Channel Myanmar

Western

Billy the Kid (2022) 7.5
Billy the Kid (2022)  Billy the Kid လို့အများသိကြတဲ့ Henry McCarty ဒါမှမဟုတ် William H. Bonney ဆိုတဲ့ကောင်လေးဟာ သမိုင်းမှာ နာမည်ကျော်ပါတယ်။တစ်ချိန်က နာမည်ကြီး တောပုန်းတစ်ယောက်ဖြစ်ခဲ့ပြီး သူကိုယ်တိုင် အသက် ၂၁ ငယ်ငယ်ရွယ်ရွယ်နဲ့ မသေခင်မှာ လူ ၂၁ ယောက်ကိုသတ်ခဲ့တယ်လို့ ပြောစမှတ်ရှိခဲ့ပါတယ်။သူ့ရဲ့ဘဝဖြစ်စဉ် သမိုင်းတောက်လျှောက်ဟာ အခုချိန်မှာ ပြန်ပြောပြနိုင်တဲ့သူမရှိတဲ့အတွက် လက်ဆုပ်လက်ကိုင် ရေရေရာရာပြနိုင်စရာမရှိပေမယ့် ဒီဇာတ်လမ်းတွဲကတော့ သူ့ဘဝကိုအခြေခံပြီး အနီးစပ်ဆုံးကြိုးစားချဉ်းကပ်ပေးထားတယ်လို့ဆိုနိုင်ဟန်ရှိပါတယ်။အခုလောလောဆည် အပိုင်းရှစ်ပိုင်းပါ ဆီဇင်တစ်ခုထွက်ရှိထားပြီး အောင်မြင်မှုရခဲ့တဲ့အတွက် လာမယ့်အောက်တိုဘာမှာ ဒုတိယဆီဇင် ထွက်ရှိလာပါလိမ့်မယ်။ ရွှေ့ပြောင်းအခြေချတွေဖြစ်ခဲ့တဲ့ သူတို့မိသားစုဘယ်လိုကြမ္မာတွေကြုံရခဲ့ရလဲ? သာမန်လူငယ်တစ်ယောက်ဘဝကနေ နာမည်ကျော်တောပုန်းတစ်ယောက်အဖြစ် ဘယ်လိုအဖြစ်အပျက်တွေကဆွဲခေါ်သွားခဲ့လဲ အစရှိတဲ့ Billy the Kid ရဲ့ဘဝခရီးတစ်လျှောက်ကိုတွေ့မြင်ကြရမှာဖြစ်ပါတယ်။ Western ပရိသတ်တွေအကြိုက်တွေ့မယ့် ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီးတစ်ချိန်က နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ တောပုန်းကြီးတစ်ယောက်ဟာ အခုခေတ်ထိ ရုပ်ရှင်တွေ စီးရီးစ်တွေ အဖန်ဖန်အလည်လည်ရိုက်နေကြရလောက်အောင် ဘာကြောင့် ဂန္ဓဝင်တွင်နေခဲ့တာလဲဆိုတာအသစ်တဖန် ပြန်ပြီး ...
7.5
TMDb: 7.5/10 73 votes
tv

Billy the Kid (2022)

