Channel Myanmar

2017

Young Sheldon (2017) 8.1
Young Sheldon (2017) The Big Bang Theory ထဲက လူ့ဂွစာ၊ လူမှုရေးမသိတတ်၊ ဟာသကိုနားမလည်၊ လူတောသိပ်မတိုးတဲ့ ပါရမီရှင် ရူပဗေဒပညာရှင် ရှယ်ဒန် လီ ကုပါး ကို မှတ်မိကြမှာပေါ့ဗျာ။ အခုကတော့ သူ့ရဲ့ spinoff series ဖြစ်တဲ့ Young Sheldon ကိုတင်ဆက်ပေးမှာပါ။ ဒီတော့ The Big Bang Theory ကြည့်ဖူးသူတွေအနေနဲ့တော့ ဘာမှပြောစရာသိပ်မလိုတော့ပါဘူး။ အခုမှ စကြည့်မယ်ဆိုရင်လည်း ဒီ series ကို အရင်ကြည့်ပြီးမှ The Big Bang Theory ကိုဆက်ကြည့်ရင် ပိုကောင်းပါတယ်။ ဒီ series မှာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အဲလ်ဘတ် အိုင်းစတိုင်း နဲ့ IQ အတူတူဖြစ်နေတဲ့ ကိုးနှစ်သားကောင်လေးတစ်ယောက်ကို မြင်ရပါမယ်။သိပ်ဉာဏ်ကောင်းလွန်းနေတော့ အမွှာညီမ မူလတန်းကျောင်းမှာ လက်ချောင်းပန်းချီလေးတွေဆွဲ၊ တီဗီကလာတဲ့ "ဘဲပုံပြင်" ကြည့်နေချိန်မှာ ...
8.1
TMDb: 8.1/10 2091 votes
tv

Young Sheldon (2017)

2017
The Good Doctor 8.6
The Good Doctor The Good Doctor စီးရီးဟာ နာမည်ကြီးကိုရီးယားစီးရီးကို ပြန်လည်ရိုက်ကူးထားတာပါ။ကိုရီးယားစီးရီးကို မကြည့်ဖြစ်လိုက်ပေမယ့် ဒီအမေရိကန်စီးရီးကိုတော့ စိတ်ဝင်တစားကြည့်ဖြစ်ပါတယ်။ ဆရာဝန်စီးရီးတွေမှာတော့ အမေရိကန်စီးရီးတွေက အများကြီးပီပြင်ပါတယ်။ အသုံးအနှုန်းတွေ လှုပ်ရှားမှုတွေနဲ့ ရောဂါတွေက အတော်လေး သဘာဝကျပါတယ်။ဇာတ်လိုက်ကတော့ Autism အော်တစ်ဇင်ရောဂါရှိတဲ့ ပါရမီရှင် ခွဲစိတ်အလုပ်သင် ဆရာဝန်တစ်ယောက်ပါ။ သူ့ကို ဆေးရုံအုပ်ကြီးက သူ့ရာထူးနဲ့ရင်းပြီး ထောက်ခံပေးကာ အလုပ်ဆင်းခွင့်ပြုခဲ့ပါတယ်။ သူရောက်သွားတဲ့ ခွဲစိတ်ဆရာဝန်အဖွဲ့ခေါင်းဆောင်က အရမ်းတော်ပြီး မာနကြီးတယ်၊ သူ့တွဲဖက်တွေကလည်း လူသန်းဆန်သူ တကိုယ်ကောင်းဆန်သူ စသည်ဖြင့် လူအမျိုးမျိုးနဲ့ ကြုံလာရပါပြီ။သူ့ရဲ့ ထူးဆန်းတဲ့တွေးခေါ်ပုံတွေ လူတွေနဲ့ကသိကအောက် ဟာသတွေ၊ အမှန်နဲ့အမှားကြားက ကျင့်ဝတ်တွေနဲ့ အတော်ကို ဝေဝေဆာဆာရှိတဲ့ ဇာတ်လမ်းပါပဲ။ House MD, Grey Anatomy လိုမျိုးတွေ ကြိုက်တဲ့သူတွေအတွက်တော့ လုံးဝကျေနပ်စေမယ့် ဇာတ်လမ်းဖြစ်ပါတယ်။ အကောင်းဆုံးကြိုးစားပြီး ပြန်ပေးထားပါတယ်။ ဆရာဝန်တွေမှ သိနိင်မယ့်စာလုံးအချို့ ဘာသာပြန်မှားပါလာရင်တော့ နားလည်ပေးလိုက်ကြပါခင်ဗျ။Medical Field ...
8.6
TMDb: 8.6/10 5327 votes
tv

The Good Doctor

2017
Blue Planet II (2017) 9.3
Blue Planet II (2017) ကမ္ဘာကြီးအကြောင်း documetary တွေကို နောက်ခံစကားပြောပေးနေတဲ့ David Attenborough ပါဝင်တဲ့ The Blue Planet ရဲ့ season 2 ထွက်ရှိလာပါပြီ။ IMDB 9.3 ရရှိထားတဲ့ BBC ရဲ့ဒီ documentary မှာတော့ ကမ္ဘာ့သမုဒ္ဒရာတွေရဲ့ အနက်ရှိုင်းဆုံး ချောက်ကမ်းပါးတွေ၊ ပင်လယ်ကြမ်းပြင်တွေမှာရှိတဲ့ သတ္တဝါတွေ၊ သန္တာကျောက်တန်းတွေအကြောင်း ဆက်လက်ရိုက်ကူးထားပြီး ဒါတွေတင်မကပဲ ပညာရှင်တွေကိုယ်တိုင် သွားရောက်လေ့လာတာကိုရော ကြုံတွေရတဲ့အခက်အခဲတွေ၊ ရှာဖွေတွေ့ရှိမှုတွေကိုပါ ထည့်သွင်းရိုက်ကူးထားတဲ့ documentary တစ်ပုဒ်ဖြစ်ပါတယ်။ File size…  3 GB /  1 GB Quality… BluRay 1080p / 720p Format… mp4 Duration….  60 m Genre ..... Documentary Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by..  Kasashi , Elizabeth Khant , Orika , JimX ...
9.3
TMDb: 9.3/10 219 votes
tv

Blue Planet II (2017)

