Channel Myanmar

TV Series

What’s Wrong With Secretary Kim (2018) 8
What’s Wrong With Secretary Kim (2018) မင်းသား Park Seo Joon နဲ့ မင်းသမီး Park Min Young တို့ဦးဆောင်ပါဝင်ထားတဲ့ ဒီဇာတ်လမ်းတွဲက Jung Kyun Yoon ရဲ့ နာမည်ကြီး webtoon တစ်ခုကိုအခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။မင်းသားရော မင်းသမီးရော ဇာတ်လမ်းနဲ့တွဲဖက်ညီလှပါတယ်။ ဒီဇာတ်လမ်းမှာ Park Seo Joon က ကုမ္ပဏီကြီးတစ်ခုရဲ့ ဒုဥက္ကဋ္ဌ လီယောင်ဂျွန်းအဖြစ်ပါဝင်ထားပြီး Park Min Young ကတော့သူရဲ့ Secretary ဂင်မီဆိုအဖြစ်ပါဝင်ထားပါတယ်..။ ဒုဥက္ကဌလီယောင်ဂျွန်းက လုပ်ငန်းပိုင်းမှာအောင်ကျော်ကြားယုံတင်မဟုတ်ဘဲ Personal ပိုင်းအရလဲ သန့်လွန်းလို့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပေမယ့် မိန်းမဆိုရင် လုပ်ငန်းသဘောကလွဲလို့ အကပ်မခံသူမို့ မိဘတွေကိုယ်တိုင်က သူတို့သားလေး အပုန်းဖြစ်နေမှာကို စိုးရိမ်နေရရှာတဲ့ ကိုယ်တော်ချောပါ။ အလုပ်ကိုလဲ နင်းကန်ဖိလုပ်တတ်သူဖြစ်သလို သေချာတိကျပြီး သူများမှားရင်လဲ အလိုလို အလာ့ဂျစ်ထလာတတ်တဲ့ ဇီဇာကြောင် လူထူးချွန်ပါ။ ဘယ်သူ့ကိုမှ တော်ယုံမကိုးစားတတ်တဲ့ကိုယ်တော်ချောရဲ့ ဘေးမှာ အတွင်းရေးမှူးရာထူးယူထားရတဲ့ ဂင်မီဆိုရဲ့ ဘဝကတော့ ပြောဖွယ်ရာမရှိတော့ပြီ....အလုပ်ပြီးအလုပ်ပဲဆက်နေလို့ ...
8
TMDb: 8/10 3 votes
tv

What’s Wrong With Secretary Kim (2018)

2018
Narcos Season 1 8
Narcos Season 1 Narcos(2015)ဇာတ်လမ်းတွဲ အပိုင်း(၁+၂) IMDb...8.9,,,,Rotten...89% Narcos ဆိုတဲ့ series ကတော့တကယ့်ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ chronicle series တစ်ခုပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲက main character ကတော့လူတော်တော်များများကြားဖူးလောက်တဲ့ ကိုလမ်ဘီယာ ကိုကင်းဘုရင် ပါဘလိုအက်စ်ကိုဘားပဲဖြစ် ပါတယ်။ အက်စ်ကိုဘားလို့ပြောလိုက်ရင် သူ့သမီးအရမ်းချမ်းနေလို့ ဒေါ်လာ၂သန်းကို မီးရှို့ခဲ့ပီး မီးလှုံစေခဲ့တယ်ဆိုတဲ့ အချက်အလေးနဲ့လူသိများလှပါတယ်။ ပါ့ဘလိုအက်စ်ကိုဘာကို ၁၉၄၉ခုနှစ်မှာမွေးဖွားခဲ့ပြီး ကိုလမ်ဘီယာနိုင်ငံရဲ့အကြီးဆုံးသော မူးယစ်ရာဇာကြီးတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့မယ်ဓလင်မူးယစ်အုပ်စုဟာ အမေရိကန်ပြည်ထောင်စုကိုတင်သွင်းတဲ့ကိုကင်းပမာဏရဲ့ ၈၀%ဟာသူတို့တင်သွင်းတာပါ။ သူ့ကိုယ်ပိုင်ဝင်ငွေတင်ကိုပဲ တစ်နှစ်ကို၂၁.၉ဘီလီယံဒေါ်လာရှိပါတယ်။ သူ့ကိုကိုကင်းဖခင်ကြီးအဖြစ်သတ်မှတ်ထားကြပြီး သမိုင်းမှာအချမ်းသာဆုံးသော ရာဇာဝတ်သားအဖြစ်လည်း မှတ်တမ်းဝင်ထားသူဖြစ်ပါတယ်။ သူ့ကို Rionegro မြို့မှာမွေးဖွားခဲ့ပြီးတက္ကသိုလ်တက်ရောက်ခဲ့ပေမယ့် ဘွဲ့မယူဘဲကျောင်းထွက်ခဲ့ပါတယ်။ အဲဒီအစားရာဇ၀တ်မှုအသေးစားတွေကျူးလွန်ရင်း မှောင်ခိုပစ္စည်းတွေသွင်း၊ ကားခိုးမှုတွေလုပ်နေခဲ့တာပါ။သူ့ရဲ့အဓိကပါတနာကတော့ ၀မ်းကွဲအစ်ကိုဖြစ်တဲ့ဂူစတာဗိုဖြစ်ပါတယ်။ ဂူစတာဗိုဟာဆိုရင် ပါ့ဘလိုအက်စ်ကိုဘာရဲ့အကြံပေး၊ စီးပွားရေးလုပ်ငန်းတစ်ခုလုံးရဲ့ဦးနှောက်ကြီးတစ်ခုပဲဖြစ်ပါတယ်။ ဒီ Series မှာတော့သူနဲ့ပါ့ဘလိုကြားကရင်းနှီးမှု၊ ပါ့ဘလိုကိုလူသိများပေမယ့် လူသိပ်မသိကြတဲ့ ဂူစတာဗိုရဲ့အခန်းကဏ္ဍကိုပါ ထင်ထင်ရှားရှားတွေ့ရမှာပါ။ Biography/Crime အမျိုးအစားဖြစ်ပေမယ့် လုံးဝပျင်းစရာမကောင်းတဲ့ series တစ်ခုပဲဖြစ်ပါတယ်။ Season 3 အထိရှိပြီး လောလောဆယ် Season 1 အစပျိုးကိုတင်ဆက်ပေးလိုက်ပါတယ်။အပေါ်ကအကြောင်းအရာတွေဖတ်လိုက်ပြီး ဒီကားက ကြည့်စရာမလိုတော့ဘူးလို့ထင်ရင်တော့ ခင်ဗျားတို့မှားသွားလိမ့်မယ်...၊ ပါ့ဘလိုရဲ့ ဒုစရိုက်လောကလှုပ်ရှားပုံတွေ...သူ့လိုလူပေါင်းများစွာကြားမှာ ကတုံးပေါ်ထိပ်ကွက်တွေ...နောက်ကျောဓားနဲ့ထိုးမယ့်သူတွေ ကိုရှင်းလင်းပုံတွေ.. အရိပ်လိုလိုက်နေတဲ့ရဲတွေကြားမှာ သူလိုချင်တဲ့ပန်းတိုင်ရောက်အောင်ဖောက်ထွက်ပုံတွေ ဒုစရိုက်လောကရဲ့ ပြကွက်ဆန်းစုံကို ခင်ဗျားတို့ မရိုးအီနိုင်အောင်တွေ့မြင်သွားလိမ့်မယ်...ကိုင်း ခံစားကြည့်လိုက်ပါဦးဗျို့.... (ဘာသာပြန်တင်ဆက်ထားသူများကတော့ CM Family မှ ညီငယ်လေးများဖြစ်တဲ့Myo Khant Win, Tin Myo ...
8
TMDb: 8/10 620 votes
tv

