Channel Myanmar

ABC

The Good Doctor 8.6
The Good Doctor The Good Doctor စီးရီးဟာ နာမည်ကြီးကိုရီးယားစီးရီးကို ပြန်လည်ရိုက်ကူးထားတာပါ။ကိုရီးယားစီးရီးကို မကြည့်ဖြစ်လိုက်ပေမယ့် ဒီအမေရိကန်စီးရီးကိုတော့ စိတ်ဝင်တစားကြည့်ဖြစ်ပါတယ်။ ဆရာဝန်စီးရီးတွေမှာတော့ အမေရိကန်စီးရီးတွေက အများကြီးပီပြင်ပါတယ်။ အသုံးအနှုန်းတွေ လှုပ်ရှားမှုတွေနဲ့ ရောဂါတွေက အတော်လေး သဘာဝကျပါတယ်။ဇာတ်လိုက်ကတော့ Autism အော်တစ်ဇင်ရောဂါရှိတဲ့ ပါရမီရှင် ခွဲစိတ်အလုပ်သင် ဆရာဝန်တစ်ယောက်ပါ။ သူ့ကို ဆေးရုံအုပ်ကြီးက သူ့ရာထူးနဲ့ရင်းပြီး ထောက်ခံပေးကာ အလုပ်ဆင်းခွင့်ပြုခဲ့ပါတယ်။ သူရောက်သွားတဲ့ ခွဲစိတ်ဆရာဝန်အဖွဲ့ခေါင်းဆောင်က အရမ်းတော်ပြီး မာနကြီးတယ်၊ သူ့တွဲဖက်တွေကလည်း လူသန်းဆန်သူ တကိုယ်ကောင်းဆန်သူ စသည်ဖြင့် လူအမျိုးမျိုးနဲ့ ကြုံလာရပါပြီ။သူ့ရဲ့ ထူးဆန်းတဲ့တွေးခေါ်ပုံတွေ လူတွေနဲ့ကသိကအောက် ဟာသတွေ၊ အမှန်နဲ့အမှားကြားက ကျင့်ဝတ်တွေနဲ့ အတော်ကို ဝေဝေဆာဆာရှိတဲ့ ဇာတ်လမ်းပါပဲ။ House MD, Grey Anatomy လိုမျိုးတွေ ကြိုက်တဲ့သူတွေအတွက်တော့ လုံးဝကျေနပ်စေမယ့် ဇာတ်လမ်းဖြစ်ပါတယ်။ အကောင်းဆုံးကြိုးစားပြီး ပြန်ပေးထားပါတယ်။ ဆရာဝန်တွေမှ သိနိင်မယ့်စာလုံးအချို့ ဘာသာပြန်မှားပါလာရင်တော့ နားလည်ပေးလိုက်ကြပါခင်ဗျ။Medical Field ...
8.6
TMDb: 8.6/10 5327 votes
tv

The Good Doctor

2017
9-1-1 or 911 8.21
9-1-1 or 911 Covid19 ကြောင့် Stay Home နေကြရတဲ့CM Fan တွေ အတွက် အချိန်ကုန်မှန်းမသိအောင်ကြည့်ကောင်းတဲ့ တီဗီဇတ်လမ်းတွဲ တစ်ခု နဲ့မိတ်ဆက်ပေးပါရစေ...9-1-1 ပါတဲ့ ဟုတ်ပါတယ်...9-1-1 ဟာ မြန်မာပြည်က ကူညီပါရစေ လိုပါပဲ ဆိုပေမယ့်ဒီက ကူညီပါရစေလိုမျိုးတော့ မဟုတ်ပါဘူး9-1-1 အုပ်စု မှာ အရေးပေါ် တယ်လီဖုန်းလိုင်းကအော်ပရေတာတွေ ကနေ တဆင့် အမှုအခင်း - သဘာဝဘေး စတဲ့ပြသနာ ပေါင်းစုံကို ဆယ်သွယ်အကူအညီတောင်းတဲ့ အခါမီးသတ် - ရဲ - ဆေးဘက်အကူအညီ နှင့် အပြေးအလွှားကယ်ဆယ်ကြပါရတယ်ဒီ 9-1-1 ဇတ်လမ်းတွဲမှာတော့ ထူးထူးခြားခြား ဖြစ်စဉ်လေးတွေကိုEpisode တစ်ခုစီ အပြီးအစီး ပြထားတာမို့ ဆန့်ငင် ဆန့်ငင် မဖြစ်ပါဘူးဇတ်လမ်းတွဲထဲက သရုပ်ဆောင်တစ်ယောက်စီတိုင်းရဲ့ သဘာ၀ ကျတဲ့သရုပ်ဆောင်ချက်တွေ ကြောင့် ဇတ်လမ်းတွဲဟာ ပိုမိုပြီး အသက်ဝင်နေပါတယ်ဒီဇတ်လမ်းတွဲကိုAugust , Sai Wai ...
8.21
TMDb: 8.21/10 2291 votes
tv

