Channel Myanmar

SBS

Running Man 8.2
Running Man Running Man အပိုင်းသစ် (697)   Running Man ဆိုတာကတော့ ...... တောင်ကိုရီးယားနိုင်ငံမှာသာမက ဥရောပနိုင်ငံများပါမကျန် လူသိများတဲ့ ရသစုံလင် Reality Show အစီအစဥ်တစ်ခုဖြစ်ပါတယ်… အောင်မြင်ကျော်ကြားတဲ့ Hollywood အနုပညာရှင်တွေ၊ ကိုရီယားနာမည်ကြီး အဆိုတော်၊သရုပ်ဆောင်များစွာနှင့်အတူ နာမည်ကြီးအထင်ကရနေရာတွေမှာ မစ်ရှင်တွေပြီးမြောက်အောင် ယှဥ်ပြိုင်ကြရမှာပါ… ယူဂျယ်ဆော့၊ဂျီဆော့ဂျင်၊ကင်ဂျုံးဂု၊ဂန်ဂယ်ရီ၊ဆောင်းဂျီဟို၊ ဟားဟား၊လီဂွမ်ဆူ၊ဆောင်းဂျွန်ကီ၊လစ်ဇီ တို့နှင့် ပွဲထွက်ရိုက်ကူးခဲ့ပါတယ်.. ထို့နောက် ရိုက်ကူးရေးအပိုင်း (၄၀) ကျော်လောက်မှာ ဆောင်းဂျွန်ကီ နှင့် လစ်ဇီတို့မပါဝင်တော့ပဲ ကျန်အဖွဲ့ဝင် (၇)ဦးဖြင့်ဆက်လက် ရိုက်ကူးရာ (Running Forever) “7012” ဆိူပြီးကျော်ကြားခဲ့ပါတယ်… အပိုင်း(၃၂၄) ပြီးနောက် ဂယ်ရီထွက်သွားပြီးနောက်အပိုင်း(၃၄၆) တွင် ဂျင်ဆိုမင်းနှင့် ယောင်းဆယ်ဂျန်းတိူ့နှင့် ယနေ့ချိန်ထိဆက်လက်ရိုက်ကူးလျက်ရှိပါတယ်… Channel Myanmar အနေနဲ့ကတော့ လက်ရှိ အပိုင်း ၅၃၃ ကနေ စပြီး တင်ပေးသွားပါမယ်။ အပတ်စဉ် တနင်္လာနေ့တိုင်း တင်ဆက်ပေးသွားမှာမို့ Running Man ပရိတ်သတ်များ စောင့်မျှော်ကြပါဦးဗျာ File Size - 1GB Quality - 1080P Subtitle - Myanmar (Hardsub) Translator - August, Jerrica, MTA, ...
8.2
TMDb: 8.2/10 57 votes
tv

Running Man

2010
Flex X Cop (2024)
Flex X Cop (2024) Flex X Cop (2024)******************အပိုင်းသစ် (၁၆) ဇာတ်သိမ်းပိုင်း ဒီတစ်ခါ တင်ဆက်ပေးသွားမဲ့ ကားလေးက Ahn Bo Hyun နဲ့ Park Ji Hyun တို့ပါဝင်ထားတဲ့ အမိုက်စား အက်ရှင်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ~လူချမ်းသာသူဌေးမိသားစုကြီးတစ်ခုရဲ့ ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေပြီး မိသားစုရဲ့ နောက်ခံနဲ့စုံထောက်ဖြစ်လာဖို့ အကြောင်းဖန်လာတဲ့ သူဌေးသားလေး ဂျင်အီဆူ ( Ahn Bo Hyun )အလုပ်ထဲမှာပဲ စိတ်နှစ်မြုပ်ပြီး တရားခံကို ဖမ်းဖို့ပဲ စိတ်အားထက်သန်နေတဲ့ အလုပ်ကိုအရမ်းချစ်မြတ်နိုးတဲ့ အကြမ်းဖက်ရာဇဝတ်မှုအဖွဲ့ရဲ့ ရဲရင့်တဲ့ စုံထောက်မလေး အီဂန်ဟျွန်း ( Park Ji Hyun )ဂျင်အီဆူက သူဌေးသားဆိုတဲ့အတိုင်း အလုပ်လုပ်တဲ့နေရာမှာလည်း သူ့ရဲ့ ချမ်းသာကြွယ်ဝမှု၊မိသားစုနောက်ခံနဲ့ အဆက်အသွယ်တွေ သုံးပြီး လူဆိုးတွေ ဖမ်းလေ့ရှိတယ်။အဲဒီလို သူဌေးသားက စုံထောက်လုပ်နေတော့ အလုပ်မှာပဲ ဘဝကို ပုံအောထားတဲ့စုံထောက်မလေး အီဂန်ဟျွန်းအတွက်တော့ မျက်စိဆံပင်မွှေးဆူးစရာဖြစ်နေတော့တာပေါ့။အဲဒီလိုနဲ့ ...

Flex X Cop (2024)

