Channel Myanmar

Lee Re

Castaway Diva(2023)[Complete]
Castaway Diva(2023)[Complete] Castaway Diva(2023)********************အပိုင်း ( ၁ မှ ၁၂ ) ထိ စ/ဆုံးငယ်ငယ်လေးတည်းက အဆိုတော်ဖြစ်ချင်လွန်းလှတဲ့ ဒေသိယစကားသံဝဲဝဲလေးနဲ့ ကောင်မလေး Seo Mok Ha .. အလယ်တန်းရောက်တော့ အဆိုပြိုင်ပွဲတစ်ခုမှာဝင်ပြိုင်ရင်း ပြိုင်ပွဲမှာအနိုင်ရရှိခဲ့တယ်။ သီချင်းဆိုရတာကိုရူးသွပ်တဲ့ Mok Ha က တစ်နေ့မှာ နယ်ကနေ ဆိုးလ်ကို လူရွေးပွဲဝင်ပြိုင်ဖို့အသွား လမ်းမှာမတော်တဆမှုတစ်ခုဖြစ်ပြီး လူသူကင်းမဲ့တဲ့ကျွန်းကြီးတစ်ကျွန်းမှာသောင်တင်သွားခဲ့ရတော့တယ်။ အဆိုတော်မကြီးဖြစ်ချင်တဲ့ကောင်မလေးတစ်ယောက် လူဆိုလို့သူ့အပြင်မရှိတဲ့ကျွန်းကြီးမှာ ၁၅ နှစ်ကြာ တစ်ယောက်တည်း အခက်အခဲဆင်းရဲဒုက္ခတွေနဲ့ရင်ဆိုင်ရင်း တစ်နေ့မှာတော့ ကျွန်းကြီးပေါ်ကနေ ပြန်အကယ်တင်ခံခဲ့ရပါတော့တယ်။ ၁၅ နှစ်လုံးလုံးကင်းကွာနေခဲ့တဲ့လူ့ပတ်ဝန်းကျင်ကိုပြန်ရောက်လာပြီး အပြောင်းအလဲတွေနဲ့အသားကျအောင်ကြိုးစားရင်း ဘာတွေဖြစ်ဦးမလဲ .. သူ့ရဲ့အဆိုတော်ဖြစ်ချင်တဲ့အိပ်မက်ကိုရော ဆက်အကောင်အထည်ဖော်နိုင်ဦးမလား ..။Cast တွေအနေနဲ့ကတော့ “ဝူယောင်းဝူ” ဇာတ်ကောင်နဲ့ ချီးကျုးမှုတွေ တစ်ခဲနက်ရရှိခဲ့ပြီး Daesang ဆုကြီးအထိပါသိမ်းပိုက်နိုင်ခဲ့တဲ့ “Park Eun Bin” နဲ့ “Nevertheless” ဇာတ်ကားနဲ့ အာလူးလေးလို့လူသိများခဲ့တဲ့ “Chae Jong Hyeop” တို့က အဓိကပါဝင်သွားမှာဖြစ်သလို CM ကနေ အပတ်စဉ် စနေ, တနင်္ဂနွေတိုင်း ...

Castaway Diva(2023)[Complete]