9-1-1 or 911

2018
Will Trent (2023) 7.7
Will Trent (2023) Will Trent (2023) =============IMDb Rating - 7.6/10Pieces of Her ရဲ့ဖန်တီးရှင်စာရေးဆရာမ Karin Slaughter ရဲ့အခြားသောနာမည်ကျော်စီးရီးစ်တစ်ခုဖြစ်တဲ့ Will Trent ကိုပြန်လည်အသက်သွင်းထားတဲ့ ဇာတ်လမ်းတွဲအသစ်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ စုံထောက် Will Trent ဟာငယ်စဉ်ကတည်းက မိဘတွေစွန့်ပစ်ခံခဲ့ရပြီး ပြည်နယ်မိဘမဲ့ကလေးစောင့် ရှောက်မှုစနစ်အောက်မှာ ကြီးပြင်းခဲ့ရသူတစ်ဦးပါ။ အဲ့ဒီမှာတွေ့ကြုံခဲ့ရတဲ့ခါးသီးမှုတွေ စိတ္တဇတွေဟာလက်ရှိအချိန်ထိ သူ့အပေါ်သက် ရောက်မှုရှိနေဆဲဖြစ်ပြီး အခုချိန်မှာတော့ဂျော်ဂျီယာစုံစမ်းစစ်ဆေးရေးဗျူရိုမှာ ထိပ်သီးစုံထောက်တစ်ဦးအဖြစ်ဘဝကို ကြိုးစားတည် ဆောက်နေပါတယ်။သူဟာ ငယ်စဉ်ကတည်းက စာသင်ရခက်၊ ဖတ် ရခက်တဲ့ ဦးနှောက်ချို့ယွင်းမှုဝေဒနာကိုခံစားခဲ့ရသူဖြစ်ပြီး စာဖတ်တဲ့ နေရာမှာ အခုချိန်ထိအခက်အခဲရှိတဲ့သူပါ။ဒါပေမယ့်လည်း တစ်ဖက်က အားသာချက်အနေနဲ့ အခင်းဖြစ်နေရာ တစ်ခုကိုတစ်ချက်ကြည့်လိုက်ရုံနဲ့ သူများတွေ မမြင်နိုင်မျက်စိလျှမ်း သွားနိုင်တဲ့အသေးစိတ်အချက်အလက်လေးတွေကို စူးရှစွာထိုးထွင်း မြင်နိုင်တဲ့သူဖြစ်တဲ့အတွက် ဗျူရိုမှာ မှုခင်းဖြေရှင်းနိုင်မှုအမြင့်ဆုံး စုံထောက်အဖြစ်ရပ်တည်နေပြီး လတ်တလောမှာလဲ အက်တလန် တာရဲတပ်ဖွဲ့ရဲ့ခြစားမှုကိုတာဝန်ပေးခံရချိန်မှာဖြေရှင်းပေးနိုင်ခဲ့သလို အဲ့ဒီလိုဖြေရှင်းပေးနိုင်ခဲ့တဲ့အတွက် အက်တလန်တာရဲတပ်ဖွဲ့ (APD) ဝင်တစ်ချို့ အဖမ်းခံခဲ့ရပြီး APD ...
7.7
TMDb: 7.7/10 5400 votes
tv