2024
Warrior Baek Dong Soo (2011) 5.7
Warrior Baek Dong Soo (2011) Warrior Baek Dong Soo (2011)*****************************အပိုင်း (၁ မှ ၂၉) ထိ စ/ဆုံးSamdari ပြီးသွားတော့ အမြဲစိမ်းသစ်တောလေးကိုလွမ်းနေတဲ့ Ji Chang Wook ဖန်တွေအတွက်2011 က ထွက်ရှိထားတဲ့ Ji Chang Wook ရဲ့ စီးရီးကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ဒီစီးရီးဟာ ပြသနေစဥ်အတွင်းမှာ ကြည့်ရှုမှုအများဆုံးကိုရရှိခဲ့ပြီးမင်းသား Ji Chang Wook က ဒီစီးရီးနဲ့ New Star Award ကို ရရှိခဲ့တာပါဒါ့အပြင် မင်းသား Yoo Seung Ho နဲ့ အခြားသောနာမည်ကြီးသရုပ်ဆောင်တွေက အပြိုင်သရုပ်ဆောင်ထားတာမိုိုK-drama ဖန်တွေအတွက် မသေခင်ကြည့်သွားသင့်တဲ့ဇာတ်ကားလို့ပြောရမှာပါပဲ။ဂျိုဆွန်းခေတ်ရဲ့အိမ်ရှေ့မင်းသားဆာဒိုဟာ နိုရန်ဂိုဏ်းကို စိန်ခေါ်တဲ့အပြုအမူတစ်ခုကို လုပ်ခဲ့ရာကနိုရန်ဂိုဏ်းက ချင်မင်းဆက်နဲ့ပူးပေါင်းပြီး မင်းသားဆာဒိုကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။မင်းသားဆာဒိုရဲ့အသက်အန္တရာယ်ကိုကာကွယ်ဖို့ ဂျိုဆွန်းပြည်ရဲ့မင်းကြီးဟာ နိုရန်ဂိုဏ်းနဲ့သဘောတူညီချက်ရယူပြီးအိမ်ရှေ့စံမင်းသားရဲ့အရင်းနှီးဆုံးအမှုထမ်းဖြစ်တဲ့ ဘဲ့ဆာဂွန်းကို အစားထိုးအပြစ်ဒဏ်ခံယူခိုင်းခဲ့ပါတယ်။ဘဲ့ဆာဂွန်းက အပြစ်ဒဏ်ကိုကျေကျေနပ်နပ်လက်ခံယူခဲ့ပေမဲ့သူ့ရဲ့မမွေးသေးတဲ့ကလေးနဲ့ မိန်းမကို ကာကွယ်ပေးဖို့ သူ့ရဲ့သူငယ်ချင်းဖြစ်တဲ့ ...
5.7
TMDb: 5.7/10 14 votes
tv

Warrior Baek Dong Soo (2011)

2011
It’s Okay, That’s Love (2014) [Complete] 8.144
It’s Okay, That’s Love (2014) [Complete] It's Okay, That's Love (2014)*****************************အပိုင်း (၁ မှ ၁၆) စ/ဆုံး ဒီတစ်ခေါက်မှာတော့ စိတ်ပညာနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားတဲ့ပရိသတ်ကြီးအတွက်Psychological, Romance Drama လေးတစ်ခုကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးမှာတော့ ပရိသတ်တွေနဲ့မစိမ်းတဲ့ နာမည်ကြီး မင်းသားမင်းသမီးများဖြစ်ကြတဲ့Jo In Sung၊ Gong Hyo Jin၊ Lee Kwang Soo၊ D.O(EXO)၊ Lee Sung Kyung၊ Sung Dong Il တို့ကအဓိကပါဝင်ထားပြီး rating အမြင့်ဆုံးနဲ့ ရပ်တည်ခဲ့သလို ဆုပေါင်းများစွာကိုလည်းသိမ်းပိုက်ခဲ့တဲ့ ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းဂျန်ဂျယ်ယော(Jo In Sung)ဟာ လျှို့ဝှက်သည်းဖိုဝတ္ထုတွေရေးတဲ့နာမည်ကြီးစာရေးဆရာတစ်ယောက်ဖြစ်ပြီး  ရေဒီယိုရှိုးမှာလည်းအစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်ပါတယ်။စိတ်တိုလွယ်ပြီး playboy လို့နာမည်ကြီးတဲ့ သူ့မှာတော့ ငယ်ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့အဖြစ်ဆိုးတွေကြောင့် စိတ်ဒဏ်ရာတွေအပြည့်နဲ့ပေါ့။ဂျီဟယ်ဆူ(Gong Hyoo Jin)ကတော့ စိတ်ရောဂါအထူးကုဆရာဝန်တစ်ယောက်ဖြစ်ပြီးတော့အချစ်စစ်နဲ့ပတ်သတ်ပြီး အယုံအကြည်မရှိတဲ့သူတစ်ယောက်ပါ။သူတို့နှစ်ယောက်ဟာ talk show တစ်ခုမှာ တွေ့ဆုံကြပြီးတော့ကတောက်ကဆဖြစ်ကြပြီး နှစ်ယောက်သားရဲ့ ...
8.144
TMDb: 8.144/10 52 votes
tv

It’s Okay, That’s Love (2014) [Complete]

2014
Universe Ticket (2023)
Universe Ticket (2023) Universe Ticket (2023)အားလုံးပဲမျှော်နေကြတဲ့ Debut Survival Shows ‌တွေကို လုပ်လေ့လုပ်ထမရှိတဲ့ SBS ကနေထုတ်လွှင့်မယ့် Universal Ticket ကို CM က တင်ဆက်ပေးလိုက်ပါပြီ။ စတင်ကြော်ငြာကတည်းက ဆူညံခဲ့ပြီး ၁၂၈ နိုင်ငံက လျှောက်ထားသူအများအပြားရှိခဲ့ပါတယ်။ အခုလို အဆင့်ဆင့်ကျော်ဖြတ်လာပြီး နောက်ဆုံး ၈၂ ယောက်သော ပြိုင်ပွဲဝင်တွေက ဒီနေရာကို ရောက်လာကြပါပြီ။ ကိုရီးယား, တရုတ်, ထိုင်း, ဖိလစ်ပိုင်, မလေးရှား, အင်ဒို, မြန်မာ, ဩစတြေးလျ အစရှိတဲ့နိုင်ငံတွေကနေ လာပြိုင်ကြပြီးတော့ ပျမ်းမျှအားဖြင့် အသက် ၂၀ တောင် မကျော်ကြသေးတဲ့ ဒီကောင်မလေး ၈၂ယောက်ဟာဆိုရင်ဖြင့် အိုင်ဒေါဆိုတဲ့ ခရီးလမ်းလျှောက်လှမ်းဖို့ ပထမခြေလှမ်းစလှမ်းပါတော့မှာဖြစ်ပါတယ်။ Survival Show တွေရဲ့ ထုံးစံအတိုင်း ရက်စက်ကြမ်းတမ်းလှတဲ့ နေရာကြီးမှာ တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်ကြရတော့မှာဖြစ်ပြီး ဒရမ်မာတွေ စတင်လာတော့မှာပါ။ မြန်မာနိုင်ငံသူလေး ရီအယ် (နန်းဧကရီရွှေ) ပါဝင်တဲ့ ဒီရှိုးကို ကြည့်ရှုအားပေးပြီး SBS Universal ဝက်ဆိုဒ်မှာလည်း Vote ပေးသွားပါဦးလို့ ...