2017
Riverdale Season 1+2+3+4+5+6+7(2017) 8.5
Riverdale Season 1+2+3+4+5+6+7(2017) ဒီစီးရီးကြည့်ချင်လို့တောင်းတဲ့သူအရမ်းများနေလို့ ဘာသာပြန်ပြီးတင်ပေးထားပါတယ်။ တစ်လတစ်စီစန်လောက်တော့ ရအောင်တင်ပေးပါ့မယ်။။ စောင့်မျှော်အားပေးကြပါဦး။Archie Comics ထဲက ကာရိုက်တာတွေကို အခြေခံရိုက်ကူးထားတဲ့ စီးရီရှည်ကြီးတစ်ခုနဲ့ အားလုံးကို မိတ်ဆက်ပေးချင်ပါတယ် ... တချို့ကလည်း ဒီစီးရီးအကြောင်းကို သိထားပြီးသားဖြစ်ကြမှာပါ ...ခြုံငုံပြောရရင်တော့ ရေဗာဒေးလ်ဆိုတဲ့ မြို့တစ်မြို့နဲ့ အဲဒီမြို့က.လူငယ်တစ်သိုက်နဲ့ဇာတ်လမ်းပါပဲ ရေဗာဒေးလ်ဟာ အရင်ကတော့ သာယာနာပျော်ဖွယ် မြို့လေးတစ်ခုဖြစ်ခဲ့တယ် .. အချင်းချင်းရိုင်းပင်းကူညီကြပြီး နေချင့်စဖွယ်မြို့လေးတစ်မြို့ပါ ...ဒါပေမဲ့ အမေရိကန်လွတ်လပ်ရေးနေ့ဖြစ်တဲ့တစ်နေ့သော ဇူလိုင် ၄ ရက်နေ့က ပဟေဠိဆန်ဆန် လူသေဆုံးမှုတစ်ခုနဲ့အတူ ရေဗာဒေးလ်ဟာ စပြီးညစ်ညမ်းလာခဲ့တယ် ..ဒီဆန်းကြယ်ဖြစ်ရပ်တွေကြားမှာ ကံပါလာတဲ့ လူငယ်တစ်သိုက်ကတော့ ...အာချီအန်ဒရူး .. ရေဗာဒေးလ် နယ်ခံကျောင်းသားတစ်ယောက်ဖြစ်ပြီး .. လူသေမှုနဲ့ပတ်သတ်ပြီး လျှိုဝှက်ချက် ရှိနေသူဘတ်တီကူပါ .. အာချီအန်ဒရူးရဲ့ အချစ်ဆုံးသူငယ်ချင်း ဖြစ်ပြီး လူလိမ္မာသလောက် လူဆိုးလေးတွေနဲ့ပဲ အပေါင်းအသင်းလုပ်ချင်သူဂျဂ်ဟက်ဂျုန်းစ် .. ဒဿနာတွေကြားမှာ မွေ့လျော်ပြီး မြို့ရဲ့အခြေအနေကို အမြဲစောင့်ကြည့်နေသူ အပယ်ခံကျောင်းသားဗရော်နီကာ လော့ဂျ် .. မြို့ကနေ ...
8.5
TMDb: 8.5/10 13005 votes
tv

Riverdale Season 1+2+3+4+5+6+7(2017)

2017
GOING SEVENTEEN 9.5
GOING SEVENTEEN Going Seventeen ====================== ဒီတစ်ခေါက်မှာတော့ Pledis Ent ရဲ့ နာမည်ကျော် boy band ဖြစ်တဲ့၊ Seventeen အဖွဲ့ရဲ့ "Going Seventeen" ဆိုတဲ့ အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း Channel Myanmarကနေ တင်ဆက်ပေးသွားမှာပါ။ဒီအစီအစဉ်မှာဆိုရင် ပရိတ်သတ်တွေရဲ့အသည်းစွဲ Seventeen အဖွဲ့မန်ဘာတွေရဲ့ ချစ်စရာကောင်းတဲ့ဂိမ်းတွေ၊ mission တွေကိုတွေ့မြင်ခံစားရမှာပဲဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ကစားနည်းတွေနဲ့၊ Horror ဂိမ်းတွေလည် းပါဝင်တာဖြစ်လို့ ပရိတ်သတ်‌တွေလည်း ကြည့်နေရင်းနဲ့ သူတို့နဲ့အတူတူလိုက် ရင်ခုန်စိတ်လှုပ်ရှားနေရမှာအသေအချာပါပဲ။ဒီအစီအစဉ်မှာ ဂိမ်းတွေအတူကစားရင်း Seventeen အဖွဲ့ရဲ့ Friendship, Music နဲ့ သူ‌တို့တွေပုံဖော်ကြတဲ့ comedy ကိုပါ မြင်တွေ့ရမှာပါ။ OST တွေမှာဆိုလည်း အသံအေးအေးလေးတွေနဲ့ ပရိတ်သတ်ရဲ့ရင်ထဲမှ ာ စွဲထင်နေတဲ့ Seventeen အဖွဲ့ရဲ့ "Going Seventeen" ကို Channel Myanmar Variety Team မှ တင်ဆက်ပေးနေပြီဖြစ်ပါတယ်။(အညွှန်းကို Lu Satt က ရေးသားပေးထားပါတယ် Ep 57မှစပီး အပတ်စဥ် Wednesday တိုင်းပြသသွားမှာပါ VIP Member ...
9.5
TMDb: 9.5/10 6 votes
tv

