Channel Myanmar

Korea Tv Series

Descendants of The Sun (2016) Complete
Descendants of The Sun (2016) Complete KBS 2TV ရုပ်သံလှိုင်းမှ ထုတ်လွှင့်ခဲ့ပြီး လက်ရှိအချိန်မှာ အောင်မြင်မှု အများဆုံးရရှိထားတဲ့ Korea serie တစ်ခုပါ Captain Yoo Shi Jin (ယိုရှီဂျင်)နေရာမှာမကြာသေးခင်ကမှစစ်မှုထမ်းပြီးထွက်လာတဲ့ နှုတ်ခမ်းနီမလေးများရဲ့အသဲကျော် Song Joong Ki (ဆုန်းဂျွန်ဂီ) ဖြစ်ပြီး Doctor Kang Mo Yoen(ဂန်မိုယွန်း)နေရာမှာတော့ အွန်စော ဆိုပြီး လူသိများကြိုက်နှစ်သက်ခဲ့တဲ့ ပုရိသတို့ အသည်းစွဲမင်းသမီး Song Hye Kyo (ဆောင်းဟေဂို) တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်း အညွှန်း ============================= အာရှအလယ်ပိုင်း .... Urak(ဇာတ်ညွှန်းဆရာ စိတ်ကူးထဲကနိုင်ငံ) ကို နောက်ခံထားပြီး စစ်ဘေးနဲ့ ရောဂါကပ်ဘေး တွေ ကျရောက်နေတဲ့ အချိန်မှာ လူသားအချင်းချင်း ရိုင်းပင်းမှု စည်းလုံးမှုတွေကို ဖော်ညွှန်းပြီး ဒုက္ခ တွေကြားမှာ အချစ်စစ်တစ်ခုပေါက်ဖွားလာပုံကို ဇာတ်အိမ်တည် ရိုက်ကူးခဲ့ပါတယ် Alpha အဖွဲ့ ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ယိုရှီဂျင်နဲ့ Volunteer ဆရာဝန်မလေး ဂန်မိုယွန်း တို့ အမှတ်မထင်ဘဲ ဟဲဆောင်ဆေးရုံ မှာ စတင်တွေ့ရှိခဲ့ရာကနေ ...

Descendants of The Sun (2016) Complete

The Innocent Man (2012) မြန်မာစာတန်းထိုး (Series)
The Innocent Man (2012) မြန်မာစာတန်းထိုး (Series) Descendants of the Sun ရဲ့မင်းသား Song Joong‑ki အဓိကပါဝင်ထားတဲ့ ကိုရီးယားစီးရီးပါ။မင်းသမီး Moon Chae‑won နဲ့ Park Si‑yeon တို့မှအားပြိုင်သရုပ်ဆောင်ထားပါတယ်။Episode အပိုင်း (၂၀)ရိုက်ကူးခဲ့ပြီး KBS2 ရုပ်သံလိုင်းကထုတ်လွှင့်ပြသခဲ့ပါတယ်။ IMDb Rating (8.1/10) နဲ့ Viki (9.4/10) ထိရရှိထားတဲ့ကိုရီးယားဇာတ်ကားကောင်းလေးပါ။ ဇာတ်လမ်းအညွှန်းကိုမပေးတော့ပါဘူး။ချစ်ခြင်းတွေကြားထဲ ငွေကြေးဓနဥစ္စာတွေ ဝင်ရောက်လာတဲ့အခါ ဘယ်သူကအနိုင်ယူသွားမလဲ။ဘယ်လိုချစ်ခြင်းတွေက ခိုင်မြဲစွာ တည်တံ့နေခဲ့လဲ။ဘယ်လိုရှင်သန်ခြင်းတွေနဲ့ဘဝကို လင်းလက်စေမလဲ။ဒါတွေကို မင်းသားမင်းသမီး ဇာတ်ပို့ဇာတ်ဆောင်များစွာနဲ့ အပြိုင်အဆိုင်သရုပ်ဆောင် ပုံဖော်သွားကြမှာပါ။မင်းသား Song Joong Ki ကိုတော့ ကန်မာယူအဖြစ် သနားစရာ.. လေးစားစရာ... စွန့်လွှတ်အနစ်နာခံသူအဖြစ် ဒီဇာတ်ကားထဲမှာ မြင်တွေ့ခံစားရမှာပါ။ DOTS ရဲ့ Big Boss ပရိတ်သတ်တွေ Big Boss ကိုအားရပါးရ တစ်ဝကြီးပြန်လည်ခံစားကြည့်ရှုနိုင်စေဖို့ ဟောင်းနေတဲ့စီးရီးဇာတ်ကားလေးကို ရုပ်ထွက်ကောင်းကောင်း HD Quality နဲ့ ပြန်လည်တင်ဆက်လိုက်ပါတယ်။အပိုင်း ...

