့၏Jang Sung Baek တို့က ပါဝင်ထားတာမို့ ...
8
TMDb: 8/10 5 votes
tv

Damo ( 2003 )

2003
Athena: Goddess of War(2010) 6
Athena: Goddess of War(2010) Athena: Goddess of War(2010)ဇာတ်လမ်းတွဲအညွှန်း***********************************************အပိုင်းသစ်(၁ မှ ၂၀ထိ ) စ/ဆုံးဒီစီးရီးဟာ ကိုရီးယားစီးရီးသမိုင်းရဲ့ ဘက်ဂျက်အများဆုံးအသုံးနိုင်ဆုံးစာရင်းမှာ ဒုတိယချိတ်တယ်လို့ဆိုတယ်...နံပါတ်(၁)ကတော့ လီဗြောင်ဟွန်းတို့ရဲ့ IRIS (2009) ပေါ့....အခုစီးရီးဟာ  IRIS(2009)ရဲ့ Spin-Off စီးရီးတစ်ခုဖြစ်တာမို့သူ့ချည်းသပ်သပ်ကြည့်လို့ရပါတယ်...ဒီစီးရီးက Castတွေက ထိပ်တန်းသရုပ်ဆောင်တွေချည်းဖြစ်သလိုဘက်ဂျက်အများကြီးသုံးထားလို့ ရိုက်ချက်တွေကလည်း အတော်ကြီးမိုက်ပါတယ်...Ongoing တွေစောင့်ရင်းနဲ့  အက်ရှင်စွန့်စားခန်းရသလေးခံစားပြီးတစ်နေ့တာရဲ့ ပေါင်းကူးတံတားလေးဖြစ်အောင် တင်ဆက်ပေးလိုက်ပါတယ်...တစ်ရက်ကို (၂)ပိုင်းတင်ဆက်ပေးပါ့မယ်...အပိုင်း(၂၀)ရှိတာမို့  (၁၀)ရက်ဆိုပြတ်ပါတယ်....တကယ့်ကို ကြမ်းတမ်းရက်စက်လွန်းတဲ့ Son Hyulk ဆိုတဲ့လူ ခေါင်းဆောင်တဲ့ "အက်သီနာ" ဆိုသောအကြမ်းဖက်အဖွဲ့ဟာ တောင်ကိုရီးယားနိုင်ငံနဲ့ ကမ္ဘာကို ခြိမ်းခြောက်လာခဲ့ပါတယ်။၎င်းတို့ရဲ့ ရက်စက်ယုတ်မာတဲ့ ပူးပေါင်းကြံစည်မှုကြီးကို တားဆီးရမဲ့တာဝန်ကတော့အမျိုးသားလုံခြုံရေးအေဂျင်စီ မှ အထူးအေးဂျင့် Lee Jung Woo ရဲ့ ခေါင်းပေါ်ကိုရောက်လာခဲ့ပါတယ်။သူတို့ဟာ တောင်ကိုရီးယားသမ္မတရဲ့ သမီးဖြစ်သူ Joo Soo Young ကို ပြန်ပေးစွဲထားပြီးတော့အီတလီမှာဖွက်ထားပါတယ်။ ပျောက်ဆုံးနေတဲ့ သမ္မတရဲ့ သမီးကိုပြန်ရှာပြီးနေရပ်ကိုပြန်ခေါ်လာဖို့ Jung Woo ...
6
TMDb: 6/10 7 votes
tv

Athena: Goddess of War(2010)

2010
Undercover (2021) 10
Undercover (2021) Undercover (2021)၁၉၉၁ ခုနှစ်က ဆန္ဒပြမှု ကနေ စခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ် .....ဒုက္ခတောတွေကြားက ဆွတ်ပျံ့ကြည်နူးဖွယ်ရာ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကနေ ...... ပျော်ရွှင်ဖွယ်ရာ နွေးထွေးတဲ့ မိသားစု ဘဝလေး တစ်ခုဆီသို့ ......ဟန်ဂျောင်ဟွန်း ဆိုတဲ့ ကောင်လေး နဲ့ ချွဲယွန်းဆူ ဆိုတဲ့ ကောင်မလေး ရဲ့ အချစ်ဇာတ်လမ်းကနေ ......လျှို့ဝှက်ပြီး သည်းထိတ်ရင်ဖို ဖြစ်ရတဲ့ နိုင်ငံရေးဇာတ်လမ်းတစ်ပုဒ် ဖြစ်လာခဲ့ပါတော့တယ်။ရှေ့နေမလေး ချွဲယွန်းဆူ က ရိုးသားပြီး အရည်အချင်းရှိတဲ့ ကောင်မလေး။သူ မသိလိုက်တာက သူ့အမျိုးသားက ထိပ်တန်းလျှို့ဝှက် သူလျှိုတစ်ယောက်။ဒီကိစ္စတွေကို ချွဲယွန်ဆူးတစ်ယောက် ဘယ်အချိန်မှာ သိရှိလိုက်ရတာလဲဆိုတာကတော့ အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေးဌာနမှူး အဖြစ် သူမကို လျာထားလိုက်တဲ့အချိန်မှာ စပါတော့တယ်။သူတို့မိသားစုထဲကို ထင်မှတ်မထားတဲ့အချိန်တစ်ခုက ရောက်ရှိလာပါတော့တယ် .....နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဇာတ်လမ်းတွဲကောင်း တစ်ပုဒ်ဖြစ်ပြီးတော့ ၂၀၁၆ ခုနှစ်က BBC က ထုတ်လွှင့်ခဲ့တဲ့ Undercover ဆိုတဲ့ ဇာတ်လမ်းတွဲကို နာမည် မပြောင်းလဲဘဲ ထုတ်လွှင့်ခဲ့တာပါ။မူရင်းဇာတ်လမ်းတွဲတုန်းကလည်း ...
10
TMDb: 10/10 1 votes
tv