GOING SEVENTEEN

2017
A Series of Unfortunate Events (2017) 7.343
A Series of Unfortunate Events (2017)   ဉာဏ်ကြီးရှင်လေး ၃ယောက်ဆီကမှ အမွေလုဖို့ကြိုးစားမိတဲ့ လူဆိုးကြီး (သို့) A Series of Unfortunate Eventsဒီတစ်ခါ ပရိသတ်ကြီးကို IMDb 7.8 ရှိတဲ့ ဇာတ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါပြီ ဇာတ်လမ်းလေးကတော့ ဇာတ်ကားနာမည်အတိုင်းပဲ ကံဆိုးမှုတွေ ဆက်တိုက်ကြုံတွေရတဲ့အကြောင်းလေး ရိုက်ပြထားတာပါ ဇာတ်လမ်းရဲ့ အစမှာတင်ပဲ "ပျော်စရာဇာတ်သိမ်းပိုင်းတွေကိုမှ စိတ်ဝင်စားတယ်ဆိုရင်တော့ မကြည့်ပါနဲ့လို့" ပေါ်ပေါ်ထင်ထင် သတိပေးထားတဲ့ ကားလေးတစ်ကားပါပဲ ဇာတ်လမ်းအစမှာပဲ ဘော်ဒယ်လရီတို့ မိသားစုရဲ့ စံအိမ်ကြီးက မီးလောင်သွားပြီး မီးထဲမှာ မိဘနှစ်ပါး ပါသွားတာကြောင့် ကျန်ခဲ့တဲ့ မောင်နှမ၃ယောက် ကို မွေးစားဖို့ အနီးစပ်ဆုံးဆွေမျိုးဆီ ပို့ပေးလိုက်ရပါတယ်။ ဗိုင်အိုလတ်၊ ကလော့စ် နဲ့ ဆန်နီတို့ဆိုတဲ့ မောင်နှမ၃ယောက်ကတော့ ရုတ်တရက်ကြီးကို သူဌေးသားသမီးတွေ ဘဝကနေ မိဘမဲ့ဘဝ တန်းရောက်သွားတော့တာပါပဲ။ ဒါပေမဲ့ ကံဆိုးမ သွားရာမိုးလိုက်လို့ရွာ ဆိုသလို သူတို့ကို မွေးစားမဲ့ ကောင့်တ်အိုလော့ဖ် ဆိုတဲ့သူကလည်း ဗိုင်အိုလတ်လေး ...
7.343
TMDb: 7.343/10 748 votes
tv

A Series of Unfortunate Events (2017)

19932017
Star Trek: Discovery (2017) 7.15
Star Trek: Discovery (2017)  ကျွန်တော်တို့တွေ Strange New World ဇာတ်လမ်းတွဲထဲမှာ ကလင်းဂွန်နဲ့ ဖယ်ဒရေးရှင်းတို့ ဖြစ်ခဲ့တဲ့ စစ်ပွဲအကြောင်းကို ခဏခဏ ကြားခဲ့ရပါတယ်။ ဒီ Discovery ထဲမှာတော့ အဆိုပါစစ်ပွဲကြီး ဘယ်လိုကနေ စဖြစ်လာတာလဲဆိုတာကို ရှုစားရမှာပါ။ အမှန်တော့ SNW ဆိုတာက Discovery ရဲ့ Spinoff ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ အများသိတဲ့ မင်းသမီးကြီး Michelle Yeoh နဲ့ ဟယ်ရီပေါ်တာကားထဲက လူးရှပ်မာဖွိုင်သရုပ်ဆောင် Jason Isaacs တို့လည်း ပါဝင်သရုပ်ဆောင်ထားပြီး SNW cast တွေကိုလည်း ရံဖန်ရံခါ တွေ့ရဦးမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ Star Trek The Original Series မစခင်က အချိန်နဲ့ Prime Timeline ကိုပဲ အခြေခံထားပါတယ်။ ဒါ့အပြင် Star Trek ရဲ့ ဇာတ်လိုက်ကျော်ကြီး ...
7.15
TMDb: 7.15/10 1539 votes
tv

Star Trek: Discovery (2017)

2017
Distorted (2017) [Complete] 6.462
Distorted (2017) [Complete] Distorted (2017)*************အပိုင်း( ၁ မှ ၁၆) အထိ  စ/ဆုံး ဒီစီးရီးမှာတော့ One Dollar Lawyer, My Dearestစတဲ့ နာမည်ကြီးဇာတ်လမ်းတွဲ‌တွေမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးNam Goong Minနှင့် တခြားနာမည်ကြီး သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်...ကိုရီးယားနိုင်ငံငံမှာ လုံးဝသွားထိလို့မရတဲ့ လူတန်းစားများစွာရှိတယ်...နိုင်ငံရေးသမားတွေနဲ့  ဖြစ်ပေါ်လာတဲ့အခြေအနေတိုင်းကိုအမြတ်ထုတ်ဖို့ကြိုးစားနေတဲ့အာဏာရှိအသိုင်းအဝန်းပဲ... ဒီလူတွေက သွားမထိရဲလောက်အောင်  အင်အားကြီးကြသလိုပြဿနာတစ်ခုပေါ်တိုင်းလည်း လက်စဖျောက်ရှင်းဖို့ အစီအစဉ်ပေါင်းများစွာရှိတယ်...တစ်နေ့တော့ ကိုရီးယားနိုင်ငံရေး ပြည်သူတွေ အံအားသင့်ရလောက်တဲ့ထိသတင်းတစ်ခုတက်လာခဲ့တယ်...ဒီသတင်းက အာဏာရှိသူတစ်ယောက်ရဲ့ နောက်ကွယ်ကမကောင်းမှုတွေဖြစ်ပါတယ်...ဒီသတင်းတက်လာပြီး သိပ်မကြာခင်မှာပဲ သတင်းရေးတဲ့အမျိုးသားတစ်ဦးသေဆုံးခဲ့ရသလို  အမှုတွေကလည်း ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားတယ်..သေဆုံးသွားတဲ့ သတင်းသမားမှာ ညီဖြစ်သူကျန်ခဲ့တယ်...အကိုဖြစ်သူသေဆုံးသွားလို့ အဖြစ်မှန်အားလုံးဖော်ထုတ်ရင်း လက်စားချေလိုပေမဲ့ဒီအသိုင်းအဝန်းဟာ ပုံမှန်သမရိုးကျနည်းနဲ့ ချဉ်းကပ်လို့မရဘူးလို့  အကိုဖြစ်သူသေဆုံးခြင်းကသူ့ကိုသဘောပေါက်စေခဲ့တယ်...ဒါ့ကြောင်း အချိန်ယူအစွမ်းကုန်ပြင်ဆင်ရင်းဒီစောင်တလွဲလောကကြီးကို ရိုက်ချိုးဖို့ ကြံစည်ပါလေတော့တယ်...မင်းသားကတော့ ကျွန်တော်တို့ဆရာကြီး Nam Goong Min ဆိုတော့ကားဒီလိုကာရိုက်တာတွေနဲ့အလွန်လိုက်ဖက်လေတော့ ကြည့်လို့ မလန်းမှာတော့ပူပင်စရာမလိုပါ......Episodes: 16 Aired On: Saturday, Sunday Original Network: SBS Duration: 1 hr. 10 ...
6.462
TMDb: 6.462/10 13 votes
tv

Distorted (2017) [Complete]

