Channel Myanmar

Action

Shōgun (2024) 10
Shōgun (2024) Game of Thrones လိုမျိုး နယ်မြေလုတာ အာဏာလုတာတွေနဲ့ရက်ရက်စက်စက်တိုက်ခိုက်တဲ့ ဇာတ်ဝင်ခန်းတွေကို ကြိုက်ရင်အမေရိကန်-ဂျပန် ဗားရှင်း GoT လို့ပြောရမဲ့Shogun ဇာတ်လမ်းတွဲကိုကြည့်လိုက်ပါ။နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ Hiroyuki Sanada၊ Anna Sawai တို့ပါဝင်ထားပြီး ၁၉၇၅ တုန်းက ဝတ္ထုကို ရိုက်ကူးထားတာဖြစ်ပါတယ်။ သမိုင်းဖြစ်ရပ်မှန်တွေကို စိတ်ကူးယဉ်နဲ့ ရောစပ်ဖန်တီးထားတာပါ။ဒီရုပ်ရှင်ထဲက လမ်းပြ ဘလက်သွန်းဟာ အပြင်မှာတကယ်ရှိခဲ့တဲ့ ဂျပန်ကိုပထမဆုံးရောက်တဲ့ အင်္ဂလိပ်လမ်းပြWilliam Adams ကို အခြေခံထားသလို ယိုရှီ တာရာနာဂါ ဇာတ်ကောင်ဟာတိုကူဂါဝါ စစ်ဘုရင်အုပ်ချုပ်ရေးကို တည်ထောင်ခဲ့တဲ့တိုကူဂါဝါ အီအဲယဆု ကို အခြေခံထားတာပါ။ ဇာတ်လမ်းအကျဉ်း၁၆၀၀ ပြည့်နှစ်မှာ အင်္ဂလိပ်လမ်းပြ ပရိုတက်စတင့်ဘာသာဝင်တစ်ယောက်ဟာဂျပန်ကို လှေနဲ့ ပထမဆုံး ရောက်လာပါတယ်။အဲဒီကာလမှာ ပေါ်တူဂီကသလစ်တွေဟာ ဂျပန်နဲ့ ကုန်သွယ်ပြီးအရမ်းမြတ်စွန်းနေကြတဲ့ကာလဖြစ်ပါတယ်။အခြား ဥရောပနိုင်ငံတွေကိုလည်း ဂျပန်ရဲ့ တည်နေရာကိုမသိအောင် ဖုံးထားပါတယ်။ပေါ်တူဂီတွေရဲ့ မဟာရန်သူဖြစ်တဲ့ ပရိုတက်စတင့်ဘာသာဝင်ဟော်လန်လှေတွေ ဂျပန်ကိုရောက်လာချိန်မှာပဲ၊ ဂျပန်မှာလည်းဘုရင်ခံချုပ်(တိုင်ကိုး) ကွယ်လွန်သွားပြီး အမွေခံ သားငယ်လေးပဲကျန်ခဲ့တာကြောင့် ...
10
TMDb: 10/10 2 votes
tv

Shōgun (2024)

2024
One Piece(1999) 8.712
One Piece(1999)  IMDb 8.9/10 Crunchyroll 4.9/5 MyAnineList 8.7/10 ဂျပန်ကာတွန်း​တွေရဲ့ကြီးသုံးကြီးမှာပါတဲ့ one pieceဟာစထွက်ရာက​နေအခုထိ ပရိသတ်​တွေတိုးပွား​နေဆဲပါ။ဂျပန်ကာတွန်း​တွေထဲမှာ​ berserkတို့၊ AoTတို့ဆိုရင် ဇာတ်လမ်းပိုင်းအ​ကောင်းဆုံး​တွေလို့သတ်မှတ်ကြသလိုပဲ one pieceကိုလည်းအ​ကောင်းဆုံး adventureစီးရီး၊ mangaကို animeအဖြစ်အသက်သွင်းတဲ့​နေရာမှာလည်း one pieceက အ​ကောင်းဆုံးလို့​ပြောရင်မှားမယ်မထင်ပါဘူး။ ပြီး​တော့ ဒီစီးရီးဘယ်​လောက်​တောင်​ကောင်းလဲညွှန်းရမယ်ဆိုရင် အပိုင်း၁​ထောင်​ကျော်​နေပြီဆို​ပေမဲ့ one piece fan​တွေဟာ ဇာတ်လမ်းပြီးမှာ​တောင် စိုးရိမ်မိကြတဲ့အထိ လွှမ်းမိုးနိုင်​နေတာပါ။ဇာတ်လမ်းအကျဥ်းကို​ပြောရရင်​တော့ချမ်းသာမှု၊ ​ကျော်ကြားမှု၊ သြဇာရှိမှု​တွေကို ပိုင်ဆိုင်တဲ့ ​ပင်လယ်ဓါးပြ​ဘုရင်ကြီးကို ​ရေတပ်ကဖမ်းဆီးပြီး ကွပ်မျက်ဖို့လုပ်ခဲ့ပါတယ်။မကွပ်မျက်ခင်မှာ ကွပ်မျက်ပွဲကိုလာကြည့်တဲ့ လူ​တွေထဲက​နေ ​ကျော်ကြီးဟာ ပင်လယ်ဓါးပြဘုရင်ကြီးကို​မေးခွန်းတစ်ခုလှမ်း​မေးခဲ့ပါတယ်။"ဘဲကြီးခင်ဗျားပိုင်တဲ့ရတနာ​တွေဘယ်မှာထားခဲ့လဲ။ one pieceဆိုတာ​​ရောတကယ်ရှိလား""သိပ်ရှိတာ​ပေါ့။ ညိုကီ​ရာငါပိုင်ဆိုင်တဲ့ရတနာ​တွေကိုအဲ့ဒီ​နေရာမှာထားခဲ့ခဲ့....ဗျစ်"ဆိုပြီး​ပြော​နေတုန်းမှာ ​ရေတပ်ကကွပ်မျက်ခဲ့တာ​ကြောင့် စကား​တောင်မဆုံးခဲ့ရှာပါဘူး။ဒါ​ပေမဲ့ one pieceရှိတယ်ဆိုတာကိုအတည်ပြုခဲ့တာ​ကြောင့်ပင်လယ်ထဲကိုလူ​တွေအသီးသီးထွက်ကုန်တာ​ကြောင့် ပင်လယ်ဓါးပြ​ခေတ်ကြီးတ​ခေတ်ထလာခဲ့ပါ​တော့တယ်။ အဲ့ဒီလူ​တွေထဲမှာငဖီဆို​တော့ အ​ရှေ့ပင်လယ်ပြာက ​တောသား​လေးလည်းပါပြီးပင်လယ်ထဲရွက်လွှင့်ကာ ပင်လယ်ဓါးပြအဖွဲ့ဖွဲ့ဖို့ အဖွဲ့သားသစ်​တွေစု​ဆောင်းရာက​နေ one pieceဆိုတဲ့မဟာဇာတ်ထုပ်ကြီးဖြစ်​​ပေါ်လာပါ​တော့တယ်..... File Size –  336MB/173MB  @EpisodeQuality – 720p / 1080pDuration ...
8.712
TMDb: 8.712/10 3524 votes
tv