Will Trent (2023)

2023
Alaska Daily (2022) 7
Alaska Daily (2022) Alaska Daily (2022) Completed Limited Series ~ IMDb - 7.4/10, Rotten Tomatoes - 67% ~ ဇာတ်လမ်းတွဲပေမဲ့ မင်းသမီးကတော့ နှယ်နှယ်ရရမဟုတ်ပါဘူး။ ဟောလိဝုဒ်မင်းသမီးတွေရနိုင်တဲ့ အကြီးဆုံးဆု၊ ကမ္ဘာပေါ်က မင်းသမီးတွေရနိုင်တဲ့အကြီးဆုံးဆုလို့ပြောလို့ရတဲ့ Academy Award for Best Actress in a Leading Role အော်စကာဆုကို ၂ခါပြန်ရထားတဲ့ Hilary Swank ပါ။ Boys Don't Cry ဆိုတဲ့ကားနဲ့ ပထမတစ်ခါရခဲ့ပြီး ကလင့်အိစ်ဝုရိုက်တဲ့ Million Dollar Baby နဲ့ ဒုတိယရခဲ့တာပါ။ အော်စကာနှစ်ဆုရှင် ရှားရှားပါးပါး သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲလေးပေါ့။ ဒီထဲမှာ ဟီလာရီက သတင်းထောက် အိုင်လင်းအဖြစ်သရုပ်ဆောင်ထားတယ်။ သူက သတင်းကြီးတွေကိုရအောင်လိုက်နိုင်တဲ့သူမျိုး၊ သတင်းကောင်းသတင်းမှန်ကိုရေးဖို့ ဘာအတွက်မှ နောက်မတွန့်တဲ့ သတင်းထောက်မျိုး။ ကားအဖွင့်မှာ ဗိုလ်ချုပ်ကြီးတစ်ယောက်ရဲ့ ...
7
TMDb: 7/10 3 votes
tv

Alaska Daily (2022)

2022
Marvel’s Agents of S.H.I.E.L.D ( Season 5 to 7 ) 7
Marvel’s Agents of S.H.I.E.L.D ( Season 5 to 7 ) Agents of S.H.I.E.L.D (Season 7)Agents of S.H.E.L.D ဆိုတဲ့ စီးရီးက MCU Timelineအတိုင်းသွားနေတဲ့ စီးရီးတစ်ခုဖြစ်တယ်ဆိုတာ အားလုံးသိကြမှာပါ။Hydra ကို အပြုတ်ဖြုတ်ခဲ့တာလဲ S.H.E.L.D ပါပဲ။Nick Fury ရဲ့သေဆုံးမှု(သေချင်ယောင်ဆောင်)ကS.H.I.E.L.D အပေါ်ဘယ်လောက်သက်ရောက်မှုရှိခဲ့လဲဆိုတဲ့အကြောင်း၊Avenger: Age of Ultron နောက်ဆုံးခန်းမှာလာကယ်တဲ့ ဟယ်လီကယ်ရီယာ(helicarrier)ကိုS.H.E.L.D မှာတည်ဆောက်ခဲ့တယ်ဆိုတဲ့အကြောင်း၊ Season 5မှာလဲThanos အကြောင်းအရိပ်မြွတ်ပြောတာတွေ စတာတွေကပရိသတ်တွေကို ပိုပြီးစိတ်ဝင်စားစေခဲ့တာဆိုလဲ မမှားပါဘူး။အခု Season (7) မှာတော့ပြီးခဲ့တဲ့ Season (6) ဇာတ်သိမ်းပိုင်းကနောက်ဆုံးအခန်းကနေ ဇာတ်လမ်းပြန်ဆက်ထားတာပါ။ဆင်မွန်က Zephyr နဲ့အားလုံးကိုခေါ်သွားခဲ့ပြီးကော်လ်ဆင်ကို LMD အဖြစ် ပြန်အသက်သွင်းခဲ့သလိုအေးဂျင့် မေကိုလဲ ပြန်ကုသပေးခဲ့ပါတယ်။ ဒါပေမယ့်ဆင်မွန်ခေါ်သွားတဲ့နေရာက အတိတ်ကာလဖြစ်တဲ့(၁၉၃၁)ခုနှစ်ဆီ ပြန်ခေါ်သွားခဲ့တာပါ။ အတိတ်ကိုဘာဖြစ်လို့ပြန်သွားရတာလဲ၊စက်ရုပ်ဖြစ်သွားတဲ့ကော်လ်ဆင်ကရော ဘယ်လိုဆက်ဖြစ်မလဲ၊မထင်မှတ်ထားတဲ့ ဇာတ်ကောင်အသစ်တွေ ပေါ်လာအုန်းမလား၊ဗီလိန်အသစ်က ဘယ်သူဖြစ်မလဲဆိုတာတော့ဆက်လက်စောင့်ကြည့်ရအုန်းမှာပါပဲ။ Translated By Hein Min Tun , Little ...
7
TMDb: 7/10 1658 votes
tv