2022
Joe Pickett – Season (01), (02) 7.7
Joe Pickett – Season (01), (02) Joe Pickett - Season (01), (02) ====================== IMDb 7.7 ရရှိထားပြီး ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့ season 2 ခု ထွက်ရှိထားတဲ့ စီးရီးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ အထူးသဖြင့် အမျိုးသားပရိသတ်တွေ ပိုအကြိုက်တွေ့နိုင်မဲ့ ဇာတ်လမ်းမျိုးလို့ ထင် မြင်မိပါတယ်။ ဇာတ်ကောင်တွေရဲ့ အံဝင်ခွင်ကျဖြစ်မှု၊ ရိုက်ကူးတင် ဆက်ပုံ ကောင်းမွန်မှု နဲ့ နောက်ခံရှု့ခင်းတွေ သဘာဝဆန်စွာ လှပမှုတွေ ကြောင့် စတင်ထုတ်လွှင့်ချင်းမှာပဲ feedback ကောင်းတွေ အများကြီး ရထားတဲ့ စီးရီးတစ်ခုပါပဲ။ဇာတ်လမ်းအညွှန်း _____________ ဂျိုးပစ်ကတ်က ဆက်ဒယ်စထရင်းဆိုတဲ့ မြို့လေးကို အသစ်ပြောင်းလာ တဲ့ တောခေါင်းတစ်ယောက်ပါ။ ဥပေဒကို ချိုးဖောက်တဲ့ ဘယ်သူ့ကိုမဆို ချက်ချင်းအရေးယူတတ်ပြီး လိုင်စင်မဲ့ ငါးဖမ်းတဲ့ အစိုးရအဖွဲ့ခေါင်းဆောင် ကိုပါ ထိန်းသိမ်းအရေးယူခဲ့တာကြောင့် သတင်းစာတွေမှာ ဟိုးလေးတ ကြော်ကြော်ဖြစ်နေတဲ့သူပေါ့။ ဒါ့အပြင် ဇနီးဖြစ်သူ ရှေ့နေမလေးနဲ့ သမီး နှစ်ယောက်အပေါ်မှာလည်း တော်တော်လေးကို တာဝန်ကျေတဲ့ အိမ်ထောင် ဦးစီးကောင်းတစ်ယောက်ပါ။ဒီလိုနဲ့ ဆက်ဒယ်စထရင်းကို သူရောက်လာလာချင်းမှာပဲ အုတ်ခီလီဆိုတဲ့ တောကောင်ရောင်းဝယ်ရေးသမားတစ်ယောက်က ရာသီချိန်မဟုတ်ဘဲ အမဲ လိုက်နေတဲ့အတွက် လိုင်စင်သိမ်းပြီး အရေးယူပစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူမသိ ခဲ့တာကတော့ ...
7.7
TMDb: 7.7/10 5200 votes
tv

Joe Pickett – Season (01), (02)

2021
Deadwood Season 1+2 +3(2004)
Deadwood Season 1+2 +3(2004)    HBO ရဲ့နာမည်ကြီး western drama series တစ်ခုလာပါပြီ။ လူကြိုက်များပြီး ဝက်ဝက်ကွဲပေါက်ခဲ့တဲ့ ဂျွန်ဝှစ်ခ်ရုပ်ရှင်မှာ ကွန်တီနင်တယ်ဟိုတယ်ကိုဦးစီးနေတဲ့ အဘိုးကြီး ဝင်စတန်နေရာမှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ပို့မင်းသားကြီး အိုင်ရန်မက်ခ်ရှိန်းနဲ့ Hitman ( 2007) ဇာတ်ကားနဲ့နာမည်ကြီးတဲ့ မင်းသား တင်မိုသီအိုလီဖန်းတို့က leading role မှာ ပါဝင်သရုပ်ဆောင်ထားပြီး ၁၈၇၆ ခုနှစ် အမေရိကန်ပြည်ထောင်စုတပ်တွေနဲ့ ဆောဇ်လူမျိုးတွေဦးဆောင်တဲ့အင်ဒီးယန်းလူရိုင်းတွေဖြစ်ခဲ့တဲ့ လစ်တဲလ်ဘစ်ဟွန်းတိုက်ပွဲအပြီး ကာလလောက်ကိုအခြေခံထားပါတယ်။ အမေရိကန်ပြည်ထောင်စု၊ တောင်ဒါကိုတာပြည်နယ်က ဒတ်ဝုဒ်ဆိုတဲ့ ရွှေသမားတွေစုဝေးရာမြို့ကလေးမှာ ဖြစ်ခဲ့တဲ့အကြောင်းတွေကို ဇာတ်အိမ်တည်ရိုက်ကူးထားပြီး ဇာတ်လမ်းထဲက ဇာတ်ကောင်တွေဖြစ်တဲ့ ဥပဒေအရာရှိဟောင်း ဆက်သ်ဘူးလော့ခ်နဲ့ တည်းခိုခန်းပိုင်ရှင် အယ်လ်ဆွာရန်ဂျန်တို့ဟာ အမှန်တကယ်ရှိခဲ့တဲ့ပုဂ္ဂိုလ်တွေဖြစ်ပြီး ဇာတ်လမ်းထဲမှ တချို့အကြောင်းအရာတွေဟာလည်း အမှန်တကယ်ဖြစ်ပျက်ခဲ့တာတွေပါပါတယ်။ သမိုင်းဝင်ပုဂ္ဂိုလ်တွေဖြစ်တဲ့ ဘေလ်ဟစ်ကော့ခ်၊ အီးဘီဖာနန်၊ ဆောလ်စတားဆိုသူတွေကိုလည်း ဇာတ်လမ်းထဲမှာ ခေါင်းဆောင်ပိုင်းနေရာမှာ တွေ့ကြရမှာဖြစ်ပါတယ်။ ဒတ်ဝုဒ်ဟာ ကျေးလက်မြို့ကလေးတစ်မြို့ဖြစ်ပြီး ရွှေထွက်တယ်လို့စနာမည်ကြီးခဲ့တဲ့ ၁၈၇၆ လောက်မှာ မြို့ဟာရွှေသမားတွေ၊ ...