One Piece(1999)

1999
Burning Flames
Burning Flames ဒီတစ်ခါမှာ CM ပရိသတ်တွေကော Ren Jia Lun ပရိသတ်တို့အကြာကြီးစောင့်မျှော်ခဲ့ရတဲ့ Wu Geng Ji ဆိုတဲ့ Anime ကိုပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့ မီးလျှံကြားမှသူရဲကောင်းဝူကန်း ဆိုတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းရာကတော့ လူ့ပြည်မှာအလွန်အေးချမ်းသာယာလွန်းလှတဲ့ ရှင်းတိုင်းပြည်မှာ ဝူကန်းဆိုတဲ့ မင်းသားလေးတစ်ပါးရှိသတဲ့။ ဒီလိုအေးချမ်းသာယာလွန်းတဲ့ ရှင်းတိုင်းပြည်ကိုတနေ့မှာတော့ ကံဆိုးခြင်းပေါင်းများစွာသယ်ဆောင်လာခဲ့ပါတော့တယ်။ ဒါကတော့ လူသားဆိုတာကထာဝရနတ်မျိုးနွယ်ရဲ့ ကျေးကျွန်လို့ခံယူထားကြတဲ့နတ်မျိုးနွယ်တွေကရှင်းတိုင်းပြည်ကိုလာခြယ်လှယ်ကြရင်းသွေးချောင်းစီးတဲ့ စစ်ပွဲဖြစ်ခဲ့ကြတယ်။ စစ်မြေပြင်မှာတင် ဝူကန်းရဲ့ခမည်းတော်ဘုရင်က နတ်ရွာစံသွားပြီးဝူကန်းရဲ့မယ်တော်ကတော့ နတ်စွမ်းအားပိုင်ဆိုင်ထားတဲ့လူသားမျိုးနွယ်စုဝင်ဖြစ်တာကြောင့် သူ မသေဆုံးခင်မှာဝူကန်းကိုနတ်စွမ်းအားတွေလွှဲပေးခဲ့တယ်။ ဒီလိုနဲ့တိုင်းပြည်ပျက်သုဉ်းသွားတဲ့အခါ ဝူကန်းဟာတိုင်းပြည်မင်းသားဘဝကနေအနိမ့်ကျဆုံးအစေခံဘဝထိရောက်သွားပြီး ခက်ခဲကြမ်းတမ်းစွာရုန်းကန်းနေပေမဲ့လည်း တိုင်းပြည်ပျက်သုဉ်းပြီးမိဘနှစ်ပါးသေဆုံးခဲ့တဲ့ရန်ငြိုးကတော့မပျက်ပြယ်ပဲ ခိုင်မာတည်ရှိနေခဲ့တယ်။ဒီရန်ငြိုးကိုလက်စားချေဖို့ရာ ဝူကန်းကအဖိုးဖြစ်သူ ဖူရှီးနောက်လိုက်ပြီးသိုင်းပညာတွေကော နတ်စွမ်းအားတွေကိုပါ ကျင့်ကြံလေ့ကျင့်အားထုတ်ခဲ့တယ်။ ဒီလိုလေ့ကျင့်ရင်းနဲ့သနားကြင်နာတတ်တဲ့ ပိုင်ချိုက်မိန်းကလေးနဲ့ ဝူကန်းရဲ့ဦးလေးဖြစ်သူ ကျီယွီတို့သင်ပေးမှုအောက်မှာ အန္တရာယ်အခက်အခဲဘေးဒုက္ခတွေအတူတူရင်ဆိုင်ဖြေရှင်းကြတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။လူ့ပြည်နဲ့နတ်ပြည်စစ်ပွဲကြီးဘယ်လိုအဆုံးသတ်လိုက်ကြမလဲ။ မိဘနှစ်ပါးနှင့်တိုင်းပြည်ပါ ဆုံးရူံးရတဲ့ရန်ငြိုးကိုဘယ်လိုလက်စားချေကြမလဲ။ ပျက်သုဉ်းသွားတဲ့အမိတိုင်းပြည်ကို ဘယ်လိုပြန်တည်ထောင်မလဲစတဲ့ အမိုက်စားဇာတ်ကွက်တွေနှင့်သာမက သိုင်းလောကပရိသတ်တွေအကြာကြီး စောင့်မျှော်ခဲ့ရတဲ့ ဇာတ်လမ်းတွဲလေးဖြစ်တာကြောင့်လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင်။====================================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Drama, Action, Fantasy, Mystery Runtime : 45 min Subtitle : Myanmar ...