Marvel’s Agents of S.H.I.E.L.D ( Season 5 to 7 )

2013
Power Rangers : Wild Force {Complete} 5.1
Power Rangers : Wild Force {Complete} ပါဝါရိန်းဂျား ဝိုင်းဖော့စ် စီးရီတွဲကို ၂၀၀၂ ခုနှစ်မှာထွက်ခဲ့တာဆိုတော့ တော်တော်ကြာပြီး ဟောင်းနေပြီလို့ ပြောလို့ရပါတယ်။ ဘယ်လိုပဲ ဟောင်းတယ်ပြောပြော ကောင်းနေသေးတာတော့ အမှန်ပါပဲ။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ လွန်ခဲ့တဲ့ နှစ်သုံးထောင်လောက်က ဒီကမ္ဘာကြီးမှာ လူသားတွေနဲ့ တောရိုင်းတိရိစ္ဆာန်စက်ရုပ်တွေက ချစ်ချစ်ခင်ခင် ပေါင်းစည်းနေထိုင်ခဲ့ကြတယ်။ အဲဒီလိုအချိန်မှာ မာစတာအောဂ့် ဆိုတဲ့ အမှောင်မိစ္ဆာကြီးတစ်ကောင်ပေါ်ထွက်လာပြီး ကမ္ဘာမြေကြီးကို အော့ဂ်လို့အမည်ရတဲ့ မကောင်းဆိုးရွား မိစ္ဆာတသိုက်ကို ဖန်တီးပြီး ဖျက်ဆီးဖို့ ကြိုးစားခဲ့တယ်။ အဲဒါကို တားဆီးဖို့အတွက် တောရိုင်းတိရစ္ဆာန်တွေဟာ သူတို့ စိတ်ဝိဉာဉ်နဲ့ ပေါင်းစည်းဖို့လုံလောက်တဲ့ အရည်အချင်းရှိတဲ့ လူတွေကိုရှာဖွေပြီး မာစတာအော့ဂ်ကို တူတူတွန်းလှန်တိုက်ခိုက်ခဲ့ကြတယ်။ မာစတာအော့ဂ်ကို နိုင်မယ်မနိုင်ဘူးဆိုတာ မသေချာတော့ သူရဲကောင်းအချို့က သူတို့ရဲ့ စွမ်းအားတွေကိုသုံးပြီး ဘုရားရှိခိုးကျောင်း ရှိနေတဲ့ ဧရိယာ ကျယ်ကြီးကို မြေကြီးကနေ ခွဲထုတ်ပြီးကောင်းကင်ထဲကို မ တင်လိုက်ကြတယ်။ အဲဒီ ထဲမှာ ရှေလာလို့ခေါ်တဲ့ သူတို့မင်းသမီးလေးနဲ့ အတူတောရိုင်းသတ္တဝါ ငါးကောင်ကိုလည်း အဲဒီ ဧရိယာ ​ကျယ်ကြီးထဲ ပါအောင်ထည့်ပေးလိုက်တယ်။ အဲဒီ ဧရိယာအကျယ်ကြီးကလိပ်တစ်ကောင်ရဲ့ ပုံစံမျိုးဖြစ်ပြီး ကောင်းကင်ထဲမှာ ကျွန်းမျောကြီးလိုသွားတည်နေတယ်။ အဲဒီနေရာကို အန်နီမေရီယန် လို့ခေါ်တယ်၊၊ကံအားလျော်စွာဘဲ အော့ဂ် တွေကို ချေမှုန်းနိုင်ပေမယ့် မာစတာအောဂ့်ကိုတော့ မသတ်လိုက်နိုင်ဘူး။ ဒါပေမဲ့ တချိန်ချိန် မှာမာစတာအောဂ့် ပြန်ပေါ်လာနိုင်တာကြောင့် အန်နီမေရီယန်ကို လျှို့ဝှက်နေရာတစ်ခုအဖြစ် ထားထားလိုက်တော့တယ်။ နစ်သုံးထောင်လောက်ကြာပြီးတဲ့ အချိန်မှာ ကမ္ဘာကြီးကအားနည်းလာပြီးတော့ အော့ဂ်တွေ ပြန်နိုးထလာခဲ့တယ်။ အဲဒီလိုအော့ဂ်တွေနဲ့ တူတူပဲ မာစတာအော့ဂ်လည်း ပြန်ထွက်ပေါ်လာတယ် အဲဒီလိုမကောင်းတဲ့ ...
5.1
TMDb: 5.1/10 169 votes
tv

