Channel Myanmar

Horror

Lustful Phantom (2024) 6
Lustful Phantom (2024) ပြည့်တန်ဆာ ဝိညာဉ် (၂၀၂၄)ဖိုင်ခမ်ဟာ သူမရဲ့နောက်ဆုံးအမေဆီက ဝိညာဉ်ဆိုးကို ဆန္ဒမရှိဘဲ လက်ဆင့်ကမ်းရယူခဲ့ရပါတယ် သူ လှပအောင်လို့ ဝိညာဉ်ဆိုးဟာ မျက်နှာကိုလျှာနဲ့လျှက်ပြီး ပြုလုပ်ပေးလေ့ရှိတယ်(function(f,b,n,j,x,e){})();ဒီဝိညာဉ်ဆိုးဟာ တစ်ချိန်က အငြိုး အာဃာတကြီးမားခဲ့တဲ့ မင်းသမီးအင့်လုန်ဖြစ်ပါတယ် အခုမှာတော့ သူမအသက်ရှိစဉ်က ရန်ပြုခဲ့သူတွေကို လက်စားချေနိုင်စွမ်းရှိနေပါပြီ သူသေပြီးနောက်မှာတော့ ဖိုင်ခမ်ရဲ့မိခင်ဟာ ဝိညာဉ်ဆိုးရဲ့ထိန်းချုပ်မှုအစွမ်းအောက်ကို ရောက်ခဲ့ရပါတယ်အခုဆို ဖိုင်ခမ်ရော သူ့မိခင်ပါ ဝိညာဉ်ဆိုးကြီးရဲ့ကျွန်သာသာဖြစ်သွားပါတော့တယ် တစ်ရက်ကျ ဖိုင်ခမ်က နန်းတွင်းမှာအလုပ်လုပ်ဖို့ အခွင့်ရေးရသွားတာကြောင့် အင့်လုန်ဟာလည်း လက်စားပြန်ချေဖို့အတွက် အခွင့်အလမ်းပေါ်လာခဲ့ရာမှာတော့ ဖိုင်ခမ်ကိုအသုံးချပြီး ဝိညာဉ်ဆိုးအင့်လုန်တစ်ယောက်ဘယ်လိုတွေ လက်စားချေမလဲ မွေးကတည်းက မကောင်းဆိုးဝါးလိုအကျင့်စရိုက်မကောင်းတဲ့အင့်လုန်ဟာ ဝိညာဉ်ဘဝမှာရော ဘာတွေယုတ်ညံ့ဦးမလဲဆိုတာကတော့“ပြည့်တန်ဆာဝိညာဉ်”ဇာတ်လမ်းမှာ စိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်အညွှန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Nang, Lei, Fake Love တို့ပဲ ဖြစ်ပါတယ်။Genre..... Drama, Horror, Mystery Quality…. 1080p | 720p File size…800MB | 250MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
6
TMDb: 6/10 votes
tv

Lustful Phantom (2024)

2024
Dead Friend Forever (2023)
Dead Friend Forever (2023) စည်းခြားသွားတဲ့ သူငယ်ချင်း (၂၀၂၃)(function(f,b,n,j,x,e){})();ဒီတစ်ခါမှာတော့ Horror ကားတွေကိုမှကြိုက်တတ်တဲ့ ပရိတ်သတ်ကြီးအတွက် ထိုင်း bl စီရီးတစ်ခုဖြစ်တဲ့ Dead friend foreverဆိုတဲ့ စီရီးလေးကို ဘာသာပြန်တင်ဆက်ပေးထားပါတယ်။(function(f,b,n,j,x,e){})();နိုင်ငံခြားမှာ ကျောင်းသွားတက်တော့မယ် သူငယ်ချင်းဖြစ်သူ ဂျင်အတွက် နှုတ်ဆက်ပါတီလုပ်ပေးဖို့ ကျောင်းသားသူငယ်ချင်းတစ်စုဟာ တောအုပ်ထဲကအိမ်ကြီးဆီ အပန်းဖြေခရီးထွက်လာခဲ့ပါတယ်။ ဒီခရီးက သူတို့ကို အသက်အန္တရာယ်ထိခိုက်စေနိုင်ခဲ့တဲ့ အတိတ်ကဖြစ်ရပ်ဆိုးတွေဆီ ပြန်လည်ခေါ်ဆောင်သွားသလို ဖြစ်လာခဲ့ပါတယ်။ အဲ့အချိန်ကျမှ သူတို့ကို မကောင်းမှုအားလုံးက စောင့်မျှော်နေတယ်ဆိုတာကို သူတို့ကိုယ်တိုင် သိရှိခဲ့ရတာဖြစ်ပါတယ်။ဒီသူငယ်ချင်းတစ်စုဟာ အတိတ်တုန်းက ဘယ်လိုဖြစ်ရပ်တွေနဲ့ ကြုံတွေ့ခဲ့ရတာလဲ။ ဘာကြောင့်လဲ။ ဘာတွေ ဆက်ဖြစ်သွားမှာလဲဆိုတာကို စောင့်ဆိုင်းကြည့်ရှုရင်း အဖြေဖော်သွားကြပါလို့ ပြောချင်ပါတယ်။(၁၈+ဇာတ်ဝင်ခန်းတစ်ချို့ ပါဝင်တာဖြစ်လို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး)အညွန်းကိုတော့ Thant က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Thant နဲ့ Thada ပဲ ဖြစ်ပါတယ်။Genre..... BL, Horror, Thriller Quality…. 1080p | 720p File size… 650MB | 250MB Format… mp4 Duration…. 40min Subtitle…. Myanmar ...