Undercover (2021)

2021
Warm and Cozy(2015)[Complete] 6.4
Warm and Cozy(2015)[Complete] Warm and Cozy(2015)ဇာတ်လမ်းတွဲအညွှန်း*************************************အပိုင်း(၁ မှ ၁၆ ထိ) စ/ဆုံးWarm & Cozy ဆိုတဲ့စီးရီးဟာ ကြည်လင်အေးမြတဲ့ အလှတရားတွေပေါင်းထည့်ထားတဲ့ဇာတ်လမ်းတွဲလေးလို့ဆိုချင်တယ်..လောင်ရတဲ့စီးရီးတွေကျွန်တော်တို့ သဘောကျတယ်..လက်ရှိလောကမှာလည်း ဒီလိုမျိုးတွေကြုံဆုံနေကြရတာပဲမလား... ...ကျွန်တော်တို့ဟာ တစ်ခါတစ်ရံ ညှို့အားပျင်းတဲ့ နှင်းဆီရနံကို ရှုရှိုက်ချင်သလို လတ်ဆတ်တဲ့လေပြေလေညှင်းလေးကိုလည်း မျက်လုံးမှိတ်ရင်း ခပ်ပြုံးပြုံးလေး ခံစားချင်တတ်ကြတာ သဘာဝပဲမဟုတ်လား... Warm & Cozy ထဲမှာ တော့ Dr. Romantic , Hospital Playlist တွေနဲ့ မြန်မာပရိတ်သတ်အကြားလူသိများတဲ့ ခပ်ဖြောင့် ဖြောင့်ကောင်လေး Yoo Yeon Seok နဲ့ Doctor Stranger ထဲမှာ မင်းသားနဲ့ ညားပါစေလို့ ဆုတောင်းခဲ့သလောက် မပြည့်ခဲ့ရတဲ့ ဂျစ်ကန်ကန်ကောင်မလေး Kang So Ra တို့ပါဝင်ထားပါတယ်... ပြီးတော့ Second Leadတွေကလည်း အကုန်ခပ်ဖြောင့်ဖြောင့်တွေချည်းပါပဲ...အလန်းဆုံးကတော့ ဂျယ်ဂျူကျွန်းရဲ့အလှအပတွေကို ခံစားရတာပါပဲ.. ပန်းခင်းမျိုးစုံနဲ့ ပင်လယ်ပြင်အလှနဲ့ ကိုယ်တိုင်ရောက်သွားသလိုကိုခံစားရတာပါ...အညွှန်းတော့ ထွေထွေထူးထူးမရေးတော့ပါဘူး....အပိုင်း(၁၆)ပိုင်းရှိပြီး တစ်ရက်ကို ...
6.4
TMDb: 6.4/10 4 votes
tv

Warm and Cozy(2015)[Complete]