Burning Flames

2024
Bandidos (2024) 7.6
Bandidos (2024)  ရတနာသိုက်ကိုလိုက်ရှာတဲ့ စွန့်စားခန်းဇာတ်လမ်းတွေကိုကြိုက်နှစ်သက်သူတွေအတွက် Netflixရဲ့အသစ်စက်စက်စပိန်ဇာတ်လမ်းတွဲဖြစ်တဲ့ Bandidos၊ စပိန်ဓားပြကားတွေဘယ်လောက်လန်းလဲဆိုတာကို Money Heist က သက်သေပြထားတာမလို့ ဒီကားလေးရော စိတ်တိုင်းကျဖြစ်ပါ့မလားဆိုတာ ရှုစားကြည့်လိုက်ရအောင်ပါ။ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီးမီဂဲလ်က ငယ်စဉ်ကတည်းကအဖေဖြစ်သူ နာမည်ကျော် ရှေးဟောင်းသုတေသနပညာရှင်ဂျူအန်မိုရာလိစ်နဲ့အတူ ရှေးဟောင်းရတနာသိုက်တွေလိုက်ရှင်းရင်းကြီးပြင်းလာသူဆိုတော့ ရှေးဟောင်းပစ္စည်းတွေနဲ့ အကျွမ်းတဝင်ရှိသူပါ။ဒါပေမဲ့ အဖေ့လိုလူရိုသေရှင်ရိုသေ ရှေးဟောင်းသုတေသီဖြစ်မလာဘဲဦးလေးနဲ့ပေါင်းပြီး ခိုးဆိုးလုနှိုက်ပေါက်စဖြစ်လာတဲ့သိုးမည်းလေးပေါ့။ဒီလိုနဲ့ အဖေဖြစ်သူ အယ်ဇိုင်းမားဖြစ်လာတော့ ဘုရားစူးဂုဏ်ယူရတဲ့သားတော်မောင်ကိုမမှတ်မိတော့ဘဲ သူ့ရဲ့တပည့် တက်သစ်စသုတေသီအာရီရယ်ကိုပဲမှတ်မိနေလို့ ကြိတ်မနိုင်ခဲမရဖြစ်နေတာကတစ်ဖက်၊အဖေ့ဆေးဖိုးနဲ့ အကြွေးပတ်လည်ဝိုင်းနေတာကတစ်ဖက်ကြောင့်အစွမ်းပြချင်နေတော့တာပေါ့။ဒီလိုနဲ့ တစ်နေ့ ဟိုတယ်မှာအလုပ်လုပ်ရင်း ဂျူအန်မိုရာလိစ်ဆိုတဲ့နာမည်နဲ့လာရှာတဲ့ ဖာနန်ဒက်ဇ်ဆိုသူဆီကနေ ခန်းနိုင်ငံနောက်ဆုံးဘုရင်ရဲ့ရွှေရတနာသိုက်အကြောင်း လမ်းစရသွားလေတော့ နဂိုထဲကဇလေးနဲ့မီဂဲလ်တစ်ယောက် အကြွေးနွံကနေအလွတ်ရုန်းဖို့ ရတနာသိုက်ရှာမယ်တကဲကဲဖြစ်ပြီး လူစုပါတော့တယ်။ဒါပေမဲ့ ရတနာသိုက်အကြောင်းကို သူတို့လိုပဲလမ်းစရပြီး သူတို့ထက်ဦးသွားတဲ့သူတွေလည်းရှိနေတဲ့ မီဂဲလ်၊ ဦးလေးဝီဆင်၊ တစ်ချိန်ကလုပ်ဖော်ကိုင်ဖက်တစ်ဖြစ်လည်း တိတ်တခိုးချစ်ရတဲ့လီလီနဲ့ လူးကပ်စ်တို့၄ ယောက် ရတနာသိုက်ကို လက်ဦးမှုရယူဖို့ ဘယ်လိုကြိုးစားမလဲဆိုတာကြည့်ရှုခံစားလိုက်ရအောင်ပါ....   File Size –  863  MB / 398 MB (@Episode)Quality –WEB-DL ...
7.6
TMDb: 7.6/10 5 votes
tv

Bandidos (2024)

2024
Flex X Cop (2024)
Flex X Cop (2024) Flex X Cop (2024)******************အပိုင်းသစ် (၁၄) ဒီတစ်ခါ တင်ဆက်ပေးသွားမဲ့ ကားလေးက Ahn Bo Hyun နဲ့ Park Ji Hyun တို့ပါဝင်ထားတဲ့ အမိုက်စား အက်ရှင်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ~လူချမ်းသာသူဌေးမိသားစုကြီးတစ်ခုရဲ့ ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေပြီး မိသားစုရဲ့ နောက်ခံနဲ့စုံထောက်ဖြစ်လာဖို့ အကြောင်းဖန်လာတဲ့ သူဌေးသားလေး ဂျင်အီဆူ ( Ahn Bo Hyun )အလုပ်ထဲမှာပဲ စိတ်နှစ်မြုပ်ပြီး တရားခံကို ဖမ်းဖို့ပဲ စိတ်အားထက်သန်နေတဲ့ အလုပ်ကိုအရမ်းချစ်မြတ်နိုးတဲ့ အကြမ်းဖက်ရာဇဝတ်မှုအဖွဲ့ရဲ့ ရဲရင့်တဲ့ စုံထောက်မလေး အီဂန်ဟျွန်း ( Park Ji Hyun )ဂျင်အီဆူက သူဌေးသားဆိုတဲ့အတိုင်း အလုပ်လုပ်တဲ့နေရာမှာလည်း သူ့ရဲ့ ချမ်းသာကြွယ်ဝမှု၊မိသားစုနောက်ခံနဲ့ အဆက်အသွယ်တွေ သုံးပြီး လူဆိုးတွေ ဖမ်းလေ့ရှိတယ်။အဲဒီလို သူဌေးသားက စုံထောက်လုပ်နေတော့ အလုပ်မှာပဲ ဘဝကို ပုံအောထားတဲ့စုံထောက်မလေး အီဂန်ဟျွန်းအတွက်တော့ မျက်စိဆံပင်မွှေးဆူးစရာဖြစ်နေတော့တာပေါ့။အဲဒီလိုနဲ့ ဒီနှစ်ယောက်ဟာ ...

Flex X Cop (2024)

2024
Masters of the Air (2024) 5
Masters of the Air (2024) Masters of the Air (သွေးချောင်းစီးတဲ့-၁၀၀) Ongoing ~ IMDb - 8.8/10, Rotten Tomatoes - 85% ~ ဒုတိယကမ္ဘာစစ်ရဲ့ နာမည်ကျော် အမေရိကန်လေတပ် အမှတ်-၈ (နာမည်ပြောင် Mighty Eighth) ရဲ့ ဖြစ်ရပ်မှန်စစ်ဆင်ရေးတွေကို အခြေခံပြီးရိုက်ကူးထားတဲ့ စီးရီးအသစ်ထွက်လာပါပြီ။ ဒီဇာတ်လမ်းရဲ့အဓိကတပ်ဖွဲ့ကတော့ အမှတ်-၈ လေတပ်လက်အောက်ခံ အမှတ်-၁၀၀ ဗုံးကျဲလေယာဉ်အုပ်နဲ့ နာမည်ကျော် ဘီ-၁၇ မိုးပျံခံတပ်အကြောင်းပဲ ဖြစ်ပါတယ်။ ဒီဗုံးကျဲလေယာဉ်အုပ်ဟာ အကျအဆုံးများလွန်းလို့ သွေးချောင်းစီး-၁၀၀ လို့ နာမည်ပြောင်ပေးထားရတဲ့အထိ ရှေ့တန်းမှာ တိုက်ခဲ့ရတာပါ။ ဒီစီးရီးဟာ Band of Brothers နဲ့ The Pacific စီးရီးတို့နဲ့ ဖြစ်ရပ်ဆက်စပ်တာမို့ စီးရီး ၃ ခုပေါင်းပြီးကြည့်လို့ရတဲ့သဘောပါပဲ။ တကယ့်စစ်ကားကြီးတွေလို အထူးပြုလုပ်ချက်တွေနဲ့ ရိုက်ကူးထားတာမို့ အတော်ကြည့်ကောင်းပါတယ်။ Band of Brothers ရဲ့ ...
5
TMDb: 5/10 1 votes
tv

Masters of the Air (2024)

