Channel Myanmar

Sherlock

Sherlock Special Episode (The Abominable Bride)
Sherlock Special Episode (The Abominable Bride) ဒီဇာတ်ကားကတော့ စီစန် ၃ အပြီးမှာ ထွက်လာတဲ့ အထူးအပိုင်းပါ။ ဇာတ်လမ်းအကျဉ်းကို နည်းနည်းလေးမှ ပြောမပြချင်ပါဘူး။ ကျတော့် အမြင်အရတော့ အရမ်းကောင်းတယ် ရယ်လဲ ရယ်ရတယ် တင်ဆက်ပုံ အရမ်းခမ်းနားတယ်လို့ ပဲ ပြောချင်ပါတယ်။ ပြောပြစရာတစ်ခုကတော့ မူရင်းဝတ္ထုမှာ မိုရီရာတီနဲ့ ရှာေးလာ့ခ် နောက်ဆုံးတွေ့ဆုံခဲ့တဲ့ နေရာက ရိုင်ခင်ဘက်ရေတံခွန်( Reinchenberg  Fall) ဖြစ်ခဲ့ပြီးတော့ အဲဒီအခန်းနာမည်က Final Problem ဖြစ်ခဲ့ပါတယ်။ အခု ၂၁ ရာစုကားမှာ အဲဒီရသမပျောက်အောင် အပိုင်းနာမည်ကို  Reinchenberg  Fall လို့ နာမည်ပေးပြီး final problem ဆိုတာကို အထူးပြုပြီး ထည့်ပြောသွားတာကို တွေ့နိုင်မှာပါ။ ဒါ့အပြင် fall မှာက အဓိပ္ပါယ် ၂ ခုဖြစ်နေတဲ့အတွှက် ရှားလော့ခ် ခုန်ချတဲ့ အခန်းနဲ့ နာမည်နဲလိုက်ဖက်အောင် ပေးနိုင်တာကလည်းသူတို့ရဲ့ တင်ဆက်မှုကောင်းပါပဲ။ Quality…Bluray Rip ...

Sherlock Special Episode (The Abominable Bride)

Sherlock Season(3) Complete
Sherlock Season(3) Complete Episode(1)ဒီအပိုင်းမှာတော့ စီစန် ၂ ဇာတ်သိမ်းပိုင်းက သိချင်နေခဲ့တယ့် အဖြေကို တွေ့ရပါပြီ။ ဒီအပိုင်းမှာ တွေ့ရမယ့် ဇာတ်ကောင်အသစ်ကတော့ မေရီပါ။ ၁၈၉၀ က The Sign of the Four ဆိုတဲ့ ၀တ္ထုမှာ စတင်ပါဝင်လာခဲ့ပြီး နောက်ပိုင်းမှာ ဂျွန်ရဲ့ မိန်းမဖြစ်လာခဲ့တာပါ။ ဒါပေမယ့် ဒီစီးရီးမှာ ဘယ်လိုပြန်လည်ဆန်းသစ်ထားလဲ ဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။ Episode(2)ဒီအပိုင်းမှာတော့ ပျော်ရွှင်စရာကောင်းတဲ့ ရှားလော့ခ်ရဲ့ လူသားဆန်မှုကို အင်မတန်လှပတဲ့ လူသတ်မှုတစ်ခုကို တားဆီးတာနဲ့အတူ တွေ့ကြရမှာဖြစ်ပါတယ်။ အရမ်းကြီးကျယ်တဲ့ အမှုကြီးမပါဝင်ပေမဲ့ ဒီဇာတ်ကားက ပေးတဲ့ရသကြောင့် ကျတော် အကြိုက်ဆုံး အပိုင်းတွေထဲမှာ ထည့်ထားလိုက်မိပါတယ်။ Episode(3)ဒီနှစ်အတွက် ရှားလော့ခ် ကို နုတ်ဆက်ရမယ့် အချိန်ရောက်လာပါပြီ။ ဒီအပိုင်းမှာ ရှားလော့ခ် ရင်ဆိုင်ရမယ့်သူက အစိုးရအဖွဲ့တစ်ခုလုံးရဲ့ ပျော့ကွက်တွေကို သိနေတဲ့ သတင်းစာတိုက်ပိုင်ရှင်ပါ။ နိုင်ငံတစ်ခုလုံး ပြန်မလှန်နိုင်တော့ တဲ့အခါမှာ ရှားလော့ခ်ကို အကူအညီတောင်းလာပါတော့တယ်။ ...

Sherlock Season(3) Complete

Genres

Like Us!