Universe Ticket (2023)

2023
High Society (2015) [Complete] 7.2
High Society (2015) [Complete] High Society (2015)********************အပိုင်း (၁ မှ ၁၆) စ/ဆုံး Kdrama ပရိသတ်ကြီးအတွက် 2015ခုနှစ်မှာ ထွက်ရှိခဲ့ပြီးU-ee, Sung Joon, Park Hyung Sik နဲ့ Im Ji Yeon တို့ပါဝင်ထားတဲ့ High Society ဆိုတဲ့ ဒရမ်မာကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအညွှန်း...ပိုက်ဆံချမ်းသာတဲ့မိသားစုတစ်ခုရဲ့ အငယ်ဆုံးသမီးဖြစ်တဲ့Jang Yoon Ha ဟာ ဘဝမှန်ကို ဖုံးကွယ်ပြီး ကုန်တိုက်တစ်ခုမှာအချိန်ပိုင်းဝန်ထမ်းအဖြစ် အလုပ်လုပ်နေပါတယ်။သူမကို မိဘအသိုင်းအဝိုင်းကြောင့်မဟုတ်ဘဲအချစ်စစ်နဲ့ ချစ်ပေးနိုင်တဲ့သူမျိုးကိုသာ လက်တွဲဖော်အဖြစ် ရွေးချယ်ချင်ပြီးတော့သူ့မှာ Lee Ji Yiဆိုတဲ့ သာမန်မိသားစုက မွေးဖွားလာတဲ့အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်လည်း ရှိပါတယ်။Choi Joon Ki ကတော့ ချမ်းသာတဲ့မိသားစုက မဟုတ်ပေမဲ့ရုပ်ရည်ချောမောကာ ထူးချွန်ထက်မြက်ပြီး လက်ရှိမှာတော့သူငယ်ချင်းဖြစ်သူ Yoon Chang Soo တို့ မိသားစုရဲ့ကုမ္ပဏီမှာလက်ထောက်မန်နေဂျာအဖြစ် လုပ်နေပါတယ်။Joon Ki ကတော့ အချစ်ဆိုတာကို ငွေကြေးချမ်းသာမှုနဲ့ ...
7.2
TMDb: 7.2/10 19 votes
tv

High Society (2015) [Complete]

2015
My Demon (2023) [Complete}
My Demon (2023) [Complete} My Demon (2023)*****************အပိုင်း (၁ မှ ၁၆) စ/ဆုံး(function(f,b,n,j,x,e){})(); Do Do Hee (Kim Yoo Jung) က မီရယ်လုပ်ငန်းစုရဲ့အမွေဆက်ခံသူ သူဌေးသမီးလေးပါ။မာနကြီးပြီး အေးစက်တဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ ဘယ်သူ့ကိုမှ မယုံကြည်ဘဲ(function(f,b,n,j,x,e){})();အချစ်ဆိုတဲ့အရာကိုလည်း မလိုအပ်ဘူးလို့ ခံယူထားတဲ့ ထက်မြက်တဲ့လုပ်ငန်းရှင်အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။Jung Gu Won (Song Kang) ကတော့ ကမ္ဘာကြီးကို နှစ်ပေါင်း ၂၀၀ ကျော်လှည့်လည်သွားလာနေတဲ့ နတ်ဆိုးတစ်ကောင်ပါ။ တစ်နေ့မှာတော့ Gu Won က Do Do Hee နဲ့ပတ်သက်မိရာကနေ မထင်မှတ်ဘဲ သူ့စွမ်းအားတွေကို ရုတ်တရက် ဆုံးရှုံးသွားခဲ့ပါတယ်။သူ့ကိုယ်သူ ပျောက်ကွယ်မသွားဖို့နဲ့ သူ့စွမ်းရည်တွေရရှိသွားတဲ့ Do Do Hee ကို ကာကွယ်နိုင်ဖို့အတွက်နှစ်ယောက်သား ဟန်ဆောင်လက်ထပ်ပြီး အတူတူနေထိုင်ဖို့ ဖြစ်လာပါတော့တယ်။ဒီကားလေးမှာတော့ ဒိတ်ဒိတ်ကြဲ cast တွေ ပါဝင်ထားပြီး သူဌေးသမီးနဲ့နတ်ဆိုးလေးတို့ ဟန်ဆောင်လက်ထပ်ရင်းကနေနတ်ဆိုးရဲ့ ဆုံးရှုံးသွားတဲ့စွမ်းအားတွေကို ...

My Demon (2023) [Complete}

2023
My Man Is Cupid (2023)
My Man Is Cupid (2023) ကျွန်မချစ်သူ မြှားနတ်မောင် (၂၀၂၃)(function(f,b,n,j,x,e){})();ဂျောင်ဆန်းဟျော့ က လွန်ခဲ့တဲ့ နှစ် ၅၀၀ လောက်က အတောင်ပံတွေ လောင်ကျွမ်းပျက်စီးသွားခဲ့ရတဲ့ မြှားနတ်မောင် နတ်သားလေးပဲ ဖြစ်ပါတယ်။ သူ့တောင်ပံတွေ ပြန်ပေါက်လာဖို့ ဘဝ ၂၇ ခု ကို ဖြတ်သန်းခဲ့ရင်း စောင့်စားခဲ့ပြီးပါပြီ။ ၂၈ ဘဝ မြောက်မှာတော့ သူပစ်တဲ့မြှားက သူ့ကို ပြန်ထိပြီး တိရစ္ဆာန်ရောဂါကု ဆရာဝန်မလေး အိုဘဲ့ယွန်း နဲ့ ချစ်မိသွားပါတော့တယ်။(function(f,b,n,j,x,e){})();အိုဘဲ့ယွန်း ဆိုတာကတော့ ကျိန်စာသင့်နတ်သမီးလေးတစ်ပါးလိုပါပဲ။ သူနဲ့ တွဲလိုက်မိတဲ့ ယောကျာ်းတိုင်း သူနဲ့ စတွဲတဲ့နေ့မှာ တစ်ခုမဟုတ် တစ်ခု ထိခိုက်ဒဏ်ရာ ရကြတာပါပဲ။ အလန်းလွန် အလွန်လန်းတဲ့ FA ဇာတာရှင်မလေး နဲ့ တောင်ပံပြတ် နတ်သားလေးရဲ့ အချစ်ပုံပြင်လေးကို အပတ်စဉ် သောကြာနေ့ နဲ့ စနေ့တိုင်းမှာ ထုတ်လွှင့်ပေးသွားမှာပဲ ဖြစ်ပြီးတော့ စုစုပေါင်း ၁၆ ပိုင်း ထုတ်လွှင့်သွားမှာပဲ ဖြစ်ပါတယ်။(function(f,b,n,j,x,e){})();ဘာသာပြန်တွေကတော့ Mary, Thae, Thada, Kppks တို့ပဲ ဖြစ်ပါတယ်။Genre..... ...