Power Rangers : Wild Force {Complete}

1993
Marvel’s Agents of S.H.I.E.L.D. ( Season 3 & 4, ) ( Completed ) 6.8
Marvel’s Agents of S.H.I.E.L.D. ( Season 3 & 4, ) ( Completed ) Agents of S.H.E.L.D (Season 6) =================== ပြီးခဲ့တဲ့ Season 5 မှာ Monolith လို့ခေါ်တဲ့မှော်ဆန်ဆန်ကျောက်တုံးတွေကြောင့် Phil Coulson တို့အုပ်စုကမ္ဘာပျက်ပြီး အသက်ရှင်ကျန်ခဲ့တဲ့လူတွေကို Kree ဂြိုလ်သားတွေကနေကျွန်ပြုထားတဲ့ခေတ်ကို ရောက်သွားပါတယ်။အဲ့ဒါကြောင့် Coulson တို့ မူလအချိန်ကို ပြန်ရောက်လာနိုင်တဲ့အခါမှာကမ္ဘာမပျက်အောင် တားဆီးခဲ့တာကို အမှတ်ရကြအုန်းမှာပါ။ဒီ Season (6) မှာတော့ Season (5) ဖြစ်ရပ်အပြီး တစ်နှစ်အကြာမှာ ဇာတ်လမ်းစထားတာဖြစ်ပြီးCoulson မရှိတော့နောက်ပိုင်း S.H.E.L.D Director အသစ်အဖြစ်Mark ကဦးဆောင်နေပါတယ်။ ဒီနေရာမှာ Fitzအကြောင်းနည်းနည်းလေးပြောချင်ပါတယ်။ Fitz က Season (5) မှာတိုက်ပြိုကျတဲ့အတွက် သေသွားတာဖြစ်နိုင်ပါတယ်။အဲ့ဒါကြောင့်လဲ Daisy နဲ့ Jemma တို့က ဒီ Season (6) မှာအာကာသထဲထပ်သွားပြီး ဖန်လုံခန်းထဲမှာ ရေခဲရိုက်ခံထားရတဲ့ Fitz ကိုပြန်ရှာနေတာပါ။ Mark ကရော Coulson လို ...
6.8
TMDb: 6.8/10 1257 votes
tv

Marvel’s Agents of S.H.I.E.L.D. ( Season 3 & 4, ) ( Completed )