2024
Pyramid Game(2024)
Pyramid Game(2024) Pyramid Game(2024)********************အပိုင်းသစ် (၇+၈)Webcomic တစ်ခုကို အခြေခံထားပြီးရိုက်ကူးထားတဲ့ psychological thriller အမျိုးအစားစီးရီးဖြစ်ပါတယ်..သရုပ်ဆောင်တွေအနေနဲ့ twenty five twenty one ထဲက သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အပြင်Kpop girl group member တစ်ယောက်လည်းဖြစ်တဲ့ Bona, Jang Da-A, Ryu Da In, Shin Seul Ki,Kang Na Eon, Jung Ha Dam တို့က ပါဝင်သရုပ်ဆောင်ထားတာပါပဲဖြစ်ပါတယ်ဆောင်းဆူးဂျီလို့ ခေါ်တဲ့ ကောင်မလေးတစ်ယောက်က ဆိုးလ်မှာရှိတဲ့ဘဲ့ဂယွန်းအမျိုးသမီးအထက်တန်းကျောင်းကိုပြောင်းလာတာကနေ ထူးဆန်းတဲ့ မဲပေးစနစ်ရှိတဲ့ game မှာပါဝင်လာဖို့ဖြစ်လာပါတော့တယ်။ တစ်လတစ်ခါ မဲပေးရပြီး “F”အဆင့်ရတဲ့သူကဘတစ်ကျောင်းလုံးရဲ့ အနိုင်ကျင့်ခံရဖို့တားဂတ်ဖြစ်လာမှာဖြစ်ပြီး main cast တစ်ဦးဖြစ်တဲ့ bona (ဆောင်းဆူးဂျီ) က ကံမကောင်းစွာနဲ့ဘဲ “F”ရပြီးတော့ တားဂတ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ကျောင်းသူဆောင်းဆူးဂျီတစ်ယောက် သူမရဲ့အခက်အခဲတွေကနေ လွတ်မြောက်အောင် ကြိုးစားပုံတွေနဲ့ဒီ pyramid game ကို အဆုံးသတ်သွားအောင် ...

Pyramid Game(2024)

2024
Fear the Walking Dead (2015) 7.683
Fear the Walking Dead (2015) Fear the Walking Dead [Season 1] ကဲ အစားတွေမှ ကြိုက်တယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် အစားတလိုင်း စီးရီးလာပါပြီ။ Fear the Walking Dead ရှေ့ စီစန် ၃ ခုက The Walking Dead ရဲ့ Spin-off ဖြစ်ပါတယ်။ဇာတ်ကြောင်းကတော့ ထွေထွေထူးထူး ပြောနေဖို့ လိုမယ်မထင်ပါဘူး။ ဒီစီစန်ရဲ့ Zombie Apocalypse မြစ်ဖျားခံရာကတော့ Los Angeles မြို့ပဲ ဖြစ်ပါတယ်။ FTWD မှာ Los Angeles မြို့သားတွေကတော့ သာမန်အခြေအနေနဲ့ သွားလာလှုပ်ရှားနေဆဲပါ။ တချို့သော နေရာတွေမှာတော့ ဗိုင်းရပ်စ်လား ဘာလားမသိသေးတဲ့ အရာတစ်ခုက ဒုက္ခပေးနေတဲ့ သတင်းကို သိကြသူတချို့လည်း ရှိတော့နေပါပြီ။တစ်ရက်မှာတော့ ဘယ်လောက်ပစ်ပစ် မသေတဲ့ လူတစ်ယောက်ရဲ့ ဗီဒီယိုမှတ်တမ်းနဲ့အတူ ဒီသတင်းကြီးက LA ကို ...
7.683
TMDb: 7.683/10 4715 votes
tv

Fear the Walking Dead (2015)

2015
Baby Bandito (2024) 6.1
Baby Bandito (2024) Baby Bandito (2024) =============== IMDb Rating - 6.1/10 Crime , DramaNetflix ရဲ့ စပိန်စကားပြော လူငယ်ဓားပြဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ စပိန်တွေက ဓားပြတိုက်တာ‌တော့ အတော်ကြိုက်ပုံရတယ်။ အခုဇာတ်လမ်း တွဲမှာလည်း..ချီလီရဲ့ ဆင်းရဲသားရပ်ကွက်မှာကြီးပြင်းလာတဲ့ စကိတ်သမား လေး ကယ်ဗင်တာပီယာဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးက ချီလီနိုင် ရာစုနှစ်ရဲ့ အကြီးဆုံး ဓားပြမှုကြီးကို လုပ်ခဲ့တဲ့အကြောင်းကိုဖြစ်ရပ်မှန် ရိုက် ကူးထားတာဖြစ်ပါတယ်။အစိုးရ ဗဟိုဘဏ်ကနေ အေတီအမ်စက်တွေမှာထည့်ဖို့ ပီဆိုငွေသား ၄ ဘီလီ ယံကို လေဆိပ်ကိုပို့လိုက်မယ်ဆိုတဲ့ သတင်းကိုကြားတဲ့ နယ်ခံလူမိုက်ဂိုဏ်း ဘွတ်ချာအဖွဲ့ဟာ ဒီငွေတွေကို ဝင်လုဖို့ ဆုံးဖြတ်ပြီး အစီအစဉ်တွေအသေးစိတ် ဆွဲထားပါတယ်။ ဒီအစီအစဉ်တွေကို ဓားပြလက်ထဲကနေ သူခိုးပြန်လုပ်မယ့် သူကတော့ ကယ်ဗင်တာပီယာခေါ် ကလေးဓားပြ( Baby Bandito )လို့နာမည် ပြောင်ပေးထားခံရသူဖြစ်ပါတယ်။သူဒီငွေတွေကို ဘယ်လိုလုယူပြီးနောက်ဆက်တွဲအကျိုးဆက်တွေကို ဘယ်လို ရင်ဆိုင်သွားမလဲဆိုတာကို ဖြစ်ရပ်မှန်ပေါ် အခြေခံရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။)File Size.............(300 MB) / (800 MB) Quality...............WEB-DL 720p ...
6.1
TMDb: 6.1/10 1465 votes
tv

Baby Bandito (2024)