Narcos Season 1

2015
Are You Human Too? (2018) 6
Are You Human Too? (2018) Science fiction ကား​တွေကို နှစ်​သက်​တဲ့ ပရိသတ်​​တွေအတွက်​​ရော ro မှ ro တစ်​လိုင်းဆိုတဲ့ ပရိသတ်​​တွေအတွက်​​ရော အားလုံး​စောင့်​​မျှော်​​နေတဲ့ Are U Human Too.....ဆိုတဲ့ K Drama ​လေးကို တင်​ဆက်​​ပေးလိုက်​တယ်​​နော်​... ချမ်းသာတဲ့ သူ​ဌေးကြီးရဲ့ ​မြေးဖြစ်​တဲ့ နမ်​ရှင်းဟာ PK Group ရဲ့ အမွေဆက်ခံသူဖြစ်​ပြီး အဖိုးရဲ့ခြိမ်း​ခြောက်​မှု​ကြောင့်​ ၇နှစ်​အရွယ်​ကတည်းက မိခင်​ဖြစ်​သူနဲ့ ခွဲ​နေရတဲ့သူပါ။ နမ်​ရှင်းရဲ့မိခင်​ဖြစ်​တဲ့ Oh Ro Ra ဟာ စက်​ရုပ်ပိုင်းဆိုင်​ရာ လူသားမှတ်​ဉာဏ်​တုပြုလုပ်​တဲ့ ပညာရှင်​တစ်​ဦးဖြစ်​ပြီး နိုင်​ငံခြားမှာ​နေရ​ပေမယ့်​ သားဖြစ်​သူနဲ့ ရုပ်​ပုံစံတူ နမ်​ရှင်း 1 နဲ့ နမ်​ရှင်း 2 AI စက်​ရုပ်​​တွေပြုလုပ်​ပြီး သားကိုအလွမ်း​ဖြေ​နေရသူဖြစ်​ပါတယ်​။ မိခင်​ကိုရှာဖို့ ချက်​ကိုစလိုဗားကီးယားနိုင်​ငံကို​သွားတဲ့နမ်​ရှင်း တစ်​​ယောက်​ ကားအက်ဆီးဒင့်ဖြစ်ပြီး Coma ဖြစ်သွားတဲ့အခါမှာ​တော့ မိခင်​ Oh Ro Ra ဟာ သားရဲ့အ​မွေဆက်​ခံသူ​နေရာ မ​ပျောက်​ပျက်​​ရေးအတွက်​ ...
6
TMDb: 6/10 1 votes
tv

Are You Human Too? (2018)

2018
Mr. Sunshine 7
Mr. Sunshine Netflix ကနေ ကျတော်တို့ အချစ်တော် မင်းသားကြီး လီဗြောင်ဟွန်းနဲ့ စီးရီးတစ်ခု စတင်ပြသလိုက်ပါပြီ။ 10 ပိုင်း လွှင့်မယ်လို့ သိရပါတယ်။ ထရေလာနဲ့တင် ရုပ်ရှင်ချစ်သူတွေ စိတ်ဝင်စားနေကြမှာပါ။ မနေ့ညက အပိုင်း ၁ ထုတ်လွှင့်အပြီးမှာ အတော်များများ အကြိုက်တွေ့နေကြပါပြီ။ ဇာတ်လမ်းကတော့ ၁၈၇၁ခုနှစ်ကာလကို အခြေခံထားပါတယ်။ သမိုင်းနောက်ခံ ဒရာမာ အက်ရှင်အမျိုးအစားပါ။ ဂျိုဆန်က အစေခံလူငယ်လေးတစ်ယောက်ဟာ. အမေရိကန်ကို ထွက်သွားခဲ့ပြီး အမေရိကန် မရိန်းစစ်သည်အနေနဲ့ ပြန်ရောက်လာခဲ့ပါပြီ။ သမိုင်းနောက်ခံကာလကတော့ အမေရိကန် ကိုးရီးယား ပဠိပက္ခဖြစ်ချိန်နဲ့ ဂျပန်က ကိုရီးယားကို သိမ်းပိုက်ဖို့ လုပ်နေချိန်လောက်မှာပါ။ တကယ့်သမိုင်းနောက်ခံတွေနဲ့ အရှုပ်တော်ပုံတွေကို လီဗြောင်ဟွန်းရဲ့ သရုပ်ဆောင်မှုနဲ့တွဲပြီး ခံစားကြည့်ရအောင်။ ဒီဇတ်လမ်းတွဲကို ဘာသာပြန်ပေးထားကြသူတွေကတော့ ThinZar Htet , May Thazin Soe Nga Lunn , Hein That Naing တို့ပဲ ဖြစ်ပါတယ် Download List ------------ EP 01 Openload / Solid / Megaup (540MB) EP 02 Openload / Solid / Megaup (510MB) EP 03 Openload / ...
7
TMDb: 7/10 1 votes
tv