Dead Friend Forever (2023)

2023
Forbidden Love (2004) 5.6
Forbidden Love (2004) Forbidden love (2004) *********************အပိုင်း ၁ မှ ၁၆ စ/ဆုံးကိုယ်တွေငယ်ငယ်က အရမ်းကြိုက်ခဲ့ရတဲ့ မြေခွေးဇာတ်ကားလေးတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ခေါင်းဆောင်မင်းသမီးအနေနဲ့ Rain ရဲ့ဇနီးချောလေး ဂင်ထယ်ဟီးကိုယ်တိုင် သရုပ်ဆောင်ထားပြီး တစ်ခေတ်တစ်ခါက မင်းသားကြီးတွေနဲ့ မင်းသမီးကြီးများပါ ပါဝင်ထားတဲ့ သဘာဝလွန် အချစ်ဇာတ်လမ်းတွဲတစ်ပုဒ်ပဲ ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်း ---------------လူသားအသည်းကို စားသုံးမှ အသက်ဆက်ရှင်သန်နိုင်မဲ့ ရှားပါး အမြီးကိုးချောင်းမြေခွေးမျိုးနွယ်ဝင် ယွန်းရှီယွန်း ငယ်စဉ်ကတည်းက မိဘတွေကို ဆုံးရှုံးလိုက်ရတဲ့ ယွန်းရှီယွန်းကို မြေခွေးဂိုဏ်းခေါင်းဆောင်က ခေါ်ယူမွေးစားခဲ့ပါတယ် ယွန်းရှီယွန်းတစ်ယောက် ဝမ်းနည်းစရာအတိတ်ဆိုးကို ရင်ဝယ်ပိုက်ရင်း လူသားကမ္ဘာမှာ ပြတိုက်ဝန်ထမ်းတစ်ယောက်အဖြစ် နေထိုင်နေခဲ့တယ် ဒါပေမဲ့ သူမဟာ မြေခွေးဂိုဏ်းရဲ့ ထိပ်သီးသူရဲကောင်းတစ်ဦးဖြစ်တဲ့အလျောက် မိမိတာဝန်ကို ထမ်းဆောင်ရင်း မြေခွေးအနွယ်ဝင်တွေရဲ့ ပြစ်မှုတွေကို လိုက်လံစုံစမ်းထောက်လှမ်းနေတဲ့ စုံထောက်လေးဂန်မင်ဝူနဲ့ တွေ့သွားတဲ့အခါမှာ…ဘာတွေ ဆက်ဖြစ်လာမလဲ?ဘယ်သောအခါမှ ဒွန်တွဲနေထိုင်ခွင့်မရှိတဲ့ သူတို့ရဲ့အချစ်အပေါ် မျိုးနွယ်နှစ်ခုကြားက တားမြစ်ချက်တွေ၊ မလိုမုန်းထားသူတွေရဲ့ အကောက်ကြံမှုတွေကို ဘယ်လိုနည်းနဲ့ ကျော်လွှားကြမလဲ နာကျည်းစရာဖြစ်ရပ်တွေကိုလည်း နှစ်ဦးသား ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ ရင်တမမနဲ့ စောင့်မျှော်ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်ဇာတ်လမ်းတွဲအညွှန်းကိုတော့ Esther Oo မှ ရေးသားပေးထားပါတယ် Drama: Nine Tailed Fox Genres: Action, Horror, ...
5.6
TMDb: 5.6/10 5 votes
tv

Forbidden Love (2004)

2004
The Ghost Detective (2018) 5.7
The Ghost Detective (2018) The Ghost Detective (2018)*************************အပိုင်း ၁ မှ ၁၆စ/ဆုံး ဒီကားလေးကတော့ Extraordinary Attorney Woo, Castaway Diva တိုလိုမျိုး ဇာတ်ကားကောင်းတွေနဲ့ ပရိသတ်တွေရဲ့အချစ်တွေကိုဖမ်းစားထားနိုင်တဲ့ မင်းသမီးလေး Park Eun Bin နဲ့ Fly High Butterfly, School 2013 တိုလိုဇာတ်ကားမျိုးတွေမှာသရုပ်ဆောင်ထားတဲ့ Choi Daniel တိုရဲ့ တွေ့ဖူးနေကျစုံထောက်ဇာတ်ကားမျိုးမဟုတ်ဘဲ သရဲတွေနဲ့အမှုတွေကိုဖြေရှင်းရတဲ့မှုခင်းဇာတ်လမ်းတွဲအမျိုးအစာလေးပါဇာတ်လမ်းအကျဥ်း-------------------- အီဒါအီ(Choi Daniel )က စုံထောက်အေဂျင်စီတစ်ခုရဲ့အလွတ်တမ်းစုံထောက်တစ်ယောက်ပါ သူဟာ စစ်တပ်ထဲမှာ တပ်ကြပ်ကြီးရာထူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပေမယ့်လည်း သတင်းအချက်အလက်ပေါက်ကြားတဲ့အမှုနဲ့ တပ်ထဲကနှုတ်ထွက်ခဲ့ရပါတယ် ဂျောင်ယောအူကတော့ အကြောက်အလန့်မရှိတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီးတော့ အီဒါအီတိုရဲ့စုံထောက်အေဂျင်စီမှာ အချိန်ပိုင်းအလုပ်သမားအဖြစ် အလုပ်လုပ်ဖြစ်သွားခဲ့ပါတယ် သူမဟာ သူမရဲ့ညီမလေးအသတ်ခံရတာနဲ့ပတ်သက်ပြီးတော့ တရားခံကိုရှာဖွေနေခဲ့တာပါအီဒါအီနဲ့ဂျောင်ယောအူတိုအမှုတစ်ခုကိုစုံစမ်းရင်း စုံထောက်အီဒါအီက သရဲမကြိုးကိုင်ထားတဲ့ အမျိုးသမီးတစ်ဦးဆီမှာ အသတ်ခံလိုက်ရပါတယ် မသေဆုံးဘဲနဲ့ ကိုမာအခြေအနေနဲ့ဖြစ်သွားပြီးတော့ ခန္ဓာကိုယ်လည်းပျောက်ဆုံးနေတဲ့အချိန်မှာ အီဒါအီက ဝိဉာဥ်အဖြစ် ခန္ဓာကိုယ်ရဲ့အဝေးမှာရှိနေခဲ့ပါတယ် ထူးဆန်းစွာနဲ့ အီဒါအီကိုလည်း ဂျောင်ယောအူက သာမာန်လူတစ်ယောက်အတိုင်း မြင်ရကြားရပါတယ်ဒါကြောင့် အီဒါအီအသတ်ခံရတဲ့အမှုကို ဘယ်လိုပြန်ပြီးဖော်ထုတ်ပြီးတော့ အလောင်းကိုပြန်ပြီးရှာဖွေသွားကြမလဲ ဂျောင်ယောအူရဲ့ညီမဖြစ်သူအမှုရဲ့ တရားကိုဘယ်လိုတွေရှာဖွေသွားမလဲ တရားခံကရော ဘယ်သူဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းကိုတော့ Kaung Htet Zin ...
5.7
TMDb: 5.7/10 9 votes
tv

The Ghost Detective (2018)