My Man Is Cupid (2023)

2023
Temptation (2014) [Complete] 7.8
Temptation (2014) [Complete] Temptation (2014)*******************အပိုင်း (၁ မှ ၂၀) စ/ဆုံး ဒီတစ်ခါမှာတော့ တစ်ခေတ်တစ်ခါတုန်းက ထိပ်ထိပ်ကြဲတွေဖြစ်တဲ့မင်းသမီးကြီး Choi Ji Wooနဲ့ မင်းသားကြီး Kwon Sang Woo တို့အဓိကပါဝင်ထားတဲ့ အိမ်ထောင်ရေးကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဥ်း...လုပ်ငန်းကျရှုံးပြီး အကြွေးပိနေတဲ့ ချာဆော့ဟွန်းနဲ့နာဟုန်းဂျူတို့ ဇနီးမောင်နှံနှစ်ယောက် ဟောင်ကောင်မှာထက်မြက်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ဖြစ်လည်း အချစ်ရေးရာကိုစိတ်ဝင်စားမှုမရှိတဲ့ ယွန်းဆယ်ယောင်းနဲ့ အမှတ်မထင်ဆုံတွေ့ခဲ့ပြီး"ဆော့ဟွန်းရဲ့ အကြွေးတွေအတွက် ဖြေရှင်းပေးမယ်""ဆော့ဟွန်းကို ၃ရက်တာ ဝယ်မယ်" ဆိုတဲ့ ကမ်းလှမ်းမှုလုပ်လာပါတော့တယ်။အဲဒီကမ်းလှမ်းမှုက ဇနီးမောင်နှံ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ဘယ်လိုတွေပြောင်းလဲစေမှာလဲ...ဆယ်ယောင်းနဲ့ ဆော့ဟွန်းတို့ကြားမှာရော အတိတ်က ဘယ်လိုဇာတ်လမ်းတွေ ရှိခဲ့သေးသလဲ...ဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာ ကြည့်ရှုလိုက်ကြရအောင်နော်။ (အညွှန်းကိုတော့ Lia Fay မှ ရေးသားထားပါတယ်။) Genres: Romance, Drama, Melodrama Episodes: 20 Aired: Jul 14, 2014 - Sep 16, 2014 Aired On: Monday, Tuesday Original Network: SBS Duration: 60 mins Translated by Lia Fay, ...
7.8
TMDb: 7.8/10 4 votes
tv

Temptation (2014) [Complete]

2014
The Girl Who Sees Smells (2015) [Complete] 6.63
The Girl Who Sees Smells (2015) [Complete] The Girl Who Sees Smells (2015) ********************************** အပိုင်း (၁ မှ ၁၆)  စ/ဆုံး ဒီတစ်ခါ ပြန်တင်ပေးမဲ့ ဇာတ်လမ်းတွဲလေးကတော့ Webtoon ကို အခြေခံပြီး ရိုက်ထားတဲ့အပြင်Shin Se Kyung, Park Yoo Chun တို့အပြင် Nam Koong Min, Choi Tae Joon, Kim So Hyun စတဲ့သရုပ်ဆောင်များစွာလည်း ပါဝင်ထားပါတယ်။ဇာတ်လမ်းအညွှန်း...သာမန် အထက်တန်းကျောင်းသူလေးတစ်ယောက်ဖြစ်တဲ့ချွဲအွန်းဆော (Shin Se Kyung) ဟာ တစ်ရက် ကျောင်းကပြန်အလာသူရဲ့ မိဘတွေကို သတ်နေတဲ့ လူသတ်သမားနဲ့ တွေ့ပြီးထွက်ပြေးရင်း ကားတိုက်မိသွားပါတော့တယ်။အဲဒီလိုနဲ့ ကိုမာဝင်သွားခဲ့ပြီး ၆ လအကြာမှာ ပြန်လည်နိုးထလာရာကအနံ့တွေကို မြင်ရတဲ့ ထူးဆန်းတဲ့ စွမ်းရည်တစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။တစ်ဘက်မှာလည်း ကင်းလှည့်ရဲတစ်ယောက်ဖြစ်တဲ့ ချွဲမူဂတ် (Park Yoo Chan) ဟာလွန်ခဲ့တဲ့ သုံးနှစ်က ...
6.63
TMDb: 6.63/10 23 votes
tv

The Girl Who Sees Smells (2015) [Complete]

2015
Bad Guy (2010) [Complete] 6.3
Bad Guy (2010) [Complete] Bad Guy (2010)***************အပိုင်း (၁ မှ ၁၇) စ/ဆုံးBad Guy ဆိုတဲ့ ဒီစီးရီးလေးကတော့ 2010 ခုနှစ်က ထွက်ရှိခဲ့ပြီး Kim Nam Gil, Kim Jae Wook,Han Ga In နဲ့ Jung So Min တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ရှင်းဂန်ဝု(Kim Nam Gil)ကတော့ စတန့်သမားတစ်ယောက်ဖြစ်ပြီး ဟယ်ရှင်းလုပ်ငန်းစုကိုလက်စား​ချေဖို့အတွက် ဟယ်ရှင်းလုပ်ငန်းစုရဲ့ ဒုတိယသမီးဖြစ်တဲ့ ဟုန်းမိုနယ်တင်မကဘဲသူ့အစ်မ ဟုန်းထယ်ရာကိုပါ ဖျားယောင်းပြီး ကစားချင်တိုင်း ကစားနေတဲ့သူပေါ့။လက်စားချေချင်စိတ်တွေနဲ့ ပြည့်နှက်နေတဲ့ သူရဲ့ ဘဝထဲကို မွန်းဂျယ်အင်က ဝင်ရောက်လာတဲ့အခါ...မွန်းဂျယ်အင်က ဟယ်ရှင်းလုပ်ငန်းစုရဲ့ အမွေဆက်ခံသူ ဟုန်းထယ်​ဆောင်းကို သဘောကျနေတဲ့အခါ...သူတို့ ဘယ်လိုတွေ ၅ပွင့်ဆိုင်ကြမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရအောင်နော်။ Aired: May 26, 2010 - Aug 5, 2010 Aired On: Wednesday, ...
6.3
TMDb: 6.3/10 9 votes
tv

