မင်းသမီးချောလေး ယွန်းဟေးဂျောင်ရဲ့ ဘဝနောက်ကြောင်းကို ပထမပိုင်း ဒုတိယပိုင်းနဲ့ တတိယပိုင်းတွေမှာ အဓိကထားပီးရိုက်ကူးခဲ့တဲ့ Doctors ကားလေးဟာ အခုအပိုင်း ၄ ကနေစပြီးတော့ အရံမင်းသားမင်းသမီး အစုံအလင်နဲ့ပွဲထွက်လာခဲ့ပြီဘဲဖြစ်ပါတယ်….
ပထမပိုင်း ဇာတ်ကားအကျဉ်းမှာတော့ ဆရာဖြစ်သူ ဟွန်းဂျီဟွန်းကို သံယောဇဉ်ရှိနေခဲ့တဲ့ယွန်းဟေးဂျောင်တစ်ယောက် သူကိုယ်တိုင်ဆရာဝန်အဖြစ်နဲ့ ဟွန်းဂျီဟွန်းအနားကိုပြန်လည်ရောက်ရှိလာခဲ့အခါ …ငယ်စဉ်ထဲက သံယောဇဉ်ရှိခဲ့ပေမယ့် မလွဲသာတဲ့အခြေနေတခုကြောင့် ယွန်းဟေးဂျောင်နဲ့ကွဲကွာခဲ့ရပြီး သူလိုဘဲဆရာဝန်အဖြစ်နဲ့ ချစ်ရတဲ့သူ ကျောင်းသူလေးယွန်းဟေးဂျောင်ကိုဒေါက်တာအဖြစ်နဲ့ပြန်ပြီး မြင်လိုက်ရတဲ့အချိန်မှာတော့…
Doctors Drama ကားကို သံယောဇဉ်တွေချည်နှောင်မှု့ သူငယ်ချင်းအချင်းချင်းချစ်ခင်မှု့နဲ့ နုပျိုလှတဲ့ လူငယ်တွေရဲ့ ရင်ခုန်သံအရိုင်းတွေနဲ့ဖန်တီး ခြယ်မှုန်းထားပါတယ်…ဟာသဖန်တီးနိုင်မှုှု့ရသတွေကိုတော့ ဆေးရုံအခန်းတွေနဲ့ ဆရာဝန်တွေရဲ့ နေထိုင်မှု့ပုံစံစရိုက်လေးတွေမှာ ဟာသလေးတွေနှောပြီးထည့်သွင်းရိုက်ကူးထားပါတယ်….အခု တင်တဲ့ အပိုင်း ၄ ကစပြီး အပိုင်း ၁၀ အထိ Doctors Medical Drama ကားရဲ့အခြေနေကတော့ ကိုရီးယားနိုင်ငံရဲ့ရေပန်းအစားဆုံးဖြစ်တဲ့ DOTS ကို ကျော်တက်သွားပြီဘဲဖြစ်ပါတယ်..ဆေးပညာပိုင်းကိုအထူးပြုရိုက်ကူးထားတဲ့ကားအပြင် အနုပညာရသကိုပါပြည့်ဝစွာ ဖန်တီးထားတဲ့ Series ဖြစ်တဲ့အတွက် လူငယ်တွေအတွက် စိတ်ကူးယဉ်ဆန်ဆန်အချစ်ဇာတ်လမ်းအခန်းလေးတွေကိုကြည့်ရှု့ရမယ့်အပြင် လူကြီးတွေအတွက်ပါ အသည်းစွဲဖြစ်စေမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်လို့ပြောပါရစေ ..
ဆေးအကြောင်းနဲ့ ခွဲစိတ်မှု့ အခန်းတွေ ဇာတ်ကားရဲ့ English စာတွေကို ကူညီပြီး စစ်ပေးတဲ့ CM Admin Little Neo ကို ကျေးဇူးတင်ပါကြောင်းလဲ ဒီနေရာကနေ ပြောပရစေ။
(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Moe Myint Lwinပဲ ဖြစ်ပါတယ်)
Episode Complete Zip File
VIP / Yoteshin / Megaup / Userdrive
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။