2018
Grand Shining Hotel (2024) [Complete]
Grand Shining Hotel (2024) [Complete] Grand Shining Hotel (2024)*******************************အပိုင်း (၁ မှ ၆) စ/ဆုံး ဒီကားလေးကတော့ Waikiki S1 ထဲက မင်းသမီး Jung In Sun နဲ့မင်းသား Lee Ji Hoon တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့သည်းထိပ်ရင်ဖို့ အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်း...ဆုန်းဝူဘင်းဟာ စာအုပ်တိုက်တစ်ခုက လက်ထောက်မန်နေဂျာဖြစ်ပြီးတစ်ရက်မှာတော့ သူ့ကို လူတစ်ယောက်က သူ့ဝတ္ထုကိုဖတ်ဖို့ အီးမေးလ်တစ်စောင်ဝင်လာပါတယ်။ဒါပေမဲ့ ထူးထူးဆန်းဆန်း အဲဒီ အီးမေးလ်ရပြီး ဝူဘင်းတစ်ယောက် ဝတ္ထုကမ္ဘာထဲကို ရောက်သွားပါတော့တယ်။အဲဒီမှာပဲ ဝူဘင်းကို ကယ်တင်ဖို့ အာယောင်းလည်း ဝတ္ထုကမ္ဘာထဲကို ဝင်သွားပါတော့တယ်။ဝူဘင်းကို လက်တွေ့ကမ္ဘာထဲကို ပြန်ခေါ်လာနိုင်ပါ့မလား...ဝူဘင်းကိုရော ဘာကြောင့် လူသတ်သမားက သတ်ဖို့လုပ်နေရတာလဲ...အဲဒီဝတ္ထုကိုရော ဘယ်သူက ထိန်းချုပ်နေတာလဲ...စတာတွေကို မြှုပ်ကွက်ပေါင်းစုံနဲ့ သည်းထိပ်ရင်ဖွယ်ကြည့်ရမှာပဲဖြစ်ပါတယ်။အပိုင်း ၆ ပိုင်းရှိပြီး တစ်ခါတည်း အပြီးထိထွက်မှာမလို့ ကြည့်ရှုပေးကြပါဦးနော်။ Aired: Feb 16, 2024 Aired On: Friday  Genres:  Mystery, Horror, Romance, Fantasy Duration: 35 ...

Grand Shining Hotel (2024) [Complete]

2024
The Whisperer (2023) 10
The Whisperer (2023) ဘဝခြားက တီးတိုးခေါ်သံ (၂၀၂၃)(function(f,b,n,j,x,e){})();အလောင်BLတွေ အက်ရှင်BLတွေ ရိုမန့်စ်BLတွေကြားက ရှားရှားပါးပါး Horror genre နဲ့ The Whisperer ဆိုတဲ့ BLကားလေးကို CMချစ်ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါပြီ။ အတန်ငယ်ကြမ်းတမ်းတာလေးတွေ‌ပါတဲ့အတွက် ဖူဂျိုမမများ 18 ယောက်ပြည့်အောင် လူစုပြီးကြည့်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။အစ်ကိုနဲ့မရီးဖြစ်သူ ယာဉ်မတော်တဆမှုကြောင့် ကိုယ့်ရှေ့တင် အရှင်လတ်လတ်မီးလောင်ပြီးသေဆုံးခဲ့ရတာကိုမြင်လိုက်ရတဲ့ ခွန်တစ်ယောက် အဲဒီနေ့ကစလို့ နိုးထလာတိုင်းမှာ နာကျင်မှုတွေ မွန်းကြပ်မှုတွေခံစားနေရတဲ့အပြင် 'သေ...သေ' ဆိုတဲ့အသံကြီးကို အမြဲကြားယောင်နေရတာပေါ့။ ဒါပေမဲ့ အစ်ကို့သားလေး တန်ကျိုင်ကို စောင့်ရှောက်ရမယ့်တာဝန်ကလည်းရှိ၊ ချစ်သူ "တောင်" ရဲ့ ဖေးမမှုနဲ့ ခွန်တစ်ယောက် ခက်ခက်ခဲခဲရှင်သန်နေရတာပေါ့။ ဒါပေမဲ့ အစ်ကိုနဲ့မရီးဖြစ်သူရဲ့ဝိညာဉ်ကိုတော့ တစ်ချက်တစ်ချက်မြင်နေရတုန်းပါပဲ။အတိတ်ရဲ့အရိပ်ကနေ ချစ်သူ‌ကိုလွတ်မြောက်စေချင်တဲ့အပြင် အကြွေးရှင်တွေလိုက်တဲ့ဘေးကပါငြိမ်းသွားအောင် အိမ်ရောင်းပြီး ကြွေးဆပ်ဖို့ ခွန်ကိုတိုက်တွန်းပြီး ချောင်ကျတဲ့နေရာက အိမ်လေးကိုပြောင်းလာဖို့စီစဉ်ခါမှ ကလေးပျောက်ဆုံးတဲ့သတင်းကတစ်ဖုံ၊ ‌အိမ်နေရာက သင်္ချိုင်းဖြစ်ခဲ့ဖူးတာကတစ်မျိုး၊ ကြားထဲက သံသယဝင်စရာကောင်းလောက်အောင် သဘောကောင်းပြနေတဲ့ သရဲဝတ္ထုရေးဆရာ အမည်ခံ BL 18+ ficရေးတဲ့ အိမ်နီးချင်းဝစ်ကတစ်ဖက်နဲ့ ငြိမ်နေတဲ့ခွန်ရဲ့စိတ်ထဲကို အနှောင့်အယှက်တွေ ပြုံဝင်လာချိန်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားကြပါဦး။အညွှန်းကိုတော့ Mary Christ က ...
10
TMDb: 10/10 1 votes
tv

The Whisperer (2023)