Mr. Sunshine

2018
Game of Thrones 1 To 7 8.2
Game of Thrones 1 To 7 ဒီ TV Series ကို April 17, 2011 ခုနှစ်မှာ HBO ရုပ်သံလိုင်းက စတင်ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။ George R.R. Martin ရဲ့ရောင်းအကောင်းဆုံးစာအုပ်ဖြစ်တဲ့ "A Song of Ice and Fire" စာအုပ်ကို အခြေခံပြီး ရိုက်ကူးထုတ်လွှင့်နေတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ခုနှစ်ပြည်ထောင်တိုင်းရဲ့ ပလ္လင်ကို လုကြမယ့် မျိုးနွယ်စုတွေ...မိသားစုတွေ.... နဂါးတွေ...လူရိုင်းတွေ...လူသန်ကြီးတွေ...မကောင်းဆိုးဝါးတွေ...စတဲ့ မျိုးနွယ်မတူကြသူတွေ တိုက်ခိုက်ကြမှာ ဖြစ်ပြီး ကြမ်းကြုတ်ရက်စက်မှုတွေ.....မေတ္တာတရားတွေ...လိမ်လည်လှည့်ဖျားမှုတွေ... ရိုးသားဖြောင့်မတ်သစ္စာစောင့်သိမှုတွေကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။ ဇာတ်လမ်းက တကယ့်ကို မထင်မှတ်တာတွေပဲရိုက်ပြထားပြီး သတ်တာဖြတ်တာတွေပီပြင်လွန်းတာကြောင့် စိတ်မခိုင်သူများမကြည့်သင့်ပါဘူး။ အမှန်တရားမရှိတဲ့ အရိုင်းဆန်ဆန်ခေတ်တစ်ခုကိုမြင်ရမှာဖြစ်ပြီး ပွင့်လင်းလွန်းစွာတင်ဆက်ထားပါတယ်။ ဇာတ်ကားက အစပိုင်းလောက်မှာ(ဇာတ်ကောင်တွေကိုမသိသေးတာကြောင့်)နည်းနည်းအေးနေပေမယ့် နောက်ပိုင်းတွေမှာတော့ ထိုင်ရာမထ (အိပ်ရေးပျက်ခံ)ကြည့်ရှုမိမယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။ Adventure | Drama | Fantasy | 18+ အမျိုးအစားဖြစ်ပြီး IMDb Rating က အံ့သြစရာကောင်းအောင်(9.5/10) ရရှိထားတာဖြစ်ပါတယ်။ Rating မြင့်သလို ဇာတ်ညွှန်းကလဲ ဆွဲဆောင်မှုအပြည့်ရှိတဲ့ TV Series တစ်ခုဖြစ်ပါတယ်။   Quality....WEB-DL Rip 480p Format...mp4 Total Episode... ...
8.2
TMDb: 8.2/10 4676 votes
tv

Game of Thrones 1 To 7

2011
Deception 7
Deception   ဒီတစ်ခါ CM ပရိတ်သက်တွေ အတွက် စိတ်လှုပ်ရှားပြီး ပျော်ရမယ့် TV Series တစ်ခု သယ်လာပါပြီ မျက်လှည့် လှည့်ကွက်တွေ နဲ့ အတူ တမျိုးပြီး တစ်မျိုး မရိုးနိုင်တဲ့ လျို့ဝှတ်ချက်တွေကို ကြည့်ရပါမယ်... ဇတ်လမ်းပုံစံလေးကတော့ နာမည်ကျော် မျက်လှည့်ပညာရှင် ကမ်မရွန် ဟာ သူ့ရဲ့ အအောင်မြင်ဆုံး မျက်လှည့်ပွဲ တစ်ခု အပြီးမှာ အရမ်းလန်းတဲ့ ကောင်မလေးနဲ့ ကားမောင်းထွက်ခဲ့ပါတယ် လမ်း တစ်နေရာအရောက်မှာတော့ ကားတစ်စီးက သူတို့ကားကို ၀င်တိုက်ပြီး ကမ်မရွန်လဲ သတိမေ့သွားပါတယ် သူသတိ ပြန်ရလာတဲ့ အချိန်မှာတော့ သူ့အိမ်က အိပ်ရာထဲကို ပြန်ရောက်နေတာ ဖြစ်ပြီး ရဲတွေက လာဖမ်းခေါ်သွားပါတယ် သူ့ကောင်မလေးကို သတ်တဲ့ အမှုနဲ့ပေါ့... ဒီတော့ကာ ကင်မရွန် ရဲ့ အရှုပ်တော်ပုံကြီးကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာရယ် ဒီထဲကို FBI က စုံထောက်မလေး နဲ့ ပါတနာ တစ်ယောက်ပါ ပါဝင်လာခဲ့သော် အခါ ဇတ်လမ်းက ပိုလှသွားပါတယ်... လောလောဆယ် လူစီဖာ ကို လွမ်းနေတဲ့ ပရိတ်သက်တွေ ကြည့်သင့်တယ်လို့ ညွှန်းဆိုပါရစေ... ဒီဇတ်လမ်းတွဲကို ဘာသာပြန်ပေးထားသူကတော့ El'Moh ဖြစ်ပြီး Thit San Khant မှ Encode ပြီး တင်ဆက်ပေးထားပါတယ် ပထမ ...
7
TMDb: 7/10 16 votes
tv