2017
SEAL Team (2017) 8.039
SEAL Team (2017) CM ပရိတ်သတ်ကြီးတခဲနက်တောင်းဆိုထားတဲ့ တိုက်တာခိုက်တာလည်းမိုက်၊ လက်တွေ့လည်းဆန်၊ ဇာတ်အိမ်လည်းကောင်းတဲ့ နာမည်ကြီးစစ်ကားစီးရီးတစ်ခုဖြစ်တဲ့ Seal Team 2017 ကိုယူဆောင်လာပေးခဲ့ပါပြီ။ Seal Team ဟာဆိုရင်‌တော့ Navy Seal အထူးတပ်ဖွဲ့၀င်တွေရဲ့ အမိမြေအတွက် အန္တရာယ်များတဲ့စစ်ဆင်ရေးတွေ ဆင်နွှဲကြပုံကိုရိုက်ကူးထားတဲ့ စီးရီးတစ်ခုပဲဖြစ်ပါတယ်။ ဒီစီးရီးထဲမှာ Seal တပ်ဖွဲ့၀င်တွေရဲ့ လေ့ကျင့်မှုတွေ၊ ဗျူဟာချမှတ်ပုံတွေ၊ စစ်ဆင်ရေးပြုလုပ်ပုံတွေကို ဇာတ်အိမ် ကောင်းကောင်း သရုပ်ဆောင်ကောင်းကောင်းနဲ့ ရိုက်ပြထားတဲ့အပြင် မိသားစုရေး၊ နိုင်ငံကိုသစ္စာစောင့်သိမှု၊ အဖွဲ့လိုက်လုပ်ဆောင်မှု၊စစ်ပွဲအကြောင်းတွေကိုလည်း ရသစုံစွာ ထည့်သွင်းရိုက်ကူးထားပါတယ်။အထူးသဖြင့် Navy Sealလိုအထူးတပ်ဖွဲ့မျိုးမှာ တာ၀န်ထမ်းဆောင်ရတဲ့ တပ်ဖွဲ့၀င်တွေရဲ့ ပရော်ဖက်ရှင်အလုပ်နဲ့ သာမန်ဘ၀အကြားမှာ ဟန်ချက်ညီမှုရရှိအောင်ကြိုးစားကြရပုံတွေကိုလည်း မြင်တွေ့ရမှာပါ။ ဒါ့အပြင် ဇာတ်လမ်း စ၊လယ်၊ဆုံး တိုက်ခိုက်နေတာမဟုတ်ဘဲ ၎င်းတို့ရဲ့သာမန်ဘ၀တွေမှာ ကြုံတွေ့ရတဲ့ဒရာမာတွေကိုလည်း ထည့်သွင်းပေးထားတာမလို့ တစ်ပိုင်းနဲ့တစ်ပိုင်း ဇာတ်လမ်းအချိတ်အဆက်က အတော်ကောင်းပါတယ်။ နောက်ထပ်စိတ်၀င်စားစရာကောင်းတဲ့အချက်ကတော့ Seal Teamရဲ့ ဇာတ်ညွှန်းကိုရေးသားရာမှာ Navy Seal တပ်ဖွဲ့၀င်အစစ်တွေရဲ့ ...
8.039
TMDb: 8.039/10 1307 votes
tv

SEAL Team (2017)

2017
Heart Signal (2017) 8
Heart Signal (2017) Heart Signal Season 1 (2017)အားလုံးတောင်းဆိုနေကြတဲ့ Heart Signal Season 1 လေးလာပါပြီHeart Signal ဆိုတာ တောင်ကိုရီးယား Channel A က ထုတ်လွှင့်ပြသတဲ့ reality show တစ်ခုဖြစ်ပါတယ်။ ၂၀၁၇ မှာ Season 1 ကိုစတင်ထုတ်လွှင့်ခဲ့ပြီး ၂၀၁၈ ၂၀၂၀ တို့မှာ Season 2,3 အသီးသီးတို့ကိုထုတ်လွှင့်ခဲ့ပါတယ်။ဒီရှိုးရဲ့ ပုံစံကတော့ Single ဖြစ်နေတဲ့ ယောကျ်ားလေးတွေနဲ့ မိန်းကလေးတွေကို Signal House လို့ခေါ်တဲ့ အချက်ပြစံအိမ်ကြီးထဲမှာ အတူတူတစ်လတိတိ နေခိုင်းမှာဖြစ်ပါတယ်။ စံအိမ်ကြီးထဲမှာ တူတူနေရင်း မိမိစိတ်ဝင်စားတဲ့သူနဲ့ အတွဲတွေဖြစ်အောင် ကြိုးစားကြရမှာပါ။ အချက်ပြစံအိမ်ကြီးမှာ လိုက်နာရမယ့် စည်းကမ်းချက်တွေလည်းရှိပါတယ်။ စည်းကမ်းချက်တွေအားလုံးထဲမှာမှ အဓိကစည်းကမ်းချက်နှစ်ခုရှိပါတယ်။ တစ်ချက်က ပါဝင်တဲ့လူငယ်တွေဟာ တစ်နေကုန်လုပ်စရာရှိတာလုပ်ပြီးရင် ညဘက်အချက်ပြစံအိမ်ကြီးဆီကိုပဲ ပြန်ရပါမယ်။ နောက်တစ်ချက်ကတော့ ညတိုင်း ၁၂ နာရီထိုးတာနဲ့ ကိုယ်သဘောကျတဲ့ သူဆီကို အမည်မသိ message တစ်စောင်ပို့ရပါမယ် ဒါပေမယ့် ကိုယ်သဘောကျနေကြောင်းကို တိုက်ရိုက်သိသာအောင်တော့ ပြောလို့မရပါဘူး။ သူတို့ရဲ့ တစ်နေ့တာ ...
8
TMDb: 8/10 2 votes
tv

Heart Signal (2017)