2023
The Envoys (2021) 7.1
The Envoys (2021) The Envoys (2021) =============== IMDb Rating - 7.1/10ကမ္ဘာပေါ်မှာ သာမန်မြင်တွေ့နေကျနဲ့ ကွဲထွက်ပြီး တစ်မူထူးခြားစွာ ဖြစ်ပေါ်နေတဲ့ ထူးဆန်းထွေလာတွေ အများကြီးပေါ်ပေါက်ဖူးပါတယ်။ အများစုကတော့ ဘာသာရေးနဲ့ရောယှက်နေကြတာပေါ့။ တောင်ပို့က နေ နို့တွေထွက်တာမျိုးတို့၊ ရွှံ့အေးပွက်ထတာမျိုးတို့ပေါ့လေ။ ရှေးတုန်း ကဆို နေကြတ်၊လကြတ်တာကိုတောင် တကယ့်"အံ့ဖွယ်ဖြစ်ရပ်ကြီး" သဖွယ်ဖြစ်ခဲ့ကြတာကိုး။ဆိုတော့ "အံ့ဖွယ်ဖြစ်ရပ်"ဆိုတာဘာလဲ။ ဒီစီးရီးထဲမှာတော့ သိပ္ပံပညာနဲ့ ရှင်းပြလို့မရတဲ့ ဖြစ်ရပ်တွေကိုသာ "အံ့ဖွယ်ဖြစ်ရပ်"လို့ သမုတ်ပါတယ်။ ကျွန်တော်တို့ရဲ့ဇာတ်လိုက် ဖာသာအန်တီကွီရာကတော့ "သိပ္ပံပညာဟာ လွန်ခဲ့တဲ့နှစ်၂ထောင်ကျော်က အံ့ဖွယ်ဖြစ်ရပ်ဆိုတာတွေကို ဖြုတ်ချနိုင်ခဲ့ တဲ့အရာ"လို့ ဆိုပါတယ်။ ဇာတ်လမ်းလေးကတော့ ဆေးပညာကျွမ်းကျင် တဲ့ ဖာသာဆလီးနက်စ်နဲ့ ဥပဒေပညာကျွမ်းကျင်တဲ့ ဖာသာအန်တီကွီရာ တို့နှစ်ယောက် လူတွေ "အံ့ဖွယ်ဖြစ်ရပ်" လို့ဆိုကြတဲ့အရာတွေကို လိုက်လံ စစ်ဆေးဖြေရှင်းကြပုံပါ။ခေါင်းလောင်းမျှော်စင်ကနေ ခုန်ချပြီး အရိုးတွေကျိုးကြေကုန်လို့ ဆရာဝန် ကတောင် သေပြီလို့ အတည်ပြုပြီးသားလူတစ်ယောက်က အကောင်းပက တိပြန်ဖြစ်သွားတဲ့ပဟေဠိကတော့ ဇာတ်လိုက်ဖာသာနှစ်ယောက်ကို စတင် သိကျွမ်းစေခဲ့တဲ့ ပထမဆုံးအမှုပါပဲ။ ဘာသာရေးခေါင်းစဉ်အောက်ဆွဲသွင်းခံ ရတဲ့ ဖြစ်ရပ်တွေနဲ့ အဲဒီနောက်ကွယ်က အကြောင်းတရားတွေ၊ သိပ္ပံပညာနဲ့ ဖြေရှင်းလို့မရတဲ့"အံ့ဖွယ်ဖြစ်ရပ်"ဟုတ်လား၊မဟုတ်ဘူးလားဆိုတာကတော့ စီးရီးလေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဗျာ။(ဒီစီးရီးရဲ့ အညွှန်းကို Ngwe Zin မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ CM Team ...
7.1
TMDb: 7.1/10 1936 votes
tv

The Envoys (2021)

2021
Night Has Come (2023) [Complete] 10
Night Has Come (2023) [Complete] Night Has Come (2023)***********************အပိုင်းသစ် (၁ မှ ၁၂) စ/ဆုံး  ယူအီးလ်အထက်တန်းကျောင်းက အထက်တန်းဒုတိယနှစ် အခန်း၃ကကျောင်းသားတွေဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ လေ့လာရေးခရီးထွက်ရင်းသူတို့ဖုန်းထဲကို ထူးဆန်းတဲ့ message တစ်ခုဝင်လာပါတယ်။အဲဒါကတော့ အပျော်တမ်းမဟုတ်ဘဲ တကယ့် အသက်နဲ့ပါရင်းပြီးမာဖီးယားဂိမ်းကစားဖို့ပဲ ဖြစ်ပါတယ်။အပျော်တမ်းကစားနေကြ လူသတ်ဂိမ်းကနေ ရုတ်တရက် သူတို့အသက်နဲ့ပါရင်းပြီး ကစားရတဲ့အခါ...သူတို့ လွတ်မြောက်အောင် ဘယ်လိုလုပ်မလဲ...တကယ်ရော လွတ်မြောက်နိုင်ပါ့မလား...ဆိုတာတွေကို ဂိမ်းဆန်ဆန်နဲ့ အသည်းတထိပ်ထိပ်ကြည့်ရမှာဖြစ်ပါတယ်။(ဒီကားကလည်း ရက်ရက်စက်စက် လူသတ်တဲ့အခန်းတွေပါတဲ့အတွက်18+ သတ်မှတ်ထားပါတယ်။ ) Aired: Dec 4, 2023 - ? Aired On: Monday Genres: Thriller, Mystery, Horror, Youth Duration: 35 mins Episodes: 12 Original Network: VIKI Translated by Thet Hnin Hsu, Hsu Pyae, Toe Toe Aung, Emily, Ashley & Phyu Sin Encoded by ...
10
TMDb: 10/10 1 votes
tv

Night Has Come (2023) [Complete]

2023
Creepshow – Season (02), (03), (04) 7.0
Creepshow – Season (02), (03), (04) Creepshow - Season (02), (03), (04) ========================== IMDb Rating - 7.0/101990 ကျော်ခုနှစ်တွေဆီကခေတ်စားခဲ့တဲ့ ဗီဒီယိုခွေငှားဆိုင်လေးတွေရဲ့ Horror ခေါင်းစည်းတပ် ဓာတ်ပုံအယ်လ်ဘမ်လေးတွေမှာ မျက်ခွက် ပြောင်နေတဲ့ ဝတ်ရုံဝတ်အရိုးခေါင်းကြီးကို မှတ်မှတ်ရရဖြစ်ဖူးခဲ့သူတွေ ရှိပါလိမ့်မယ်။ အဲ့ဒါကတော့ Creepshow တွေရဲ့ မူလအစဇာတ်ကား နှစ်ကားဖြစ်ခဲ့ပြီး 90s ဝန်းကျင်ရုပ်ရှင်အတော်များများနည်းတူ အခုချိန်ထိ လွှမ်းမိုးထားနိုင်ဆဲဇာတ်ကားတွေထဲမှာလဲအပါအဝင်ဖြစ်ပါတယ်။ အခု Creepshow ဇာတ်လမ်းတွဲကိုလဲ မူလပုံစံအတိုင်းပဲ Shudder က ပြန်လည်ဆန်းသစ်ထားတာဖြစ်ပါတယ်။Anthology ပုံစံဖြစ်ပြီး ပုံမှန်အားဖြင့် Episode တစ်ခုမှာဇာတ်လမ်းတို နှစ်ပုဒ်ပါဝင်ပါတယ်။ Horror Anthology ဖြစ်တာနဲ့အညီ Hororr ကို အဓိကအခြေခံထားပြီး ဇာတ်လမ်းပုံစံအမျိုးမျိုးတင်ဆက်ပုံအမျိုးမျိုးနဲ့ ရသပေါင်းစုံကိုခံစားရမှာဖြစ်ပါတယ်။ A monster calls (2016) လိုမျိုး မေတ္တာဖွဲ့ရင်နင့်စရာဇာတ်လမ်းမျိုး၊ Evil Dead ထဲကလို သေမင်းစာအုပ် ကြီးကိုရွတ်မိရာကနေမကောင်းဆိုးဝါးတွေတိုက်ခိုက်ခံရတာမျိုး၊ The Thing လိုမျိုး Sci-fi Horror ပုံစံမျိုးတွေ၊ Fright Night လိုသွေးစုပ် ဖုတ်ကောင်ဇာတ်လမ်းမျိုးကနေ နောက်ဆုံးအချိန်ခရီးသွားတာတွေ၊ သမန်းဝံပုလွေတွေကအစ Horror နဲ့ပတ်သက်ရင် တွေ့ဖူးမြင်ဖူးသမျှ ပုံစံအားလုံးကို Creepshow ...
7.0
TMDb: 7.0/10 7600 votes
tv