Deception

2018
Marvel’s Agents of S.H.I.E.L.D. Season 5 6.7
Marvel’s Agents of S.H.I.E.L.D. Season 5 "Agents of S.H.E.L.D" AOS Fan တွေအတွက်ကတော့ အထူးတလည်ရှင်းပြစရာမလိုပေမယ့် မရင်းနှီးသေးတဲ့လူတွေအတွက် အကျဉ်းချုပ်လေး ရှင်းပြပေးချင်ပါတယ်။ "Agents of S.H.E.L.D" စီးရီးက MCU နဲ့ချိတ်ဆက်ထားတဲ့ စီးရီးတစ်ခုဖြစ်ပြီး Avenger Assemble (Avenger 1) မှာ သေဆုံးခဲ့တဲ့ S.H.E.L.D agent Phil Coulson ကို အဓိက ဦးတည်ဇာတ်လမ်းတည်ထားပါတယ်။ စီးရီးတစ်လျှောက်လုံးမှာလဲ MUC ကအဖြစ်အပျက်တွေနဲ့အချိတ်အဆက်မိမိရိုက်ကူးထားပြီး MCU Fan တွေအတွက်ကတော့ မကြည့်မဖြစ်စီးရီးတစ်ခုပါပဲ။ ဦးတိုနီတို့ ဘကြီးCaptတို့ ခိုခိုသော်ရ် တို့အပြင်မှာအစွမ်းကုန် ကမ္ဘာကိုကာကွယ်ပေးနေသလို AOSအဖွဲ့ကလဲ နောက်ကွယ်မှာလူမသိသူမသိ လျို့လျို့ဝှက်ဝှက်လေး ကာကွယ်ပေးနေခဲ့တာပါံHydra အကြောင်းကိုလဲဒီစီးရီးထဲမှာ ပြည့်ပြည့်စုံစုံသိနိုင်ပါတယ်။ Nick Fury ရဲ့သေဆုံးမှု(သေချင်ယောင်ဆောင်)က SHIELD အပေါ်ဘယ်လောက်သက်ရောက်မှုရှိခဲ့လဲဆိုတဲ့အကြောင်း၊Avenger: Age of Ultron နောက်ဆုံးခန်းမှာ လာကယ်တဲ့ ဟယ်လီကယ်ရီယာ(helicarrier)ကို S.H.E.L.D မှာတည်ဆောက်ခဲ့တဲ့အကြောင်း၊ အခု Season 5 မှာလဲ Thanos ...
6.7
TMDb: 6.7/10 1089 votes
tv

Marvel’s Agents of S.H.I.E.L.D. Season 5

2013
Sacred Games (2018) [COMPLETE] 9.7
Sacred Games (2018) [COMPLETE] July 6 ရက်နေ့မှာ Netflix ကနေ ထုတ်လွှင်မယ့် India Series အကြောင်း နည်းနည်းပြောချင်တယ်၊ အစကတော့ Netflix ကနေ ပထမဆုံးရိုက်တဲ့ India Series၊ Cast တွေထဲမှာ ကိုယ်ကြိုက်တဲ့ Nawazuddin Siddiqui ပါနေတော့ မိုက်ပြီဆိုပြီး မှတ်ထားတာ မနေ့ကမှ ဒီကားအကြောင်းလိုက်ရှာဖတ်မိတော့မှရေလည်ကြမ်းနေမှန်းသိတော့တယ်၊ ဒီ series ကို ထုတ်လုပ်သူနဲ့ ဒါရိုက်တာအဖြစ်ပါဝင်ထားသူက အိန္ဒိယရဲ့ မာတင်စကော့စေးလို့ ပြောကြတဲ့ Anurag kashyap ၊Gangs of Waseeypur ဇာတ်ကားအပါအဝင် နာမည်ကျော်ဇာတ်ကားများစွာကို ရိုက်ကူးခဲ့တဲ့ Anurag kashyap ကိုယ်တိုင်ရိုက်ကူးထားပြီးသူရဲ့ Phantom Flim နဲ့ ပူးပေါင်းထုတ်လုပ်ထားတယ်၊ ဒီဇာတ်ကားက Vikram Chandra ရဲ့ 2016 ခုနှစ်က ထွက်ရှိထားတဲ့ နာမည်တူ Sacred Game ဆိုတဲ့ ဝတ္ထုကို အခြေခံထားတယ်၊သူရဲ့ ...
9.7
TMDb: 9.7/10 3 votes
tv

Sacred Games (2018) [COMPLETE]