2017
Hospital Ship (2017) 6.3
Hospital Ship (2017) Hospital Ship (2017)*********************အပိုင်း ( ၁ မှ ၂၀ ) စ / ဆုံး ဒီကားလေးက ဒိတ်ဒိတ်ကြဲနာမည်ကြီးတွေဖြစ်တဲ့Kang Min Hyuk (Celebrity)နဲ့ Ha Ji Won တို့ အဓိက ပါဝင်ထားပြီးကျွန်းမှာနေထိုင်တဲ့ ကျေးလက်ဒေသခံတွေကို  သင်္ဘောနဲ့ဆေးလိုက်ကုပေးတဲ့စေတနာ့ဆရာဝန်လူငယ်လေးတွေရဲ့ ဘဝကို သရုပ်‌ဖော်ထားတာပါ။Song Eun Jae (Ha Ji Won)က ဆိုးလ်မြို့ရဲ့ ဆေးရုံကြီးတစ်ခုမှာအလွန်ထူးချွန်တဲ့ ကျွမ်းကျင်ခွဲစိတ်ဆရာဝန်တစ်ဦးပါ။အောင်မြင်မှုများစွာရရှိခဲ့ပေမဲ့ တစ်နေ့မှာ ကံဆိုးတဲ့ အဖြစ်အပျက်တစ်ခုကြောင့်အဲဒီဆေးရုံကြီးကနေ ထွက်သွားရပြီး ဆေးရုံသင်္ဘောဆီမှာ တာဝန်ထမ်းဖို့ ဖြစ်လာပါတယ်။လူသားချင်း စာနာတတ်တဲ့ ဖခင်နဲ့ ကြီးပြင်းခဲ့ရတဲ့ Kwak Hyun (Kang Min Hyuk)ကတော့ချမ်းသာပြည့်စုံတဲ့ ဘဝက လာပေမဲ့ သူကိုယ်တိုင်ကပဲ စေတနာ့ဆရာဝန်အလုပ်ကို ရွေးချယ်ခဲ့ပြီးဆေးဝါးနဲ့သာမက အပြုံးချိုချိုလေးတွေနဲ့ပါ ဆေးကုပေးတတ်တဲ့ ဆရာဝန်လေးပေါ့။Kim Jae Gul (Lee Seo ...
6.3
TMDb: 6.3/10 19 votes
tv

Hospital Ship (2017)

2017
Suspicious Partner (2017) 7.71
Suspicious Partner (2017) Suspicious Partner (2017)***************************အပိုင်း (၁ မှ ၂၀) အထိ (စ/ဆုံး) ဆွဲဆောင်မှုအားကောင်းပြီး အလုပ်မှာလည်း ထက်ထက်မြက်မြက်နဲ့ အဖေ့ခြေရာကိုတစ်ထေရာတည်းနင်းနိုင်တဲ့ အမှုစစ်နိုဂျီအု....ငယ်စဥ်အခါက တိုက်ကွမ်ဒိုခါးပတ်နက်ရခဲ့ပေမယ့် အဖေ့လို မတရားခံရတဲ့လူတွေကိုကူညီပေးချင်တဲ့စိတ်နဲ့ ရှေ့နေဖြစ်လာခဲ့တဲ့ အွန်ဘုံဟီး...တစ်ရက်မှာတော့ လူသတ်သမားက အွန်ဘုံဟီးကိုသတ်ဖို့လာခဲ့ရာကနေ လူမှားပြီးအွန်ဘုံဟီးရဲ့ချစ်သူကို သတ်မိသွားပါတယ်။အပြင်ကပြန်လာတဲ့ ဘုံဟီးတစ်ယောက် သူကိုယ်တိုင်တောင် မသိလိုက်တဲ့အချိန်မှာပဲသူ့ချစ်သူဟောင်းကိုသတ်တဲ့ တရားခံအဖြစ်စွဲချက်တင်ခံလိုက်ရပါတော့တယ်။အမှုစစ်နိုဂျီအုတစ်ယောက် ဘုံဟီးအတွက်နဲ့ ဝတ်ရုံချွတ်လိုက်ရပြီးရှေ့နေဖြစ်သွားတဲ့နောက် ကွင်းဆက်လူသတ်မှုကြီးက တစ်ကျော့ပြန်လာတဲ့အခါမှာတော့ဘုံဟီးနဲ့ဂျီအုတို့ တရားခံအစစ်ကိုဘယ်လိုရှာကြမလဲ....သူတို့ကြားထဲကအချစ်ဇာတ်လမ်းလေးနဲ့အတူ တခြားသောဟာသအလွဲလေးတွေကိုပါ ကြည့်ရှုရဦးမှာပါ။  Aired: May 10, 2017 - Jul 13, 2017 Aired On: Wednesday, Thursday Genres: Romance, Comedy, Law, Thriller Duration: 60 mins Episodes: 16 Original Network: TVN File Size: 720p(~500MB) , 1080p(1.4GB) Translated by Thinn Thinzar, Shoon, Win, Hnin ...
7.71
TMDb: 7.71/10 81 votes
tv

Suspicious Partner (2017)

2017
Manhunt(2017) 7.631
Manhunt(2017) ခင်ဗျားတို့ စာတိုက်စနစ်အကြောင်းကို နည်းနည်းလောက် အချိန်ပေးပြီး တွေးကြည့်ဖူးလား။လူတစ်ယောက်ဟာ ကိုယ့်ဆီကို စာပို့ဖို့၊ပစ္စည်းပို့ဖို့လိုအပ်တာဆိုလို့ ကိုယ့်ရဲ့နာမည်နဲ့ လိပ်စာပဲတဲ့။အဲ့ဒီလိပ်စာတို့ ဖုန်းနံပါတ်တို့ဆိုတာလဲ အခုလို ပွင့်လင်းမြင်သာတဲ့ ခေတ်ကြီးမှာ ရဖို့ဆိုတာ ဘာမှမခက်တော့ဘူး။အထူးသဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာဆို ပိုဆိုးတယ်။ခင်ဗျားရဲ့ အချက်အလက်တွေဟာ လူမြင်ကွင်းမှာ ဖောချင်းသောချင်းပဲ။တကယ်လို့ ခင်ဗျားကို ဒုက္ခပေးချင်တဲ့ လူတစ်ယောက်က ဒီအချက်အလက်တွေကို သုံးပြီး ခင်ဗျားကို ဒုက္ခမပေးနိုင်ဘူးလား။တစ်နေ့နေ့မှာ ခင်ဗျားရဲ့ အိမ်ရှေ့ကို ခင်ဗျားနာမည်နဲ့ ဗုံးတစ်လုံးရောက်လာနိုင်တယ်လို့ရော ခင်ဗျားတွေးဖူးလား။1978 ခုနှစ်ကစပြီး အမေရိကန်နိုင်ငံမှာ စာပို့စနစ်ကို အသုံးပြုပြီး အကြမ်းဖက်ဖောက်ခွဲတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်လာတယ်။အဲ့ဒီဖြစ်စဉ်တွေ အကုန်လုံးကို လူတစ်ယောက်တည်းကပဲ ကြိုးကိုင်နေတယ်ဆိုတာကို သိရပေမယ့် သူဟာဘယ်သူလည်း ဘာကြောင့်မို့ ဒီလိုမျိုးလုပ်ရပ်တွေကို လုပ်နေတာလဲဆိုတာ အမေရိကန်နိုင်ငံရဲ့ အတော်ဆုံးစုံစမ်းစစ်ဆေးရေးဌာနဖြစ်တဲ့ FBI တောင်မှ မဖော်ထုတ်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ ဗုံးပေါက်ကွဲမှုတွေဟာ နိုင်ငံတစ်ဝှမ်းဆက်တိုက်ဖြစ်နေတယ်။FBI ဟာလည်း ဒီ ဗုံးသမားကို ဖမ်းမိဖို့အတွက် လူပေါင်း ...
7.631
TMDb: 7.631/10 328 votes
tv