2023
Hellbound (2021) 10
Hellbound (2021) Hellbound (2021)အားလုံးမျှော်လင့်နေကြတဲ့ Hellbound ကတော့ ထွက်ရှိလို့လာပါပြီHellbound ဆိုတာ ဘယ်လိုဇာတ်လမ်းမျိုးလဲ??Webtoon ကို အခြေခံထားပြီး နာမည်ကြီး Train to Busan ရုပ်ရှင်ရဲ့ ဒါရိုက်တာ ကိုယ်တိုင် ရိုက်ကူးပုံဖော်ပေးထားတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ် ဒါရိုက်တာတင် နာမည်ကြီးရုံမကပါဘူး Yoo Ah In,Woo jin A,Kim Hyun Joo စတဲ့ နာမည်ကြီးမင်းသားမင်းသမီးတွေ ပါဝင်သရုပ်ဆောင်ထားတာမလို့ ပရိတ်သတ်အားလုံး အကြိုက်တွေ့စေမှာ သေချာပါတယ်"မင်းမကြာခင်သေဆုံးတော့မယ်" ဆိုတဲ့ စကားကိုကြားမိရင် တုန်လှုပ်မိမှာလား ဒါမှမဟုတ် မဖြစ်နိုင်တဲ့ ပေါက်ကရစကားတွေကို နားကြားမှားတာလို့ ထင်မိကြမှာလား????ဒီဇာတ်လမ်းလေးမှာတော့ လူတွေဟာ သူတို့သေဆုံးတော့မယ်ဆိုရင် ကြိုတင်နိမိတ်ပြတဲ့အနေနဲ့ "မင်းမကြာခင်သေဆုံးတော့မယ်"ဆိုတဲ့စကားကို ကြားရလေ့ရှိပါတယ် အဲ့လိုကြားပြီး သေဆုံးမဲ့အချိန်မှာမှ ငရဲသားတမန်တော်က သူတို့ရှေ့မှာပေါ်လာပြီးတော့ သူတို့ကိုသတ်ပစ်တာပါဇာတ်ကောင်တွေကို မိတ်ဆက်ကြည့်ရအောင်...Jung Jin Soo ကတော့ ဘာသာရေးအသင်းအဖွဲ့ အသစ် Saejinrihwe ရဲ့ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ် သူက ဒီငရဲသားတမန်တော်တွေက ငရဲကလာတဲ့အကြောင်း ဘုရားသခင်ရဲ့တည်ရှိမှုကိုဖော်ပြတဲ့အကြောင်း စတဲ့ ဘာသာရေးအယူဝါဒတွေကို ဟောပြောတဲ့သူပါJin Soo ...
10
TMDb: 10/10 1 votes
tv

Hellbound (2021)

2021
Hometown ( 2021 )
Hometown ( 2021 ) ဆန်းကြယ်တဲ့ကွင်းဆက်လူသတ်မှုနဲ့ သဘာဝမဆန်တဲ့အရာတွေကို ရှာဖွေသိရှိခဲ့ရတဲ့၁၉၉၉ ခုနှစ်က နယ်မြိုလေးတစ်ခုကို အခြေတည်ထားပါတယ်၁၉၈၉ ခုနှစ်မှာ အကြမ်းဖက်သမား Jo Kyung Ho ဟာ ဂျပန်နိုင်ငံမှာ ပညာသင်ပြီးနောက်တောင်ကိုရီးယားနိုင်ငံကိုပြန်လာကာ သူ့ရဲ့မွေးရပ်မြေက ဘူတာရုံတစ်ခုမှာ Sarin gas ကိုထုတ်လွှတ်ကာ ခရီးသည်တွေကိုသေစေခဲ့တာကြောင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရပါတယ်သူ့ရဲ့သမီးဖြစ်သူ Jo Jae Young ကိုတော့ ညီမဖြစ်သူ Jo Jung Hyun ဆီသိုလွှတ်ကာ နေထိုင်စေခဲ့ပါတယ်ဆယ်နှစ်ကြာပြီးတဲ့နောက် လူသတ်မှုဖြစ်တဲ့ဖြစ်တဲ့ နယ်မြိုလေးကို ရောက်ရှိလာတဲ့စုံထောက် Choi Hyun ဟာ လူသတ်မှုတွေဟာ အကြမ်းဖက်သမားတွေနဲ့တစ်နည်းနည်းပက်သက်နေတယ်လို သံသရှိနေခဲ့ပါတယ်......လွန်ခဲ့တဲ့ ၁၀ နှစ်ကအကြမ်းဖက်သမားတွေရဲ့ရန်ကနေ ဇနီးသည်ကို မကာကွယ်နိုင်တာကြောင့်အပြစ်ရှိစိတ်ဖြစိနေတဲ့ Choi Hyun ဟာ Jung Hyun ရဲ့တူမဖြစ်သူပျောက်ဆုံးသွားရာက အမှုကို စတင်စုံစမ်းခဲ့ပါတော့တယ်Jung Hyun တစ်ယောက် အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရချိန်Choi Hyun နဲ့လက်တွဲကာ အမှန်တရားကို ...

