Channel Myanmar

My Love From Another Star

My Love From Another Star (Completed) 8.6
My Love From Another Star (Completed)  CM က Korea ပရိတ်သတ်တွေအတွက် My Love From Another Star ဆိုတဲ့Drama ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ် ..2013 က ထွက်ရှိခဲ့ပြီး ပြသခဲ့တုန်းက ကိုရီးယားမှာရော ကမ္ဘာတစ်ဝန်းရော..အတော်လေးအောင်မြင်ခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်မင်းသားချော Kim Soo-Hyun က ဒိုမင်းဂျွန်ဇာတ်ကောင်ကနေသရုပ်ဆောင်ပြီးမင်းသမီးချော Jun Ji-hyun က ချောင်းဆုန်းရီ နေရာကနေ သရုပ်ဆောင်ကြပြီးတော့သူတို့ရဲ့ လိုက်ဖက်ညီစွာသရုပ်ဆောင်မှု ဇာတ်လမ်းရဲ့ပေါ့ပါးကောင်းမွန်မှု..ဟာသလေးတွေလည်းရောနှောထည့်ထားမှု...ရိုမန့်တစ် ဆန်တဲ့ဇာတ်လမ်းအဖွဲ့လေးတွေကြောင့်လည်း အောင်မြင်တာမဆန်းပါဘူးဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့..ဒိုမင်းဂျွန်က ကြယ်တွေကနေလာခဲ့တဲ့ ဂြိုလ်သားတစ်ဦးဖြစ်ပြီးတော့ ဂျိုဆွန်းခေတ်မှာ ကမ္ဘာမြေပေါ်ကိုရောက်ရှိလာပါတယ်..ဒါပေမယ့်လည်းမတော်တဆ တခုကြောင့်မိမိနေထိုင်ရာ ကြယ်ကို မပြန်နိုင်တော့ပဲ..ကမ္ဘာမြေပေါ်မှာ နှစ်ပေါင်း ၄၀၀ ကျော်သောင်တင်နေခဲ့ရတယ်ခေတ်အဆက်ဆက်ဖြတ်သန်းမှုတွေကြားထဲမှာ..လူသားတွေနဲ့မတူတဲ့ စွမ်းအင်တွေကိုလည်းပိုင်ဆိုင်ထားတဲ့ဒိုမင်းဂျွန်တစ်ယောက် ကမ္ဘာမြေမှာ လူတွေရဲ့အကျင့်စရိုက်..ကောက်ကျစ်မှု..စိတ်နေစိတ်ထားတွေကိုလေ့လာနေခဲ့ပြီး..သိုသိပ်စွာ နှစ် ၄၀၀ လုံးနေထိုင်ပါတယ်..နောက်ဆုံး ပြန်ခွင့်ရတော့မယ့် အချိန် ၃ လလေးအတွင်းမှာနိုင်ငံကျော် ရုပ်ရှင်မင်းသမီး ချောင်းဆုန်းရီ နဲ့တွေ့ဆုံပြီး..အလွဲလေးတွေကအစပြု..နောက်ပိုင်းဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ ဆက်လက်ခံစားကြည့်ပါဦးTranslated By - May Htet , Thae Ei , LK , ...
8.6
TMDb: 8.6/10 23 votes
tv

My Love From Another Star (Completed)

2013