Creepshow – Season (02), (03), (04)

2019
Shining Vale (2023) Season 02 Complete 8.023
Shining Vale (2023) Season 02 Complete Shining Vale (2023) S02 Complete ~ IMDb - 7/10, Rotten Tomatoes - 71% ~ FRIENDS ထဲက မမ မိုနီကာရဲ့ ရှိုင်းနင်းဗေးလ် ဒုတိယတွဲလာပါပြီ။ ပတ်တစ်ယောက် တစ်မိသားစုလုံးကို(ဂျိတ်နဲ့ ခွေးမပါ) ပုဆိန်နဲ့ လိုက်ခုတ်သတ်ဖို့လုပ်ပြီးတော့ စိတ္တဇဆေးရုံကို ရောက်သွားပြီး ဒီ Season မှာတော့ ဆေးရုံက ဆင်းလာပါပြီ။ ရို့စ်မေရီကို ဆေးရုံက ပတ်ရဲ့ခေါင်းထဲကထွက်သွားအောင် ရှော့တိုက်ထုတ်လိုက်ပါတယ်။ တယ်ရီကတော့ ရထားတဲ့ ဒဏ်ရာတွေကြောင့် ခေါင်းထိပြီး အတိတ်မေ့သွားပါတယ်။ အတိတ်မေ့သွားပြီးတော့မှ သူက ဆေးလိပ်သမားဆိုတာကို ပြန်သတိရသွားပါတယ်တဲ့။ သူ့မိန်းမ ပုဆိန်ရေး ပြသွားတာကိုတော့ သတိမရသေးပါဘူး။ ဂျိတ်ကတော့ ထုံးစံအတိုင်း ကြောင်တောင်တောင်ပါပဲ။ ဒါပေမဲ့ သူတို့ ဘောလုံးအသင်းရဲ့ လာဘ်ကောင်ဖြစ်လာပြီး လူချစ်လူခင်များလာပါတယ်။ ကြောင်တောင်တောင် ဘော်ဒါတွေလည်း ရလာတာပေါ့။ သူ့ရဲ့ VR ထဲက ကလေးမလေးကလည်း ...
8.023
TMDb: 8.023/10 43 votes
tv

Shining Vale (2023) Season 02 Complete

2022
Sweet HomeS2(2023)[Complete] 8.4
Sweet HomeS2(2023)[Complete] Sweet HomeS2(2023)^^^^^^^^^^^^^^^အပိုင်းသစ်(၁ မှ ၈ အထိ)စ/ဆုံး4Kလည်းတင်ထားပေးပါတယ်.....အားလုံးစောင့်နေတဲ့ s2လာပါပြီ... Season 2မှာ​တော့ ချာဟျွန်းဆူရဲ့ အသွင်ပြောင်းမှုနဲ့ အွီ​​မြောင်ရဲ့ လွတ်မြောက်မှု​တွေရဲ့ လှည့်ကွက်တစ်ခုအပါအဝင် ကူးစက်ခံရသူ​တွေဟာ စစ်တပ်ရဲ့ လိုက်ရှာမှု​ကြောင့် ထွက်ပေါ်လာခဲ့ကြပါတယ် ,,,,ဟျွန်းဆူကအရှုံး​ပေးလိုက်ပြီး အသက်ရှင်ကျန်ရစ်သူ​တွေကတော့ မြေအောက်ဘန်ကာတစ်ခုမှာခိုလှုံကြပါတယ်.....ဘန်ကာက​နေ လွတ်​မြောက်လာကြတဲ့ သူ​တွေနဲ့ စစ်တပ်ရဲ့စီမံပေးမှုကြောင့် လွတ်​မြောက်လာသူ​​တွေ ဟာ စုပေါင်းပြီး ​baseball stadium တစ်ခုမှာ အတူတကွ​နေထိုင်ကြပါတယ်ဒီဇာတ်လမ်းထဲမှာ​တော့ ချာဟျွန်းဆူက အ​ခြေစိုက်စခန်းက​နေထွက်လာပြီး မွန်းစတား​တွေနဲ့ တိုက်ခိုက်ပါ​တော့တယ်ပါဝင်တဲ့သရုပ်​​ဆောင်​တွေက​တော့ Song Kang ,Lee Jin-uk , Lee Si-young ,Go Min-si , Park Gyu-young, Jin-young အစရှိတဲ့ ဒိတ်ဒိတ်ကျဲ မင်းသားမင်းသမီး​တွေပဲဖြစ်ပါတယ်အပိုင်း၈ပိုင်းလုံးကို တစ်ခါတည်း ထုတ်လွှင့်မှာပဲဖြစ်ပါတယ်S1ကြည့်ရန်Link<<<https://channelmyanmar.org/tvshows/sweet-home2020/(အညွှန်းကိုတော့ Phyu Sin Hnin မှ ရေးသားထားပေးပါတယ်။) Aired: Dec1, 2023 Aired On: Friday Genres:Drama, Sci-Fi & Fantasy,Horror Duration: 60 mins Episodes: 8 Original ...
8.4
TMDb: 8.4/10 1083 votes
tv

Sweet HomeS2(2023)[Complete]