Hometown ( 2021 )

2021
Hello, Me! (2021) 6
Hello, Me! (2021) Hello, Me! (2021)ဇတ်လမ်းအညွှန်း*******************************အပိုင်း (၁ မှ ၁၆) ထိ စ/ဆုံး "ဘန်ဟာနီ"ဆိုတဲ့ အသက်၃၇နှစ်အရွယ် မိန်းမပျိုတစ်ဦးဟာကင်းမွန်မုန့်ရောင်းတဲ့အလုပ်ကို လုပ်ကိုင်နေသူတစ်ဦးပါ။သူမဟာ ကားတိုက်ခံရပြီး ဆေးရုံရောက်သွားတဲ့အချိန်မှာအသက်ပြန်မရှင်ချင်လောက်အောင် ဘ၀ကိုစိတ်ပျက်ငြီးငွေ့နေသူဖြစ်ပါတယ်။ဒီလိုနဲ့ ဆေးရုံရောက်သွားပြီး သတိပြန်ရလာတဲ့အခါမှာသူမရဲ့ ဘေးကုတင်မှာ သူမရဲ့အတိတ် ၁၇နှစ်အရွယ်ဘန်ဟာနီကို တွေ့လိုက်ရတဲ့အချိန်မှာ အံ့ဩထိတ်လန့်သွားခဲ့တယ်။၁၇နှစ်အရွယ် ဘန်ဟာနီဟာ တောက်ပကာ အကောင်းမြင်စိတ်ရှိပြီး၃၇နှစ်အရွယ် ဘန်ဟာနီနဲ့ လုံး၀ကွဲပြားခြား‌နားနေတာကို တွေ့ရပါတယ်။ဒီလိုမျိုး ၁၇နှစ်အရွယ် ဘန်ဟာနီနဲ့၃၇အရွယ် ဘန်ဟာနီတို့ တွေ့ဆုံကြပြီး ဘာတွေဆက်ဖြစ်ကြမယ်။အချိန်ကာလကရော လူ့ဘ၀ကို ဘယ်လောက်ထိပြောင်းလဲသွားစေနိုင်တယ်လဲဆိုတာကို"Hello, me!"ဆိုတဲ့ drama လေးမှာ စောင့်မျှော်ကြည့်ရှုကြပါလို့ တိုက်တွန်းအပ်ပါတယ်။ ဒီဇတ်လမ်းတွဲလေးကို ဘာသာပြန်ပေးကြသူများကတော့ Ei Phyu Khin, Khine Khine Wai, Saintthiri Wai ...
6
TMDb: 6/10 1 votes
tv

Hello, Me! (2021)

