Channel Myanmar

Phantom Four

The Sandman (2022) 8.417
The Sandman (2022) The Sandman (2022) ================ IMDb Rating - 8.0/10နက်ဖလစ်ရဲ့နတ်ဘုရားစီးရီးအသစ်တစ်ခုကိုတင်ဆက်ထားပါပြီ။ American Gods တို့ Norse Mythology တို့ကို ရေးခဲ့တဲ့ စာရေးဆရာကြီး နီးလ်ဂိုင်မန်ရဲ့ လက်ရာတွေထဲက Sandman ဆိုတဲ့ နတ်ဘုရား စွမ်းအားရှင် တစ်ယောက်အကြောင်းပါပဲ။ဇာတ်လမ်းအစမှာတော့ ကမ္ဘာနှစ်ခုကို အရင်ပြသထားပါတယ်။ လူသားတွေ နေတဲ့ နိုးထကမ္ဘာနဲ့ အိပ်မက်ကမ္ဘာပေါ့။ အိပ်မက်ကမ္ဘာရဲ့ နတ်ဘုရားဟာ သူ့ဆီ ကနေ ထွက်ပြေးပြီး လူတွေကို ဒုက္ခပေးနေတဲ့ အိပ်မက်ဆိုးတစ်ကောင်ကို လိုက်ဖမ်းနေခဲ့ပါတယ်။ ဖမ်းမိသွားတဲ့အချိန်လေးမှာပဲ ဘာမှမလုပ်ခင် သူ့ကို လူသားတစ်စုက မှော်အစီအရင်တွေနဲ့ ထောင်ချောက်ဆင်ဖမ်းတာခံလိုက်ရပါတယ်။ ဒါပေမဲ့ တကယ်တော့လည်း လူသားတွေ ဖမ်းချင်တာက သေမင်းတမန်တော်ကိုပါ။ ယုံထောင်ကြောင်မိဖြစ်ပြီး အိပ်မက်နတ်ဘုရားက အချောင်ဖမ်းခံလိုက်ရပါတယ်။ နောက်မှသိရတာက အိပ်မက်နတ်ဘုရားဟာ Endless ဆိုတဲ့ အဆုံးမဲ့နတ်ဘုရား (၇) ပါးထဲက တစ်ပါးဖြစ်နေတာပါပဲ။ အဲဒီ ၇ ပါးကတော့ ကံကြမ္မာ၊ ခွဲခွာမှု၊ အိပ်မက်၊ ဖျက်ဆီးခြင်း၊ ရမက်၊ သောက၊ ထင်ယောင်ထင်မှား ဆိုတဲ့ ဘုရား(၇)ပါးပါပဲ။သူတို့က သာမန်နတ်ဘုရားတော်တော်များများထက် စွမ်းအားကြီးကြပါတယ်။ ဒီစီးရီးမှာတော့ ...
8.417
TMDb: 8.417/10 6 votes
tv

The Sandman (2022)

2022
Krypton Season 2 6.8
Krypton Season 2 Krypton Season 2 Season 1 အဆုံးမှာ Krypton ကို လာသိမ်းပိုက်တဲ့Brainiac ကို တိုက်ခိုက်ရင်း စူပါမန်းရဲ့အဘိုး ဆဂ်အလ်ကPhantom Zone ထဲ ရောက်ရှိသွားခဲ့ပါတယ်။အနာဂတ်ကနေ ရောက်လာတဲ့ General Zod ကလည်းခရစ်ပ်တွန်ဂြိုဟ်ကို ထိန်းချုပ်လိုက်ပါတော့တယ်။Brainiac အကြောင်း သတင်းပေးဖို့ အနာဂတ်ကနေ ရောက်လာခဲ့တဲ့Adam Strange ကလည်း ပျောက်ကွယ်သွားခဲ့တယ်။အခု Season 2 အစမှာတော့ Zod က ခရစ်ပ်တွန်ဂြိုဟ်ကိုထိန်းချုပ်ထားရတဲ့အကြောင်းအရင်းအမှန်၊Phantom Zone ထဲမှာပိတ်မိနေတဲ့ Brainiac နဲ့ ဆဂ်အလ်တို့ဘယ်လိုတွေ ဖြစ်နေမယ်ဆိုတာတွေ၊ကန်ဒေါပြည်အတွင်း နိုင်ငံရေးအခြေအနေတွေ၊ဆဂ်အလ်မရှိတဲ့နောက်ပိုင်း လိုက်တာဇော့ရဲ့ ပြောင်းလဲသွားပုံတွေ၊ခရစ်ပ်တွန်ကို General Zod ထိန်းချုပ်လိုက်လို့ အနာဂတ်မှာ ဘယ်လိုတွေပြောင်းလဲသွားမယ်ဆိုတာတွေကို မြင်တွေ့ရမှာပါ။ဒီ series က DC series တွေထဲက ကြည့်ကောင်းတဲ့ series တစ်ခုအဖြစ်ပရိသတ်အသိအမှတ်ပြုခံရတဲ့ series ထဲမှာပါပါတယ်။စူပါဟီးရိုး series ...
6.8
TMDb: 6.8/10 81 votes
tv