2020
Chucky Season 3(2023)+ Season 2 (2022)+ Season 1 (2021) 7.7
Chucky Season 3(2023)+ Season 2 (2022)+ Season 1 (2021)    ကလေးဘဝမှာဖြစ်ဖြစ် လူကြီးဖြစ်မှဖြစ်ဖြစ် ရုပ်ရှင်ချစ်သူအတော်များများ ချက်ကီဆိုတဲ့ အရုပ်ကိုမသိတဲ့သူ ရှားပါလိမ့်မယ်။အသက်ဝင်နေပြီး ဒေါသကြီးတဲ့ ရက်စက်တဲ့ လူသတ်အရုပ်လေးအဖြစ် သိကြမှာပါ။ ချက်ကီမှာ နောက်ကြောင်းရာဇဝင်တွေ တစ်ကားနဲ့တစ်ကား ကွဲပြားနေပါသေးတယ်။ဒီစီးရီးမှာလည်း ချက်ကီရဲ့ နောက်ကြောင်းရာဇဝင်ကို ပဟေဠိဆန်ဆန်လေးနဲ့ ကြောက်စရာကောင်းအောင် ပြသထားပါပြီ။ဇာတ်လမ်းကလည်း ဆန်းသစ်တာမို့ လျို့ဝှက်ဆန်းကြယ်၊ ကြောက်စရာ အမျိုးအစားကြိုက်သူတွေအတွက်တော့ အကြည့်သင့်ဆုံးစီးရီးပါပဲ။ Rating လည်း 7.7 ဆိုတော့ ပေါကားမဟုတ်တာတော့ သေချာပါတယ်။ File size…(620 Mb)/(320 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:01:00 Genre...Comedy, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mr. Anderson Season 3 Episode 1 720p  -  Yoteshin / Megaup / Meganz / Usersdrive / Streamvid / Streamwish Episode 1 1080p  - ...
7.7
TMDb: 7.7/10 9 votes
tv

Chucky Season 3(2023)+ Season 2 (2022)+ Season 1 (2021)

2021
The Walking Dead: Daryl Dixon (2023) 9.5
The Walking Dead: Daryl Dixon (2023) The Walking Dead: Daryl Dixon (2023) ============================ IMDb Rating - 8.3/10The walking dead ရဲ့ fanတွေကြိုက်တဲ့ဇာတ်ကောင် Daryl Dixon ရဲ့ ကိုယ်ပိုင်series ထွက်လာပါပြီ။ မူရင်းseries မှာ ဒဲလ် တစ်ယောက်တည်း ထွက်သွားပြီးတဲ့နောက်ပိုင်းကနေ ဇာတ်လမ်းဆက်မှာပါ။ အခုseriesက အရင် walking dead စီးရီးတွေနဲ့မတူပဲ ထူးခြားနေတာကတော့ ဇာတ်လမ်း ကို ပြင်သစ်နိုင်ငံမှာနေရာယူထားတာမို့ virus ကြောင့်ပျက်စီးနေတဲ့ခတ်ပျက် တစ်ခုကို ပြင်သစ်နိုင်ငံရဲ့ဆက်တင်တွေနဲ့ အသွင်တစ်မျိုးကြည့်ရမှာပါ။ကမ်းခြေတစ်ခုကို ဒဲလ်ဟာ ဘာကြောင့်မှန်းမသိသောင်တင်ပြီးရောက်လာတာ ကနေ စထားပါတယ်။ zombie တွေနဲ့တိုက်ခိုက်ရင်း ဒဏ်ရာရသွားတဲ့အခါ မှာ အစ်ဇဘဲလ်ဆိုတဲ့သီလရှင်တစ်ပါးက ဘုရားကျောင်းကိုခေါ်သွားပြီး ကုပေး လိုက်ပါတယ်။ အစ်ဇဘဲလ်က ကယ်တင်ရှင်ဖြစ်လာမယ်လို့ပြောတဲ့ကလေးတစ် ယောက်ကို မြောက်ပိုင်းကိုပို့ပေးဖို့ တောင်းဆိုလာတဲ့အခါမှာ ဘာကိုမှအယုံအ ကြည်မရှိပဲ အချုပ်အနှောင်တွေမလိုချင်တဲ့ဒဲလ်ဟာ ရွေးချယ်မှုတွေလုပ်ဖို့ဖြစ် လာပါတော့တယ်။တစ်ပတ်တစ်ပိုင်းနှုန်းနဲ့ (6)ပိုင်းထွက်ရှိမှာဖြစ်ပြီး၊ CMမှ အပတ်စဥ်တင် ဆက်ပေးသွားပါမယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Pyi T. Nyein ဖြစ်ပါတယ်။)File Size.............(400 Mb) / ...
9.5
TMDb: 9.5/10 25 votes
tv

The Walking Dead: Daryl Dixon (2023)