2018
Please Come Back, Mister 7
Please Come Back, Mister ဒီစီးရီးလေးကတော့ ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Rain,  Oh Yeon-Seo , Lee Min-Jung တို့ဦးဆောင်ပါဝင်ထားပါတယ်... တခြားစီးရီးတွေနဲ့မတူတာကတော့ ဒီစီးရီးလေးရဲ့အစပိုင်းမှာ လုပ်ငန်းခွင်စိတ်ဖိစီးမှု့တွေကြောင့် နောက်ဆုံးမှာကိုယ့်ကိုကိုယ်အဆုံးစီရင်သလိုဖြစ်သွားတဲ့  ယောကျာင်္းတစ်ယောက်နဲ့ ချစ်သူရဲ့ပစ်ခွာမှု့တွေနဲ့အတူ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့  ယောကျာင်္းတစ်ယောက်တို့ရဲ့ သေဆုံးခြင်းနဲ့အတူစတင်ထားပါတယ်... သူတို့နှစ်ယောက်ဟာသေဆုံးပြီးတဲ့အချိန်မှာ ကောင်းကင်ဘုံကိုသွားလို့ရပေမယ့်လည်း တစ်ယောက်ကသူချစ်တဲ့ မိန်းမနဲ့သမီးလေးရဲ့စိတ်နဲ့ လူ့ပြည်ကိုပြန်လာဖို့ဆုံးဖြတ်လိုက်ပါတယ်... နောက်တစ်ယောက်ကလည်း သူချစ်တဲ ချစ်သူကိုကာကွယ်ပေးချင်တဲ့စိတ်နဲ့ လူ့ပြည်ပြန်လာဖို့ဆုံးဖြတ်လိုက်ပြန်ပါတယ်.. ဒါပေမယ့် သူတို့ဟာ သေဆုံးပြီးသားလူတွေဖြစ်လို့ သူတို့ရဲ့ခန္ဓာကိုယ်တွေနဲ့ပြန်လာလို့မရတော့ပါဘူး.. ဒါကြောင့် သူတို့နဲ့သင်တော်မယ့်လူတွေရဲ့ ပုံစံကိုယူပြီးမှ ပြန်လာခဲ့ရပါတယ်... ဒါကြောင့် အဲဒီယောကျာင်္းနှစ်ယောက်မှာ တစ်ယောက်က ယောကျာင်္းပီသတဲ့စော်ကြည်ဘဲ ကိုယ်ခန္ဓာကိုရပြီးတော့ နောက်တစ်ယောက်က ခပ်လန်းလန်းစော်လေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကိုရလိုက်ပါတယ်.. ဒါကလည်း ဇာတ်လမ်းကို တကယ်အသက်ဝင်စေတဲ့ အချက်တစ်ခုဆိုရင်လည်းမမှားပါဘူး... သူတို့နှစ်ယောက်ရဲ့ကမောက်ကမအလွဲတွေနဲ့ရယ်ရစေသလို ကောင်းမွန်လှတဲ့ ဇာတ်အိမ်တည်ဆောက်မှု့တွေကြောင့် ၀မ်းနည်းစရာလည်းကောင်းပါတယ်... ကြည့်ပြီးတဲ့သူများရှိကြသလို မကြည့်ရသေးတဲ့လူများလည်း Quality ကောင်းကောင်းနဲ့ကြည့်လို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်....   Quality ... HDTV 720p Running Times ... 01:00:00 Encoder .... Moe Myint Lwin   Episode ( 1 ) Yoteshin Link/Openload Link/Mega Link Episode ( 2 ) Yoteshin Link/Openload Link/Mega Link Episode ( 3 ) Yoteshin Link/Openload Link/Mega Link Episode ( 4 ) ...
7
TMDb: 7/10 7 votes
tv

Please Come Back, Mister

2016
Westworld Season(2) [Complete] 8.2
Westworld Season(2) [Complete] အိမ်မက်ကနိုးလာတော့ရော ဘာထူးမယ့်ဘဝကြီးလဲ... နေချင်တဲ့နေရာမှာ စိတ်ချလက်ချပျော်ရွှင်လိုက်ယုံဟာ ကိုယ့်ရှင်သန်မှုလား...ဒါပေမယ့် ဒီအချက်ကိုသိသွားရင်တော့ အရာအားလုံးဟာ အသက်မဲ့...အဓိပ္ပါယ်မဲ့....မှုန်ဝါးပျောက်ကွယ်... တစ်ယောက်က တစ်ယောက်ကို ဖန်ဆင်းရင်း ဘဝရဲ့အဓိပ္ပါယ်တွေဆိုတာ ဖန်ဆင်းရှင်ထက်ပိုလာတယ်... ကိုယ့်ရဲ့တစ်နေ့တာတွေဟာ ရှင်သန်ယုံနဲ့ပဲ အဓိပ္ပါယ်ရှိရောလား...သိပ်ကိုသေချာပါတယ်....ဒါဟာ အိမ်မက်ဘဝကြီးပဲ...   Westworld ဟာ ကိုယ်တို့ရှင်သန်နေကြ အိမ်မက်တစ်ခုပါပဲ..... Westworld ဟာ ကိုယ့်ကိုယ်ကိုယ်ပြန်မြင်လာမယ်...ကိုယ်တို့သမိုင်းကိုပြန်မြင်လာမယ်....ကိုယ့်ခံစားချက်တွေကိုအိမ်မက်နေမယ်... Westworld ဟာ ကိုယ်တို့ ရှင်သန်မှုတွေကို လှောင်ရယ်နေမယ်....သိုဝှက်တတ်တဲ့ဒီစီးရီးကြောင့် ကြောင်တောင်တောင်ဖြစ်ခဲ့ရင် ကိုယ့်ဘဝနဲ့သိပ်ကိုက်နေတယ်ဆိုပြီး တိတ်ဆိတ်စွာ ဆက်ကြောင်နေလိုက်ပါ။     HBO ရုပ်သံလိုင်းက တင်ဆက်နေတဲ့ Westworld စီးရီးဟာ နာမည်ကြီး Game of Thrones စီးရီးနဲ့တန်းတူထားတဲ့ ကျော်ကြားမှုရှိပါတယ်။ IMDb (8.9) ..Rotten Tomatoes (90%) ရရှိထားတဲ့အပြင် Cast တွေကလဲ နာမည်ကြီးတွေဖြစ်ပါတယ်။ မင်းသမီး Evan Rachel Wood ကတော့ ဒီစီးရီးမှာ အထူးတိမ်းညွှတ်စရာပါ။ ထူးခြားတဲ့အိုင်ဒီယာတွေနဲ့ နာမည်ကြီးလှတဲ့ ဒီစီးရီးကို Channel Myanmar အနေနဲ့ အဆက်မပြတ်ဆက်လက် တင်ဆက်သွားပါ့မယ်။ (ဘာသာပြန်တင်ဆက်ထားသူများကတော့ MgKing , Hein ...
8.2
TMDb: 8.2/10 1376 votes
tv

