Viki 8.5 IMDB 6.5 ရရှိထားတဲ့ Kdrama စီးရီးတစ်ခုနဲ့မိတ်ဆက်ပေးပါ့မယ်…
မြောက်ကိုရီးယားနိုင်ငံရဲ့ထူးချွန်တဲသူလျိုတစ်ဦးဖြစ်တဲ့ဆိုဟေးဟာ
အလုပ်ကနေထွက်ပြေးစွန့်ခွာပြီး တောင်ကိုရီးယားနိုင်ငံအတွင်းမှာ
ပတ်ဟေးရင်းလို့အမည်ပြောင်းကာသိုသိုဝှက်ဝှက်မိသားစုနဲ့အတူနေထိုင်ရင်း
သားတစ်ယောက်သမီးတစ်ယောက်ရရှိခဲ့ပါတယ်…
သားကတော့ မိခင်ရဲ့ထူးချွန်မှု့နဲ့ဥာဏ်ကောင်းမှု့ကိုဆက်ခံပြီး စုံစမ်းရေးကိုလည်း
ဝါသနာပါတာကြောင့် မိဘများမသိအောင်အလုပ်ကိုလိမ်ကာ
NIS အထူးရဲတပ်ဖွဲမှာလုပ်ကိုင်ရင်းကနေထူးချွန်တဲ့အေးဂျင့်တစ်ဦးဖြစ်လာပါတယ်….
ပတ်ဟေးရင်းရဲ့အတိတ်ကို မြောက်ကိုရီးယားစပိုင်အဖွဲ့ကခြေရာခံလိုက်ကာ
သူ့ကိုရှာဖွေ့တွေ့ရှိရင်း သားဖြစ်သူကိုအလုပ်စေခိုင်းဖို့ ခြိမ်းခြောက်ပြီး
ပတ်ဟေးရင်းကိုဖောက်ခွဲရေးအလုပ်တွေ သတင်းအချက်အလက်တွေ
ခိုးယူတဲ့အလုပ်ကိုစေခိုင်းပါတော့တယ်
သူသိပ်ချစ်တဲ့အမေက မြောက်ကိုရီးယားနိုင်ငံရဲ့အထူးအေးဂျင့်မှန်းသိသွားတဲ့အခါ
ဘာတွေဆက်ဖြစ်လာမလဲ…
ကင်ဆန်ဝူးသိပ်ချစ်ရတဲ့ယွန်းဂျင်ကကော ဘယ်လိုလူမျိုးလဲ
မေတ္တာတရားတွေ အချစ်စစ်တွေက မတရားတာတွေကိုအနိုင်ယူနိုင်ပါ့မလား
နိုင်ငံရေးဖြစ်ရပ်တွေကိုပါ ထည့်သွင်းရိုက်ကူးထားလို့
အထူးသရုပ်ဆောင်ချက်တွေကိုလည်းမြင်တွေ့ရမှာပါ….
TVXQ အဖွဲ့ဝင်ဟောင်း JYJအဖွဲ့ရဲ့ဟီးရိုးတစ်ဦးဖြစ်တဲ့
Kim Jae Joong ရဲ့ အထူးသရုပ်ဆောင်ချက်တွေကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်…
Translators ….. Eainmat Phyulay , Aye Nyein Thu , Khin Chan Myae Tun
Ep1-Ep8 – Yoteshin / Megaup / Userdrive / VIP
Ep9-Ep16 – Yoteshin / Megaup / Userdrive /VIP
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။