2023
Adhura (2023) 6.2
Adhura (2023) Adhura 2023 (7 Episodes) IMDb 6.7/10သရဲစီးရီးခပ်ကြမ်းကြမ်းတွေကိုမှ ကြိုက်နှစ်သက်သူတွေအတွက် တဝကြီးကြောက်ရမဲ့ စီးရီးအသစ်စက်စက်လေးတင်ဆက်ပေးလိုက်ပါတယ်။ဘယ်လူမျိုး ဘယ်နိင်ငံ ဘယ်ယဉ်ကျေးမှုမှာမဆို ဘူလီလုပ်တတ် အနိုင်ကျင့်တတ်တဲ့သူကတော့ ရှိတတ်ကြတာကို ရုပ်ရှင်ဇာတ်လမ်း သတင်းတွေကတဆင့် ကျွန်မတို့တွေတွေ့မြင်ကြရပါတယ်။ ပတ်ဝန်းကျင်မှာရော ကိုယ်တိုင်ရော ကြုံဖူးကြသူတွေလည်းရှိမှာပါ။ ဘလိုင်းကြီးအနိုင်ကျင့်တဲ့သူတွေဆိုတာက ခပ်ရှားရှားရယ်ပါ။အနိုင်ကျင့်ကြသူတွေဆိုတာက သူတို့မပိုင်ဆိုင်နိုင်တဲ့အရာတွေကိုပိုင်ဆိုင်ထားကြသူတွေကို ဦးတည်တတ်တာမျိုး အိမ်မှာ ဒါမှမဟုတ် သူနေရတဲ့ပတ်ဝန်းကျင်မှာ သူကိုယ်တိုင်က အနိုင်ကျင့်ခံရတတ်တာမျိုးတွေကြောင့်ပဲ သူတို့ကို ဒီလမ်းလျောက်စေတယ်လို့ယူဆမိပါတယ်။ဒီဇာတ်လမ်းလေးထဲမှာလည်း အနိုင်ကျင့်ကြသူတွေကိုမြင်တွေ့ရမှာပါ။ဇာတ်လမ်းအညွှန်း ကျောင်းနောက်ဆုံးနေ့မှာ ထူးဆန်းစွာနဲ့ပျောက်ဆုံးသွားတဲ့ ၁၆နှစ်အရွယ်ကျောင်းသားလေးတစ်ယောက်.. ပျောက်ဆုံးသွားတာ ၁၅နှစ်ကြာတဲ့အထိ ဘယ်ရောက်သွားမှန်း ဘယ်သူမှမသိခဲ့ကြဘူး။ ရှာဖွေကြတော့လည်းဘယ်မှာမှမတွေ့ရဘဲ တစ်ခန်းရပ်ခဲ့လေရဲ့... ၂၀၀၇ခုနှစ်ပညာသင်နှစ်ရဲ့ ကျောင်းသားဟောင်းများ တွေ့ဆုံပွဲ .. အရာရာတစ်စခန်းပြန်ထလာမဲ့နေ့တစ်နေ့..နိုင်ငံရပ်ခြားရောက်နေသူတွေပါပြန်ပေါင်းဆုံတဲ့နေ့ရက်မှာ ထူးဆန်းမှုတွေဟာ ဆက်တိုက်... ချောက်ချားစရာတွေကြား တစ်စတစ်စနဲ့သိလာရတဲ့အမှန်တရားတွေ အမုန်းတရားတွေ ဒီလိုထူးဆန်းမှုတွေနဲ့ ပျောက်ဆုံးနေတဲ့ကျောင်းသားလေးတို့ ဘာတွေဆက်နွယ်နေကြမလဲ ပျောက်ဆုံးမှုနောက်ကွယ်ကအမှန်တရားနဲ့ဆာလောင်နေတဲ့ မကောင်းဆိုးဝါးတစ်ကောင်ရဲ့ခြောက်လှန့်မှုတွေကို တဝကြီးကြည့်ရှုခံစားရမယ့် စီးရီးတခု...... (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~BpL~Zwe Yan~Cherry~Sai~V တို့ပဲဖြစ်ပါတယ်File Size – 600MB  / 300MBQuality – 1080p AMZ WEB DL / 720pDuration – ...
6.2
TMDb: 6.2/10 4 votes
tv

Adhura (2023)

2023
Eli Roth Presents: A Ghost Ruined My Life (2021) Season 01 8
Eli Roth Presents: A Ghost Ruined My Life (2021) Season 01 Eli Roth Presents: A Ghost Ruined My Life (2021) Season 01 အခုတစ်​ခေါက်မိတ်ဆက်​ပေးမှာက​တော့ ပရ​လောကနဲ့ အမှတ်မထင်ပတ်သက်မိရာက ပြန်လည်လွတ်​မြောက်လာသူ​တွေရဲ့ ဖြစ်ရပ်မှန်အ​တွေ့အကြုံ​တွေကို မှတ်တမ်းတင်ရိုက်ကူးတင်ဆက်ထားတဲ့ မှတ်တမ်းစီးရီး​ကောင်း​ A Ghost Ruined My Life ပဲဖြစ်ပါတယ်။ ~ စီးရီးအညွှန်း ~ လူ​တော်​​တော်များများက ပရ​လောကကို မရှိဘူးလို့ ယုံကြည်ထားတဲ့​ခေတ်ကြီးမှာ ပရ​လောကရဲ့ဒဏ်ကိုခံလိုက်ရ​ပေမဲ့ မိမိ​ပြောတာ​တွေကို နား​ထောင်​ပေးမယ့်မရှိတဲ့သူ​တွေအတွက် ဒီ အီလိုင်း​​ရော့ဆိုတဲ့ ပရိုဂျူဆာက ဒီ မှတ်တမ်းစီးရီးကို ရိုက်ကူးခဲ့တာပါ။ တကယ်​တော့ ဒီစီးရီးထဲမှာ ပါဝင်တဲ့လူ​အများစုကလည်း ပရ​လောကဖြစ်တည်မှုကို မယုံကြည်ကြ​ပေမဲ့ တကယ်ကြုံ​တွေ့ပြီး လွတ်​မြောက်​အောင်လုပ်လာခဲ့တဲ့သူ​တွေဖြစ်ပါတယ်။ ဒီစီးရီးထဲမှာဆို သူတို့​တွေ ပရလောကနဲ့ ဘယ်လိုဆက်နွယ်မိတာလဲ... သူတို့လူမှု​ရေး စီးပွား​​ရေး​တွေမှာ ဘယ်​လောက်ထိနစ်နာခဲ့ရလဲ... ဘယ်လို​တွေ ​​ကျော်ဖြတ်ခဲ့ရလဲ... ဒီလိုလွတ်​မြောက်ပြီး​နောက်​ရော သူတို့ဘဝဘယ်လို​တွေပြန်လည်တည်​​ဆောက်ရလဲ... ဆိုတာကို တစ်ပိုင်းဆိုတစ်ပိုင်း ပညာသားပါပါ မှတ်သားစရာ​တွေအပြည့်နဲ့ ရိုက်ကူးထားတဲ့ ...
8
TMDb: 8/10 1 votes
tv