Bad Guy (2010) [Complete]

2010
The Escape of the Seven (2023)
The Escape of the Seven (2023) The Escape of the Seven: War for Survival (2023)မိန်းကလေး တစ်ယောက် ပျောက်ဆုံးသွားတဲ့ အမှုမှာ ပါဝင်ပတ်သတ်နေတဲ့ လူ ၇ယောက်ရဲ့ အရှုပ်တော်ပုံ...ဒီလူ ၇ ယောက်ကတော့တောင်ကိုရီးယားနိုင်ငံ အကြီးမားဆုံးဖုန်းကွန်ရက်ကုမ္ပဏီပိုင်ရှင်ဖြစ်ပေမဲ့ နောက်ကွယ်မှာ ထူးဆန်းမှုတွေအများကြီးရှိနေတဲ့ Uhm Ki-Joon, ပိုက်ဆံနဲ့ အောင်မြင်မှုကိုပဲ ရှေ့တန်းတင်တတ်တဲ့ ရုပ်ရှင်ထုတ်ရေးကုမ္ပဏီပိုင်ရှင် Hwag Jung-Eum, သစ္စာဖောက်ခြင်းအမျိုးမျိုးကို ကြုံတွေ့ခဲ့ရတဲ့ ဂန်စတားတစ်ယောက်ဖြစ်ခဲ့သူ Lee Joo, အလိမ်အညာတွေနဲ့ပဲ ပြည့်နှက်နေတဲ့ဘဝနဲ့ အိုင်ဒေါဖြစ်ဖို့ လောဘတက်နေတဲ့ Lee Yoo-Bi, သူဌေးအဘိုးကြီးတစ်ယောက်နဲ့ ပိုက်ဆံကြောင့် အတူနေနေတဲ့ Shin Eun-Kyung , လောဘကြီးပြီး ဒေါသထွက်ရင် ဘာမှမမြင်တော့တဲ့ ချယ်ရီအင်တာတိန်းမန့်ရဲ့ စီအီးအို Yoon Jong-Hoon, ကိုယ့်အားနည်းချက်ကို ကာကွယ်ဖို့ ကျောင်းမှာ ထူးဆန်းတဲ့ ကောလဟာသလွှင့်ခဲ့တဲ့ အနုပညာကျောင်းဆရာမ Jo Yoon-Hee တို့ပဲ ဖြစ်ပါတယ်။အကြောင်းအရင်းအမျိုးမျိုးနဲ့ ဒီအမှုရဲ့ တရားခံဖြစ်နိုင်နေတဲ့ ...

The Escape of the Seven (2023)

2023
The Killing Vote (2023) [Complete]
The Killing Vote (2023) [Complete] The Killing Vote (2023) [အစ-အဆုံး]အပိုင်းသစ် - ၁၂ (ဇာတ်သိမ်းပိုင်း)Glory ထဲက အချစ်တော်မင်းသမီး Lim Ji-Yeonက ခေါင်းဆောင်မင်းသမီးအနေနဲ့ပါဝင်ထားပြီး မင်းသားကြီးတွေဖြစ်တဲ့ Park Sung-Woongနဲ့ Park Hae-Jinတို့ရဲ့ အပီကြမ်းမယ့် The Killing Voteစီးရီးကတော့ ဒီညမှာပဲထွက်လာပါပြီ။ဇာတ်လမ်းအညွှန်းကတော့ ...ရဲမှူးဖြစ်တဲ့ Kim Moo-Chanဟာ သူ့အလုပ်ကိုပဲ တစိုက်မတ်မတ်လုပ်တဲ့သူတစ်ယောက်ပါ။ Kwon Seok Joo ဆိုတဲ့လူကတော့ နာမည်ကျော် တရားရေးရာ ပညာရှင်ဖြစ်ခဲ့ပေမယ့် သူ့သမီးကိုတိုက်ခိုက်ခဲ့တဲ့ မုဒိန်းကောင်ကိုသတ်ပြီးတော့ ရဲစခန်းမှာဝန်ခံခဲ့ပြီး ထောင်ကျခဲ့သူပါ။ Joo Hyun ကတော့ ဆိုးလ်ရဲစခန်းမှာ ငါးနှစ်ကြာလုပ်ခဲ့တဲ့ ရဲမေတစ်ယောက်ပါ။ဒီဇာတ်လမ်းတစ်ခုလုံးကို မွှေမှာကတော့ Dog Maskဆိုတဲ့ အိုင်ဒီနဲ့ အမည်မသိလူတစ်ယောက်ပေါ့။ စက်ဆုပ်စရာကောင်းတဲ့ ရာဇဝတ်သားတွေဟာ ဥပဒေရဲ့အပြစ်ဒဏ်ကို ရှောင်ဖယ်တဲ့အခါ အသက်၁၈နှစ်နဲ့အထက်မြို့သားတိုင်းဆီကို သေဒဏ်မဲပေးဖို့အတွက် မက်ဆေ့တစ်စောင် ရောက်လာပါတော့တယ်။ သေဒဏ်မဲပေးနှုန်း၅၀%ကျော်တာနဲ့ Dog Maskကတော့ အဲဒီမဲပေးခံရတဲ့သူကိုစမုံတုံးပြီးသတ်ပစ်ပါတယ်။ရဲတွေကလည်း ...