The Innocent Man (2012) မြန်မာစာတန်းထိုး (Series)

Doctors (2016) မြန်မာစာတန်းထိုး
Doctors (2016) မြန်မာစာတန်းထိုး မင်းသမီးချောလေး ယွန်းဟေးဂျောင်ရဲ့ ဘဝနောက်ကြောင်းကို ပထမပိုင်း ဒုတိယပိုင်းနဲ့ တတိယပိုင်းတွေမှာ အဓိကထားပီးရိုက်ကူးခဲ့တဲ့ Doctors ကားလေးဟာ အခုအပိုင်း ၄ ကနေစပြီးတော့ အရံမင်းသားမင်းသမီး အစုံအလင်နဲ့ပွဲထွက်လာခဲ့ပြီဘဲဖြစ်ပါတယ်....   ပထမပိုင်း ဇာတ်ကားအကျဉ်းမှာတော့ ဆရာဖြစ်သူ ဟွန်းဂျီဟွန်းကို သံယောဇဉ်ရှိနေခဲ့တဲ့ယွန်းဟေးဂျောင်တစ်ယောက် သူကိုယ်တိုင်ဆရာဝန်အဖြစ်နဲ့ ဟွန်းဂျီဟွန်းအနားကိုပြန်လည်ရောက်ရှိလာခဲ့အခါ ...ငယ်စဉ်ထဲက သံယောဇဉ်ရှိခဲ့ပေမယ့် မလွဲသာတဲ့အခြေနေတခုကြောင့် ယွန်းဟေးဂျောင်နဲ့ကွဲကွာခဲ့ရပြီး သူလိုဘဲဆရာဝန်အဖြစ်နဲ့ ချစ်ရတဲ့သူ ကျောင်းသူလေးယွန်းဟေးဂျောင်ကိုဒေါက်တာအဖြစ်နဲ့ပြန်ပြီး မြင်လိုက်ရတဲ့အချိန်မှာတော့... Doctors Drama ကားကို သံယောဇဉ်တွေချည်နှောင်မှု့ သူငယ်ချင်းအချင်းချင်းချစ်ခင်မှု့နဲ့ နုပျိုလှတဲ့ လူငယ်တွေရဲ့ ရင်ခုန်သံအရိုင်းတွေနဲ့ဖန်တီး ခြယ်မှုန်းထားပါတယ်...ဟာသဖန်တီးနိုင်မှု့ရသတွေကိုတော့ ဆေးရုံအခန်းတွေနဲ့ ဆရာဝန်တွေရဲ့ နေထိုင်မှု့ပုံစံစရိုက်လေးတွေမှာ ဟာသလေးတွေနှောပြီးထည့်သွင်းရိုက်ကူးထားပါတယ်....အခု တင်တဲ့ အပိုင်း ၄ ကစပြီး အပိုင်း ၁၀ အထိ Doctors Medical Drama ကားရဲ့အခြေနေကတော့ ကိုရီးယားနိုင်ငံရဲ့ရေပန်းအစားဆုံးဖြစ်တဲ့ DOTS ကို ကျော်တက်သွားပြီဘဲဖြစ်ပါတယ်..ဆေးပညာပိုင်းကိုအထူးပြုရိုက်ကူးထားတဲ့ကားအပြင် အနုပညာရသကိုပါပြည့်ဝစွာ ဖန်တီးထားတဲ့ Series ဖြစ်တဲ့အတွက် လူငယ်တွေအတွက် ...