2021
The Chaser (2012) 8
The Chaser (2012) CM Fan တွေကို ၂၀၁၂ ဝန်းကျင်က အောင်မြင်ခဲ့တဲ့ တီဗီဇတ်လမ်းတွဲလေး တစ်ခု နဲ့ မိတ်ဆက်ပေးပါမယ် ဘတ်ဟွန်းဆော့ ဆိုတဲ့ ရဲ တစ်ယောက်ဟာ ရိုးသားပြီး အများကို ကူညီတက်သလို မတရားမှုတွေကိုလဲ လက်ပိုက် ကြည့်မနေတက်ပါဘူး သူ့မှာ ချစ်ရတဲ့ ဇနီး နဲ့ အထက်တန်း တက်နေတဲ့ သမီးလေး ရှိပါတယ် တစ်ရက်မှာတော့ သမီးလေး Show ပွဲ တစ်ခုကြည့်ပြီးအပြန် ကားတိုက် ခံလိုက်ရပါတယ် ကားတိုက်ခံရတဲ့ အရှိန်နည်းနည်းလျော့လို့ သတိလည်နေသေးပေမယ့် ကားနဲ့ တိုက်တဲ့ သူတွေက အမှုပတ်မှာ ဆိုးလို့ မသေမချင်း ကားနဲ့ နောက်ပြန်လှည့်ပြီး ဘီးနဲ့ ကြိတ်ပါတယ် မသေမချင်းပါ ကလေးမလေးကတော့ ငိုပြီးသာ အကူအညီတောင်းနေခဲ့ရပါတယ် နောက်မှာတော့ ကလေးမလေး မသေပဲ ဆေးရုံရောက်ခဲ့ပြီး ဖခင်ဖြစ်သူကလဲ အမှု လိုက်စုံစမ်းတဲ့ အခါမှာ ဒါပေမယ့် သူလိုက်နေတဲ့ တရားခံက ကိုရီးယားနိုင်ငံရဲ့ လက်တံရှည်တဲ့ အကြီးဆုံး ခရိုနီ ကြီး ရဲ့ သမီးဖြစ်ပြီး ဝန်ကြီးချူပ်လောင်း ရဲ့ ဇနီး ဖြစ်နေတယ်ဆိုတာကိုတော့ သူ မသိခဲ့သော အခါ..... ဒီဇတ်လမ်းလေးဟာ ငွေများတရားနိုင် ဥပဒေကို လက်တလုံးခြားလုပ်နိုင်တဲ့ ခရိုနီ တွေ နဲ့ မဲလိမ် ...
8
TMDb: 8/10 1 votes
tv

The Chaser (2012)

2012
Memories of the Alhambra (2018) [COMPLETE]
Memories of the Alhambra (2018) [COMPLETE] Memories of the Alhambra (2018)ဇာတ်လမ်းတွဲMemories of Alhambra ဟာ AR (Augmented Reality) game အမျိုးအစားကို ဇာတ်အိမ်တည်ပြီး အဓိက ရိုက်ကူးထားပါတယ်...Korea မှာ ပထမဦးဆုံး သုံးထားတဲ့ Suspense Thriller Romance Series ပြောရင်လည်းမမှားပါဘူး..."Jin woo ဆိုတဲ့ Game တီထွင်တဲ့ စီးပွားရေးပညာရှင်တစ်ယောက်ရှိတယ်.. ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်နေတဲ့သူတစ်ယောက်...တစ်နေ့တော့ အမည်မသိ တစ်ယောက်မှသူ့ကိုဖုန်းခေါ်လာတယ်...ဂိမ်းတစ်ခုဖန်တီးထားတဲ့အကြောင်းရယ်..သူဖန်တီးထားတဲ့ဂိမ်းကို ဒုစရိုက်သမားများကဝယ်ဖို့ တွန်းအားပေးခံနေရတဲ့အကြောင်းရယ်ဂိမ်းနဲ့ပတ်သက်နဲ့ Mail တစ်ခုလည်းပို့ထားပြီး သူဂိမ်းအခြေတည်ရာနေရာကိုပြောပြီးဖုန်းချသွားတယ်..Jin woo လည်း Mail ဖွင့်ကြည့်ပြီးတဲ့အချိန်မှာ ဒီဂိမ်းကိုစိတ်ဝင်စားလွန်းတော့ ချက်ချင်း ဖုန်းခေါ်ဆိုသူပြောတဲ့နေရာကိုလိုက်သွားတယ်...အဲ့ဒီမှာအံအားသင့်စရာကောင်းလောက်တဲ့ ဂိမ်းပုံစံနဲ့ တခြားမသာမာသူတွေပတ်သက်နေမှန်း Jin Woo တစ်ယောက်သိလိုက်ရချိန်မှာတော့....ဒီကားက Korea, Spain, Hungary နဲ့ Slovenia မှာ ရိုက်ကူးထားလေတော့ မြင်ကွင်းစုံ ရှုခင်းစုံနဲ့ခံစားရမယ့် အပြင်ကွီးယားကားသိပ်သဘောမကျတဲ့ ဂိမ်မာ ယောင်္ကျားလေးတွေတောင်ကြည့်သင့်တယ်လို့ညွှန်းဆိုပါရစေ...(ဘာသာပြန်တင်ဆက်ထားသူများကတော့ CM Family မှ ...