The Killing Vote (2023) [Complete]

2023
That Winter, the Wind Blows (2013) [Complete] 7.1
That Winter, the Wind Blows (2013) [Complete] That Winter, the Wind Blows (2013)*********************************အပိုင်း (၁ မှ ၁၆) စ / ဆုံး အိုဆူး(Jo In Sung)ကတော့ ဒုစရိုက်ကို ခုန်မင်ကာဘဝကို ပေါ့ပျက်ပျက်တွေးရင်း ရှင်သန်နေသူတစ်ဦးဖြစ်ပါတယ်။အိုယောင်း(Song Hye Gyo)ကတော့ မျက်မမြင်သူဌေးသမီးလေးဖြစ်ပြီးငယ်စဉ်အခါက ကွဲကွာသွားတဲ့ အစ်ကိုဖြစ်သူကို လိုက်လံရှာဖွေနေတဲ့ ကောင်မလေးပေါ့။တစ်နေ့မှာ‌တော့ အိုဆူးတစ်ယောက် ဒုစရိုက်လောကရဲ့ ထုံးစံအတိုင်းအရှုပ်အထွေးကြားထဲကို ကျရောက်ပြီး ပိုက်ဆံလိုလာပါတော့တယ်။အဲဒီအချိန်မှာပဲ အစ်ကိုဖြစ်သူကို ရှာ‌နေတဲ့ အိုယောင်းနဲ့တွေ့ပြီးအစ်ကိုဖြစ်သူနဲ့ နာမည်တူနေတာကို သိသွားတဲ့ အိုဆူးတစ်ယောက်သူ့အခက်အခဲကို ဖြေရှင်းဖို့အတွက် အိုယောင်းကို အသုံးချဖို့ကြံပါတော့တယ်...။ ကိုယ်စီ ကိုယ်စီ အချစ်ကို မယုံကြည်ကြတဲ့ လူနှစ်ယောက် ဆုံတွေ့ဖို့ ဖြစ်လာပြီးအခက်အခဲတွေကြားကနေ အချစ်စစ်ကို ဘယ်လိုရှာဖွေ့တွေ့ရှိသွားကြမလဲဆိုတာကိုလှလှပပ ဖော်ကျူးထားတဲ့ Melodrama လေးပဲ ဖြစ်ပါတယ်။ Cast ‌တွေကလည်း တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းမင်းသား မင်းသမီးတွေဖြစ်ကြတဲ့Jo In Sung၊ Song Hye Gyoနဲ့ ...
7.1
TMDb: 7.1/10 25 votes
tv

That Winter, the Wind Blows (2013) [Complete]

2013
Return(2018) [Complete] 9
Return(2018) [Complete] Return(2018)************အပိုင်း( ၁ မှ ၃၂) အထိ စ/ဆုံးThe Escape of the Seven နဲ့  The Penthouse တို့ရဲ့ ပဲ့ကိုင်ရှင်ဒါရိုက်တာJoo Dong Min ရိုက်ထားတဲ့ စီးရီးဆိုတော့  သူ့ဟန်ပန်အတိုင်း ဘယ်သူက လူကောင်းဘယ်သူက ဗီလိန်မှန်း ခွဲရခက်တယ်...အကုန်လုံးက မကောင်းတဲ့စရိုက်တွေနဲ့ ပုံဖော်ထားသလိုအားနည်းချက် အချို့ကိုလည်း ပြထားတယ်...ဒီစီးရီး စုံထောက် မှုခင်းစီးရီးဆိုတော့လူတွေသေတာတွေ ခဏ ခဏပါသလို တစ်ချို့အဖော်အချွတ်နဲ့  ရက်စက်တဲ့သေမှုသေခင်း တွေလည်းပါတာမို့ ကြည့်တဲ့သူတွေသတိချပ်စေချင်တယ်...Main Lead တွေက နာမည်ကြီးတွေချည်းဖြစ်တာမို့ဒီထဲက တစ်ချို့ကိုလည်း The Penthouse မှာပြန်သုံးထားတာတွေ့ရတယ်...ဇာတ်လမ်းတွဲစကတည်းက လူသတ်မှုတစ်ခုက မကျေနပ်တဲ့ ရှေ့နေက ပြန်လည် တူးဖော်ပြီးဒီအမှုကို ပြန်စစ်ဆေးသင့်ကြောင်းကိုရီးယားတစ်နိုင်ငံလုံးပွဲဆူအောင် ရုပ်သံလိုင်းတစ်ခုကနေတင်ဆက်နေတဲ့အပြင် သိပ်မကြာဘူး လူကုံထံအသိုင်းအဝန်းက အမျိုးသမီးတစ်ယောက်လည်းထပ်မံအသတ်ခံလိုက်ရတယ်...ဇာတ်လမ်း အပိုင်း (၁) စကတည်းက စိတ်ဝင်စားဖို့ကောင်းတာမို့အညွှန်းရေးရင်အတော် ကြည့်ရ ရသပျက်မှာမို့ ဒီလောက်ပဲရေးလိုက်ပါ့မယ်....ဒီလောက်ဆို ...
9
TMDb: 9/10 6 votes
tv

Return(2018) [Complete]