2015
Perfume (2019)[ စ /ဆုံး ] 8
Perfume (2019)[ စ /ဆုံး ] Perfume (2019)[ စ /ဆုံး ]*****************************Perfume ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့Perfume ဆိုတဲ့ ongoing series အသစ်လေးပဲဖြစ်ပါတယ်ဒီဇာတ်လမ်းလေးကတော့ June လ 3 ရက်နေ့က KBS2 Channel ကနေထုတ်လွှင့်ပြသခဲ့တာပါCast တွေအနေနဲ့ကတော့ စောအီဒို အဖြစ် Shin Sung-rok (The Last Empress)မင်ယယ်ရင် အဖြစ် Ko Won-hee (Your House Helper)ဟန်ဂျီနာ အဖြစ် Cha Ye-ryunယွန်းမင်ဆော့ အဖြစ် Kim Min-kyu တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းကတော့ မင်ဂျယ်ဟီးဟာအိမ်ထောင်ရှင်မတစ်ယောက်ဖြစ်ပြီးအဝလွန်နေတဲ့သူတစ်ယောက်ပါသူမဟာ ယောက်ျားဖြစ်သူရဲ့ ပစ်ပယ်မှုသမီးဖြစ်သူရဲ့ ဂရုမစိုက်မှုရယ်ကြောင့် ကိုယ့်ကိုကိုယ်ယုံကြည်မှုကင်းမဲ့ပြီးသတ်သေဖို့ကြိုးစားခဲ့ပါတယ် ဒါပေမဲ့မအောင်မြင်ခဲ့ပဲ နောက်ဆုံးမှာထူးဆန်းတဲ့ရေမွှေးပုလင်းတစ်ခုကြောင့် သူမရဲ့ ငယ်ဘဝက ပုံစံကို ပြန်လည်ရရှိခဲ့ပြီးမင်ယယ်ရင်အဖြစ်နေထိုင်ခဲ့ပါတယ် စောအီဒိုကတော့ အောင်မြင်ကျော်ကြားတဲ့ဒီဇိုင်နာတစ်ဦးဖြစ်ပြီး သူ့ကိုယ်သူ အထင်ကြီးလွန်းတဲ့သူတစ်ယောက်ပါတစ်ရက်မှာ စောအီဒိုရဲ့ ဖက်ရှင်ရှိုးပွဲမှာ အဓိကမော်ဒယ်ရုတ်တရက်ဆေးရုံတက်လိုက်ရတဲ့အတွက် မော်ဒယ်အစားထိုးဖို့လိုလာခဲ့ပါတယ်အဲ့အချိန်မှာ ပွဲကိုရောက်နေတဲ့ မင်ဂျယ်ဟီးကို မော်ဒယ်အစားထိုးထည့်ခဲ့ပါတယ်အဲ့လိုနဲ့မင်ဂျယ်ဟီးက ...
8
TMDb: 8/10 1 votes
tv

Perfume (2019)[ စ /ဆုံး ]

2019
Lawless Lawyer (2018) [COMPLETE] 6
Lawless Lawyer (2018) [COMPLETE] အားလုံးစောင့်မျှော်နေကြတဲ့ စီးရီးသစ်လေး Lawless Lawyerကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးကတော့ဥပဒေနဲ့လျှို့ဝျက်သည်းဖိုဆိုင်ရာဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။အပိုင်း ၁၆ပိုင်းပါဝင်မယ်လို့ ပြောထားပြီး tvN ရုပ်သံလိုင်းကနေ မေလ ၁၂ ရက်နေ့ကနေ ဇွန်လ ၁ ရက်နေ့ထိ စနေ၊တနင်္ဂနွေနေ့တိုင်း ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။အချစ်ကားတေRoကားတွေနဲ့ငြီးငွေ့နေတဲ့ပရိသတ်ကြီးအတွက်တော့အကြိုက်တွေ့မှာပါ။ဒီဇာတ်ကားမှာ မင်းသားလီဂျွန်ကီနဲ့ မင်းသမီး ဆိုရီဂျီတို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။အားလုံးရဲ့ အချစ်တော် လီဂျွန်ကီ သရုပ်ဆောင်ထားတာမို့ အားလုံးကစိတ်ဝင်စားနေတဲ့စီးရီးဆိုလဲမမှားပါဘူး။ငယ်ငယ်ကတည်းက မိခင်ဖြစ်သူအသတ်ခံရတာကို မျက်စိရှေ့မှာမြင်တွေ့ခဲ့ရတဲ့ကလေးလေး ဘုံဆောင်းဖီ။နီးစပ်ရာ ရဲကို အကူအညီတောင်းခဲ့ပေမယ့် ဥပဒေဆိုတာမသမာသူတွေလက်ထဲရောက်ရင်အသုံးမဝင်ဘူးဆိုတာ သိသွားခဲ့တဲ့ သူဟာကြီးလာတော့ ရှေ့နေတစ်ယောက်ဖြစ်လာခဲ့ပြီး မိခင်အတွက်လက်စားချေဖို့စီစဉ်ခဲ့ပါတယ်။နောက်ပိုင်းဆတ်ဆတ်ထိမခံ ရှေ့နေမလေး ဟာဂျယ်အီနဲ့ ပူးပေါင်းမိကာ အမှုအခင်းတွေကို အများနဲ့မတူတဲ့နည်းလမ်းတွေနဲ့ဘယ်လိုစုံစမ်းဖော်ထုတ်ကြမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ကိုရီးယားစီးရီးကောင်းလေးတွေကိုမျှော်လင့်နေတဲ့CMပရိသတ်ကြီးအတွက်ဒီLawless Lawyerဆိုတဲ့စီးရီးလေးကိုတင်ဆက်ပေးလိုက်ပါတယ်။  Translator - Aye Mon Kyaw / Carey Nyein / HJ SH /Kyar Phyu Lwn Encoder - Kyaw Ye Aung ...
6
TMDb: 6/10 1 votes
tv

Lawless Lawyer (2018) [COMPLETE]

2018