Memories of the Alhambra (2018) [COMPLETE]

2018
Please Come Back, Mister 7
Please Come Back, Mister ဒီစီးရီးလေးကတော့ ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့Rain,  Oh Yeon-Seo , Lee Min-Jung တို့ဦးဆောင်ပါဝင်ထားပါတယ်...တခြားစီးရီးတွေနဲ့မတူတာကတော့ ဒီစီးရီးလေးရဲ့အစပိုင်းမှာလုပ်ငန်းခွင်စိတ်ဖိစီးမှု့တွေကြောင့်နောက်ဆုံးမှာကိုယ့်ကိုကိုယ်အဆုံးစီရင်သလိုဖြစ်သွားတဲ့ယောကျာင်္းတစ်ယောက်နဲ့ချစ်သူရဲ့ပစ်ခွာမှု့တွေနဲ့အတူ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ယောကျာင်္းတစ်ယောက်တို့ရဲ့သေဆုံးခြင်းနဲ့အတူစတင်ထားပါတယ်...သူတို့နှစ်ယောက်ဟာသေဆုံးပြီးတဲ့အချိန်မှာ ကောင်းကင်ဘုံကိုသွားလို့ရပေမယ့်လည်းတစ်ယောက်ကသူချစ်တဲ့ မိန်းမနဲ့သမီးလေးရဲ့စိတ်နဲ့လူ့ပြည်ကိုပြန်လာဖို့ဆုံးဖြတ်လိုက်ပါတယ်...နောက်တစ်ယောက်ကလည်း သူချစ်တဲ ချစ်သူကိုကာကွယ်ပေးချင်တဲ့စိတ်နဲ့လူ့ပြည်ပြန်လာဖို့ဆုံးဖြတ်လိုက်ပြန်ပါတယ်..ဒါပေမယ့် သူတို့ဟာ သေဆုံးပြီးသားလူတွေဖြစ်လို့သူတို့ရဲ့ခန္ဓာကိုယ်တွေနဲ့ပြန်လာလို့မရတော့ပါဘူး..ဒါကြောင့် သူတို့နဲ့သင်တော်မယ့်လူတွေရဲ့ ပုံစံကိုယူပြီးမှပြန်လာခဲ့ရပါတယ်...ဒါကြောင့် အဲဒီယောကျာင်္းနှစ်ယောက်မှာ တစ်ယောက်ကယောကျာင်္းပီသတဲ့စော်ကြည်ဘဲ ကိုယ်ခန္ဓာကိုရပြီးတော့နောက်တစ်ယောက်က ခပ်လန်းလန်းစော်လေးတစ်ယောက်ရဲ့ခန္ဓာကိုယ်ကိုရလိုက်ပါတယ်..ဒါကလည်း ဇာတ်လမ်းကို တကယ်အသက်ဝင်စေတဲ့အချက်တစ်ခုဆိုရင်လည်းမမှားပါဘူး...သူတို့နှစ်ယောက်ရဲ့ကမောက်ကမအလွဲတွေနဲ့ရယ်ရစေသလိုကောင်းမွန်လှတဲ့ ဇာတ်အိမ်တည်ဆောက်မှု့တွေကြောင့်ဝမ်းနည်းစရာလည်းကောင်းပါတယ်...ကြည့်ပြီးတဲ့သူများရှိကြသလို မကြည့်ရသေးတဲ့လူများလည်းQuality ကောင်းကောင်းနဲ့ကြည့်လို့ရအောင်တင်ဆက်ပေးလိုက်ပါတယ်.... Quality ... HDTV 720p Running Times ... 01:00:00 Encoder .... Moe Myint LwinComplete Zip VIP  /  Yoteshin[1-8]  /  Yoteshin[9-16] Episode ( 1 )
7
TMDb: 7/10 7 votes
tv

Please Come Back, Mister

2016