2024
White Cat Legend
White Cat Legend တရုတ်ဇာတ်လမ်းတွဲကောင်းလေးများကို အမြဲဘာသာပြန်တင်ဆက်ပေးနေတဲ့ CM ကနေ ခုတစ်ခေါက်လည်း တရုတ်ကားပရိတ်သတ်တွေ အကြိုက်တွေ့စေမယ့်ရှေးခေတ်မှုခင်းစုံစမ်းရေးကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီကားလေးထဲမှာ Main casts တွေအနေနဲ့ The romance of tiger and rose ကားနဲ့ နာမည်ရလာခဲ့တဲ့ Ding Yuxi ကတော့ တရားစီရင်ရေးဌာနရဲ့ခေါင်းဆောင် ကြောင်ဖြူလီပင်(မကောင်းဆိုးဝါးပင်)အဖြစ် A little reunion ကားထဲမှာ လူကြိုက်များခဲ့တဲ့ Zhou Qi က ဒီကားထဲမှာ သွက်လက်တဲ့ လယ်သမားလေးကနေမှ တရားစီရင်ရေးဌာနရဲ့ ဟင်းချက်ဝါသနာပါတဲ့ စာရေးဖြစ်လာခဲ့တဲ့ ချန်ရှီအဖြစ် Ding Jiawen ကစာပေနဲ့ပန်းချီပညာမှာတော်တဲ့ ‌တရားစီရင်ရေးဌာနရဲ့မော်ကွန်းထိန်း ချွေးပေ့အဖြစ်Zhang Yicong ကသိုင်းပညာကျွမ်းကျင်တဲ့ တရားစီရင်ရေးဌာနက ကိုယ်ရံတော် စွန်းပေါက်အဖြစ် Feng Man က‌တော့ မိန်းကလေးလိုပြင်ဆင်ရာမှာကျွမ်းကျင်တဲ့ တရားစီရင်ရေးဌာနက မှတ်တမ်းမှူးဝမ်ချီးအဖြစ် Wa er ကတရုတ်ရိုးရာယဉ်ကျေးမှုကို စိတ်ဝင်စားတဲ့ တိုင်းတစ်ပါးကနေလာပြီး တရားစီရင်ရေးဌာနမှာ ကိုယ်ရံတော်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့အားလီပါပါအဖြစ် အသီးသီးပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ တရုတ်သမိုင်းရဲ့တစ်ဦးတည်းသော အမျိုးသမီးဧကရာဇ် ဝူကျယ်ထျန်းလက်ထက်ကို အခြေခံပြီးရိုက်ကူးထားပုံရပါတယ်ထန်ခေတ်ရဲ့ညစာစားပွဲတစ်ခုမှာ တိုင်းပြည်ရဲ့ ဧကရာဇ်က လီပင်ကို တရားစီရင်ရေးဌာနရဲ့ ခေါင်းဆောင်အဖြစ်ခန့်အပ်လိုက်ရာကနေမှ လီပင် ...

White Cat Legend

2024
Queen of Divorce (2024)
Queen of Divorce (2024) Queen of Divorce (2024)*****************************အပိုင်းသစ် (၁၂) ဒီဇာတ်ကားလေးကတော့ Extraordinary Attorney Woo ကားထဲက ​ရှေ့​နေ​ဂျန်မြောင်​ဆော့နဲ့ Penthhouse ထဲက ရှင်းဆူယွန်းတို့အဓိက ပါဝင်သရုပ်​ဆောင်ထားတာတဲ့ အချစ်ဟာသ ဒရာမာလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းKim Sara (Lee Ji Ah)က ကိုရီးယားနိုင်ငံရဲ့ အကြီးဆုံး ဥပ​ဒေ ကုမ္ပဏီတစ်ခုရဲ့​ချွေးမတစ်​​​​ယောက်ဖြစ်ပြီး သူမ​ယောက်ျားရဲ့ သစ္စာ​ဖောက်မှုခံရပြီး​နောက်မှာတော့ကွာရှင်းမှု​တွေကို​ဖြေရှင်းတဲ့သူအဖြစ် လုပ်ကိုင်​နေပါတယ်။မ​ကောင်းတဲ့ အိမ်​ထောင်ဖက်​တွေကို အပြစ်​ပေးပြီး တရားမျှတမှုမရှိကွာရှင်းခံရတဲ့ သူ​တွေကို အကူအညီ​ပေးနေတဲ့သူပေါ့။ဂျာမန်သိုးထိန်းခွေးလို့ ခေါ်ကြတဲ့ Dong Ki Joon( Kang Ki Young)ကတော့Sa Raရဲ့ Solution ကုမ္ပဏီက အကြံ​ပေး​ရှေ့​နေတစ်​ယောက်ပဲဖြစ်ပါတယ်။Sa Raနဲ့ Ki Joon တို့နှစ်​ယောက် ခက်ခဲတဲ့ ကွာရှင်းမှု​တွေကိုဘယ်လိုကိုင်တွယ်​ဖြေရှင်းကြမလဲ...။Sa Ra က​ရော သူ့ကိုသစ္စာ​ဖောက်ခဲ့တဲ့ သူ့ခင်ပွန်းဟောင်းကိုဘယ်လိုလက်စား​​ချေမလဲဆိုတာကို ဟာသဆန်ဆန် ​ကြည့်ရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းကိုတော့ Phyu Sin မှ ရေးသားထားပါတယ်။) Aired: ...

Queen of Divorce (2024)

2024
Roadkillers (2023)
Roadkillers (2023) Roadkillers 2023 (ဝဋ်) IMDb _ 6.6လုပ်မိတဲ့အတိုင်း ပြန်ခံရတဲ့ဝဋ်ကိုယုံကြပါသလား စောပြီးခံရတာနဲ့နောက်ကျမှခံရတာပဲကွာကြပါတယ် စိုက်ပျိုးတဲ့အတိုင်းရိတ်သိမ်းရတယ်ဆိုတဲ့စကားက ဒီတိုင်းဆိုထားတဲ့စကားတော့မဟုတ်နေဘူးပေါ့ လူတွေအများအပြား သေကျေပျက်စီးကြတဲ့ကိုဗစ်ကာလကြီးတစ်ခု..ဆေးရုံတွေမှာ အခန်းတွေမလောက်လို့ပိုစိုးရိမ်ရ ပိုအခြေအနေဆိုးတဲ့လူနာတွေကိုပဲရရာအခန်းပေးကြရနဲ့ အခန်းမရတဲ့လူနာတွေကိုတော့ ပြင်ပလျှောက်လမ်းမှာပဲညအိပ်စောင့်ကြရတဲ့အထိ လူတွေပြွတ်သိပ်နေတဲ့ဆေးရုံမှာစတေစီ့ဖခင်လည်းအပါအဝင်ပေါ့အခန်းရဖို့အသိအကူအညီနဲ့ကြိုးစားကြည့်ပေမဲ့ အခန်းရချင်ရင်လူတစ်ယောက်ဆေးရုံဆင်းဖို့ ဒါမှမဟုတ် သေဖို့သာဆုတောင်းနေဆိုတဲ့စကားလေးတစ်ခွန်းပဲအဖြေပြန်ရခဲ့တယ် ဒီလိုနဲ့ ဖခင်အတွက်ဆိုပြီးတော့မကြံကောင်းမစည်ရာတွေကြံစည်မိပြီး PPE ဝတ်စုံဝတ် လူနာခန်းတွေလိုက်ကြည့်ရင်း ၂နှစ်အတွင်းလူနာရှင်ဧည့်တွေတစ်ခါလေးတောင်မလာတဲ့ လူနာတစ်ယောက်ကိုတွေ့သွားတော့ အောက်ဆီဂျင်ပိုက်ဖြုတ်ပြီးလုပ်ကြံမိခဲ့တယ်ဒါပေမဲ့လည်း အချိန်လွန်မှအခန်းရလို့ဖခင်ဖြစ်သူကိုတော့အသက်မမှီလိုက်ဘူးပေါ့လေ ဒီဝဋ်ကြွေးကိုဘယ်လိုပြန်ဆပ်ရမလဲဆိုတော့ အလောင်းကိုပြန်သယ်လာတဲ့လမ်းမှာ အလောင်းခိုးခံရပြီးတော့ အဖေ့အလောင်းကိုပြန်လိုချင်ရင်ခိုင်းတဲ့အတိုင်းလုပ်ရမယ်ဆိုပြီး တစ်စတစ်စနဲ့လူပါသတ်ခိုင်းတဲ့အဆင့်မိရောက်လာခဲ့တဲ့အခါမှာတော့ ... ဘာတွေဆက်ဖြစ်သွားမယ်ဆိုတာဆက်လက်ရှုစားကြပါရှင်(အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni ~ BpL တို့ပဲဖြစ်ပါတယ်)File Size – 500MB (Appx;)@EpisodeQuality – 1080p WEB DL Duration – 45 minute (@Episode)Total Episodes: 4EpsSubtitle – Myanmar HardsubFormat – Mp4Genre : Action & Adventure, Crime, DramaTranslator – Yunni ~ BpL Encoder – YK Episode 1 - Yoteshin | ...