Deadwood Season 1+2 +3(2004)

Ride (2023) 9.333
Ride (2023) Ride (2023) ========= ဇာတ်လမ်းတွဲကောင်းတွေထွက်တဲ့ amazon prime ရဲ့ နွားရိုင်းစီးနင်းတဲ့ အားကစားကို အခြေခံထားတဲ့ Sports, Drama ဇာတ်လမ်းတွဲလေးဖြစ်ပါတယ် မက်မယ်ရီမိသားစုဟာ ကန်ညွန်တောင်တန်းတွေမှာ နေထိုင်ရင်း မွေးမြူရေးခြံနဲ့ နွားရိုင်းစီးနင်းမှုကိုလုပ်ကိုင်တဲ့ မိသားစုပါ သူတို့နယ်မြေမှာတော့ အကောင်းဆုံး နွားရိုင်းစီးနင်းသူ ချန်ပီယံတွေကိုမွေးထုတ်ပေးတဲ့ မိသားစုအဖြစ် ကျော်ကြားပါတယ် ဖခင်ဖြစ်သူ ဒက်စတီခေတ်က စလို့ သားဖြစ်သူ အော်စတက် မက်မယ်ရီအထိ နွားရိုင်းစီးနင်းပြိုင်ပွဲတွေမှာဗိုလ်စွဲခဲ့တာကြောင့် မြို့ဂုဏ်ဆောင်နေတဲံ့ မိသားစုလည်းဖြစ်ပါတယ် အောစတင်..ကတ်ရှ်...တက်ဖ် ဆိုတဲ့ ညီအစ်ကိုသုံးယောက်ရှိတဲ့အထဲ အော်စတင်ကတော့ မိသားစုဂုဏ်ဆောင်သားကြီးဖြစ်ပြီး အလေးပေးအခံရဆုံးပါ တစ်နေ့မှာ အော်စတင်အတွက် သမိုင်းဝင်စေမယ့် ဟာရီကိန်းနွားရိုင်းကြီးကို တစ်မြို့လုံးရှေ့မှာ ၈ စက္က့န်အကြာထိ တောင့်ခံစီးပြရင်းနဲ့ မတော်တဆဖြစ်ကာ နွားတက်နင်းပြီး သေဆုံးသွားပါတယ်... သူတို့မိသားစု ဂုဏ်သိက္ခာလည်း တဖြည်းဖြည်း ကျဆင်းလာပြီး ခြံကိုပါ ဆုံးရှုံးရမလိုဖြစ်နေပါပြီမရိန်းတပ်မှာတာဝန်ထမ်းဆောင်ပြီး အိမ်ပြန်လာတဲ့ သားအလတ် ကတ်ရှ်က သူ့အစ်ကိုကြီး အော်စတင်ရဲ့ တာဝန်ကိုယူပြီး ကျန်ခဲ့တဲ့မိသားစုဝင်ကို စောင့်ရှောက်ဖို့တာဝန်ကျလာပါတယ် သူ့အစ်ကိုနဲ့ အဖေ့ခြေရာနင်းဖို့ နွားရိုင်းစီးနင်းသူအဖြစ် လေ့ကျင့်ရင်း ကန်ညွန်ချန်ပီယံဖြစ်အောင် ပြန်ကြိုးစားပါတော့တယ်... အပိုင်း ၁၀ ပိုင်းပါဝင်ပြီး စောင့်ကြည့်သင့်တဲ့ ...
9.333
TMDb: 9.333/10 3 votes
tv