Westworld Season(2) [Complete]

2016
Lawless Lawyer (2018) [COMPLETE] 6
Lawless Lawyer (2018) [COMPLETE] အားလုံးစောင့်မျှော်နေကြတဲ့ စီးရီးသစ်လေး Lawless Lawyerကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးကတော့ဥပဒေနဲ့လျှို့ဝျက်သည်းဖိုဆိုင်ရာဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။ အပိုင်း ၁၆ပိုင်းပါဝင်မယ်လို့ ပြောထားပြီး tvN ရုပ်သံလိုင်းကနေ မေလ ၁၂ ရက်နေ့ကနေ ဇွန်လ ၁ ရက်နေ့ထိ စနေ၊တနင်္ဂနွေနေ့တိုင်း ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။ အချစ်ကားတေRoကားတွေနဲ့ငြီးငွေ့နေတဲ့ပရိသတ်ကြီးအတွက်တော့အကြိုက်တွေ့မှာပါ။ ဒီဇာတ်ကားမှာ မင်းသားလီဂျွန်ကီနဲ့ မင်းသမီး ဆိုရီဂျီတို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ အားလုံးရဲ့ အချစ်တော် လီဂျွန်ကီ သရုပ်ဆောင်ထားတာမို့ အားလုံးကစိတ်ဝင်စားနေတဲ့စီးရီးဆိုလဲမမှားပါဘူး။ ငယ်ငယ်ကတည်းက မိခင်ဖြစ်သူအသတ်ခံရတာကို မျက်စိရှေ့မှာမြင်တွေ့ခဲ့ရတဲ့ကလေးလေး ဘုံဆောင်းဖီ။ နီးစပ်ရာ ရဲကို အကူအညီတောင်းခဲ့ပေမယ့် ဥပဒေဆိုတာမသမာသူတွေလက်ထဲရောက်ရင်အသုံးမဝင်ဘူးဆိုတာ သိသွားခဲ့တဲ့ သူဟာကြီးလာတော့ ရှေ့နေတစ်ယောက်ဖြစ်လာခဲ့ပြီး မိခင်အတွက်လက်စားချေဖို့စီစဉ်ခဲ့ပါတယ်။ နောက်ပိုင်းဆတ်ဆတ်ထိမခံ ရှေ့နေမလေး ဟာဂျယ်အီနဲ့ ပူးပေါင်းမိကာ အမှုအခင်းတွေကို အများနဲ့မတူတဲ့နည်းလမ်းတွေနဲ့ဘယ်လိုစုံစမ်းဖော်ထုတ်ကြမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ကိုရီးယားစီးရီးကောင်းလေးတွေကိုမျှော်လင့်နေတဲ့CMပရိသတ်ကြီးအတွက်ဒီLawless Lawyerဆိုတဲ့စီးရီးလေးကိုတင်ဆက်ပေးလိုက်ပါတယ်။   Translator - Aye Mon Kyaw / Carey Nyein / HJ SH /Kyar Phyu Lwn Encoder - Kyaw Ye Aung / ...
6
TMDb: 6/10 1 votes
tv

Lawless Lawyer (2018) [COMPLETE]

2018
The New Legends of Monkey (2018) Season 1 [COMPLETE] 6.4
The New Legends of Monkey (2018) Season 1 [COMPLETE] အပိုင်း ၁၀ ပိုင်းသာထွက်ရှိထားတဲ ဒီစီးရီးလေးကို လူတိုင်းကြည့်ရှု့လို့ရအောင် အစအဆုံးတင်ပေးထားပါတယ်.. ဒီစီးရီးလေးကတော့ Rating 6.6 ရရှိထားပြီး တရုတ်ကဖန်တီးထားတဲ့ မျောက်မင်းအကြောင်းကို အသစ်တဖန်ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်… မိစ္ဆာတွေကြီးစိုးလာတဲ့ အချိန်မှာ မျောက်မင်းကဒီမိစ္ဆာတွေလက်ထဲကို ကျမ်းစာတွေကိုမရအောင် ကမ္ဘာအရပ်ရပ်ကထောင့်စွန်းနေရာတွေမှာ  ကျမ်းစာတွေကို တစ်နေရာစီ မြှပ်နှံခဲ့ပါတယ်… ဒါပေမယ့် မိစ္ဆာတွေအင်အားကြီးစိုးလာတဲ့အချိန်မှာတော့  ဒီကျမ်းစာတွေကို ပြန်ရှာပြီး မိစ္ဆာတွေကို ပြန်လည်နှိမ်နင်းဖို့အတွက် အကြောင်းဖန်လာပါတော့တယ်…. အဲအချိန်မှာ မျောက်မင်းဟာ ကျမ်းစာတွေကိုခိုးယူတယ်ဆိုပြီး ကောင်းကင်ဘုံရဲ့အပြစ်ပေးခြင်းကို နှစ်ပေါင်းများစွာခံနေရတဲ့အချိန်ဖြစ်ပါတယ်… ဒါကြောင့် မျောက်မင်းကိုလွှတ်ပေးဖို့အတွက် တစ်ယောက်တည်းသော လူတစ်ယောက်က သူရဲ့ကံကြမ္ပာရဲ့အလိုအရ အတားဆီးတွေကို ဖြတ်သန်းပြီး မျောက်မင်းအပြစ်ဒဏ်ခံနေရတဲနေရာဆီကိုသွားပါတော့တယ်… ဒီစီးရီးလေးဟာ အရင်ကကြည့်ခဲ့ဖူးတဲ့ Journey To The West တို့လို ပုံစံမျိုးဖြစ်ပြီးတော့ သြစတေးလျနဲ့နယူးဇီလန်တို့မှာ ရိုက်ကူးခဲပါတယ်…. Quality … 1080 WEB Running Time …. 24 Min Translator …… Arrow Team (MKN) Encoder …. Moe Myint Lwin Episode (1) Yoteshin Link/Openload Link/Mega Link   Episode (2) Yoteshin Link/Openload Link/Mega Link   Episode (3) Yoteshin Link/Openload Link/Mega Link   Episode ...
6.4
TMDb: 6.4/10 4 votes
tv