Roadkillers (2023)

2023
Scott Pilgrim Takes Off (2023) 8.2
Scott Pilgrim Takes Off (2023)  Netflixကနေပြီးတော့ ကြည့်လို့ကောင်းတဲ့ နောက်ထပ်spin off seriesလေးတစ်ခုတင်ဆက်လိုက်ပြန်ပါပြီ။မူရင်း Scott Pilgrim Comicကိုအခြေခံကာ adventureaction animationစီးရီးအဖြစ်ထွက်ရှိလာတာဖြစ်ပြီးအသံသရုပ်ဆောင်ပေးထားတဲ့ actorsတွေကလည်း၂၀၁၀ခုနှစ်က Scott Pilgrim vs. the Worldဇာတ်ကားထဲကသရုပ်ဆောင်တွေပါပဲ။ဆိုတော့ကပ္ပတိန်အမေရိကChris Evans၊ကပ္ပတိန်မာဗယ်Brie Larsonစတဲ့ ပရိသတ်အကြိုက် သရုပ်ဆောင်တွေလည်းပါတာပေါ့။ဇာတ်လမ်းအကျဥ်းကို ဆက်ကြပါစို့...။Scott Pilgrimဆိုတာကတော့ Ramona Flowersဆိုတဲ့ကောင်မလေးကို ကြိုက်မိတဲ့ အလုပ်အကိုင်မရှိနဲ့ဂစ်တာတီးဝိုင်းကကောင်လေးတစ်ယောက်ပါ။ဘယ်လောက်ကြိုက်မိလဲဆိုရင် အိပ်မက်ထဲအထိတောင်ထည့်မက်ရအောင်ကြိုက်ပါတယ်။သူအဲ့လောက်ကြိုက်မယ်ဆိုရင်လည်း ကြိုက်ချင်စရာပဲဗျ...ဘာလို့ဆို anmiatedပုံစံနဲ့ Ramonaလေးက အတော်ကိုချစ်စရာကောင်းတဲ့ပုံစံလေးပါ။သို့ပေမယ့် ဒီကောင်မလေးကို‌ လွယ်လွယ်နဲ့ကြိုက်ချင်တိုင်းကြိုက်လို့မရအောင် လိုက်နှောင့်ယှက်တဲ့သူတွေရှိနေပါတယ်...။သူတို့တွေကတော့ Ramonaရဲ့ ရည်းစားဟောင်း ဇိုး၇ယောက်နဲ့ဖွဲ့စည်းထားပြီး ရှေ့လူထက်နောက်လူ လက်စွမ်းထက်တဲ့ရည်းစားဟောင်းဇိုးများအဖွဲ့ပဲဖြစ်ပါတယ်။Ramonaကို ကြိုက်ချင်ရင် ဒီရည်းစားဟောင်း ဇိုး၇ယောက်ကိုအနိုင်ယူပြီးမှ ကြိုက်လို့ရပါမယ်...။ဒီတော့ Scott Pilgrimတစ်ယောက် Ramonaနဲ့လက်တွဲနိုင်ဖို့အတွက်ရည်းစားဟောင်းဇိုးများအဖွဲ့ကို အနိုင်ယူနိုင်ပါ့မလား...။အကယ်၍များ အနိုင်မယူနိုင်ဘဲ အသက်သေဆုံးသွားခဲ့ရင်ရောဇာတ်လမ်းကဘယ်လိုဆက်မလဲ...စတာတွေကို action ဆန်ဆန်မြင်တွေ့ရမှာမို့ ကြည့်ဖြစ်အောင်ကြည့်သင့်တဲ့ စီးရီးလေးပါပဲ...။၂၀၁၀ထွက်ဇာတ်ကားလေးကလည်း အတော်ကောင်းတဲ့ကားလေးမို့မကြည့်ရသေးရင်CMမှာ ရှာကြည့်နိုင်တာမို့ ထပ်မံညွှန်းပေးလိုက်ပါတယ်ဗျ။  File Size –  727 MB ...
8.2
TMDb: 8.2/10 196 votes
tv

Scott Pilgrim Takes Off (2023)

2023
House of Ninjas (2024) 8.068
House of Ninjas (2024) ရှားရှားပါးပါး ဂျပန်နင်ဂျာ စီးရီး အသစ်တစ်ခုထွက်လာပါတယ်။ရှေးခေတ်နင်ဂျာကားတွေနဲ့ မင်းသား the rain ရဲ့ နင်ဂျာကားနောက်ပိုင်းမှာ မထွက်တာ အတော်ကြာပါပြီ။ ဒီစီးရီးမှာတော့ နင်ဂျာတွေ ပေါပေါလောလော ပါလာပါပြီ။အဓိကဇာတ်လိုက်တွေဖြစ်တဲ့ တာဝါရာ မိသားစုဟာ ရှီနိုဘီ ခေါ် နင်ဂျာ မိသားစုပါ။ ဖေဖေနင်ဂျာ မေမေနင်ဂျာ သားသားမီးမီး အကုန်နင်ဂျာပါ။ သူတို့က နိုင်ငံကာကွယ်ရေးတာဝန်တွေကို လျို့ဝှက်ထမ်းဆောင်ခဲ့တဲ့ နင်ဂျာတွေဖြစ်ပြီး အနားယူနေကြတာပါ။ သူတို့ရဲ့ ရန်သူ ဖူမာ နင်ဂျာတွေကိုလည်း အပြတ်ရှင်းခဲ့ပြီမို့ အလုပ်မရှိတော့ဘူးလို့ ထင်နေကြတဲ့သူတွေပါ။ဒါပေမဲ့ နင်ဂျာ အန္တရာယ်တွေနဲ့ ရန်သူဟောင်းတွေ ပြန်ပေါ်လာပြီး သူတို့ရဲ့ အရင်အဆက်အသွယ်တွေကလည်း နင်ဂျာအဖြစ် စစ်ဆင်ရေးတွေလုပ်ဖို့ ပြန်လာခေါ်တဲ့အခါ တာဝါရာ မိသားစု လက်ရှိဘဝနဲ့ လျှို့ဝှက် နင်ဂျာတွေဘဝကြားမှာ ဘာတွေဖြစ်လာမလဲကြည့်ရတော့မှာ ဖြစ်ပါတယ်။ File size…(861 Mb)/(457 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:00:00 Genre...Action, Drama, ...
8.068
TMDb: 8.068/10 37 votes
tv