Manhunt(2017)

2017
Strong Woman Do Bong Soon(2017)[Complete] 8.148
Strong Woman Do Bong Soon(2017)[Complete] Strong Woman Do Bong Soon(2017)*********************************အပိုင်း( ၁ မှ ၁၆) အထိ စ/ဆုံး(လုံးဝကြည်တောက်ရှင်း ...မင်းသားရေသောက်ရင်တောင် လည်ချောင်းက ရေစီးတာမြင်နိုင်လောက်တဲ့အထိကြည်တဲ့ဗားရှင်းနဲ့တင်ဆက်ပေးထားပါသည်..)ဒီတစ်ခေါက်မှာတော့ KDramaပရိသတ်ကြီးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ မင်မင်နဲ့ဘုံဘုံတို့ရဲ့ ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးချင်ပါတယ် ဒိုဘုံဆွန်းဆိုတဲ့ မိန်းကလေးဟာ မွေးဖွားလာကတည်းက ထူးထူးထူးခြားခြား အင်မတန်ခွန်အားသန်တဲ့စွမ်းအားကို ပိုင်ဆိုင်ထားသူပါ..အဲဒီစွမ်းအားကလည်း ဘုံဆွန်းတို့မျိုးရိုးမှာ အမျိုးသမီးတွေသာ အမွေရတာပါ...ဘုံဆွန်းရဲ့အိမ်မက်ကတော့ သူ့ကိုယ်သူဇာတ်လိုက်ထားပြီး Video Gameတစ်ခုဖန်တီးချင်တာပါ..တစ်နေ့မှာတော့ ဘုံဆွန်းတစ်ယောက် လူမိုက်တွေရန်ကနေ ကားဆရာကြီးကို ကာကွယ်ပေးရင်းအမှတ်မထင် Video Gameကုမ္ပဏီရဲ့ကိုယ်စားလှယ်ဖြစ်တဲ့ အန်းမင်ဟျော့နဲ့ တွေ့ဆုံခဲ့ပါတယ်...ခြိမ်းခြောက်မှုတွေခံရတဲ့ အန်းမင်ဟျော့က ခွန်အားသန်တဲ့ဘုံဆွန်းကို သဘောကျပြီးသူ့ရဲ့သက်တော်စောင့်အဖြစ် အလုပ်ခန့်လိုက်တဲ့အချိန်မှာတော့….ထွေထူးပြီးညွှန်းစရာမလိုတဲ့ မင်မင်နဲ့ဘုံဘုံတို့ရဲ့ချစ်ကြည်နူးတစ်တီတူးတဲ့ အခန်းတွေကိုတစ်ကျော့ပြန်လည်ခံစားကြည့်ရှုကြပါဦး....Episodes: 16File Size:1.3GB, 500MBQuality :Web-DL 1080p,720PGenres: Action, Comedy, Romance, SupernaturalTranslated by  Estel, Khine Khine Wai, Shoon ,AHtet & WinEncoded by  Phyo ...
8.148
TMDb: 8.148/10 176 votes
tv

Strong Woman Do Bong Soon(2017)[Complete]

2017
Tomorrow with You(2017) 6.7
Tomorrow with You(2017) Tomorrow with You(2017)*************************အပိုင်း ( ၁ မှ ၁၆ ) အထိ စ/ဆုံးဒီတစ်ခါမှာတော့ အစ်မကြီးအင်ရဲ့အချောဆုံးကောင်လေး၀မ်တောင်းကျီရဲ့ Time Travel စီးရီးဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်.... မင်းသားချော Lee Je-Hoon နဲ့ အတူ ပါးချိုင့်လှလှလေးနဲ့မင်းသမီးချောလေး Shin Min-A လည်း ပါ၀င်သရုပ်ဆောင်ထားတာမို့တခြားပြောစရာလိုတော့မယ်မထင်ပါဘူး နှစ်ယောက်ရဲ့ visual ကိုငေးရရုံနဲ့တင် ကြည့်ရတာတန်နေပြီဖြစ်တဲ့ ဇာတ်ကားလေးလို့ပဲ ဆိုချင်ပါတယ်....ဇာတ်လမ်းအကျဉ်း....ယူဆိုးဂျွန် (Lee Je-Hoon) ဟာ အနာဂတ်ကို အချိန်ခရီးသွားနိုင်သူဖြစ်ပါတယ်...တစ်နေ့ ဆိုးဂျွန်တစ်ယောက် အချိန်ခရီးသွားရင်း သူသေဆုံးမဲ့နေ့ရက်ဆီကို ရောက်သွားပြီးတော့မတော်တဆမှုဖြစ်ပြီး သေဆုံးသွားတဲ့ 'အနာဂတ်ရဲ့ဆိုးဂျွန်'ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရပါတော့တယ်....တိုက်တိုက်ဆိုင်ဆိုင်ပဲ ဆိုးဂျွန်နဲ့ အတူတူ မတော်တဆမှုဖြစ်ပြီး တစ်ချိန်တည်းမှာသေဆုံးသွားတဲ့ ဆုန်းမာရင်းဆိုတဲ့မိန်းကလေး (Shin Min-A) လည်း ရှိနေခဲ့ပါတယ်...ဆိုးဂျွန်နဲ့ မာရင်းက ဘာကြောင့် တစ်ရက်တည်း တစ်ချိန်တည်းမှာ အတူတူသေဖို့ ‌ဖြစ်လာရတာလဲသူတို့နှစ်ယောက်ရဲ့ သေခြင်းတရားကိုရော ဆိုးဂျွန်တစ်ယောက် ...
6.7
TMDb: 6.7/10 23 votes
tv

Tomorrow with You(2017)