Krypton Season 2

2018
Krypton Season 1 [COMPLETE] 7
Krypton Season 1 [COMPLETE] ဒီနေ့မှာ စတင်ပြသပြီး IMDB Rating ….7.4 ရထားတဲ့အပါတ်စဉ်ကြာသပတေးနေ့တိုင်းတစ်ပါတ်ကိုတစ်ပိုင်းထုတ်လွင့်ပြသပေးမယ့် တီဗီစီးရီးလေးတစ်ခုကို တင်ဆက်ပေးပါ့မယ်။ကျွန်တော်တို့ရဲ့ စူပါဟီးရိုးကြီး စူပါမန်း Kal-El ရဲ့ ဇာတိချက်ကြွေမွေးရပ်မြေ Krypton ဂြိုလ်နဲ့သူရဲ့အဘိုးဖြစ်သူ ဆဂ်-အယ်လ်တို့အကြောင်း တင်ဆက်ထားတဲ့စီးရီးလေးပါ။ကြည့်ရှုပြီးသူများရဲ့ ၇၅% ကျော်ကဆီကနေလည်း Positive review လေးတွေရထားပါတယ်။တစ်ချို့ကတော့ အာကာသထဲက Game of Throne စီးရီးအလား တင်စားကြပြီးတင်ဆက်မှုကောင်းကောင်း ဇာတ်လမ်းဇာတအိမ််ခိုင်ခိုင်မာမာရှိတဲ့စီးရီးကြည့်ချင်ရင်ဒီစီးရီးလေးကြည့်ကြပါတဲ့ဇာတ်လမ်းအကျဉ်းလေးကတော့…………စူပါမန်းမမွေးဖွားခင် နှစ်ပေါင်း ၂နှစ်ရာကျော်လောက်တုန်းက အချိန်ကို ဇာတ်အိမ်တည်ထားပါတယ်။အဲဒီအချိန်မှာ ခရစ်ပတွန်ဂြိုလ်မှာ The Voice of Rao လို့ခေါ်တဲ့ မျက်နှာဖုံးစွပ်အရှင်သခင်ကြီးကKrypton ဂြိုလ်မှာကြီးစိုးထားပြီး အားလုံးက သူ့သြဇာအာဏာကို နာခံကြရပါတယ်။ဒီစကြာဝဠာတစ်ခုလုံးမှာလည်း Kryptonဂြိုလ်တစ်ခုတည်းသာတည်ရှိနေတယ်လို့ယုံကြည်လက်ခံထားကြပါတယ်။စူပါမန်းရဲ့ အဘေး(Great Great Grandfather) ဗယ်လ်-အယ်လ်ကအတော်ဆုံးသိပ္ပံပညာရှင်သြဇာအာဏာရှိသူတစ်ဦးဖြစ်ပါတယ်။တစ်နေ့မှာတော့ ဒီစကြာဝဠာမှာ သူတို့သာမဟုတ် တခြားဂြိုလ်တွေလည်း ရှိနေသေးတယ်လို့သူ ယုံကြည်လက်ခံလာပါတယ်။ဒီအတွက် ဗယ်လ်-အယ်လ်ကို ပုန်ကန်သူအဖြစ် သေဒဏ်ပေးခဲ့သလိုစူပါမန်းတို့ရဲ့မျိုးနွယ် “အယ်လ်” အိမ်တော်ကိုလည်း ရာထူးရာခံတွေအားလုံး ...
7
TMDb: 7/10 2 votes
tv

Krypton Season 1 [COMPLETE]

2018