House of Ninjas (2024)

2024
Iwájú (2024) 6.5
Iwájú (2024) ဒီတခေါက်တင်ဆက်ပေးထားတာကတော့Disney plus က လတ်လတ်ဆတ်ဆတ်ထုတ်ထားတဲ့original animated အပိုင်း ၆ ပိုင်းပါ မီနီစီးရီးလေးပါIMDB rating 7.2 တောင် ရရှိထားတဲ့ sci-fic ကားကောင်းလေးပါပဲဇာတ်အိမ်ကိုကတော့ အနာဂတ်ကာလက နိုင်ဂျီးရီးယားနိုင်ငံလာဂိုစ့်မြို့လေးမှာ တည်ထားပါတယ်တိုလာ ဆိုတဲ့ ၁၀ နှစ်အရွယ်ကလေးမလေးနဲ့ သူ့သူငယ်ချင်းဖြစ်သူနည်းပညာကျွမ်းကျင်တဲ့‌ကောင်လေး ခိုလေး တို့ နှစ်ယောက်သားရဲ့အသီးသီးနေထိုင်ရာပတ်ဝန်းကျင်မှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေနဲ့ အန္တရာယ်တွေကိုရှာဖွေ့စွန့်စားကြတဲ့ ဇာတ်လမ်းတိုလေးဖြစ်ပါတယ်အပိုင်းတိုတိုလေးနဲ့မို့ အပျင်းပြေကြည့်ဖို့ရာအတွက် ဇာတ်လမ်းကောင်းလေးပါပဲနော်   File size…     400mb Quality… Web-DL 1080p Format… mp4 Duration…. 24m Genre ..... Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by CM Team EP 01 - Usersdrive / Yoteshin / Megaup / StreamvidEP 02 - ...
6.5
TMDb: 6.5/10 4 votes
tv

Iwájú (2024)

2024
Forbidden Love (2004) 5.6
Forbidden Love (2004) Forbidden love (2004) *********************အပိုင်း ၁ မှ ၁၆ စ/ဆုံးကိုယ်တွေငယ်ငယ်က အရမ်းကြိုက်ခဲ့ရတဲ့ မြေခွေးဇာတ်ကားလေးတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ခေါင်းဆောင်မင်းသမီးအနေနဲ့ Rain ရဲ့ဇနီးချောလေး ဂင်ထယ်ဟီးကိုယ်တိုင် သရုပ်ဆောင်ထားပြီး တစ်ခေတ်တစ်ခါက မင်းသားကြီးတွေနဲ့ မင်းသမီးကြီးများပါ ပါဝင်ထားတဲ့ သဘာဝလွန် အချစ်ဇာတ်လမ်းတွဲတစ်ပုဒ်ပဲ ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်း ---------------လူသားအသည်းကို စားသုံးမှ အသက်ဆက်ရှင်သန်နိုင်မဲ့ ရှားပါး အမြီးကိုးချောင်းမြေခွေးမျိုးနွယ်ဝင် ယွန်းရှီယွန်း ငယ်စဉ်ကတည်းက မိဘတွေကို ဆုံးရှုံးလိုက်ရတဲ့ ယွန်းရှီယွန်းကို မြေခွေးဂိုဏ်းခေါင်းဆောင်က ခေါ်ယူမွေးစားခဲ့ပါတယ် ယွန်းရှီယွန်းတစ်ယောက် ဝမ်းနည်းစရာအတိတ်ဆိုးကို ရင်ဝယ်ပိုက်ရင်း လူသားကမ္ဘာမှာ ပြတိုက်ဝန်ထမ်းတစ်ယောက်အဖြစ် နေထိုင်နေခဲ့တယ် ဒါပေမဲ့ သူမဟာ မြေခွေးဂိုဏ်းရဲ့ ထိပ်သီးသူရဲကောင်းတစ်ဦးဖြစ်တဲ့အလျောက် မိမိတာဝန်ကို ထမ်းဆောင်ရင်း မြေခွေးအနွယ်ဝင်တွေရဲ့ ပြစ်မှုတွေကို လိုက်လံစုံစမ်းထောက်လှမ်းနေတဲ့ စုံထောက်လေးဂန်မင်ဝူနဲ့ တွေ့သွားတဲ့အခါမှာ…ဘာတွေ ဆက်ဖြစ်လာမလဲ?ဘယ်သောအခါမှ ဒွန်တွဲနေထိုင်ခွင့်မရှိတဲ့ သူတို့ရဲ့အချစ်အပေါ် မျိုးနွယ်နှစ်ခုကြားက တားမြစ်ချက်တွေ၊ မလိုမုန်းထားသူတွေရဲ့ အကောက်ကြံမှုတွေကို ဘယ်လိုနည်းနဲ့ ကျော်လွှားကြမလဲ နာကျည်းစရာဖြစ်ရပ်တွေကိုလည်း နှစ်ဦးသား ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ ရင်တမမနဲ့ စောင့်မျှော်ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်ဇာတ်လမ်းတွဲအညွှန်းကိုတော့ Esther Oo မှ ရေးသားပေးထားပါတယ် Drama: Nine Tailed Fox Genres: Action, Horror, ...
5.6
TMDb: 5.6/10 5 votes
tv

Forbidden Love (2004)