Eli Roth Presents: A Ghost Ruined My Life (2021) Season 01

2021
Jurnal Risa (2023)
Jurnal Risa (2023) Jurnal Risa (TV Series)(2023) ------------------------------------- IMDb-7.8/10Jurnal Risa- ရီဆာရဲ့ဂျာနယ်ပေါ့။ရီဆာဆိုတာ ဒီဇာတ်လမ်းရဲ့စာရေးဆရာမနာမည်။ Danur 1,2,3ဆိုပြီး trilogyအနေနဲ့အောင်မြင်ခဲ့တဲ့ Horrorကားတွေကို ရေးခဲ့တဲ့ စာရေးဆရာမ။ဒါက အင်ဒိုနီးရှားစီးရီး။အင်ဒိုသရဲကားတွေ ကြောက်စရာကောင်းရင် ဘယ်သရဲကားနဲ့မှမတူအောင်ကိုခြောက်တာ။ မြင်ဖူးကြမှာပါ ဒီကားကတော့ jump scareဘာညာတွေမဟုတ်ပဲ တစိမ့်စိမ့်ကြောက်အောင်ခြောက်တာ ဘာညာ။ ဒီကားကကျမဟုတ်ဘူး နည်းမျိုးစုံနဲ့အသားကုန်ခြောက်တာ။ဝင်ပူးလားပူးရဲ့ အကောင်အထည်ဖော်ခြောက်လား ခြောက်ရဲ့။ အသံနဲ့ခြောက်လား ခြောက်ရဲ့။အဓိကဇာတ်ဆောင်က ကလေးတွေ။ကျောင်းပိတ်တဲ့အားလပ်ရက်ရှည်မှာ အဖိုးဖြစ်သူဆီမှာ ဝမ်းကွဲအကိုတွေမောင်တွေနဲ့ အတူနေခဲ့တဲ့ ရီဆာ။သက်ရှိတွေရဲ့တစ်ဖက်ခြမ်းက သရဲတစ္ဆေတွေကိုမြင်နိုင်တယ်ဆိုတဲ့ ရီဆာ။မောင်တစ်ယောက်က အိမ်ပျက်ကြီးကနေ သူတို့အခေါ် ကူဂျန်ဆိုတဲ့ ဓားမြှောင်လေးယူလာခဲ့မိရော။သူတို့ ညီမလေးဖျားတာ အဲဒီဓားမြှောင်ကြောင့်ဆိုတာသိတော့ သူ့နေရာသူ ပြန်ထားပေမယ့် ဖျားတဲ့ကလေးမက နေပြန်ကောင်းမလာ။အဲဒီဓားမြှောင်ကိုဖျက်ဆီးပစ်မယ်ဆိုပြန်တော့ ဘယ်လိုနည်းနဲ့မှဖျက်ဆီးလို့မရတဲ့အပြင် သူ့ရဲ့မူလဇစ်မြစ်နေရာထားရမယ်ဆိုတာသိရတော့ မောင်နှမလေးယောက် အယူဓလေ့တွေအများကြီးနဲ့တောထဲကို ဝင်သွားမိရာကစ၊ ဘယ်လိုအမှောင့်ပယောဂတွေ ကပ်တွယ်လာမလဲ၊ အဲဒီကပ်တွယ်လာတဲ့ အမှောင့်ပယောဂတွေကိုရော ရင်ဆိုင်နိုင်ကြမှာလားဆိုတာ...။(***တစ်စီးရီးလုံးနီးပါး ခြောက်လှန့်နေတာမို့ အသည်းငယ်တတ်သူတွေ မကြည့်သင့်ပါ***) (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Moon~Cherry~Yunni~BpL~Zweတို့ပဲဖြစ်ပါတယ်)File Size –1GB /  500MBQuality – 1080p HS WEB DL / 720pDuration – ...

Jurnal Risa (2023)

2023
The Walking Dead: Dead City (2023) 8.7
The Walking Dead: Dead City (2023) The Walking Dead: Dead City (2023) ==========================IMDb Rating - 8.0/10IMDb Rating 8.4/10 ရထားပြီး walking dead series ရဲ့ sequel အဆက်အဖြစ်ထွက်လာတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ Walking Dead ထဲက အဓိက villain ကြီးဖြစ်ခဲ့တဲ့ Negan နဲ့ Maggie တို့အဓိက ဦးဆောင်ပါ၀င်ထားပါတယ် ။ မက်ဂီရဲ့ ဟာ ရှယ်ကို ခရိုအက် ဦး‌ဆောင်တဲ့ raider ခေါ် လုယက်သူတွေက ဖမ်းစီးခေါ်ဆောင်သွားပါတယ်။ဒါကို ရန်သူတာ်ကြီး‌တွေဖြစ်တဲ့ မက်ဂီနဲ့ နီဂန်က ပြန်လည်ပူးပါင်း ပြီး ဟာရှယ်ကို ပြန်ကယ်တင်ဖို့ ရန်သူ့နယ်‌မြေထဲ စွန့်စားခန်းထွက် ကြမှာဖြစ်ပါတယ် ။ Dead City ဆိုတဲ့ နယူးယောက်မြို့ကို အခြေခံ ဇာတ်အိမ်တည်ထားပြီး raiders တွေ ဝေါ်ကာ‌‌ (ခေါ်) ဖုတ်ကောင် တွေ ၊ လက်နက်ကိုင်အင်အားကြီးအဖွဲ့တွေနဲ့ walking dead စီးရီး ကြီးရဲ့ အငွေ့အသက်တွေ ...
8.7
TMDb: 8.7/10 11 votes
tv

The Walking Dead: Dead City (2023)

2023
Tale of the Nine Tailed 1938(2023)[Complete] 2
Tale of the Nine Tailed 1938(2023)[Complete] Tale of the Nine Tailed 1938(2023)********************************အပိုင်း( ၁ မှ ၁၂) ထိ စ/ဆုံးအားလုံးစောင့်မျှော်နေတဲ့ Season 2 ထွက်ရှိလို့လာပါပြီ...S1 မှာကတည်းက ဆန်းပြားတဲ့ဇာတ်အိမ်နဲ့ CGI အလန်းစား အက်ရှက်ခပ်မိုက်မိုက်တွေနဲ့မို့ကြည့်ရတာ တမူးထူးခြားတဲ့ရသကိုခံစားခဲ့ရတာမို့ ပရိတ်သတ်တွေ S2 ကိုမျှော်နေကြတာတော့မဆန်းပါဘူး...S2 မှာတော့အချိန်ခရီးသွားတာတွေပါဝင်လာပြီး ရှေးခေတ်ကိုပြန်ရောက်သွားတယ်လို့ဆိုတယ်...ယဉ်ကျေးမှုတွေမထွန်းကားတဲ့ရှေးခေတ်ဆိုတော့ ပိုကြမ်းပြီးရက်စက်တဲ့အခန်းတွေပါတယ်လို့လည်းဆိုကြတယ်..ဒါ့အပြင် Kim So Yeon လို ဆရာမကြီးက Main Role အနေနဲ့ပါဝင်လာပြန်တော့ ဘယ်လိုတွေဆက်ဖြစ်ကြဦးမလဲဆိုတာတော့စိတ်ဝင်စားစရာပါ...စပွိုင်လာတွေဖြစ်မှာမို့လို့ ဒီလောက်ပဲအညွှန်းရေးလိုက်ပါရစေ..အပတ်စဉ်Sat ,Sun ညတွေစောင့်မျှော်ခံစားလိုက်ကြရအောင်....Aired: May 6, 2023  - Jun 11, 2023 Aired On:  Saturday, Sunday Genres:Historical, Horror, Romance, Fantasy Duration: 70 mins Episodes: 12 Original Network: TVN File Size: 720p(~250MB) Translated by Hay Thar Oo, Miri, ...
2
TMDb: 2/10 1 votes
tv

Tale of the Nine Tailed 1938(2023)[Complete]

2023