2018
Ghost (2012) [Complete] 7.214
Ghost (2012) [Complete] Ghost (2012) [အစ-အဆုံး]အပိုင်း ၁၁ မှ ၂၀ (ဇာတ်သိမ်းပိုင်း)ဆိုက်ဘာလောကမှာဆိုရင် ရာဇဝတ်မှုတွေဟာ လျှို့ဝှက်နက်နဲပြီး အင်မတန်မှဆန်းကြယ်လှပါတယ်။အဲဒီလိုဆိုက်ဘာရာဇဝတ်မှုတွေကို သဲလွန်စရှာပြီး ကိုင်တွယ်ဖြေရှင်းတဲ့ပုံစံနဲ့ ရဲအရာရှိ အမှုစစ်တွေရဲ့ အကျင့်ပျက်ခြစာပြီး ပူးပေါင်းကြံစည်ပုံတွေကို ရင်တမမနဲ့တစ်ပိုင်းပြီးတစ်ပိုင်း ဆက်ကြည့်ချင်လောက်တဲ့ စီးရီးလေးပါ။Kim Woo-hyun ကတော့ အဆင့်မြင့် ရဲအရာရှိတစ်ဦးရဲ့ သားတစ်ယောက်ပါ။ ထူးချွန်ထက်မြတ်တဲ့ Kim Woo Hyunဟာ ရဲတက္ကသိုလ်ကို အဆင့် ၁နဲ့ ဝင်လာပြီး အဆင့်၁နဲ့ပဲနဲ့ ဘွဲ့ရပြီးတဲ့နောက် ဆိုက်ဘာစုံစမ်းစစ်ဆေးရေးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တယ်။ဒီလိုနဲ့ စုံထောက် Kim ဟာ ဆိုက်ဘာလောက ထဲက ပုန်းအောင်းနေတဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ အကြောင်းဖန်လာခဲ့တယ်။ ဆိုက်ဘာစုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဦးဆောင်ပြီးတော့ တရားမဝင်နိုင်ငံတကာ လောင်းကစား ဝဘ်ဆိုဒ်တစ်ခုကို ဖယ်ရှားဖို့ လုပ်ဆောင်ရင်း ဆိုက်ဘာလောကအတွက် ရန်သူတော် ဟက်ကာ Hadesကို ခြေရာခံပြီး လိုက်လံဖမ်းဆီးဖို့ ကြိုးစားခဲ့တယ်။ဟက်ကာHadesရဲ့တည်နေရာကို ခြေရာခံလိုက်လံဖမ်းဆီးရင်း ...
7.214
TMDb: 7.214/10 14 votes
tv

Ghost (2012) [Complete]

2012
Hyde, Jekyll, Me (2015) [Complete] 7.2
Hyde, Jekyll, Me (2015) [Complete] Hyde, Jekyll, Me (2015)**************************အပိုင်း (၁ မှ ၂၀) စ / ဆုံး ဒီတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ Hyun Bin နဲ့ Han Ji-min တို့ဇာတ်လိုက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ ကားလေးပါ။မင်းသားနဲ့ မင်းသမီးကတော့ လူတိုင်းနဲ့ မစိမ်းတဲ့ ထိပ်တန်းမင်းသား၊မင်းသမီးတွေဖြစ်တဲ့အပြင် ဒီကားလေးကလည်း အရမ်းအောင်မြင်ခဲ့တဲ့  ကားလေးမို့CM ပရိသတ်ကြီး  ပြန်လည်ကြည့်ရှုလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကား​လေးက​တော့ -ဂူ​ဆောဂျင်းဆိုတဲ့ သူ​ဌေးသား​လေးက အရာရာ ပြီးပြည့်စုံပြီးလုပ်ငန်းစုကြီးကို  ဦးစီး​နေတဲ့ ဒါရိုက်တာတစ်​ယောက်ပါ။အစစ အရာရာ ပြည့်စုံ​နေတဲ့သူဆို​ပေမဲ့ ငယ်စဥ်ကပြန်​ပေးဆွဲခံရမှုကို ခံခဲ့ရပြီး  " လူတစ်ကိုယ် စိတ်နှစ်မျိုး "ပြောင်းလဲတတ်တဲ့ ထူးထူးဆန်းဆန်း စိတ်​​ရောဂါတစ်ခုကို ခံစား​နေရသူပါ။ဆောဂျင်းက အေးစက်ပြီး ခပ်မာမာလူတစ်ယောက်ဆိုရင် သူ့ရဲ့ ဆန့်ကျင်ဘက်ရိုဘင်က ကြင်နာသဘောကောင်းပြီး လူတွေကို ကယ်တင်တတ်တဲ့သူတစ်ယောက်ပေါ့။တစ်နေ့မှာ ဂူဆောဂျင်းက သူ့ရဲ့ လုပ်ငန်းစုထဲက တစ်ခုဖြစ်တဲ့ ကစားကွင်းထဲက ဝင်ငွေလည်း မရှိခေတ်လည်းနောက်ကျနေတဲ့ ...
7.2
TMDb: 7.2/10 17 votes
tv

Hyde, Jekyll, Me (2015) [Complete]

2015
Punch (2014) [Complete] 8.2
Punch (2014) [Complete] Punch (2014)*************အပိုင်း (၁ မှ ၁၉) စ/ဆုံး အထက်အမှုစစ်ရုံးက Park Jung Hwanက အဂတိလိုက်စားမှုစုံစမ်းရေးအဖွဲ့ခေါင်းဆောင်ဆိုပေမဲ့ သူ့ရဲ့ရာထူးကိုရဖို့အတွက်တော့အပေးအယူပေါင်းစုံကို တစ်ဇွတ်ထိုးလုပ်တဲ့သူမျိုးပေါ့။တစ်နေ့မှာတော့ သူ့မှာ ဦးနှောက်အကြိတ်တည်နေပြီးရှင်သန်ဖို့အချိန် ဘယ်လောက်မှ မကျန်တော့မှန်း သိသွားပါတော့တယ်။သူရဲ့နောက်ဆုံးအချိန်တွေကို နောင်တမရဘဲ ဖြတ်သန်းဖို့ ဆုံးဖြတ်လိုက်ပြီးအဂတိလိုက်စားတဲ့ အမှုစစ်ချုပ် Lee Tae-Joonဘက်ကို တရားမျှတမှုရဲ့သေနတ်ပြောင်းချိန်လိုက်တဲ့အခါ…Park Jung-Hwanရဲ့ ဇနီးဟောင်းဖြစ်သူ အမှုစစ် Shin Ha-Gyeongကလည်းခင်ပွန်းဟောင်းဘက်ကနေ ပါဝင်ကူညီတဲ့အခါမှာတော့...အာဏာကြီးလွန်းလှတဲ့ အမှုစစ်ချုပ် Lee Tae Joonနဲ့ သေမင်းတံခါးဝကအမှန်တရားရဲ့ဘက်တော်သား Park Jung- Hwanတို့အကြားဘယ်သူအနိုင်ရမလဲဆိုတာကိုတော့ K-Dramaပရိသတ်ကြီးကပဲ ခံစားကြည့်ရှုကြပါဦးနော်။Kim Rae Won, Kim Ah Joong, Jo Jae Hyun တို့လို မင်းသားကြီးတွေ ပါဝင်သရုပ်ဆောင်ထားတာမို့အကြိုက်တွေ့စေမှာ‌ပါနော်။  Aired: Dec 15, 2014 - Feb 17, 2015 Aired On: Monday, ...
8.2
TMDb: 8.2/10 10 votes
tv