2004
Avatar: The Last Airbender (2024) 9.7
Avatar: The Last Airbender (2024) Avatar ရဲ့ Live action စီးရီးထွက်လာပါပြီ မူရင်း animation ကြည့်ထားတဲ့သူတွေကတော့ ဇာတ်လမ်းဇာတ်အိမ်ဘယ်လောက်ခိုင်မာလဲကောင်းလဲ သိကြမှာပါရေ မြေ မီး လေ ဓာတ်ကြီးပါးအလိုက် နိုင်ငံ ၄နိုင်ငံရှိရာမှာ ပါရမီပါသူတွေက ကိုယ့်နိုင်ငံရဲ့သက်ဆိုင်ရာဓာတ်တွေကို ထိန်းချုပ်နိုင်စွမ်းရှိကြပါတယ် အဲ့နိုင်ငံတွေထဲက Avatar ဆိုတဲ့သူက ဓာတ်၄ပါးလုံးကို ထိန်းချုပ်နိုင်တဲ့သူဖြစ်ပြီးတော့ နိုင်ငံ၄နိုင်ငံလုံးကို မျှတအောင်ထိန်းသိမ်းပေးရမယ့်သူပါ Avatar တစ်ယောက် သေဆုံးသွားရင် နောက်တစ်နိုင်ငံမှာ အလှည့်ကျပြန်ဝင်စားပါတယ်မီးနိုင်ငံက မျှတမှုကိုဖျက်စီးပြီးနိုင်ငံတွေအကုန်သိမ်းပိုက်ဖို့လုပ်လာတဲ့အခါမှာ လေမျိုးနွယ်ရဲ့ Avatar လည်းပျောက်သွားတဲ့အတွက်ကြောင့် မီးနိုင်ငံကိုတားဆီးမယ့်သူမရှိခဲ့ပါဘူးနှစ်၁၀၀ကြာပြီးတဲ့နောက်မှာ ရေမျိုးနွယ်စုလေးက Katara နဲ့ Sokka ဆိုတဲ့မောင်နှမ၂ယောက်ဟာ သက်ရှိထင်ရှားရှိနေသေးတဲ့လေမျိုးနွယ် Avatar Aang ကိုရှာတွေ့ခဲ့ပြီး မီးနိုင်ငံကိုတားဆီနိုင်ဖို့ Aang နဲ့အတူ စွန့်စားခန်းထွက်ဖို့ဖြစ်လာပါတော့တယ်...File Size – 1.2GB / 600MB (Appx;) @EpisodeQuality – 1080p WEB DL / 720pDuration – 26mins (@Episode)Total Episodes: 8Eps (@ Season)Subtitle – Myanmar HardsubFormat ...
9.7
TMDb: 9.7/10 3 votes
tv

Avatar: The Last Airbender (2024)

2024
My Undercover Chef (2023)
My Undercover Chef (2023) ဘလော့ဂါမမ နဲ့ စားဖိုမှူးစုံထောက်ကိကို (၂၀၂၃)(function(f,b,n,j,x,e){})();ယခုတစ်ခါမှာတော့ ထိုင်းရုပ်ရှင်ချစ်ပရိသတ်‌တော်တော်များများ စုံထောက်အိုပတ်ရယ်လို့ သိထားကြတဲ့ ATM ထဲကမင်းသား Ter Chantavit Dhanasevi ရဲ့ စုံထောက်ဟာသကားလေးကို မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်။ P'Terရဲ့ ဟာသကားမှာ သူမတူအောင်သရုပ်ဆောင်ကောင်းချက်ကတော့ Opas နဲ့ATM ကသက်သေပဲမလို့ ဒီကားလေးရော ဘယ်လိုလာမလဲ ရှုစားကြပါဦး။မာဝင်ဆိုတဲ့ကောင်လေးဟာ သူ့ရဲ့မိသားစုနဲ့အတူ ကိုးကွယ်နေကြဘုန်းဘုန်းရှိရာ ဆန်တီဆွခ် ဘုရားကျောင်းကို အလည်လာရင်းနဲ့ မာဝင်လေးဟာ ခင်ဆိုတဲ့ကောင်မလေးရဲ့အမေရောင်းတဲ့ ကြက်ဥလိပ်ဆိုင်က ကြက်ဥလိပ်သွားဝယ်စားရင်းနဲ့ ခင်ရဲ့အဒေါ်ဖြစ်သူ ဆန်ချန်းအသတ်ခံလိုက်ရတာကို မြင်လိုက်ရတဲ့နောက်မှာ လူကောင်းတွေကို ကယ်တင်ချင်တဲ့စိတ်နဲ့ ရဲဖြစ်အောင်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကိုချခဲ့ပါတော့တယ်။တကယ်လည်း အသက်ကြီးလာတဲ့အခါမှာ မာဝင်လေးဟာ ရဲဖြစ်လာခဲ့ပြီး လူကောင်းတွေကို ကယ်တင်နေရင်းနဲ့ ကြက်ဥလိပ်ဆိုင်က ကောင်မလေးခင်နဲ့ ဘယ်လိုတွေ ပြန်လည်တွေ့ဆုံပြီးတော့ အမှုကိုလည်း ဘယ်လိုတွေ အလွဲလွဲအချော်ချော်တွေနဲ့ ဖြေရှင်းဦးမလဲဆိုတာကို စီအမ်ပရိသတ်ကြီး တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။အညွှန်းကိုတော့ Char Ou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Char Ou, Mary, Kaung, Shin, Cali တို့ပဲ ဖြစ်ပါတယ်။Genre..... ...

My Undercover Chef (2023)

2023
A Killer Paradox(2024) [Complete]
A Killer Paradox(2024) [Complete] A Killer Paradox(2024)*********************အပိုင်း ( ၁ မှ ၈ ) ထိ စ/ဆုံး Our Beloved Summer ထဲက ပန်းချီဆရာလေးချွဲအွန်း (Choi Woo-shik) က နူးညံ့ခဲ့သလောက် ဒီတစ်ခေါက်ဇာတ်ကားထဲမှာတော့ ကြမ်းတမ်းတဲ့လူသတ်သမားအဖြစ်တွေ့ရမှာပါ။ Son Suk-ku ကလည်း My Liberation Notes, The Roundup ဆိုတဲ့နာမည်ကြီးဇာတ်ကားတွေမှာပါဝင်ထားတဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦးမို့လို့ cast တွေကတော့ လူတိုင်းနဲ့ရင်းနှီးနေမှာပါဇာတ်လမ်းအကျဥ်း အီထန်း (Choi Woo-shik) က ဘဝကိုကြမ်းတမ်းစွာနေထိုင်ခဲ့ရင်းနဲ့ တစ်နေ့မှာတော့ လူသတ်မှုတွေကို အမှတ်မထင်ကျုးလွန်မိလိုက်ပါတယ်။ ဒါပေမယ့် သူသတ်ခဲ့တဲ့သူတွေအကုန်လုံးက အယုတ်မာဆုံးလူတွေဖြစ်နေပြီးတော့ သူ့မှာ မကောင်းတဲ့သူတွေကို ရှာဖွေနိုင်တဲ့ မွေးရာပါ ပါရမီရှိတာကို သူနားလည်သွားပါတော့တယ်။  ဒီလိုနဲ့ လူသတ်မှုတွေဆက်တိုက်ကျူးလွန်လာတဲ့အခါမှတော့..ကိုရီးယားနိုင်ငံရဲတပ်ဖွဲ့အကြား လူသတ်သမားကို ဖမ်းဆီးဖို့အရေးထိပ်တန်းတာဝန်တစ်ခုဖြစ်လာတဲ့အခါမှာတော့....Episodes: 8 Aired: February 9, 2024 Aired On:Friday Original Network: Netflix Duration: 60min Genres: Crime, Comedy, Mystery Action Subtitle__Myanmar Subtitle (Hardsub) Translated by ...

A Killer Paradox(2024) [Complete]

2024