2013
Pine Gap(2018)[Season-1 Complete] 7.7
Pine Gap(2018)[Season-1 Complete] Pine Gap(2018) ဇတ်လမ်းတွဲ (Season-1 စ/ဆုံး) IMDb.....7.2 Pine Gap  ဆိုတာ ကြားဖြတ်ထောက်လှမ်းရေးဌာနရဲ့နာမည်ဖြစ်တယ်..Pine gap ထောက်လှမ်းရေးဌာန(၂)ခုရှိတယ်....။ UK နဲ့  သြစတျေးလျ မှာရှိတယ်လို့ပြောတယ်... သူတို့ရဲ့အဓိကတာဝန်က တစ်ကမ္ဘာလုံးကိုထောက်လှမ်းကြည့်ရှုဖို့ပါပဲ..နှစ်ခုလုံးကို အမေရိကန် NSA က ပိုင်ပါတယ်... စစ်ရေး စီးပွားရေး ဘာကိစ္စပဲဖြစ်ဖြစ် တခြားနိုင်ငံထက် နှာတဖျားသာချင်တဲ့ အမေရိကန်ရဲ့အစီအမံဆိုပါတော့.... ..၀န်ထမ်းပေါင်း (၈၀၀)ကျော်ရှိတယ်.... ဒီလောက်ဆို pine gap ရဲ့ လုပ်ငန်းဆောင်တာတွေကိုအကြမ်းဖျဉ်းသိလောက်ပြီထင်ပါတယ်... ဒီဇာတ်လမ်းတွဲရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးအချက်က  ဆိုးရွားလွန်းတဲ့ အကြမ်းဖက်မှုကြီးကို မြန်မာနိုင်ငံမှာ ဖြစ်သွားတယ်ဆိုပြီး အစပြုထားတယ်... မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ် စစ်တွေမှာလုပ်နေတဲ့  သြစတြေးလျ အမေရိကန် ထိပ်သီးတွေ့ဆုံပွဲကို ထုံးစံအတိုင်း Pine Gap အဖွဲ့ကနေစောင့်ကြည့်နေတယ်... အဲ့ဒီအချိန်မြန်မာနိုင်ငံပေါ်ဖြတ်ပြန်သန်းနေတဲ့ ခရီးသည်တင်လေယာဉ်တစ်စီးကို ရခိုင် စစ်တွေဘက်ခြမ်းကနေ Missile နဲ့ ပစ်ချတာခံလိုက်ရတယ်... ခရီးသည်တင်လေယာဉ်တစ်စီးလုံး အသေအပျောက်တွေနဲ့... သေဆုံးတဲ့အထဲမှာ မြန်မာ ပါတယ်..ထိုင်းပါတယ်..အမေရိကန်လူမျိုးတွေပါတယ်.. Pine Gap အတွက် အကြီးအကျယ်အလုပ်ရှုတ်တော့တာပဲ.. လိုက်လံစုံစမ်းတဲ့အချိန် ISISနဲ့ပတ်သက်တဲ့ မြန်မာတွေ... ဘင်္ဂါလီတွေအကြမ်းဖက်သမားတွေနဲ့..Pine gap က ရသမျှအမျှင်ကိုဆွဲထုတ်တော့ တယ်... ကိုင်းဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ကြည့်လိုက်ပါဦး.. (ဘာသာပြန်တင်ဆက်ထားသူများကတော့ ...
7.7
TMDb: 7.7/10 3 votes
tv