Ride (2023)

2023
Yellow Stone (2018) Season-1+2+3+4+5
Yellow Stone (2018) Season-1+2+3+4+5 Cowboyဇာတ်လမ်း​တွေကို သ​ဘောကျတဲ့ ပရိသတ်​တွေအတွက် အစိမ်းသက်သက် မဖြစ်​လောက်သလို ဒီဘက်​ခေတ်ရဲ့ western ကောင်းဘွိုင်seriesတွေထဲမှာ ဇာတ်အိမ်ခိုင်ပြီး ​လူကြိုက်များတဲ့ Yellowstone ဆိုတဲ့ Seriesကြီးကို စတင်​တင်ဆက်​လိုက်ပါပြီ။Yellowstoneဆိုတဲ့နာမည်ကို CMပရိသတ်​တွေအ​နေနဲ့ အ​ရှေ့မှာ တင်ဆက်ခဲ့ဖူးတဲ့ Prequelစီးရီးဖြစ်တဲ့1883မှာ ရင်းနှီးခဲ့ဖူးမှာပါ။ အခုစီးရီးက​တော့ အဲဒီထဲက ဒပ်တန်မိသားစုရဲ့ မျက်​မှောက်​​ခေတ် ​ကောင်းဘွိုင်ဘဝကို ကြည့်ရှုရမှာပါ။Oscarနဲ့ Emmyဆုရှင် မင်းသားကြီး Kevin Costner က ဒပ်တန် မိသားစုရဲ့အိမ်​ထောင်ဦးစီး ဂျွန်ဒပ်တန်အဖြစ် ပါဝင််ထားတာဖြစ်ပြီး IMDb 8.7, RT 85%အထိ ရရှိထားပါတယ်။ ဒီစီးရီးက နိုင်ငံတကာ ကောင်းဘွိုင်ဇာတ်ကားပရိသတ်​တွေကြား အ​တော်​ရေပန်းစားသလို ​အောင်မြင်မှုလည်း ကြီးတာမို့ လက်ရှိမှာSeason 5အထိ ​ရောက်ရှိ​ နေပါပြီ။ဇာတ်လမ်းအကျဉ်းက​တော့ အ​မေရိကန်ရဲ့အကြီးဆုံး ​မွေးမြူ​ရေးခြံ ဖြစ်တဲ့ မွန်တားနားပြည်နယ် ရဲလိုးစတုန်းမ်ခြံကြီးရဲ့ ပိုင်ရှင် ဒပ်တန် မိသားစု​အ​ကြောင်းကို အသား​ပေးထားတာ ဖြစ်ပါတယ်။ မိသားစုရဲ့ အိမ်​​​ထောင်ဦးစီးဖြစ်တဲ့ ဂျွန်ဒပ်တန်ဟာ သူပိုင်တဲ့ခြံကြီးကို ဦးစီးရင်း ခြစားမှု​တွေနဲ့လက်ဝါးချင်းရိုက်​နေတဲ့ နိုင်ငံ​ရေးသမား​​တွေနဲ့ ​ဒေသခံ သစ်လုပ်ငန်းရှင်​တွေ ကန်ထရိုက်လုပ်ငန်းရှင်​​တွေ၊ မြို့ပြတိုးချဲ့​ရေး အ​ကြောင်းပြ ပြည်သူပိုင်သိမ်းယူလိုမှု​တွေ၊ နယ်​မြေချင်းဆက်​​နေတဲ့ အင်ဒီးယန်း​တွေနဲ့ကာလရှည်မသင့်မြတ်​မှုတွေ၊ မိသားစုပဋိပက္ခ​တွေ ကြားထဲက ခြံကြီးကို မဆုံးရှုံးရ​အောင် ကြိုးစားထိန်းသိမ်းပုံ​တွေကို ကြည့်ရှူရမှာပါ။ဒီစီးရီးဟာ ...