Punch (2014) [Complete]

2014
Distorted (2017) [Complete] 6.462
Distorted (2017) [Complete] Distorted (2017)*************အပိုင်း( ၁ မှ ၁၆) အထိ  စ/ဆုံး ဒီစီးရီးမှာတော့ One Dollar Lawyer, My Dearestစတဲ့ နာမည်ကြီးဇာတ်လမ်းတွဲ‌တွေမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးNam Goong Minနှင့် တခြားနာမည်ကြီး သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်...ကိုရီးယားနိုင်ငံငံမှာ လုံးဝသွားထိလို့မရတဲ့ လူတန်းစားများစွာရှိတယ်...နိုင်ငံရေးသမားတွေနဲ့  ဖြစ်ပေါ်လာတဲ့အခြေအနေတိုင်းကိုအမြတ်ထုတ်ဖို့ကြိုးစားနေတဲ့အာဏာရှိအသိုင်းအဝန်းပဲ... ဒီလူတွေက သွားမထိရဲလောက်အောင်  အင်အားကြီးကြသလိုပြဿနာတစ်ခုပေါ်တိုင်းလည်း လက်စဖျောက်ရှင်းဖို့ အစီအစဉ်ပေါင်းများစွာရှိတယ်...တစ်နေ့တော့ ကိုရီးယားနိုင်ငံရေး ပြည်သူတွေ အံအားသင့်ရလောက်တဲ့ထိသတင်းတစ်ခုတက်လာခဲ့တယ်...ဒီသတင်းက အာဏာရှိသူတစ်ယောက်ရဲ့ နောက်ကွယ်ကမကောင်းမှုတွေဖြစ်ပါတယ်...ဒီသတင်းတက်လာပြီး သိပ်မကြာခင်မှာပဲ သတင်းရေးတဲ့အမျိုးသားတစ်ဦးသေဆုံးခဲ့ရသလို  အမှုတွေကလည်း ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားတယ်..သေဆုံးသွားတဲ့ သတင်းသမားမှာ ညီဖြစ်သူကျန်ခဲ့တယ်...အကိုဖြစ်သူသေဆုံးသွားလို့ အဖြစ်မှန်အားလုံးဖော်ထုတ်ရင်း လက်စားချေလိုပေမဲ့ဒီအသိုင်းအဝန်းဟာ ပုံမှန်သမရိုးကျနည်းနဲ့ ချဉ်းကပ်လို့မရဘူးလို့  အကိုဖြစ်သူသေဆုံးခြင်းကသူ့ကိုသဘောပေါက်စေခဲ့တယ်...ဒါ့ကြောင်း အချိန်ယူအစွမ်းကုန်ပြင်ဆင်ရင်းဒီစောင်တလွဲလောကကြီးကို ရိုက်ချိုးဖို့ ကြံစည်ပါလေတော့တယ်...မင်းသားကတော့ ကျွန်တော်တို့ဆရာကြီး Nam Goong Min ဆိုတော့ကားဒီလိုကာရိုက်တာတွေနဲ့အလွန်လိုက်ဖက်လေတော့ ကြည့်လို့ မလန်းမှာတော့ပူပင်စရာမလိုပါ......Episodes: 16 Aired On: Saturday, Sunday Original Network: SBS Duration: 1 hr. 10 ...
6.462
TMDb: 6.462/10 13 votes
tv

Distorted (2017) [Complete]

2017
The First Responders (2023) Season2 8.3
The First Responders (2023) Season2 The First Responder S2 ==================== မီးလောင်မှုအမျိုးမျိုးနဲ့ ပြီးတဲ့အထိ ပျင်းစရာတစ်ကွက်မရှိအောင် အပြတ်ကြမ်းသွားတဲ့ကားလေး ပြန်လာပါပြီ။မီးသတ်ဌာနနဲ့ ရဲဌာန နှစ်ခုပေါင်းပြီး မီးလောင်မှုတွေရဲ့နောက်ကွယ်က ဆက်စပ်အကြောင်းအရာတွေကို ဖော်ထုတ်လာခဲ့တာ အသည်းတအေးအေးနဲ့ ပစ်ရက်စရာမရှိအောင်ပဲဆိုတာ ပရိသတ်ကြီးအသိပါပဲ။ခွေးလို အမှုတွေကို အနံ့ခံကောင်းလွန်းလို့ အမဲလိုက်ခွေးလို့ နာမည်ပြောင်ရထားတဲ့ စုံထောက်ကြီး ဂျင်ဟိုဂယ်၊ လူမှုကယ်ဆယ်ရေးတံဆိပ်တွေပါရထားတဲ့ ကြင်နာတတ်ပြီး လူ့အသက်ကိုပဲ ဦးစားပေးတဲ့ အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းမလေး ဆုန်းဆောလ်၊ မီးငြှိမ်းသတ်တဲ့အခါတိုင်း လက်အောက်ငယ်သားတွေကိုညှာတာပြီး ကိုယ်တိုင်ရှေ့ထွက်ဦးဆောင်တတ်တဲ့ တာဝန်သိတတ်တဲ့ ဘုံဒိုဂျင်း သူတို့သုံးယောက်ပေါင်းပြီး S1 မှာ မဖမ်းနိုင်ခဲ့တဲ့ ကွင်းဆက်မီးရှို့မှုတွေရဲ့ တရားခံကို ဒီအပိုင်းမှာ ဖမ်းနိုင်သွားမလား၊ ဘယ်လိုမီးလောင်မှုတွေ ပါပြီး ဘယ်လိုတွေငြိမ်းသတ် ၊ အမှုတွေဖြေရှင်းကြဦးမလဲဆိုတာကို သောကြာစနေညတိုင်းတင်ဆက်ပေးမှာမို့ စောင့်မျှော်ကြည့်ရှုပေးပါဦးနော်။Quality : 1080p DSNP WEB DL / 720pTotal Episodes : 12EpsFormat : mp4Genres :DramaDuration :Subtitle : Myanmar Subtitle ( ...
8.3
TMDb: 8.3/10 19 votes
tv

The First Responders (2023) Season2

2022