The New Legends of Monkey (2018) Season 1 [COMPLETE]

2018
Patrick Melrose (2018) [COMPLETE] 10
Patrick Melrose (2018) [COMPLETE] BC ရဲ့ ဇာတ်ကားကိုမှ ကြည့်ချင်တဲ့ ပရိသတ်တွေအတွက် BC ပါဝင် သရုပ်ဆောင်ထားတဲ့ Patrick Melrose ဆိုတဲ့ mini series တစ်ခု မနေ့က စပြီး ပြသနေတယ်ဆိုတာ သတင်းကောင်းပါတယ် နာမည်ကြီး စာအုပ် ၅ အုပ်တွဲ စာအုပ်စီးရီးကို Showtime ရုပ်သံလိုင်းက ပြန်လညိအသက်သွင်းရိုက်ကူးထားတဲ့ Mini Series ကို အပတ်စဉ် စနေနေ့ညတိုင်း ထုတ်လွင့်ပြသ သွားမှာဖြစ်ပါတယ်၊ BC ကတော့ အဓိကဇာတ်ကောင် Patrick Melrose နေရာမှာ အထူးသရုပ်ဆောင်ထားပြီး trailer ကြည့်ကတည်းက တော်တော်ကြွေမိပါတယ် ကိုယ်တွေ BC ရဲ့ သရုပ်ဆောင်မှု ကတော့ သိတဲ့အတိုင်း ရှယ်ပဲလေ ဒီဇာတ်ကားရဲ့ မူရင်းစာအုပ်နဲ့ ပတ်သတ်ပြီး Kyaw HtetWai ရေးထားတာလေးကို ဝေမျှပေးလိုက်ပါတယ် The Patrick Melrose Novels(Patrick Melrose 1-4) ========================================= Patrick Melrose လို့ ပြောလိုက်တာနဲ့ Bookworm တိုင်းလိုလို ခေါင်းလေးတွေ ထောင်လာကြမှာပါ။ အလွန်နာမည်ကြီးခဲ့ပြီး 21 ရာစု၏ ...
10
TMDb: 10/10 2 votes
tv

Patrick Melrose (2018) [COMPLETE]

2018
Supergirl Season 3 [COMPLETE] 5.6
Supergirl Season 3 [COMPLETE] မွန်အယ်လ် မရှိတော့လို့ ဝမ်းနည်းပူဆွေးနေတဲ့ စူပါဂဲလ်တစ်ယောက်သူ့ ရဲ့ ပူဆွေးမှုတွေကို လက်မခံနိုင်ပဲ စူပါဟီးရိုး အလုပ်ကို အလွန်အကြွံလုပ်ရင်းနဲ့ ဖြေသိမ့်နေခဲ့တယ် သူ့ ရဲ့ ကာရာ ဒန်ဗာစ် ဆိုတဲ့ ဘ၀ကို လက်မခံနိုင်ဖြစ်နေပြီးစူပါဂဲလ် ဖြစ်ဖို့ နဲ့ ကမ္ဘာကြီးကို အာရုံစိုက်ဖို့ ကိုသာ အာရုံစိုက်နိုင်နေခဲ့တယ် ဒီလိုနဲ့ စူပါဂဲလ်တစ်ယောက် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ပါ့မလား တစ်ဖက်မှာလည်း အဲလက်စ် တစ်ယောက် သူ့ ရဲ့ ခံစားချက်တွေကို မက်ဂီ ကိုဖွင့်ချပြောပြလိုက်ပါတယ် သူတို့ နှစ်ယောက်ရဲ့ ရှေ့ ရေးကကော ဘယ်လိုတွေဆက်ဖြစ်လာမလဲ ဆိုတာတွေကို Season 3 မှာ ဆက်လက်စောင့်ကြည့်ရအောင်ဗျာ Translated by Scrn,Ye Man Aung Encode by Thanhtike Zaw   S3 Ep1 (250 MB)  Yoteshin Link / Openload Link /Solid Drive Link   S3 Ep2 (250 ...
5.6
TMDb: 5.6/10 455 votes
tv

Supergirl Season 3 [COMPLETE]

2015
The King Dae Joyoung(2006)
The King Dae Joyoung(2006) The King Dae Joyoung(2006)ဇာတ်လမ်းတွဲ                                                                       **************************************** အပိုင်း (၁ )မှ (၆၀)နှင့် အပိုင်းသစ်(၆၁ မှ ၆၅)ထိ ဂျူမုံတည်​​ထောင်​ခဲ့တဲ့ အင်​အားကြီးမားတဲ့ ဂိုဂူ​လျော ပျက်​သုန်းပြီးတဲ့​နောက်​မှာ​တော့ နှစ်​​ပေါင်း ၃၀အကြာမှာ ဂိုဂူ​လျောကိုဆက်​ဆံပြီး ကျယ်​ပြန့်​တဲ့ ဘားဟယ်​အင်​ပါယာကို တည်​​ထောင်​ခဲ့တဲ့ ဒယ်​ဂျို​ယောင်းကို​တော့ ကိုးရီးယားစစ်​ကား ဝါသနာရှင်​​တွေ မသိတဲ့သူခပ်​ရှားရှားရယ်​ပါ။ အင်​အားအကြီးဆုံးဖြစ်​တဲ့ ထန်​နိုင်​ငံနဲ့ ဂိုဂူ​လျော တို့တိုက်​ပွဲဖြစ်​​နေချိန်​မှာ ဂိုဂူ​လျောစစ်​သူကြီး ဒယ်​ဂျွန်​ဆန်းရဲ့သား ...