Yellow Stone (2018) Season-1+2+3+4+5

1923 (2022)
1923 (2022)    1923 (2022) အမေရိကန်နိုင်ငံအနောက်ပိုင်းဒေသတွေကို နောက်ခံဇာတ်အိမ်တည်ထားတဲ့ ကောင်းဘွိုင်းဇာတ်လမ်း 1883 ရဲ့အဆက်ဖြစ်တဲ့ 1923 ဇာတ်လမ်းတွဲဟာ နှစ်တွဲခွဲပြီးထုတ်လွှင့်သွားမှာဖြစ်ပြီး တစ်တွဲကို အပိုင်းရှစ်ပိုင်းထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ ဒီစီးရီးတွေရဲ့ ပင်မဇာတ်လမ်း Yellowstone ကိုလည်း ချန်နယ်မြန်မာမှ တင်ဆင်ထားပါပြီ။ဒီဇာတ်လမ်းတွဲမှာတော့ မင်းသားကြီးဟယ်ရီဆင်ဖို့ဒ်က မြို့ခံကော်မရှင်နာအရာရှိတစ်ဖြစ်လဲ၊ ကျွဲ၊နွားမွေးမြူရေးသမား ကောင်းဘွိုင်း အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ခေါင်းဆောင်ပါဝင်ထားပါတယ်။ သားသမီးမထွန်းကားလို့ တူရဲ့သားဖြစ်သူ ဂျက်ခ်၊ သစ္စာရှိအလုပ်သမားခေါင်း ဇိန်းတို့နဲ့ အတူနေထိုင်ပြီး ဘဝကိုဖြတ်သန်းနေပါတယ်။ ဂျက်ခ်ဟာ ဂျေကော့ဘ်ဒပ်တန်၊ ကာရာဒပ်တန်လင်မယားနဲ့အတူ မွေးမြူရေးခြံမှာနေပေမယ့် အခြားတူတစ်ဦးဖြစ်သူ စပန်ဆာဒပ်တန်ကတော့ ပထမကမ္ဘာစစ်မှာဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ပွဲမှာရခဲ့တဲ့စိတ်ဒဏ်ရာတွေနဲ့အတူ စစ်အပြီးမှာ တောလိုက်မုဆိုးအဖြစ်အာဖရိကမှာ အသက်မွေးနေသူပါ။ပထမကမ္ဘာစစ်၊ ဥပဒေပိတ်ပင်မှုတွေနဲ့ မိုးခေါင်ရေရှားမှုတွေကြောင့် ကျွဲ၊နွားခြံရှင်တွေ စားကျက်ရှားပါးလာပြီး အခက်အခဲတွေဖြစ်လာကြတဲ့အခါတောင်ထူထပ်တဲ့ အမြင့်ပိုင်းနေရာတွေကို တိရစ္ဆာန်အုပ်တွေမောင်းသွားပြီး စားကျက်ရှာဖို့ဖြစ်လာပါတော့တယ်။ ပထမကမ္ဘာစစ်အပြီး အမေရိကန်ပြည်သူတွေကြုံကြရတဲ့ စီးပွားပျက်ကပ်၊ အနောက်ဘက်ဒေသရွှေ့ပြောင်းမှု၊ အရက်သေစာရောင်းဝယ်‌ရေးတားမြစ်မှု စတဲ့အခက်အခဲတွေကြားမှာ ဒပ်တန်မိသားစုဖြတ်သန်းကြရပုံကို ဗဟိုပြုရိုက်ကူးထားပါတယ်။ အမေရိကန်နိုင်ငံ အနောက်ဘက်ဒေသ‌ ...