2017
Ruler: Master of The Mask (2017) [Complete] 7
Ruler: Master of The Mask (2017) [Complete] Ruler: Master of The Mask (2017) [အစ-အဆုံး]အပိုင်း ၁ မှ ၂၀ (ဇာတ်သိမ်းပိုင်း)မင်းဆက် အဆက်ဆက်ကို အဆိပ်ခတ်ပြီး ထိန်းချုပ်ထားတဲ့ ဖြောင်းဆူအဖွဲ့ ... သားဖြစ်သူကို သူ့လို အသုံးမကျတဲ့ ဘုရင် မဖြစ်စေချင်တဲ့ မင်းကြီး ... ငယ်ငယ်ကတည်းက အသက်ဘေးကနေ လက်မတင်လေး လွတ်မြောက်လာခဲ့ပြီး ကြီးလာတဲ့အခါမှာ ဖြောင်းဆူ အုပ်စုကို အမြစ်ဖြတ်ပြစ်ဖို့ စိတ်အားထက်သန်တဲ့ အိမ်ရှေ့စံမင်းသားလေး အီဆွန်း ...တစ်ခု ထူးခြားတာက အိမ်ရှေ့စံမင်းသားလေး အီဆွန်းက ငယ်စဉ်ကတည်းက မျက်နှာဖုံးတပ်ပြီး ကြီးပြင်းခဲ့ရပြီး သူ့ရဲ့ မျက်နှာကို မြင်ဖူးသူမှန်သမျှ သုတ်သင်ရှင်းလင်းခြင်း ခံရပါတယ်။ ဒီအတွက်ကြောင့်လည်း သူ့မျက်နှာကို မြင်ဖူးတဲ့သူဆိုလို့ သူ့အနီးဝန်းကျင်က လူယုံအကိုတော်နဲ့ ချောင်းဝန်း နဲ့ သူ့ရဲ့ ခမည်းတော်နဲ့ မယ်တော် နှစ်ပါးသာရှိပါတယ်။မင်းဆက် အဆက်ဆက်ကို ထိန်းချုပ်နိုင်တဲ့အထိ အင်အားကြီးမားလွန်းတဲ့ ဖြောင်းဆူအဖွဲ့ ရဲ့ ...
7
TMDb: 7/10 13 votes
tv

Ruler: Master of The Mask (2017) [Complete]

2017
The Boy Next Door (2017) 7.9
The Boy Next Door (2017) The Boy Next Door (2017) အညွှန်းဒီတစ်ခါမှာတော့ K-Drama Fan တွေနဲ့မစိမ်းလှတဲ့ မင်းသားနှစ်ယောက်ဖြစ်တဲ့ Choi Woo Shik နဲ့ Jang Ki Yong တို့ရဲ့ BL vibe ဆန်ဆန်ရစေမယ့် 2017 ခုနှစ်ကထွက်ရှိခဲ့တဲ့ Comedy, Romance, Youth genre အပိုင်းတိုဒရမ်မာ Collection လေးနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်း - အခန်းနံပါတ် ၃၀၁ နဲ့ ၃၀၂ ဘေးချင်းကပ်ရပ်နေကြပြီးတော့ တစ်ယောက်နဲ့တစ်ယောက်သိပ်ပြီးအစေးမကပ်ကြတဲ့ ကောင်လေးနှစ်ယောက်ဖြစ်တဲ့ ဘတ်ဂယူထယ် (Choi Woo Shik) နဲ့ ဆုန်းဂီဂျယ် (Jang Ki Yong) တို့ဟာ မထင်မှတ်ထားတဲ့ ကိစ္စတစ်ခုကြောင့် တစ်ခန်းထဲအတူတူနေဖို့ဖြစ်လာပါတော့တယ်။ သူတို့နှစ်ယောက်လုံးနဲ့ရင်းနှီးတဲ့ ဂင်မီနာဆိုတဲ့မိန်းကလေး တစ်ယောက်ကလည်းရှိနေပါသေးတယ်။ အတူတူနေကြပြီးတဲ့နောက် ရင်းနှီးပြီးသံယောဇဉ်ဖြစ်လာကြတဲ့ သူတို့နှစ်ယောက်ကြားက ရယ်စရာ ၊ တလွဲအဖြစ်အပျက်လေးတွေက မီနာ့ကို သူတို့နှစ်ယောက်ကိုကြိုက်နေကြတယ်လို့အထင်မှားစေလာတဲ့အခါ .. ။ တဖြည်းဖြည်းနဲ့မီနာတင်မဟုတ်ဘဲ အခန်းပိုင်ရှင် ၊ သူငယ်ချင်း‌တွေနဲ့ ဘေးပတ်ဝန်းကျင်ကအိမ်နီးချင်း‌တွေအထိပါ အထင်မှားစေလာတဲ့အခါ .. ။ တစ်ခန်းတည်းမှာ အတူတူနေရင်း ...
7.9
TMDb: 7.9/10 10 votes
tv

The Boy Next Door (2017)

2017
Marvel’s Iron Fist (Season1+2) 6.1
Marvel’s Iron Fist (Season1+2)    Marvel Superhero စီးရီးတစ်ခု တင်ပေးလိုက်ပါတယ်။Iron Fist ဟာ Marvel Universe ရဲ့ အတော်ဆုံး သိုင်းပညာရှင်တွေထဲက တစ်ယောက်ပါ။ဒီစီးရီးဟာ တီဗီစီးရီး ပရိတ်သတ်တွေအတွက်တော့ကောင်းမွန်တာမို့ Ration 7.3 အထိ ပေးထားကြပေမယ့် Comic ဖန်တွေကတော့ အားရမှာ မဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ ဒီစီးရီးဟာ Iron Fist ဖြစ်လာတဲ့ ဒန်နီရန်းဟာ သူ့ရဲ လေ့ကျင့်မှုကိုမပြည့်စုံသေးခင် စွမ်းအားအပြည့်မသုံးနိုင်သေးခင် စွန့်စားခန်းတွေ စတင်တဲ့ဇာတ်လမ်းဖြစ်နေလို့ပါ။ Comic မှ Iron Fist ဟာ SHIELD အဖွဲ့ရဲ့ တိုက်ယာဉ်ကိုလက်သီးတစ်ချက်တည်းနဲ့ ထိုးချနိုင်ပြီး၊ Spider man,Wolverine,Captain America နဲ့ Colossus တို့ကိုတပြိုင်တည်း ယှဉ်တိုက်နိုင်စွမ်းရှိပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းစုကြီးရမ်အင်တာပရိုက်ရဲ့ ပိုင်ရှင် လင်မယားနဲ့ သူတို့ရဲ့ သားငယ်လေး ဒန်နီရန်းဟာလေယာဉ်ပျက်ကျပြီးပျောက်ဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့် ဒန်နီကို ခွန်းလွန်ဆိုတဲ့လျို့ဝှက်ကျောင်းတော်ကြီးက ဘုန်းတော်ကြီးတွေက ကယ်တင်သွားပြီးသိုင်းပညာမျိုးစုံသင်ကြားပေးခဲ့ပါတယ်။ အဲဒီအဖြစ်တွေ ဖြစ်ပြီး ၁၅ နှစ်အကြာမှာဒန်နီရန်းဆိုတဲ့သူဟာ ...
6.1
TMDb: 6.1/10 676 votes
tv