2018
Marvel’s Agents of S.H.I.E.L.D. Season 1 & 2  [COMPLETE] 6.7
Marvel’s Agents of S.H.I.E.L.D. Season 1 & 2 [COMPLETE] "Agents of S.H.E.L.D"AOS Fan တွေအတွက်ကတော့ အထူးတလည်ရှင်းပြစရာမလိုပေမယ့် မရင်းနှီးသေးတဲ့လူတွေအတွက် အကျဉ်းချုပ်လေး ရှင်းပြပေးချင်ပါတယ်။"Agents of S.H.E.L.D" စီးရီးက MCU နဲ့ချိတ်ဆက်ထားတဲ့ စီးရီးတစ်ခုဖြစ်ပြီး Avenger Assemble (Avenger 1) မှာ သေဆုံးခဲ့တဲ့ S.H.E.L.D agent Phil Coulson ကို အဓိက ဦးတည်ဇာတ်လမ်းတည်ထားပါတယ်။စီးရီးတစ်လျှောက်လုံးမှာလဲ MUC ကအဖြစ်အပျက်တွေနဲ့အချိတ်အဆက်မိမိရိုက်ကူးထားပြီး MCU Fan တွေအတွက်ကတော့ မကြည့်မဖြစ်စီးရီးတစ်ခုပါပဲ။ဦးတိုနီတို့ ဘကြီးCaptတို့ ခိုခိုသော်ရ် တို့အပြင်မှာအစွမ်းကုန် ကမ္ဘာကိုကာကွယ်ပေးနေသလို AOSအဖွဲ့ကလဲ နောက်ကွယ်မှာလူမသိသူမသိ လျို့လျို့ဝှက်ဝှက်လေး ကာကွယ်ပေးနေခဲ့တာပါံHydra အကြောင်းကိုလဲဒီစီးရီးထဲမှာ ပြည့်ပြည့်စုံစုံသိနိုင်ပါတယ်။Nick Fury ရဲ့သေဆုံးမှု(သေချင်ယောင်ဆောင်)က SHIELD အပေါ်ဘယ်လောက်သက်ရောက်မှုရှိခဲ့လဲဆိုတဲ့အကြောင်း၊Avenger: Age of Ultron နောက်ဆုံးခန်းမှာ လာကယ်တဲ့ ဟယ်လီကယ်ရီယာ(helicarrier)ကို S.H.E.L.D မှာတည်ဆောက်ခဲ့တဲ့အကြောင်း၊ အခု Season 5 မှာလဲ Thanos ...
6.7
TMDb: 6.7/10 1089 votes
tv

Marvel’s Agents of S.H.I.E.L.D. Season 1 & 2 [COMPLETE]

2013
Deception 7
Deception  ဒီတစ်ခါ CM ပရိတ်သက်တွေ အတွက်စိတ်လှုပ်ရှားပြီး ပျော်ရမယ့် TV Series တစ်ခု သယ်လာပါပြီမျက်လှည့် လှည့်ကွက်တွေ နဲ့ အတူ တမျိုးပြီး တစ်မျိုး မရိုးနိုင်တဲ့လျို့ဝှတ်ချက်တွေကို ကြည့်ရပါမယ်...ဇတ်လမ်းပုံစံလေးကတော့နာမည်ကျော် မျက်လှည့်ပညာရှင် ကမ်မရွန် ဟာသူ့ရဲ့ အအောင်မြင်ဆုံး မျက်လှည့်ပွဲ တစ်ခု အပြီးမှာအရမ်းလန်းတဲ့ ကောင်မလေးနဲ့ ကားမောင်းထွက်ခဲ့ပါတယ်လမ်း တစ်နေရာအရောက်မှာတော့ ကားတစ်စီးကသူတို့ကားကို ဝင်တိုက်ပြီး ကမ်မရွန်လဲ သတိမေ့သွားပါတယ်သူသတိ ပြန်ရလာတဲ့ အချိန်မှာတော့ သူ့အိမ်က အိပ်ရာထဲကိုပြန်ရောက်နေတာ ဖြစ်ပြီး ရဲတွေက လာဖမ်းခေါ်သွားပါတယ်သူ့ကောင်မလေးကို သတ်တဲ့ အမှုနဲ့ပေါ့...ဒီတော့ကာ ကင်မရွန် ရဲ့ အရှုပ်တော်ပုံကြီးကိုဘယ်လိုဖြေရှင်းမလဲ ဆိုတာရယ် ဒီထဲကိုFBI က စုံထောက်မလေး နဲ့ ပါတနာ တစ်ယောက်ပါပါဝင်လာခဲ့သော် အခါ ဇတ်လမ်းက ပိုလှသွားပါတယ်...လောလောဆယ် လူစီဖာ ကို လွမ်းနေတဲ့ ပရိတ်သက်တွေကြည့်သင့်တယ်လို့ ညွှန်းဆိုပါရစေ... ဒီဇတ်လမ်းတွဲကို ဘာသာပြန်ပေးထားသူကတော့ El'Moh နဲ့ Wai Zin ဖြစ်ပြီးThit San Khant ...
7
TMDb: 7/10 16 votes
tv

Deception

2018