1923 (2022)

Walker Independence (2022) 8
Walker Independence (2022) Walker Independence (2022)ကောင်းဘွိုင်စီးရီးတွေထဲက အထင်ကရတစ်ခု ဖြစ်တဲ့ Walker စီးရီးရဲ့ prequel အနေနဲ့ ထွက်ရှိလာတဲ့ စီးရီးပါဝေါ်ကာမိသားစုရဲ့ မျိုးရိုးအကြောင်းနဲ့ တက္ကဆက်ပြည်နယ် အင်ဒီပန်းဒန့်စ်မှာ ဝေါ်ကာမိသားစု ပေါ်ပေါက်လာပုံကို ရိုက်ပြထားတာပါအက်ဘီဂါ ကောလင်းစ်ဟာ အင်ဒီပန်းဒန့်စ်မှာ ရဲမှူးသစ်အဖြစ် တာဝန်ထမ်းဆောင်မယ့် ခင်ပွန်းဖြစ်သူ လီယမ် ကောလင်းစ်နဲ့အတူ အင်ဒီပန်းဒန့်စ်ကို ထွက်လာခဲ့ကြပါတယ်ဒါပေမဲ့ လမ်းမှာပဲ လီယမ် ကောလင်းစ် အသတ်ခံလိုက်တာကြောင့် အင်ဒီပန်းဒန့်စ်ကို တစ်ယောက်တည်း ရောက်သွားပြီး ခင်ပွန်းဖြစ်သူအတွက် လက်စားချေဖို့ ကြိုးစားပါတော့တယ်အက်ဘီဂါ ကောလင်းစ်အဖြစ်ကနေ အက်ဘီဂါ ဝေါ်ကာအဖြစ် ပြောင်းလဲပြီး တက္ကဆက်ပြည်ရဲ့ လူလိမ် ဟိုရေ့ရောလင်းစ်၊ အင်ဒီယန်းလူမျိုး ကယ်လီယန်တို့နဲ့အတူ လက်စားချေဖို့ ကြိုးစားကြပုံကို တစ်ပတ် (၁)ပိုင်းနှုန်းနဲ့ ရှုစားကြရမှာပါအပိုင်း(၁)နဲ့တင် IMDb rating ~ 7.1 ရရှိထားပြီး Plot ပိုင်း၊Cinematography ပိုင်း၊ သရုပ်ဆောင်ပိုင်း၊ Musical ပိုင်း နဲ့ Costume ပိုင်းပါ မကျန် ချီးကျူးခံနေရတဲ့ စီးရီးဖြစ်တာကြောင့် ကောင်းဘွိုင်ချစ်သူမှန်ရင်တော့ ကျော်မသွားသင့်ပါဘူးအညွှန်း နဲ့ ...
8
TMDb: 8/10 1 votes
tv

Walker Independence (2022)

2022
The English Season 1
The English Season 1 Edge of Tomorrow တို့ Adjustment Bureau တို့လို့ ရုပ်ရှင်တွေထဲက စတားမင်းသမီး အမ်မလီဘလန့်ရဲ့ ကောင်းဘွိုင်ခေတ်စီးရီးကောင်းလေးတစ်ခုလာပါပြီ။ အဲလီက ထက်မြက်တဲ့ တော်တဲ့ တီထွင်ဖန်တီးသူတစ်ယောက် ဖြစ်ပါတယ်။ သူ့မှာ ချစ်စရာကောင်းတဲ့ မိသားစုလေး တစ်စုကိုလည်း ပိုင်ဆိုင်ထားတယ်။ အပြင်ပန်းကြည့်ရင်တော့ သူတို့ မိသားစုလေးက သာမန် လူလတ်တန်းစား မိသားစုလေးပေါ့။ ကလေးတွေကိုလည်း လူ့အဖွဲ့အစည်းကို အယုံအကြည်မရှိလို့ ကျောင်းမထားဘဲ အိမ်မှာပဲ သင်ပေးကြတာပေါ့။ ဒါပေမဲ့ တစ်ရက်မှာ သူ့ကို လူတစ်စုကနေ သတိထားမိသွားပြီးနောက် သူတို့ မိသားစု နိုင်ငံရပ်ခြားကို ထွက်ပြေးဖို့ လုပ်ရပါတော့။ ဇာတ်လမ်းက တဖြည်းဖြည်းနဲ့ ဘာကြောင့်ထွက်ပြေးရတယ်၊ နောက်က လိုက်နေသူတွေက ဘယ်သူတွေလဲ၊ အဲလီက အတိတ်မှာ ဘာတွေလုပ်ခဲ့မိလို့ ဒီလို နိုင်ငံခြားထိ ထွက်ပြေးဖို့ လုပ်ရသလဲ၊ ထွက်ပြေးတဲ့အချိန်မှာရော ဘယ်လိုအခက်အခဲတွေ၊ ဘယ်လိုလူတွေနဲ့ ကြုံရမလဲဆိုတာကို စိတ်ဝင်စားဖွယ် ...