The King Dae Joyoung(2006)

2006
Black Sails 7.2
Black Sails   ချစ်သော CM Fan တွေ အတွက် Game Of Thrones လိုမျိုး ဇတ်လမ်းတွဲကောင်း တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ရိုးအီလှအောင် Episode တွေ များမှာမဟုတ်ပါဘူး Season တစ်ခုမှာ Episode 8 ပိုင်း ကနေ 10 ပိုင်း ၀န်းကျင်ပဲ ပါပါတယ် Episode တစ်ခုကို တစ်နာရီကျော် ကြာပါတယ် တစ်ပိုင်းခြင်းစီဟာလဲ ရင်သက်ရှုမောစရာကောင်းလောက်အောင် ကောင်းပါတယ် ဇတ်လမ်းတွဲ နာမည်ကတော့ Black Sails ဖြစ်ပါတယ် Season 4 ခု ထွက်ရှိထားပြီး IMDb 8.3/10 ထိ ရရှိထားတာဖြစ်လို့ ကြည့်ရှုရန် မလွဲသင့်ပါဘူး ဒီဇတ်လမ်းတွဲဟာ ပင်လယ်ဓါးပြ တွေရဲ့ အကြောင်းဖြစ်ပြီး ကျွန်တော်တို့ မသိသေးတဲ့ ပင်လယ်ဓါးပြတွေ ရဲ့ ထုံးတမ်းဓလေ့တွေ ဝေစုခွဲပုံတွေ အရောင်းအ၀ယ် ဖောက်ကားမှု နဲ့ ခွဲတမ်းချပုံတွေ အပြင် များစွာလှသော စိတ်ဝင်စားစရာတွေ နဲ့ ပြည့်နှပ်နေပါတယ်.... ဇတ်လမ်း အပိုင်းတိုင်းမှာ ကိုယ်လုံးတီး အခန်းတွေ လိင်ဆက်ဆံမှုတွေ အများကြီး ပါဝင်လို့ မိသားစု နှင့် အတူ ကြည့်ရှုရန်တော့ မသင့်တော်ပါဘူး.... ဇတ်လမ်းတွဲကောင်း တစ်ခုဖြစ်လို့ ...
7.2
TMDb: 7.2/10 364 votes
tv

Black Sails

2014
Goong S 6
Goong S   အရင်တုန်းက မြ၀တီ ရုပ်မြင်သံကြား မှာ လာခဲ့ဖူးတဲ့ တော်ဝင်နန်းတွင်း မိသားစု ဇတ်လမ်းတွဲလေး ကို CM ပရိတ်သက်တွေ အတွက် ထပ်မံ တင်ဆက်ပေးလိုက်ပါတယ် မှတ်မိကြသေးလား နန်းတွင်းထဲ ရောက်သွားတဲ့ နန်းတွင်း မျိုးဆက် အကြောင်း ဇတ်လမ်းပြီးခါနီးဆို ၀က်ဝံရုပ်လေးတွေနဲ့ ပြန်ပြတာလေ မြန်မာနိုင်ငံမှာတောင် အဲ့ဒီပုံစံ ၀က်ဝံရုပ်တွေ ရောင်းကောင်းခဲ့သေးတယ် အခု CM Fan တွေကို ပြန်ကြည့်စေချင်လို့ တင်ဆက်ပေးလိုက်ပါတယ် တစ်ဝ ကြီး ကြည့်ရစေဖို့ တစ်ရက် ၅ ပိုင်းလောက် စီ တင်ပေးသွားပါမယ် ဆက်လက် အားပေးကြည့်ရှုကြပါအုံး....   Thit San Khant EP 01 Mega / Openload / Solid EP 02 Mega / Openload / Solid EP 03 Mega / Openload / Solid EP 04 Mega / Openload / Solid EP 05 Mega / Openload / Solid
6
TMDb: 6/10 1 votes
tv

Goong S

2007
13 Reasons Why Season 2 [COMPLETE] 7.3
13 Reasons Why Season 2 [COMPLETE] 13 RW အတွဲ ၂ ကို စဆုံး တင်ပေးထားပါပြီ။ စီစန် ၁ ရဲ့ နောက်ဆက်တွဲအနေနဲ့ ဟန်နာဘိတ်ကာရဲ့ မိဘတွေက လစ်ဘာတီအထက်တန်းကျောင်းကို တရားစွဲတာကနေ စပါတယ်။ တိတ်ခွေတွေဟာ ပြည့်စုံတဲ့ အမှန်တရား မဟုတ်ခဲ့တာကို တွေ့ရပါတော့မယ်။ တရားခွင်မှာ တစ်ရက်ပြီးတစ်ရက် တစ်ယောက်ပြီးတစ်ယောက် သူတို့ဘက်ခြမ်းက အမှန်တရားတွေကို ထုတ်ဖော်လာကြတဲ့အခါ..... တစ်ဖက်မှာလည်း ကလေးရ် နဲ့ သူငယ်ချင်းတွေ ဘရိုက်စ်ကို မုဒိန်းမှုနဲ့ စွဲချက်တင်နိုင်ဖို့ ကြိုးစားနေသလို ဘရိုက်စ်ဘက်က တစ်စုံတစ်ယောက်ကလည်း သက်သေအားလုံးကို မပေါ်ပေါက်လာအောင် ကြိုးပမ်းပါတော့တယ်.....   ဒီ TV Series ကို စထွက်ထွက်ခြင်း Team ဖွဲ့ပြီး စလုပ်ဖြစ်တယ် ပါဝင် ဘာသာပြန်ပေးထားသူတွေကတော့ Little Neo ,Saw Bwar , Hlaing Min Ko Ko May Thazin Soe , ThinZar Htet , Kaung Mhat Thu တို့မှ ဘာသာပြန် တင်ဆက်ပေးထားပြီး Review ကို ...
7.3
TMDb: 7.3/10 532 votes
tv

13 Reasons Why Season 2 [COMPLETE]

2017

Genres

Like Us!