Marvel’s Iron Fist (Season1+2)

2017
Because This Is My First Life (2017)[Complete] 8.447
Because This Is My First Life (2017)[Complete] Because This Is My First Life (2017)*********************************မမမူဒေါ့ကိုလွမ်းနေမယ့် ယော်ရောဘွန်းတို့အတွက် Jung So Min Unnie ရဲ့ series ဟောင်းလေးတစ်ခုကိုCM ကနေအလွမ်းပြေတင်ဆက်ပေးလိုက်ပါတယ်နော်.... နမ်ဟယ်နယ်သူဖြစ်ပေမယ့် စာတော်တဲ့အတွက် ဆိုးလ်တက္ကသိုလ်ထွက်ဖြစ်သူ Yoon Ji Ho (Jung So Min) ကတော့နာမည်ကြီးထမင်းငတ်၊ ဘွဲ့ရအလုပ်လက်မဲ့တစ်ယောက်ပါ။အသက် ၃၀ အထိရည်းစားလည်းမထားဖူးတဲ့အပျိုကြီးပေါက်စ Yoon Ji Ho အနေနဲ့ အိမ်ကိုလည်းသေချာမထောက်ပံ့နိုင် အိမ်ထောင်ဖက်တွေ့ဖို့လည်းအဆင်မပြေဖြစ်နေခဲ့ပါတယ်။တစ်ဖက်မှာလည်း အိမ်ပိုင်ရှိပြီး အလုပ်အကိုင်အတည်တကျရှိနေပေမယ့် အပေါင်ကြွေးခေါင်ခိုက်နေသူNam Se Hee (Kim Min Ki) ကတော့ အဖေဖြစ်သူဆီကနေ အိမ်ထောင်ပြုဖို့ အကြပ်ကိုင်တိုက်တွန်းခံနေရချိန်မှာ......ဆန့်ကျင်ဘက်တွေနဲ့ပြည့်နေတဲ့ ထိုလူသားနှစ်ဦး ကြံကြံဖန်ဖန်ပေါင်းစည်းရဖို့ဖြစ်လာပါတော့တယ်။ဇာတ်လမ်းလေးက ပေါ့ပါးပေမယ့် ဆွဲဆောင်မှုရှိတဲ့အပြင် Healing Drama လည်းဆန်တဲ့အတွက်watch list ထဲထည့်သင့်တဲ့အကြောင်း recommend ပေးလိုက်ပါတယ်နော်......။  Episodes: 16File Size: 1.5G ...
8.447
TMDb: 8.447/10 75 votes
tv

Because This Is My First Life (2017)[Complete]

2017
Duel(2017) 6.2
Duel(2017) Duel(2017)Ep1 to 16********************(စ/ဆုံး)ဂျန်ဒေါ့ချွန်းက မှုခင်းစုံစမ်းရေးအဖွဲ့ရဲ့ အဖွဲ့မှူးဖြစ်ပြီးတော့ မိန်းမဖြစ်သူသေဆုံးပြီးကတည်းကကင်ဆာရောဂါသည်သမီးလေးကို တစ်ဦးတည်းစောင့်ရှောက်နေတဲ့သူပါ။သူကအလုပ်မှာတော့ ကြမ်းတမ်းခက်ထန်တဲ့အဖွဲ့မှူးဖြစ်ပေမဲ့ သမီးလေးအပေါ်မှာတော့ ကြင်နာတတ်တဲ့အဖေပါ။သမီးဖြစ်သူက ဆန်းယောင်းဆေးဝါးထုတ်လုပ်ရေးက ထုတ်ဖော်တဲ့ ပင်မဆဲလ်ထိုးသွင်းမှု (ပင်မဆဲလ်ဖြင့်ကင်ဆာရောဂါကုသမှု) ကိုခံယူရခါနီးမှာတင် ပြန်ပေးဆွဲခံလိုက်ရတဲ့အခါမှာ သူ့မှာရှိတဲ့ သဲလွန်စတစ်ခုတည်းနဲ့ တရားခံကိုလိုက်ရှာခဲ့ပါတယ်။သူ့မှာရှိတဲ့တစ်ခုတည်းသော သဲလွန်စကတော့ အခင်းဖြစ်ပွားရာနေရာမှာရှိနေခဲ့တဲ့တစ်ပုံစံတည်းတူတဲ့မျက်နှာသွင်ပြင်ကိုပိုင်ဆိုင်ထားတဲ့ ယောက်ျားနှစ်ဦးပါပဲ။အဲဒီယောက်ျားနှစ်ဦးကရော ဘယ်သူတွေဖြစ်မလဲ။ သူတို့နှစ်ယောက်ရဲ့ပတ်သက်မှုကရော ဘာဖြစ်မလဲ။ဂျန်ဒေါ့ချွန်းရဲ့ သမီးလေးကိုရော ဘာကြောင့်ပြန်ပေးဆွဲရတာလဲ။ဂျန်ဒေါ့ချွန်းကရော သမီးလေးကိုပြန်ရှာတွေ့သွားမလား။ တရားခံကိုရော ဖမ်းမိသွားမလားဆိုတာကိုတော့ ,,, Episodes: 16File Size:1.1GB, 500MBQuality :Web-DL 1080p,720PGenres: Crime, Mystery, DramaTranslated by  EiPhyu Khin,Kit,  Hae Areum ,Hay Thar Oo ,Shoon, Win & WindiEncoded by  Phyo Pyae <<<<<<TELE LINK>>>>>  Episode 1 720P >>>> UsersDrive   | Yoteshin |MegaUp    |     Mega.NZ ...
6.2
TMDb: 6.2/10 10 votes
tv

Duel(2017)

2017