The English Season 1

1883 (2021) 9
1883 (2021) ဒီဇာတ်လမ်းတွဲကတော့ နာမည်ကျော် စီးရီး Yellowstone ထဲက မိသားစုရဲ့မူလပထမ စွန့်စားခန်းခရီးစဉ်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ Rating အမြင့်စား ကောင်းဘွိုင်စီးရီးရှားပါးနေတဲ့အချိန်မှာ ပီပီပြင်ပြင်ကို ရိုက်ကူးထားတာပါပဲ။ ၁၈၈၃ခုနှစ် အမေရိကန်ပြည်မှာ ရေမြေပတ်ဝန်းကျင် ပိုကောင်းရာအရပ်တွေဆီ ပြောင်းရွှေ့နေထိုင်ကြပုံတွေကို ရိုက်ကူးပြသထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ လယ်သမားတစ်ဦးဖြစ်တဲ့ ဂျိမ်းစ်ဒက်တန်ဟာ ခိုးဆိုးဓားပြတွေပေါတဲ့ တက္ကဆက်အရိုင်းမြေကို စွန့်ခွာပြီး သူ့မိသားစုနဲ့အတူ အနောက်အရပ်ဆီ ခရီးထွက်ဖို့ပြင်ခဲ့ပါတယ်။ ဒီလိုပြင်ဆင်တုန်းမှာ လှည်းခရီးသွားတစ်ဖွဲ့ကို အနောက်အော်ရီဂွန်အရပ်ဆီ ဦးဆောင်သွားမယ့် ရှီအေးဘရန်နန်ဆိုတဲ့ လူတစ်ယောက်နဲ့ ဆုံမိခဲ့ပါတယ်။ ရှီအေးဘရန်နန်ဆိုတာကတော့ ကူးစက်ရေကျောက်ရောဂါဖြစ်ပြီး သေဆုံးသွားတဲ့ မိသားစုကို အိမ်မှာမီးရှို့ပြီးထားခဲ့ရတဲ့ နာကျင်စရာအတိတ်‌တွေနဲ့ လူတစ်ဦးပါ။ သူ့မှာ သောမတ်စ်ဆိုတဲ့ ညာလက်ရုံးတစ်ဦးလည်းရှိပါတယ်။ ဂျိမ်းစ်မိသားစုမှာက မိန်းမသားလေးယောက်နဲ့ ငါးနှစ်သား‌တစ်ယောက်၊ ရှီအေးတို့ခရီးသွားအဖွဲ့မှာက ‌မြင်းမစီး သေနတ်မပစ်တတ် ဘာဆိုဘာမှ မကျွမ်းကျင်သူတွေချည်းဆိုတော့ တစ်နေရာတည်းသွားမယ့် ခရီးသည်တွေအဖြစ် သူတို့နှစ်ဖွဲ့ တူတူခရီးနှင်ခဲ့ကြပါတယ်။ လမ်းခရီးမှာတော့ ခိုးဆိုးဓားပြ၊ မြွေပါးကင်းပါး၊ လှည်းနင်းမိတဲ့မတော်တဆမှုတွေ၊ ရောဂါကပ်ဘေးတွေ အမျိုးမျိုးကြုံကြရပါတယ်။ သေခြင်းတရားတွေ ပူဆွေးမှုတွေနဲ့ ပြည့်နှက်နေတဲ့ ခရီးစဉ်ကြီးပေါ့။ ဒါပေမဲ့ ဆယ်ကျော်သက်‌မိန်းမပျိုလေးတစ်ဦးဖြစ်တဲ့ ...
9
TMDb: 9/10 32 votes
tv

1883 (2021)

2021