Doctors (2016) မြန်မာစာတန်းထိုး

Snow Queen TV Series (2006) မြန်မာစာတန်းထိုး
Snow Queen TV Series (2006) မြန်မာစာတန်းထိုး ဆင်းရဲသားရပ်ကွက်ကမွေးဖွားခဲ့တဲ့ကောင်လေးတစ်ယောက်ရှိပါတယ် သူက စိတ်သဘောထားလည်းဖြူစင်သလို မွေးရာပါ ပါရမီရှင် သင်္ချာအရမ်းတော်တဲ့ ကောင်လေးတစ်ယောက်ပါ ဒီလိုနဲ့ကိုရီးယားအထက်တန်းကိုရောက်လာတော့ သူငယ်ချင်းတွေအများကြီးရခဲ့တာပေါ့ ပထမရတဲ့သူကိုပဲလူတွေကအမှတ်ရတာပါဆိုတဲ့အယူအဆကိုလက်ကိုင်ထားတဲ့ သူဌေးသား သင်္ချာတော်တဲ့ပြိုင်ဘက်တစ်ယောက်နဲ့အတန်းထဲမှာဆုံကြတယ် လိုတရသူဌေးသား ဖြစ်တဲ့အပြင်သင်္ချာအရာမှာလည်းပြိုင်ဘက်ကင်းဆိုတဲ့ဂုဏ်ပုဒ်ဟာ ဆင်းရဲသားကျောင်းသားသစ်လေးရောက်လာတော့ သူ့ဂုဏ်ပုဒ်ဟာမှေးမှိန်ခဲ့ရတယ် တစ်ယောက်နဲ့တစ်ယောက် ပညာရပ်ဆိုင်ရာတွေငြင်းခုန်ရင်းနဲ့ပဲ မခွဲနိုင်မခွာနိုင်အခင်ဆုံး သူငယ်ချင်းတွေဖြစ်ခဲ့ကြတယ် ဒီလိုနဲ့ကမ္ဘာ့အိုလံပစ်သင်္ချာအိုလံပစ်ပြိုင်ပွဲရောက်လာရော အများသူငှာမျှော်လင့်ထားသလိုသူဌေးသားလေးကပထမဆုမရခဲ့ပဲ ဒုတိယဆုနဲ့ပဲကျေနပ်ခဲ့ရတယ် ဆင်းရဲသားလူငယ်လေးကတော့ပထမရသွားတယ် အရမ်းခံစားနေရတဲ့သူငယ်ချင်းကိုဆင်းရဲသားလေးကနှစ်သိမ့်ပေးခဲ့ပါတယ် ဒီမှာပဲကံကြမ္မာအလှည့်အပြောင်း ကစတော့တာပဲ သူနှစ်သိမ့်ဖို့သုံးတဲ့စကားလုံးအသုံးအနှုန်းကပဲ သူဌေးသားလေးကိုသေဆုံးသွားဖို့အကြောင်း ဖန်လာခဲ့တယ် ဆင်းရဲသားကောင်လေးက ကိုယ့်ကိုကိုယ်ယူကြုံးမရဖြစ် နောင်တတွေတပွေ့တပိုက်နဲ့ပေါ့ ရည်မှန်းချက်တွေလည်းပျောက်ကျောင်းကထွက်တဲ့အပြင်သိပ်ချစ်ရတဲ့အမေကိုတောင်ထားပြီးထွက်ပြေးသွားတယ် ဒီလိုနဲ့ နာမည်တွေလည်းပြောင်း လက်ဝှေ့လည်းထိုးရင်းနဲ့ သိပ်ချစ်တဲ့ကောင်မလေးတစ်ယောက်ကိုမမျှော်လင့်ပဲတွေ့ခဲ့မိတယ် အရမ်းချစ်စရာကောင်းတဲ့ကောင်မလေး ဟာ ဘယ်လိုအသိုင်းအ၀ိုင်းလည်း ဘယ်မိသားစုကလည်း ဆင်းရဲသားကောင်လေးကရော သူ့ဘ၀ကိုဘယ်လိုအဖတ်ဆယ်မလဲ အတိတ်ဆိုးဆိုကရောထွက်ပြေးရုံနဲ့လွတ်မှာလား အရမ်းကောင်းတဲ့ဇတ်ကားလေးပါ ကြည့်ရှုသူအနေနဲ့ မချီးကျူးပဲမနေနိုင်အောင်ဖြစ်သလို မီးပြတ်သွားမှာစိုးရိမ်ရတဲ့ဇတ်ကားမျိုးပါ မိတ်ကပ်အပြင်အဆင် editor ပိုင်း သရုပ်ဆောင်ချက်တွေ အားလုံးကောင်းလွန်းပါတယ် ကဲပရိတ်သတ်ကြီးရေ ဒီလောက်ဆိုလုံလောက်ပြီထင်ပါတယ် IMDb rating 8.3 အထိရရှိထားတဲ့ ဒရမ်မာဇာတ်ကားကောင်းတကားဖြစ်ပါတယ်။ ဇာတ်လမ်း အညွှန်းကိုတော့ ကို ဖြိုးပြည့် ကရေးသားပေးခဲ့တာပါ။ (ကွာလတီကောင်းကောင်းနက် တဖန်ပြန်လည်ခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်) File size...(400MB) For Each Episode Total Episodes .... 16 Episodes Quality...HDTV Rip 720p Format...mp4 Subtitle....Myanmar Subtitle (Hardsub) Encoder....Aung Pyay   Download ===================Episode 01              Episode 06  ...

Snow Queen TV Series (2006) မြန်မာစာတန်းထိုး

Genres

Like Us!